အချိန်အခါမဟုတ်မိုးရွာ၊လေပြင်းများတိုက်၍ နေပြည်တော်တွင် နေအိမ်အချို့နှင့်စာသင်ကျောင်းများ ပျက်စီးမှုများရှိခဲ့

 1813

ကိုဖြိုး(NP News)- ဖေဖေါ်ဝါရီ ၂၃

နေပြည်တော်တွင် ဖေဖေါ်ဝါရီလ (၂၁) ရက်နှင့် (၂၂) ရက်နေ့များတွင် အချိန်အခါမဟုတ်မိုးရွာသွန်းခြင်း၊ လေပြင်းများတိုက်ခတ်ခြင်းများကြောင့် မြို့နယ်အချို့မှ နေအိမ်များ၊ စာသင်ကျောင်းများတွင် အမိုးများလန်ခြင်း၊သစ်ပင်များကျိုးကျခြင်းများ ကြုံတွေ့ခဲ့သလို မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီလုပ်
ဆောင်ပေးခဲ့ရကြောင်း သိရသည်။

(ဖေဖေါ်ဝါရီလ ၂၁ ရက်) ညနေ (၅) နာရီအချိန်ခန့်က ပျဉ်းမနားမြို့နယ်အတွင်းတွင် မိုးများရွာ၍ လေပြင်းများတိုက်ပြီး သစ်ပင်များကျိုးကျကာ လျှပ်စစ်မီးများပါ ပြတ်တောက်သွားခြင်းကြောင့် လျှပ်စစ်ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းဆောင်ရွက်ခဲ့ရကြောင်း၊ ည (၉) နာရီအချိန်ခန့်တွင် လျှပ်စစ်မီးများ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

"တပ်ကုန်းမြို့နယ်၊ ညောင်လွန့်ကျေးရွာဘက်မှာလည်း မိုးသည်ထန်စွာရွာပြီး မိုးသီးတွေပါကြွေတယ်"ဟုလည်းမီးသတ်တပ်ဖွဲ့ဝင်တစ်ဦးမှ ပြောသည်။

ဖေဖေါ်ဝါရီ (၂၂)ရက် မနက် (၇) နာရီအချိန်ခန့်ကလည်း နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတပဲ့ကျေးရွ ာအုပ်စု၊ ဆည်စုကျေးရွာနှင့် ရွာမကျေးရွာအုပ်စု၊ မြောက်ကျောင်းစုကျေးရွာ၊ ကျားကူးအနောက်ကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့အမိုးအကာများ ပြိုကြပျက်စီးခြင်း၊ သစ်ပင်ပြိုလဲခြင်းများ ဖြစ်ပေါ်ခဲ့ပြီး နံနက် (၁၁) နာရီအချိန်ခန့်တွင်လည်းနေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကျောင်စရစ်ကုန်းကျေးရွာနှင့် ထုံးဖို ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတပဲ့ကျေးရွာအုပ်စု၊ ဆည်စုကျေးရွာနှင့် ရွာမကျေးရွာအုပ်စု၊ မြောက်ကျောင်းစုကျေးရွာ၊ ကျားကူးအနောက်ကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့်နေအိမ်အချို့နှင့် စာသင်ကျောင်းတွင် အမိုလန်ပျက်စီးမှုများရှိခဲ့ပြီး သစ်ပင်များပြိုလဲခြင်များဖြစ်ပေါ်ခဲ့သဖြင့်မီးသတ်တပ်ဖွဲ့များ၊ အခြားလူမှုကယ်ဆယ်ရေးနှင့် ပရဟိတအဖွဲ့များမှ သွားရောက်ရှင်းလင်းပေးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။
နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ တပ်ကုန်းမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့တွင် လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် စုစုပေါင်း (၄၅၉) လုံးနှင့် စာသင်ကျောင်း တစ်ကျောင်း ပျက်စီးခဲ့ကြောင်း ဒေသအခြေစိုက် မီးသတ်တပ်ဖွဲ့ဝင်များထံမှ သိရသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ လက်ရှိ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းတွေနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသော သဘာဝ ဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်ကြောင်း သိရပြီး ကြိုတင် သတိပြုရန် ထုတ်ပြန်ထားသည်။

Zawgyi version:

