မအူပင် - ရေလဲကားလမ်း နေရောင်ကာ တံတားအနီး ယာဉ်တိုက်မှုဖြစ်ပွား ၊ အမျိုးသားတစ်ဦးသေဆုံး

 351

ပြည်ဖြိုးပိုင် (မအူပင်) (NP News) ဖေဖော်ဝါရီ - ၂၂

ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်မြို့ ၊ မအူပင်‌ - ရေလဲကားလမ်း နေရောင်ကာတံတားအနီးတွင် ဖေဖော်ဝါရီလ (၂၂)ရက်နေ့ ညနေ (၄)နာရီအချိန်ခန့်က ဆိုင်ကယ်နှင့်လိုက်ထရပ်ကားတို့ တိုက်မှုဖြစ်ပွားခဲ့ပြီး အသက်(၂၂) နှစ်အရွယ် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦးသေဆုံးသွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ မအူပင်ဘက်မှ ရေလဲကလေးကျေးရွာဘက်သို့ ဘုရားဖူးခရီးသည်များ တင်ဆောင်မောင်းနှင်လာသောFoton အမျိုးအစား လိုက်ထရပ်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ ရေလဲဘက်မှ မအူပင်ဘက်သို့ မောင်းနင်လာသော အသက် (၂၄)နှစ်အရွယ် စက်မှုလက်မှုကျောင်းသားစီးနင်းလာသော ဆိုင်အားဝင်ရောက်တိုက်ခဲ့ပြီးဗိုလ်ချုပ်ကြေးရုပ်ဘက်မှ ရေလဲဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်အားထပ်မံဝင်တိုက်ရာ အသက် (၄၀)အရွယ် ညောင်ပင်ဂရက်ကျေးရွာနေထိုင်သူ အမျိုးသားနှင့် အသက် (၂၉)နှစ်အရွယ် ညောင်ပင်ဂရက်ကျေးရွာနေထိုင်သူအမျိုးသားတို့မှာ ဒဏ်ရာများရရှိခဲ့သောကြောင့် မအူပင်ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်လိုက်ရကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် အသက် (၂၄)နှစ်အရွယ် စက်မှုလက်မှုကျောင်းသား မှာ မအူပင်ပြည်သူ့ဆေးရုံကြီး၌ သေဆုံးခဲ့ပြီး မောင်းနှင်ထွက်ပြေးသွားသော လိုက်ထရပ်ယာဉ်အား မအူပင်မြို့ ရေလဲကလေးကျေးရွာအရောက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Zawgyi Version:
မအူပင္ - ေရလဲကားလမ္း ေနေရာင္ကာ တံတားအနီး ယာဥ္တိုက္မႈျဖစ္ပြား ၊ အမ်ိဳးသားတစ္ဦးေသဆုံး

ျပည္ၿဖိဳးပိုင္ (မအူပင္) (NP News) ေဖေဖာ္ဝါရီ - ၂၂

ဧရာဝတီတိုင္းေဒသႀကီး ၊ မအူပင္ၿမိဳ႕ ၊ မအူပင္‌ - ေရလဲကားလမ္း ေနေရာင္ကာတံတားအနီးတြင္ ေဖေဖာ္ဝါရီလ (၂၂)ရက္ေန႔ ညေန (၄)နာရီအခ်ိန္ခန႔္က ဆိုင္ကယ္ႏွင့္လိုက္ထရပ္ကားတို႔ တိုက္မႈျဖစ္ပြားခဲ့ၿပီး အသက္(၂၂) ႏွစ္အ႐ြယ္ ဆိုင္ကယ္ေမာင္းႏွင္သူ အမ်ိဳးသားတစ္ဦးေသဆုံးသြားခဲ့ေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ မအူပင္ဘက္မွ ေရလဲကေလးေက်း႐ြာဘက္သို႔ ဘုရားဖူးခရီးသည္မ်ား တင္ေဆာင္ေမာင္းႏွင္လာေသာFoton အမ်ိဳးအစား လိုက္ထရပ္ယာဥ္မွာ အရွိန္မထိန္းႏိုင္ဘဲ တစ္ဖက္ယာဥ္ေၾကာသို႔ ေရာက္ရွိကာ ေရလဲဘက္မွ မအူပင္ဘက္သို႔ ေမာင္းနင္လာေသာ အသက္ (၂၄)ႏွစ္အ႐ြယ္ စက္မႈလက္မႈေက်ာင္းသားစီးနင္းလာေသာ ဆိုင္အားဝင္ေရာက္တိုက္ခဲ့ၿပီးဗိုလ္ခ်ဳပ္ေၾကး႐ုပ္ဘက္မွ ေရလဲဘက္သို႔ ေမာင္းႏွင္လာေသာ ဆိုင္ကယ္အားထပ္မံဝင္တိုက္ရာ အသက္ (၄၀)အ႐ြယ္ ေညာင္ပင္ဂရက္ေက်း႐ြာေနထိုင္သူ အမ်ိဳးသားႏွင့္ အသက္ (၂၉)ႏွစ္အ႐ြယ္ ေညာင္ပင္ဂရက္ေက်း႐ြာေနထိုင္သူအမ်ိဳးသားတို႔မွာ ဒဏ္ရာမ်ားရရွိခဲ့ေသာေၾကာင့္ မအူပင္ျပည္သူ႔ေဆး႐ုံႀကီး သို႔ ပို႔ေဆာင္လိုက္ရေၾကာင္းသိရသည္။

အဆိုပါျဖစ္စဥ္ေၾကာင့္ အသက္ (၂၄)ႏွစ္အ႐ြယ္ စက္မႈလက္မႈေက်ာင္းသား မွာ မအူပင္ျပည္သူ႔ေဆး႐ုံႀကီး၌ ေသဆုံးခဲ့ၿပီး ေမာင္းႏွင္ထြက္ေျပးသြားေသာ လိုက္ထရပ္ယာဥ္အား မအူပင္ၿမိဳ႕ ေရလဲကေလးေက်း႐ြာအေရာက္တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.