ဗိုလ်နဂါးဘာကြောင့် အလင်းဝင်သလဲ (သတင်းဆောင်းပါး)

1287

သုတကျော် (NP News)
စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်တွင် အခြေစိုက်ထားသည့် ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် အမည်ခံ BNRA မှ ခေါင်းဆောင်ဗိုလ်နဂါးနှင့် ၎င်း၏မိသားစုဝင်များ ဖေဖော်ဝါရီလ (၁၈) ရက်က အလင်းဝင်ခဲ့ရာ ယင်းဖြစ်စဉ်သည် (၂၀၂၁) နိုင်ငံရေး အခင်းအကျင်းအပြီးတွင် ထင်ရှားသော လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တစ်ဦး၏ ပထမဆုံးသော ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်းဖြစ်လာ သည်။
ပုလဲမြို့နယ် Local PDF ခေါင်းဆောင် ဗိုလ်ထင်လင်းအဖြစ်စတင်ခဲ့သော ကိုနိုင်လင်းသည် (၂၀၂၂) ခုနှစ်တွင် မြန်မာ့တော်ဝင်နဂါးတပ်တော်ဟူသော လက်နက်ကိုင်အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီးသည့် နောက် ဗိုလ်နဂါးအဖြစ် တစ်စတစ်စ ပိုမိုထင်ရှားလာခဲ့သည်။ ကနဦးတွင် NUG နှင့် အဆင်ပြေခဲ့သေး သော်လည်း စောင့်ကြည့်ခြင်းကိုခံခဲ့ရပြီး နောက်ပိုင်းတွင် NUG နှင့် ဗိုလ်နဂါးတို့ကြား ဆက်ဆံရေး တင်း မာလာသည်ဟုပြောရမည့်အခြေအနေတဖြည်းဖြည်းရောက်ရှိခဲ့၏။
ဥပမာအားဖြင့် NUG ၏ ပုလဲမြို့နယ် ပကဖ အတွင်း ဗိုလ်နဂါးကိုမထည့်သွင်းဘဲ ချန်လှပ်ထားခဲ့ ရာ ဗိုလ်နဂါးနှင့် ပုလဲ ပကဖ ခေါင်းဆောင်ဇော်ထက်တို့ အကြား အငြင်းပွားနေသည့်ဗီဒီယိုဖိုင်မှာ အင် တာနက် လူမှုကွန်ရက်တွင် ထွက်ပေါ်လာဖူးသည်။ ပုလဲ ပလဖ မှ ပုလဲမောင် အသတ်ခံရသော ဖြစ်စဉ် ဖြစ်ပွားခဲ့ရာ ယင်းကိုဗိုလ်နဂါးအဖွဲ့ကပြုလုပ်ခြင်းဖြစ်ကြောင်း ဇော်ထက်တို့ကလွှဲချပြီး ဗိုလ်နဂါးကို ဖမ်း ဆီးရန် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။
တစ်ဖက်တွင် (၂၀၂၃) ခုနှစ်အတွင်း NUG က ၎င်းတို့လက်အောက်ခံမဟုတ်သော Local PDF များ၊ တပ်ပေါင်းစုများနှင့် မပူးပေါင်းရန် စာထုတ်သည့်အပြင် မြို့နယ်ပကဖများကလည်း Local PDF တပ်ဖွဲ့များနေထိုင်ခွင့်မပြုဟုထုတ်ပြန်ချက်များထုတ်ပြန်ခဲ့ရာ NUG နှင့် Local PDF များအကြား သဘော ထားတင်းမာခဲ့သည်။
