MAI လေကြောင်းလိုင်းမှ မြစ်ကြီးနားခရီးစဉ်များအား မတ်လ (၅) ရက်နေ့ တွင် ပြန်လည်ပြေးဆွဲမည်

281

ကိုဖြိုး(NP News) ဖေဖေါ်ဝါရီ -၂၃
မြစ်ကြီးနားလေယာဉ်ကွင်းအတွင်း လေယာဉ်တစ်စီးအား ဒရုန်းဖြင့် တိုက်ခိုက်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့မှုကြောင့် လေကြောင်းခရီးစဉ်များ ရပ်နားထားခဲ့ရပြီးနောက် MAI လေကြောင်းလိုင်းမှ မြစ်ကြီးနားခရီးစဉ်များကို မတ်လ ၅ရက်နေ့မှ စတင်ကာ ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း ကနဦး သိရသည်။
အခြားလေကြောင်းလိုင်းများအတွက် သိရှိရခြင်း မရှိဘဲ လှုမှုကွန်ရက်ပေါ်တွင် လေကြောင်းခရီးစဉ်များကို သုံးလတိတိရပ်နားမည်ဖြစ်ကြောင်း ရေးသားထားခြင်းများ တွေ့ရှိရသော်လည်း NP News အနေဖြင့်အတည်ပြုနိုင်ခြင်းမရှိသေးပေ။
မြစ်ကြီးနားမြို့သည် ကုန်သွယ်ရေးလုပ်ငန်းအပြင် သွားလာရေးများအတွက် လေယာဉ်ကြောင်းလိုင်းအပေါ် အားထားနေရသောကြောင့် မြို့ခံများက ကုန်ဈေးနှုန်းများတက်လာမည်ကိုလည်း အထူးစိုးရိမ်နေကြကြောင်း သိရသည်။
ဖေဖော်ဝါရီ (၂၀) ရက် က မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) သည် ခရီးသည်များတင်ဆောင်ပြီး မြစ်ကြီးနားလေဆိပ်မှ မန္တလေးမြို့သို့ထွက်ခွာရန် ပြင်ဆင်နေစဉ် KIA နှင့် PDF အဖွဲ့များမှ FPV Suicide Drone များ အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းကြောင့် လေယာဉ်၏ ခေါင်းပိုင်း၊ ကိုယ်ထည်အလယ်ပိုင်း နှင့် နောက်မီးပိုင်းတို့တွင် ဗုံးစ ထိမှန်၍ အနည်းငယ်ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။

Zawgyi Version:
MAI ေလေၾကာင္းလိုင္းမွ ျမစ္ႀကီးနားခရီးစဥ္မ်ားအား မတ္လ (၅) ရက္ေန႔ တြင္ ျပန္လည္ေျပးဆြဲမည္
ကိုၿဖိဳး(NP News) ေဖေဖၚဝါရီ -၂၃
ျမစ္ႀကီးနားေလယာဥ္ကြင္းအတြင္း ေလယာဥ္တစ္စီးအား ဒ႐ုန္းျဖင့္ တိုက္ခိုက္မႈ ျဖစ္စဥ္ ျဖစ္ပြားခဲ့မႈေၾကာင့္ ေလေၾကာင္းခရီးစဥ္မ်ား ရပ္နားထားခဲ့ရၿပီးေနာက္ MAI ေလေၾကာင္းလိုင္းမွ ျမစ္ႀကီးနားခရီးစဥ္မ်ားကို မတ္လ ၅ရက္ေန႔မွ စတင္ကာ ျပန္လည္ေျပးဆြဲမည္ျဖစ္ေၾကာင္း ကနဦး သိရသည္။
အျခားေလေၾကာင္းလိုင္းမ်ားအတြက္ သိရွိရျခင္း မရွိဘဲ လႈမႈကြန္ရက္ေပၚတြင္ ေလေၾကာင္းခရီးစဥ္မ်ားကို သုံးလတိတိရပ္နားမည္ျဖစ္ေၾကာင္း ေရးသားထားျခင္းမ်ား ေတြ႕ရွိရေသာ္လည္း NP News အေနျဖင့္အတည္ျပဳႏိုင္ျခင္းမရွိေသးေပ။
ျမစ္ႀကီးနားၿမိဳ႕သည္ ကုန္သြယ္ေရးလုပ္ငန္းအျပင္ သြားလာေရးမ်ားအတြက္ ေလယာဥ္ေၾကာင္းလိုင္းအေပၚ အားထားေနရေသာေၾကာင့္ ၿမိဳ႕ခံမ်ားက ကုန္ေဈးႏႈန္းမ်ားတက္လာမည္ကိုလည္း အထူးစိုးရိမ္ေနၾကေၾကာင္း သိရသည္။
ေဖေဖာ္ဝါရီ (၂၀) ရက္ က ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း(MNA) သည္ ခရီးသည္မ်ားတင္ေဆာင္ၿပီး ျမစ္ႀကီးနားေလဆိပ္မွ မႏၲေလးၿမိဳ႕သို႔ထြက္ခြာရန္ ျပင္ဆင္ေနစဥ္ KIA ႏွင့္ PDF အဖြဲ႕မ်ားမွ FPV Suicide Drone မ်ား အသုံးျပဳ၍ တိုက္ခိုက္ခဲ့ျခင္းေၾကာင့္ ေလယာဥ္၏ ေခါင္းပိုင္း၊ ကိုယ္ထည္အလယ္ပိုင္း ႏွင့္ ေနာက္မီးပိုင္းတို႔တြင္ ဗုံးစ ထိမွန္၍ အနည္းငယ္ပ်က္စီးခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူမရွိေၾကာင္း သိရသည္။