တောင်ကိုရီးယားကမ်းလွန်မှာ အမေရိကန်နဲ့တရုတ်တိုက်လေယာဉ်တို့ကြား ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွား

356

Pika (NP News) - ဖေဖော်ဝါရီ ၂၂
ယခုသီတင်းပတ်အတွင်း အမေရိကန်နဲ့တရုတ်တို့ရဲ့ တိုက်လေယာဉ်တွေဟာ တောင်ကိုရီးယားကမ်းရိုးတန်းအနီးမှာ ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဆိုးလ်မြို့တောင်ဘက် (၆ဝ) ကီလိုမီတာအကွာမှာရှိတဲ့ Pyeongtaek မြို့ အိုဆန်လေတပ်စခန်းကနေ ပျံတက်လာတဲ့ F-16 တိုက်လေယာဉ်(၁ဝ)စီးခန့်ဟာ ပင်လယ်ဝါမှာ ရှိတဲ့ နိုင်ငံတကာရေပြင်ပေါ်မှာ ပျံသန်းမှုတွေလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ Korea Herald သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။
အမေရိကန်ရဲ့ F-16 တိုက်လေယာဉ်တွေဟာ တောင်ကိုရီးယားနဲ့ တရုတ်တို့ရဲ့ လေကြောင်းရန် ကာကွယ်ရေးဇုန် တွေကြားမှာရှိတဲ့ လေပိုင်နက်မှာ ပျံသန်းမှုတွေလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အမေရိကန်ရဲ့ F-16 တိုက်လေယာဉ်တွေက တရုတ်ကမ်းရိုးတန်းသို့ ချဉ်းကပ်လာချိန်မှာ တရုတ်ကလည်း ၎င်းရဲ့ကိုယ်ပိုင်ဂျက် လေယာဉ်တွေကို အဲဒီဒေသတွေကို စေလွှတ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း တိုက်လေယာဉ်ဘယ်နှစ်စီးစေလွှတ်ခဲ့တယ်ဆိုတာကိုတော့ တရုတ်အစိုးရဘက်က ထုတ်ပြန်ပြော ဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ အဲဒီဖြစ်ရပ်အတွင်း အမေရိကန်နဲ့တရုတ်တို့ရဲ့ တိုက်လေယာဉ်တွေဟာ ဝေဟင်မှာ ထိပ်တိုက်တွေဆုံမှုတွေဖြစ်ပွားခဲ့ပေမယ့်လည်း ဘယ်ဖက်ကမှ လေပိုင်နက်ချိုးဖောက်တာမျိုးမရှိခဲ့တာ ကြောင့် အခြေအနေတွေက အရမ်းကြီးမဆိုးရွားခဲ့ဘူးလို့လည်း Korea Herald သတင်းစာက ရေးသားဖော်ပြခဲ့ပါ တယ်။

Zawgyi Version;
ေတာင္ကိုရီးယားကမ္းလြန္မွာ အေမရိကန္နဲ႔တ႐ုတ္တိုက္ေလယာဥ္တို႔ၾကား ထိပ္တိုက္ေတြ႕ဆုံမႈျဖစ္ပြား
Pika (NP News) - ေဖေဖာ္ဝါရီ ၂၂
ယခုသီတင္းပတ္အတြင္း အေမရိကန္နဲ႔တ႐ုတ္တို႔ရဲ႕ တိုက္ေလယာဥ္ေတြဟာ ေတာင္ကိုရီးယားကမ္း႐ိုးတန္းအနီးမွာ ထိပ္တိုက္ေတြ႕ဆုံမႈေတြျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။ ဆိုးလ္ၿမိဳ႕ေတာင္ဘက္ (၆ဝ) ကီလိုမီတာအကြာမွာရွိတဲ့ Pyeongtaek ၿမိဳ႕ အိုဆန္ေလတပ္စခန္းကေန ပ်ံတက္လာတဲ့ F-16 တိုက္ေလယာဥ္(၁ဝ)စီးခန႔္ဟာ ပင္လယ္ဝါမွာ ရွိတဲ့ ႏိုင္ငံတကာေရျပင္ေပၚမွာ ပ်ံသန္းမႈေတြလုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ Korea Herald သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။
အေမရိကန္ရဲ႕ F-16 တိုက္ေလယာဥ္ေတြဟာ ေတာင္ကိုရီးယားနဲ႔ တ႐ုတ္တို႔ရဲ႕ ေလေၾကာင္းရန္ ကာကြယ္ေရးဇုန္ ေတြၾကားမွာရွိတဲ့ ေလပိုင္နက္မွာ ပ်ံသန္းမႈေတြလုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အေမရိကန္ရဲ႕ F-16 တိုက္ေလယာဥ္ေတြက တ႐ုတ္ကမ္း႐ိုးတန္းသို႔ ခ်ဥ္းကပ္လာခ်ိန္မွာ တ႐ုတ္ကလည္း ၎ရဲ႕ကိုယ္ပိုင္ဂ်က္ ေလယာဥ္ေတြကို အဲဒီေဒသေတြကို ေစလႊတ္ခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္လည္း တိုက္ေလယာဥ္ဘယ္ႏွစ္စီးေစလႊတ္ခဲ့တယ္ဆိုတာကိုေတာ့ တ႐ုတ္အစိုးရဘက္က ထုတ္ျပန္ေျပာ ဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ အဲဒီျဖစ္ရပ္အတြင္း အေမရိကန္နဲ႔တ႐ုတ္တို႔ရဲ႕ တိုက္ေလယာဥ္ေတြဟာ ေဝဟင္မွာ ထိပ္တိုက္ေတြဆုံမႈေတြျဖစ္ပြားခဲ့ေပမယ့္လည္း ဘယ္ဖက္ကမွ ေလပိုင္နက္ခ်ိဳးေဖာက္တာမ်ိဳးမရွိခဲ့တာ ေၾကာင့္ အေျခအေနေတြက အရမ္းႀကီးမဆိုး႐ြားခဲ့ဘူးလို႔လည္း Korea Herald သတင္းစာက ေရးသားေဖာ္ျပခဲ့ပါ တယ္။