မြစ်ကြီးနားလေဆိပ်အား KIA နှင့် PDF အဖွဲ့များက FPV suicide drone များဖြင့် တိုက်ခိုက်ခဲ့မှုအပေါ် အဖွဲ့အစည်းအသီးသီးမှ ကန့်ကွက်ရှုတ်ချ

 514

သန့်မင်းအိမ်(NP News)- ဖေဖော်ဝါရီ ၂၁

မြစ်ကြီးနားလေဆိပ်အား KIA နှင့် PDF ပူးပေါင်းအဖွဲ့များက FPV suicide drone များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုအပေါ် အဖွဲ့အစည်းအသီးသီးမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားများ ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားလေဆိပ်သည် မြစ်ကြီးနားမှ ရန်ကုန်မြို့နှင့် မန္တလေးမြို့ အပါအဝင် မြန်မာနိုင်ငံရှိ လေဆိပ်များရှိရာ အခြားမြို့ကြီး များသို့ ဆက်သွယ်သွားလာ ပျံသန်းလျက်ရှိပြီး ကချင်ပြည်နယ်ရှိ လေဆိပ်များအနက် ကုန်သွယ်ရေးနှင့်ခရီးသည် ဝန်ဆောင်မှုသွားလာရေးအတွက် အဓိကကျအရေးပါသော အခန်းကဏ္ဍတွင် ရှိနေသည့် လေဆိပ်တစ်ခုလည်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကချင်ပြည်နယ်၏ အဓိကလေကြောင်းဗဟိုချက်တစ်ခုဖြစ်သော အများ ပြည်သူ သွားလာရေးနှင့် ကုန်စည်စီးဆင်မှုများအတွက် အထောက် အကူပြုလျက်ရှိသည့် မြစ်ကြီးနားလေဆိပ်အား KIA နှင့် PDF ပူးပေါင်းအဖွဲ့များက FPV Suicide Drone များအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မြန်မာ မြစ်ကြီးနားလေဆိပ်မှ မန္တလေးမြို့သို့ ထွက်ခွာရန် အတွက် ခရီးသည်များတင်ဆောင်ပြီး ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေသည့် ATR-72-600 အမျိုးအစား ခရီးသည်တင်လေယာဉ်၏ ခေါင်းပိုင်း၊ ကိုယ်ထည်အလယ်ပိုင်းနှင့် နောက်မီးပိုင်းတို့တွင် ဗုံးစထိမှန် ပျက်စီးခဲ့ပြီး လေယာဉ်ခရီးစဉ်ရပ်နားခဲ့ရကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက်အဖွဲ့များအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အများပြည်သူ အသုံးပြုလျက်ရှိသော အရပ်ဘက်လေကြောင်းလိုင်းအား ရည်ရွယ်ချက်ရှိစွာဖြင့် တိုက်ခိုက်ခဲ့ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည် ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ် များအပေါ် ဒေသခံပြည်သူများအပြင် တစ်နိုင်ငံလုံးရှိ ပြည်သူလူထု တစ်ရပ်လုံးကပါ လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ စက်ဆုတ်ရွံရှာစွာ ဝိုင်းဝန်းကန့်ကွက် ရှုတ်ချလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံမက်သဒစ်အသင်းတော် (အောက် မြန်မာပြည်)၊ ယုံကြည်ခြင်းဧဝံဂေလိအသင်းတော်(ပဲခူး)၊ လွတ်မြောက်ခြင်း အသင်းတော် (ရန်ကုန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူ ဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း (ဗဟို)၊ သနန္တဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ ပိန္နဲကုန်းရခိုင်ဂျာမေ ဗလီ၊ ဘူးသီးတောင် မောင်တောဒေသဖွံ့ဖြိုးရေးအသင်းတို့က ကန့်ကွက် ရှုတ်ချပါကြောင်း သဘောထားများ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံပန်းချီပန်းပု အစည်းအရုံး(ဗဟို)၊ မြန်မာ နိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံဟာသ ပညာရှင်များ အစည်းအရုံး၊ မြန်မာ-ရှိအာဟ်မွတ်ဆလင်(မ်)ဘာသာရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာ နိုင်ငံစာရေးဆရာအသင်းနှင့် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)တို့ကလည်း ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချပါကြောင်း သဘောထားများ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း သိရသည်။

