ပြီးခဲ့သည့်(၈)နှစ်တာကာလအတွင်း လေပြင်းဒဏ်ခံနိုင်ရေးအတွက် နေအိမ်ပေါင်း (၈၆၀၀၀)ကျော်ကို နည်းပညာပိုင်းဆိုင်ရာပံ့ပိုးပေးခဲ့

273

စော(NP News)- ဖေဖော်ဝါရီ ၂၃
ပြီးခဲ့သည့်(၈)နှစ်တာကာလအတွင်း လေပြင်းဒဏ်ခံနိုင်ရေးအတွက် နေအိမ်ပေါင်း (၈၆၀၀၀)ကျော်ကို နည်းပညာပိုင်းဆိုင်ရာပံ့ပိုးမှုများဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံတွင် လေပြင်းတိုက်ခတ်မှုများကြောင့် လွန်ခဲ့သော (၁၁)နှစ်တာကာလအတွင်း စုစုပေါင်း နေအိမ် (၂၅၄၁၀၀)ကျော် ပျက်စီးခဲ့၍ (၂၀၁၆-၂၀၁၇)ဘဏ္ဍာရေးနှစ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးမှုအများဆုံးဖြစ်ခဲ့ပြီး လူသေဆုံးမှု၊ ထိခိုက်၊ ဒဏ်ရာရရှိမှုများလည်းရှိခဲ့ကြောင်း သိရသည်။
အဆိုပါလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လေပြင်းတိုက် ခတ်ပါက အမျိုးလန်ခြင်း၊ ယိုင်လဲ ပျက်စီးခြင်းများ ဖြစ်ပေါ်နိုင်သော ခိုက်ခံ့မှုအားနည်းသည့် နေအိမ်များကို ဦးစားပေးရွေးချယ်ကာ လေပြင်းဒဏ် ပိုမိုခံနိုင်ရေရှိသော အိုးအိမ်များဖြစ်စေရေး အားဖြည့်မွမ်းမံ၊ ပြင်ဆင်ခြင်းကို ဒေသအလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် (၂၀၁၆-၂၀၁၇)ဘဏ္ဍာရေးနှစ်မှ (၂၀၂၄-၂၀၂၅)ဘဏ္ဍာရေးနှစ်အထိ (၈)နှစ်တာကာလအတွင်း နေအိမ်ပေါင်း (၈၆၀၀၀)ကျော်ကို လေပြင်းဒဏ်ခံနိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုများဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နှစ်စဉ်လေပြင်းဘေးကျရောက်နိုင်သော ဆောင်းအကုန်နွေအကူးကာလမှစ၍ မုတ်သုံမတိုင်မီကာလတွင် နေအိမ်များ လေပြင်းဒဏ်ခံနိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းနှင့် လေပြင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hotline ဖုန်းများဖြစ်သော 067-3404666 နှင့် 067-3404777တို့ကို ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Zawgyi version:
ၿပီးခဲ့သည့္(၈)ႏွစ္တာကာလအတြင္း ေလျပင္းဒဏ္ခံႏိုင္ေရးအတြက္ ေနအိမ္ေပါင္း (၈၆၀၀၀)ေက်ာ္ကို နည္းပညာပိုင္းဆိုင္ရာပံ့ပိုးမႈမ်ားေဆာင္႐ြက္ေပးႏိုင္ခဲ့ေၾကာင္း လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ျမန္မာႏိုင္ငံတြင္ ေလျပင္းတိုက္ခတ္မႈမ်ားေၾကာင့္ လြန္ခဲ့ေသာ (၁၁)ႏွစ္တာကာလအတြင္း စုစုေပါင္း ေနအိမ္ (၂၅၄၁၀၀)ေက်ာ္ ပ်က္စီးခဲ့၍ (၂၀၁၆-၂၀၁၇)ဘ႑ာေရးႏွစ္တြင္ ေလျပင္းတိုက္ခတ္မႈေၾကာင့္ ေနအိမ္ပ်က္စီးမႈအမ်ားဆုံးျဖစ္ခဲ့ၿပီး လူေသဆုံးမႈ၊ ထိခိုက္၊ ဒဏ္ရာရရွိမႈမ်ားလည္းရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါလူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနအေနျဖင့္ ေလျပင္းတိုက္ ခတ္ပါက အမ်ိဳးလန္ျခင္း၊ ယိုင္လဲ ပ်က္စီးျခင္းမ်ား ျဖစ္ေပၚႏိုင္ေသာ ခိုက္ခံ့မႈအားနည္းသည့္ ေနအိမ္မ်ားကို ဦးစားေပးေ႐ြးခ်ယ္ကာ ေလျပင္းဒဏ္ ပိုမိုခံႏိုင္ေရရွိေသာ အိုးအိမ္မ်ားျဖစ္ေစေရး အားျဖည့္မြမ္းမံ၊ ျပင္ဆင္ျခင္းကို ေဒသအလိုက္ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ား၊ လူမႈေရးအဖြဲ႕အစည္းမ်ားႏွင့္ ေဒသခံျပည္သူလူထု၏ ပူးေပါင္းပါဝင္မႈတို႔ျဖင့္ ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ (၂၀၁၆-၂၀၁၇)ဘ႑ာေရးႏွစ္မွ (၂၀၂၄-၂၀၂၅)ဘ႑ာေရးႏွစ္အထိ (၈)ႏွစ္တာကာလအတြင္း ေနအိမ္ေပါင္း (၈၆၀၀၀)ေက်ာ္ကို ေလျပင္းဒဏ္ခံႏိုင္ေရးအတြက္ နည္းပညာပိုင္းဆိုင္ရာ ပံ့ပိုးမႈမ်ားေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ႏွစ္စဥ္ေလျပင္းေဘးက်ေရာက္ႏိုင္ေသာ ေဆာင္းအကုန္ေႏြအကူးကာလမွစ၍ မုတ္သုံမတိုင္မီကာလတြင္ ေနအိမ္မ်ား ေလျပင္းဒဏ္ခံႏိုင္ရန္ ႀကိဳတင္ျပင္ဆင္ျခင္းႏွင့္ ေလျပင္းေဘးအႏၲရာယ္ဆိုင္ရာ အသိပညာေပးျခင္းတို႔ကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
သဘာဝေဘးအႏၲရာယ္မ်ားႏွင့္ပတ္သက္၍ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနတြင္ ဖြင့္လွစ္ထားရွိသည့္ Hotline ဖုန္းမ်ားျဖစ္ေသာ 067-3404666 ႏွင့္ 067-3404777တို႔ကို ဆက္သြယ္၍ အကူအညီေတာင္းခံႏိုင္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။