ေနျပည္ေတာ္တြင္ ေဖေဖၚဝါရီလ (၂၁) ရက္ႏွင့္ (၂၂) ရက္ေန႔မ်ားတြင္ အခ်ိန္အခါမဟုတ္မိုး႐ြာသြန္းျခင္း၊ ေလျပင္းမ်ားတိုက္ခတ္ျခင္းမ်ားေၾကာင့္ ၿမိဳ႕နယ္အခ်ိဳ႕မွ ေနအိမ္မ်ား၊ စာသင္ေက်ာင္းမ်ားတြင္ အမိုးမ်ားလန္ျခင္း၊သစ္ပင္မ်ားက်ိဳးက်ျခင္းမ်ား ႀကဳံေတြ႕ခဲ့သလို မီးသတ္တပ္ဖြဲ႕ဝင္မ်ားမွ ကူညီလုပ္
ေဆာင္ေပးခဲ့ရေၾကာင္း သိရသည္။
(ေဖေဖၚဝါရီလ ၂၁ ရက္) ညေန (၅) နာရီအခ်ိန္ခန႔္က ပ်ဥ္းမနားၿမိဳ႕နယ္အတြင္းတြင္ မိုးမ်ား႐ြာ၍ ေလျပင္းမ်ားတိုက္ၿပီး သစ္ပင္မ်ားက်ိဳးက်ကာ လွ်ပ္စစ္မီးမ်ားပါ ျပတ္ေတာက္သြားျခင္းေၾကာင့္ လွ်ပ္စစ္ဝန္ထမ္းမ်ားႏွင့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားက ရွင္းလင္းေဆာင္႐ြက္ခဲ့ရေၾကာင္း၊ ည (၉) နာရီအခ်ိန္ခန္႔တြင္ လွ်ပ္စစ္မီးမ်ား ျပန္လည္ရရွိခဲ့ေၾကာင္း သိရသည္။
"တပ္ကုန္းၿမိဳ႕နယ္၊ ေညာင္လြန႔္ေက်း႐ြာဘက္မွာလည္း မိုးသည္ထန္စြာ႐ြာၿပီး မိုးသီးေတြပါေႂကြတယ္"ဟုလည္းမီးသတ္တပ္ဖြဲ႕ဝင္တစ္ဦးမွ ေျပာသည္။
ေဖေဖၚဝါရီ (၂၂)ရက္ မနက္ (၇) နာရီအခ်ိန္ခန႔္ကလည္း ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္၊ ကြၽန္းတပဲ့ေက်း႐ြ ာအုပ္စု၊ ဆည္စုေက်း႐ြာႏွင့္ ႐ြာမေက်း႐ြာအုပ္စု၊ ေျမာက္ေက်ာင္းစုေက်း႐ြာ၊ က်ားကူးအေနာက္ေက်း႐ြာတို႔တြင္ ေလျပင္းတိုက္ခတ္မႈေၾကာင့္ ေနအိမ္အခ်ိဳ႕အမိုးအကာမ်ား ၿပိဳၾကပ်က္စီးျခင္း၊ သစ္ပင္ၿပိဳလဲျခင္းမ်ား ျဖစ္ေပၚခဲ့ၿပီး နံနက္ (၁၁) နာရီအခ်ိန္ခန႔္တြင္လည္းေနျပည္ေတာ္၊ တပ္ကုန္းၿမိဳ႕နယ္၊ ေက်ာင္စရစ္ကုန္းေက်း႐ြာႏွင့္ ထုံးဖို ၊ ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္၊ ကြၽန္းတပဲ့ေက်း႐ြာအုပ္စု၊ ဆည္စုေက်း႐ြာႏွင့္ ႐ြာမေက်း႐ြာအုပ္စု၊ ေျမာက္ေက်ာင္းစုေက်း႐ြာ၊ က်ားကူးအေနာက္ေက်း႐ြာတို႔တြင္ ေလျပင္းတိုက္ခတ္မႈေၾကာင့္ေနအိမ္အခ်ိဳ႕ႏွင့္ စာသင္ေက်ာင္းတြင္ အမိုလန္ပ်က္စီးမႈမ်ားရွိခဲ့ၿပီး သစ္ပင္မ်ားၿပိဳလဲျခင္မ်ားျဖစ္ေပၚခဲ့သျဖင့္မီးသတ္တပ္ဖြဲ႕မ်ား၊ အျခားလူမႈကယ္ဆယ္ေရးႏွင့္ ပရဟိတအဖြဲ႕မ်ားမွ သြားေရာက္ရွင္းလင္းေပးခဲ့ရေၾကာင္း မီးသတ္တပ္ဖြဲ႕မွ သိရသည္။
ေနျပည္ေတာ္ ျပည္ေထာင္စုနယ္ေျမအတြင္းရွိ တပ္ကုန္းၿမိဳ႕နယ္၊ ဒကၡိဏသီရိၿမိဳ႕နယ္ႏွင့္ လယ္ေဝးၿမိဳ႕နယ္တို႔တြင္ ေလျပင္းတိုက္ခတ္မႈ ျဖစ္ပြားခဲ့ၿပီး ေနအိမ္ စုစုေပါင္း (၄၅၉) လုံးႏွင့္ စာသင္ေက်ာင္း တစ္ေက်ာင္း ပ်က္စီးခဲ့ေၾကာင္း ေဒသအေျခစိုက္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားထံမွ သိရသည္။
မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈ ဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ လက္ရွိ ဘဂၤလားပင္လယ္ေအာ္ အေနာက္ေတာင္ပိုင္းတြင္ ျဖစ္ေပၚေနသည့္ ေလဖိအားနည္းရပ္ဝန္း အရွိန္ေၾကာင့္ အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းျခင္းေတြႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္း၊ မိုးထစ္ခ်ဳန္းျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ လွ်ပ္စီးလက္ျခင္းႏွင့္ မိုးသီးေႂကြျခင္း စေသာ သဘာဝ ေဘးအႏၲရာယ္ေတြ ျဖစ္ေပၚႏိုင္ေၾကာင္း သိရၿပီး ႀကိဳတင္ သတိျပဳရန္ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.