ခိုများကို ဇီဝဒရုန်းများအဖြစ် ပြောင်းလဲစေမည့် ဦးနှောက်စနစ်တစ်ခုကို ရုရှားကုမ္ပဏီတစ်ခု အောင်မြင်စွာတီထွင်

469

Pika (NP News) - ဖေဖော်ဝါရီ ၂၃
ခိုများကို အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်ပြီး ဇီဝဒရုန်းများအဖြစ် ထိရောက်စွာပြောင်းလဲနိုင်စေ မည့် ဦးနှောက်ထည့်သွင်းမှုစနစ်တစ်ခုကို အောင်မြင်စွာတီထွင်ခဲ့ကြောင်း ရုရှားအခြေစိုက် ဆော့ဖ်ဝဲလ် ကုမ္ပဏီ Neiry က ထုတ်ပြန်ပြောကြားခဲ့သည်။ ခေတ်မီဒရုန်းများသည် ထိရောက်ပြီးဘက်စုံအသုံးပြုနိုင် သော်လည်း ခိုများသည် ဝေးဝေးလံလံ သွားနိုင်ခြင်း၊ ခံနိုင်ရည်ရှိခြင်းနှင့် သွားလာရန် ခက်ခဲသော နေရာများကို သွားရောက်နိုင်စွမ်းရှိခြင်းတို့ကြောင့် ယခုကဲ့သို့တီထွင်ဖန် တီးမှုအသစ်များကို လုပ်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း Neiry ကုမ္ပဏီက ပြောကြားခဲ့သည်။
အဆိုပါတီထွင်ဖန်တီးမှုတွင် ငှက်၏ဦးခေါင်းခွံမှတစ်ဆင့် ဦးနှောက်ထဲ သို့ သေးငယ်သော လျှပ် ကူးပစ္စည်းများကို ထည့်သွင်းကာ ဦးခေါင်းပေါ်တွင် တပ်ဆင်ထားမည့် လှုံ့ဆော်ကိရိယာနှင့် ချိတ် ဆက် ထားမည်ဖြစ်သည်။ ထို့ပြင် ငှက်များတွင် ထိန်းချုပ်ကိရိယာနှင့် အခြား အီလက်ထရွန်နစ်ပစ္စည်းများ ပါရှိ သော နေရောင်ခြည်စွမ်းအင်သုံး ကျောပိုးအိတ် တစ်လုံးအပြင် စောင့်ကြည့်ရေး ရည်ရွယ်ချက်များ အတွက် ရင်ဘတ်တွင်တပ်ဆင်ထားသော ကင်မရာတစ်လုံးလည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။ ငှက်များ၏ဦးခေါင်းပေါ်တွင် တပ်ဆင်ထားမည့် လှုံ့ဆော်ကိရိယာက ငှက်များကို ဘယ်သို့မဟုတ် ညာ ကိုလှည့်ရန် လှုံ့ဆော်မှုများကို ဦးနှောက်တွင်းရှိ လျှပ်ကူးပစ္စည်းများသို့ပေးပို့မည် ဖြစ်ပြီး ဂျီပီအက်စ်နှင့် အခြားလမ်းကြောင်းပြနည်းလမ်းများက တည်နေရာကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း Neiry ကုမ္ပဏီက ထုတ်ပြန်ပြောကြားခဲ့သည်။

Zawgyi Version;
ခိုမ်ားကို ဇီဝဒ႐ုန္းမ်ားအျဖစ္ ေျပာင္းလဲေစမည့္ ဦးေႏွာက္စနစ္တစ္ခုကို ႐ုရွားကုမၸဏီတစ္ခု ေအာင္ျမင္စြာတီထြင္
Pika (NP News) - ေဖေဖာ္ဝါရီ ၂၃
ခိုမ်ားကို အေဝးထိန္းစနစ္ျဖင့္ ထိန္းခ်ဳပ္ၿပီး ဇီဝဒ႐ုန္းမ်ားအျဖစ္ ထိေရာက္စြာေျပာင္းလဲႏိုင္ေစ မည့္ ဦးေႏွာက္ထည့္သြင္းမႈစနစ္တစ္ခုကို ေအာင္ျမင္စြာတီထြင္ခဲ့ေၾကာင္း ႐ုရွားအေျခစိုက္ ေဆာ့ဖ္ဝဲလ္ ကုမၸဏီ Neiry က ထုတ္ျပန္ေျပာၾကားခဲ့သည္။ ေခတ္မီဒ႐ုန္းမ်ားသည္ ထိေရာက္ၿပီးဘက္စုံအသုံးျပဳႏိုင္ ေသာ္လည္း ခိုမ်ားသည္ ေဝးေဝးလံလံ သြားႏိုင္ျခင္း၊ ခံႏိုင္ရည္ရွိျခင္းႏွင့္ သြားလာရန္ ခက္ခဲေသာ ေနရာမ်ားကို သြားေရာက္ႏိုင္စြမ္းရွိျခင္းတို႔ေၾကာင့္ ယခုကဲ့သို႔တီထြင္ဖန္ တီးမႈအသစ္မ်ားကို လုပ္ေဆာင္ခဲ့ ျခင္းျဖစ္ေၾကာင္း Neiry ကုမၸဏီက ေျပာၾကားခဲ့သည္။
အဆိုပါတီထြင္ဖန္တီးမႈတြင္ ငွက္၏ဦးေခါင္းခြံမွတစ္ဆင့္ ဦးေႏွာက္ထဲ သို႔ ေသးငယ္ေသာ လွ်ပ္ ကူးပစၥည္းမ်ားကို ထည့္သြင္းကာ ဦးေခါင္းေပၚတြင္ တပ္ဆင္ထားမည့္ လႈံ႕ေဆာ္ကိရိယာႏွင့္ ခ်ိတ္ ဆက္ ထားမည္ျဖစ္သည္။ ထို႔ျပင္ ငွက္မ်ားတြင္ ထိန္းခ်ဳပ္ကိရိယာႏွင့္ အျခား အီလက္ထ႐ြန္နစ္ပစၥည္းမ်ား ပါရွိ ေသာ ေနေရာင္ျခည္စြမ္းအင္သုံး ေက်ာပိုးအိတ္ တစ္လုံးအျပင္ ေစာင့္ၾကည့္ေရး ရည္႐ြယ္ခ်က္မ်ား အတြက္ ရင္ဘတ္တြင္တပ္ဆင္ထားေသာ ကင္မရာတစ္လုံးလည္း ပါဝင္မည္ျဖစ္ေၾကာင္းသိရသည္။ ငွက္မ်ား၏ဦးေခါင္းေပၚတြင္ တပ္ဆင္ထားမည့္ လႈံ႕ေဆာ္ကိရိယာက ငွက္မ်ားကို ဘယ္သို႔မဟုတ္ ညာ ကိုလွည့္ရန္ လႈံ႕ေဆာ္မႈမ်ားကို ဦးေႏွာက္တြင္းရွိ လွ်ပ္ကူးပစၥည္းမ်ားသို႔ေပးပို႔မည္ ျဖစ္ၿပီး ဂ်ီပီအက္စ္ႏွင့္ အျခားလမ္းေၾကာင္းျပနည္းလမ္းမ်ားက တည္ေနရာကို ပံ့ပိုးေပးသြားမည္ျဖစ္ေၾကာင္း Neiry ကုမၸဏီက ထုတ္ျပန္ေျပာၾကားခဲ့သည္။