Zawgyi version:

ျမစ္ႀကီးနားေလဆိပ္အား KIA ႏွင့္ PDF ပူးေပါင္းအဖြဲ႕မ်ားက FPV suicide drone မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့မႈအေပၚ အဖြဲ႕အစည္းအသီးသီးမွ ျပင္းထန္စြာ ကန႔္ကြက္ရႈတ္ခ်ေၾကာင္း သေဘာထားမ်ား ထုတ္ျပန္ထားသည္။

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ရွိ ျမစ္ႀကီးနားေလဆိပ္သည္ ျမစ္ႀကီးနားမွ ရန္ကုန္ၿမိဳ႕ႏွင့္ မႏၲေလးၿမိဳ႕ အပါအဝင္ ျမန္မာႏိုင္ငံရွိ ေလဆိပ္မ်ားရွိရာ အျခားၿမိဳ႕ႀကီး မ်ားသို႔ ဆက္သြယ္သြားလာ ပ်ံသန္းလ်က္ရွိၿပီး ကခ်င္ျပည္နယ္ရွိ ေလဆိပ္မ်ားအနက္ ကုန္သြယ္ေရးႏွင့္ခရီးသည္ ဝန္ေဆာင္မႈသြားလာေရးအတြက္ အဓိကက်အေရးပါေသာ အခန္းက႑တြင္ ရွိေနသည့္ ေလဆိပ္တစ္ခုလည္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ကခ်င္ျပည္နယ္၏ အဓိကေလေၾကာင္းဗဟိုခ်က္တစ္ခုျဖစ္ေသာ အမ်ား ျပည္သူ သြားလာေရးႏွင့္ ကုန္စည္စီးဆင္မႈမ်ားအတြက္ အေထာက္ အကူျပဳလ်က္ရွိသည့္ ျမစ္ႀကီးနားေလဆိပ္အား KIA ႏွင့္ PDF ပူးေပါင္းအဖြဲ႕မ်ားက FPV Suicide Drone မ်ားအသုံးျပဳ၍ ပစ္ခတ္တိုက္ခိုက္ခဲ့သျဖင့္ ျမန္မာ ျမစ္ႀကီးနားေလဆိပ္မွ မႏၲေလးၿမိဳ႕သို႔ ထြက္ခြာရန္ အတြက္ ခရီးသည္မ်ားတင္ေဆာင္ၿပီး ျပန္လည္ထြက္ခြာရန္ ျပင္ဆင္ေနသည့္ ATR-72-600 အမ်ိဳးအစား ခရီးသည္တင္ေလယာဥ္၏ ေခါင္းပိုင္း၊ ကိုယ္ထည္အလယ္ပိုင္းႏွင့္ ေနာက္မီးပိုင္းတို႔တြင္ ဗုံးစထိမွန္ ပ်က္စီးခဲ့ၿပီး ေလယာဥ္ခရီးစဥ္ရပ္နားခဲ့ရေၾကာင္း သိရသည္။