ထို့နောက် (၂၀၂၃) ခုနှစ် စက်တင်ဘာလတွင် NUG လက်အောက်ခံမဟုတ်သော Local PDF များ နှင့်ပူးပေါင်းကာ ဗိုလ်နဂါးက ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်ဟုခေါ်သော BNRA ကို စတင် ဖွဲ့စည်းခဲ့သည်။ ထို့နောက် ပုလဲနယ်တွင် ဗိုလ်နဂါး ဦးဆောင်သော BNRA နှင့် NUG တို့အကြား ပွတ် တိုက်မှုများစွာ ဖြစ်ပွားခဲ့သည်။ BNRA အဖြစ် အတိအလင်း ဖွဲ့စည်းခဲ့ပြီးသည့်နောက် နှစ်ဖက်အကြား လူဖမ်းခြင်း၊ အပြန်အလှန် ပစ်ခတ်ခြင်းမျိုးအထိ ဖြစ်လာခဲ့ရာ ပဋိပက္ခ မီးစာပိုမို တောက်လောင်လာ ခဲ့သည်။ NUG နှင့် ဗိုလ်နဂါးအကြား ပွတ်တိုက်မှု ကြီးလာသကဲ့သို့ နှစ်ဖက်ထောက်ခံသူများအကြား တွင်လည်း အပြန်အလှန် စကားစစ်ထိုးခြင်းများ ရှိခဲ့သည်။
NUG ၏ ငွေကြေးမသမာမှုများ၊ ထိပ်ပိုင်းခေါင်းဆောင်များ၏အာဏာယစ်မူးခြင်းကို စက်ဆုပ်လာ သူများက ဗိုလ်နဂါးကိုတိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ၍ထောက်ခံခဲ့ကြပြီး ဗိုလ်နဂါးအတွက် သီးသန့်ငွေ ကြေး လှူဒါန်းခြင်းများလည်း တိုးပွားလာရာ လက် နက်လည်း အထိုက်အလျောက် ပိုမို တပ်ဆင်လာနိုင် ခဲ့သည်။ အင်တာနက်စာမျက်နှာများထက်တွင် ဗိုလ် နဂါးဘက်မှ အတိအလင်း ရပ်တည်သူလည်း များလှ သည်။ ယင်းနောက် အပျက်အပျက်နှင့် နှာခေါင်းသွေး ထွက်လာရာ (၂၀၂၄) ခုနှစ်အတွင်း ဗိုလ်နဂါး၏ ဖေ့စ် ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာထက်တွင် NUG က ၎င်းကို လုပ်ကြံသတ်ဖြတ်ရန်စီစဉ်နေကြောင်း အသိ ပေးသည်အထိ ဖြစ်လာသည်။ ထို့နောက် မီးစာ အမြင့်ဆုံးအဖြစ် ယခုလအစောပိုင်းတွင် NUG က ဗိုလ်နဂါးနှင့် ၎င်း၏တပ်ဖွဲ့ကို NUG က ဝိုင်းပတ် ပိတ်ဆို့တိုက်ခိုက်ခြင်းများ စတင်ပြုလုပ်ခဲ့သည်။
NUG က သာလွန်အင်အားအသုံးပြုတိုက်ခိုက်ခဲ့ပြီးသည့်နောက် ဗိုလ်နဂါးအတွက် ရွေးစရာ (၂) ခု သာ ဖြစ်လာဖွယ်ရှိသည်။ ပုလဲမြို့၏အနေအထားအရ ထွက်ပြေးလျှင်လည်း မလွယ်သည့်အခြေအနေ တွင် NUG အောက်လက်နက်ချမည်လော သို့မဟုတ် တပ်မတော်ထံ အလင်းဝင်မည်လောဆိုသည့် အ ချက်မှာ အလင်းမဝင်မီ နာရီပိုင်းတွင် ဗိုလ်နဂါးအတွက် ခေါင်းခဲစရာရွေးချယ်မှုဖြစ်ခဲ့နိုင်သည်။
NUG ထောက်ခံသူအချို့ ပြောကြားသည့်ခေါင်းကိုသေနတ်ဖြင့် တေ့ပစ်ခဲ့လျှင်ပင် သိက္ခာရှိမည် ဟုပြောကြခြင်းမှာ မစားရသည့်အမဲ သဲနှင့်ပက်သည့် ပြောစကားမျိုးသာ ဖြစ်ပေလိမ့်မည်။ ဗိုလ်နဂါး အနေဖြင့် NUG ထံ လက်နက်ချလျှင် ရလာနိုင်သည့် ပြစ်ဒဏ်မှာလည်း အလားတူအသတ်ခံရခြင်းမျိုးပင် ဖြစ်နိုင်ပေရာ ယင်းအချက်ကို ဗိုလ်နဂါးကောင်းစွာ တွေးခဲ့ဖွယ်ရှိသည်။ ထို့ပြင် အခြားတစ်ဖက်တွင် NUG နှင့် လမ်းကြောင်းသွေဖည်ကာ ရွေးကောက်ပွဲကို မဆန့်ကျင်သော၊ နိုင်ငံရေးဆွေးနွေးမှုကိုလိုလားဟန် ပြသနေသည့် ဗိုလ်နဂါးအနေဖြင့် ဒေသငြိမ်းချမ်းရေးကိုရှေးရှု၍ အလင်းဝင်ရန် စဉ်းစားခဲ့ခြင်းမျိုးလည်း ဖြစ်နိုင်သည်။ တစ်ဖက်တွင် NUG နှင့် တပ်မတော် နှစ်ဖက်ယှဉ်တွေးရာတွင် တော်လှန်ရေးကိုစိတ်ကုန်၍ အလင်းဝင်ခဲ့ခြင်းလည်းဖြစ်နိုင်သည်။ တွေးစရာကား များလှပါသည်။ တစ်ဖန် NUG ဘက်ကပြောသော ဗိုလ်နဂါးသည် တပ်မတော်၏ လူဖြစ်နေသည်ဆိုခြင်းမှာလည်း လက်ဆုပ်လက်ကိုင်မပြနိုင်သော ပြော စကားမျှသာဖြစ်နေပြီး သက်သေပြနိုင်ခြင်း မရှိပေ။ (၂၀၂၁) နိုင်ငံ ရေးအခင်းအကျင်းမတိုင်မီက ကုန် သည်ဖြစ်ခဲ့ဖူးသော ဗိုလ်နဂါးသည် ထိုစဉ်ကပင် တပ်မတော်တွင် အသိအကျွမ်းများရှိခဲ့နိုင်သည်။ လက် နက်ကိုင်ပြီး နောက်ပိုင်းတွင်လည်း တိုက်ရိုက်ဆက်ဆံခြင်း မဟုတ်သည့်တိုင် ဖုန်းနံပါတ်ရှိနိုင်ပေလိမ့် မည်။ ယင်း မှာ ဖြစ်ရိုးဖြစ်စဉ်မျှသာဖြစ်ပြီး ယှဉ်ပြိုင်တိုက်ခိုက်နေသော နှစ်ဖက်တွင် တစ်ဖက်နှင့် တစ် ဖက် ဖုန်းနံပါတ်ရှိနေခြင်းမျိုးမှာ ဖြစ်နိုင်သည်။
ဗိုလ်နဂါး အလင်းဝင်သည့်ဓာတ်ပုံတွင် ခါး၌ ပစ္စတိုကို ချိတ်ထားသော ဓာတ်ပုံသည် လက်နက် ကိုင် ခေါင်းဆောင်တစ်ဦး၏ ယမ်းငွေ့ကြားမှ ပြည်သူ့ကြား ကူးပြောင်းလာသည့် သမိုင်းဝင်ဓာတ်ပုံအဖြစ် နောင်တစ်ချိန်တွင်သမိုင်းဝင်ပေလိမ့်မည်။ ထို့ပြင် ယခုကဲ့သို့ လက်နက်ကိုင်ခေါင်းဆောင်တစ်ဦးကို သတင်းအတိအကျမဟုတ်သည့်တိုင် NP News က သိရသည့်သတင်းအရ ရဟတ်ယာဉ်ဖြင့် ကြိုဆိုခြင်း၊ ခါးတွင် ပစ္စတိုချိတ်ခွင့်ပေးကာ အလင်းဝင်ခြင်းကို လက်ခံခြင်းတို့မှာ အခြားလက်နက်ကိုင်ခေါင်းဆောင် များအတွက် မိတ္တူပေးလိုက်ခြင်းဟုပင် ပြောနိုင်သည်။ တိုင်းပြည်အတွက် စိတ်ဓာတ်မှန်သော ခေါင်း ဆောင်မျိုးကို တပ်မတော်က ယခုကဲ့သို့ ကယ်ဆယ်၊ လက်ခံပေးသည်ဆိုသောအချက်မှာ တပ်မတော် ၏သဘောထားနှင့် ကြိုဆိုခြင်းကို ပြသရာလည်းရောက်ခဲ့သည်။
ဗိုလ်နဂါးသည် မိသားစုဝင်များနှင့်အတူ အလင်း ဝင်ကြောင်း တပ်မတော်ဘက်တွင် ထုတ်ပြန် ထားသော်လည်း NUG နှင့် ၎င်းကိုထောက်ခံသူများကမူ ဗိုလ် နဂါး၏လက်ရုံးအချို့လည်း အလင်းဝင်ရာ တွင် ပါဝင်သည်ဟုဆိုထားရာ ယင်းနှင့်ပတ်သက်၍ သဲကွဲစွာ မသိရသေးပေ။ ဗိုလ်နဂါး ယခုကဲ့သို့ အလင်း ဝင်လာခြင်းအတွက် တပ်မတော်ဘက်တွင်လည်း အကျိုးအမြတ်များသည်ဟုဆိုနိုင်၏။