ထိုသို႔ အၾကမ္းဖက္အဖြဲ႕မ်ားအေနျဖင့္ စစ္ေရးႏွင့္မသက္ဆိုင္သည့္ အမ်ားျပည္သူ အသုံးျပဳလ်က္ရွိေသာ အရပ္ဘက္ေလေၾကာင္းလိုင္းအား ရည္႐ြယ္ခ်က္ရွိစြာျဖင့္ တိုက္ခိုက္ခဲ့ျခင္းသည္ ဂ်ီနီဗာကြန္ဗန္းရွင္းမ်ားႏွင့္ အျပည္ျပည္ ဆိုင္ရာဥပေဒတို႔အရ စစ္ရာဇဝတ္မႈ(War Crime)ကို က်ဴးလြန္ျခင္းျဖစ္ၿပီး ၎တို႔၏ အၾကမ္းဖက္လုပ္ရပ္ မ်ားအေပၚ ေဒသခံျပည္သူမ်ားအျပင္ တစ္ႏိုင္ငံလုံးရွိ ျပည္သူလူထု တစ္ရပ္လုံးကပါ လုံးဝလက္ခံႏိုင္ျခင္းမရွိဘဲ စက္ဆုတ္႐ြံရွာစြာ ဝိုင္းဝန္းကန႔္ကြက္ ရႈတ္ခ်လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အဆိုပါ အၾကမ္းဖက္တိုက္ခိုက္မႈအေပၚ ဗုဒၶဘာသာကလ်ာဏယုဝအသင္း YMBA (ဗဟို)၊ ဘာသာေပါင္းစုံ ခ်စ္ၾကည္ညီၫြတ္ေရးအဖြဲ႕ (ဗဟို)၊ ျမန္မာႏိုင္ငံဧဝံေဂလိခရစ္ယာန္မဟာမိတ္အဖြဲ႕ခ်ဳပ္၊ ျပည္ေထာင္စုျမန္မာႏိုင္ငံမက္သဒစ္အသင္းေတာ္ (ေအာက္ ျမန္မာျပည္)၊ ယုံၾကည္ျခင္းဧဝံေဂလိအသင္းေတာ္(ပဲခူး)၊ လြတ္ေျမာက္ျခင္း အသင္းေတာ္ (ရန္ကုန္)၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာဟိႏၵဴ ဘာသာေရးဗဟိုအဖြဲ႕ခ်ဳပ္၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ တမီလ္ဟိႏၵဴေဖာင္ေဒးရွင္း (ဗဟို)၊ သနႏၲဓမၼပါလက (ဟိႏၵဴ) အဖြဲ႕ခ်ဳပ္၊ ျမန္မာႏိုင္ငံလုံး ဆိုင္ရာ အစၥလာမ္ဘာသာေရးအဖြဲ႕ႀကီး၊ ပိႏၷဲကုန္းရခိုင္ဂ်ာေမ ဗလီ၊ ဘူးသီးေတာင္ ေမာင္ေတာေဒသဖြံ႕ၿဖိဳးေရးအသင္းတို႔က ကန႔္ကြက္ ရႈတ္ခ်ပါေၾကာင္း သေဘာထားမ်ား အသီးသီးထုတ္ျပန္ခဲ့ၾကေၾကာင္း သိရသည္။

အလားတူ ျမန္မာႏိုင္ငံပန္းခ်ီပန္းပု အစည္းအ႐ုံး(ဗဟို)၊ ျမန္မာ ႏိုင္ငံသဘင္အစည္းအ႐ုံး(ဗဟို)၊ ျမန္မာႏိုင္ငံဟာသ ပညာရွင္မ်ား အစည္းအ႐ုံး၊ ျမန္မာ-ရွိအာဟ္မြတ္ဆလင္(မ္)ဘာသာေရးအဖြဲ႕(ဗဟို)၊ ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီ၊ ျမန္မာႏိုင္ငံ အားကစားမီဒီယာမ်ားအဖြဲ႕ခ်ဳပ္၊ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံး၊ ျမန္မာ ႏိုင္ငံစာေရးဆရာအသင္းႏွင့္ ျမန္မာႏိုင္ငံဂီတအစည္းအ႐ုံး(ဗဟို)တို႔ကလည္း ျပင္းထန္စြာ ကန႔္ကြက္ ရႈတ္ခ်ပါေၾကာင္း သေဘာထားမ်ား အသီးသီးထုတ္ျပန္ခဲ့ၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.