ထို့ပြင် တစ်ဖက်တွင် ပြည်သူများအတွက်လည်း အမြတ်ထွက်သည်ဟု ပြောနိုင်သည်။ ဗိုလ်နဂါး မရှိတော့သည့်နောက် လက်နက်ကိုင်လေဟာနယ်ဖြစ် သွားသောနေရာကို ဝင်ရောက်နိုင်တော့မည် ဟု NUG ဘက်က ဝမ်းမြောက်ဝမ်းသာ တွေးကောင်း တွေးပေလိမ့်မည်။ သို့သော် မလွယ်ပါ။ ဗိုလ်နဂါး၏ အမာခံနယ်မြေနှင့် ၎င်းကိုထောက်ခံသူများသည် ယခင်ကပင် NUG ၏အကျင့်ပျက်ခြစားမှုများ၊ ၎င်း၏ လက်အောက်ခံ ပကဖ၊ ပကဖများ၏ စည်းစိမ်ယစ် ခြင်းများ၊ အာဏာတလွဲအသုံးချမှုများကို လက်မခံ နိုင်သူများဖြစ်နေရာ NUG ၏လုပ်ရပ်ကို လက်မခံသည့်အပြင် ၎င်းတို့ခေါင်းဆောင်ဗိုလ်နဂါး၏ရပ်တည် ချက်အတိုင်း ဆက်လက်လိုက်နာဖွယ်ရှိနေသည်။ ထို့ကြောင့် ပုလဲနယ်တွင်တပ်မတော်အတွက် ပိုမို အောင်မြေ ချဲ့နိုင်ဖွယ်ရှိနေသည်။ ဗိုလ်နဂါး အလင်းဝင်ပြီးသည့်နောက် NUG ထောက်ခံသူများက ချက် ချင်းပင် ရယ်သွမ်းသွေးကာ အင်တာနက်စာမျက်နှာများထက်တွင် ဗိုလ်နဂါးကို ဗိုလ်သန်ကောင်ဟု နာမ် နှိမ်ခေါ်ခဲ့ကြ၏။ NUG ဘက်က မည်မျှ ကလေးဆန်သနည်းဆိုသော် ၎င်းတို့၏ ကျန်းမာရေးဝန်ကြီးဌာန အမည်ခံ ဖေ့စ်ဘွတ်ပေ့ချ်တွင် သန်ကောင်အကြောင်း သိကောင်းစရာဟုဆိုကာ ဖေဖော်ဝါရီလ (၂၀) ရက်တွင် သန်ကောင်အကြောင်း ပို့စ်တင်ခဲ့သည်။ ထိုမျှသာမက ဗိုလ်နဂါး အလင်းဝင်ပြီးသည့်နောက်တွင် ရောင်တော်ပြန်နှင့် ရောလွှတ်ရန် ကြိုးစားသည့်အနေဖြင့် NUG ၏အတွင်းဝန်ဆိုသူ မကြည်ပြာ၏ ကိုယ် ကျိုးအသုံးပြုသည့်အပေါ် ဝန်ထမ်းများ၏တိုင်ကြားချက်ကို ဝန်ထမ်းများအပေါ် ချိုချိုသာသာ ဆက်ဆံ ရန်လိုအပ်ခြင်းသာဖြစ်သည်ဟု စာထုတ်ခဲ့သော်လည်း ယင်းကို ဝေဖန်မှုများမြင့်တက်နေသည်။
ဗိုလ်နဂါး၏ ယခုကဲ့သို့အလင်းဝင်ခဲ့သောအခြေအနေသည် အမှန်စင်စစ်အားဖြင့် NUG ဘက်က တွေးသကဲ့သို့ NUG နှင့် ၎င်းတို့၏ မဟာမိတ်များအတွက် အကျိုးဖြစ်ထွန်းစေခြင်း မဟုတ်ပါ။ ဆုံးရှုံး သွား ခြင်းသာဖြစ်သည်။ တော်လှန်ရေးဘက်သားဟု မိမိတို့ဘာသာအမည်တပ်ကာ လက်နက်ကိုင်နေကြ သူများ၊ ၎င်းတို့ကိုထောက်ခံသူများအကြားတွင် NUG နာမည်ကောင်း မရသည်မှာ ကြာမြင့်ခဲ့ပြီဖြစ် သည်။ တော်လှန်ရေးအတွက် ဦးဆောင်အဖွဲ့အစည်း အမည်ခံသည့် NUG တွင် ခေါင်းဆောင်ပိုင်းတို့သာ အကျိုးအမြတ်ရနေပြီး အလှူငွေများ ခေါင်းစဉ်မဲ့ ပျောက်သွားတတ်သည့်အခြေအနေကို လက်မခံနိုင် ဖြစ်နေသောအခြေအနေတွင် ဗိုလ်နဂါးက ယခုကဲ့ သို့ အလင်းဝင်သွားခဲ့ရာ အခြားလက်နက်ကိုင် ခေါင်း ဆောင်တို့နှင့် ယင်းလက်အောက်အဖွဲ့သားတို့ကြား ဆုံးဖြတ်ချက် ဝေးဝါးသွားဖွယ်ရှိသည်။ တစ်ဖက်တွင် အလင်းဝင်သည့်ပမာဏသည် ဗိုလ်နဂါးဖြစ်စဉ် မတိုင် မီကပင်တက်နေရာ ယင်းသည်တော်လှန်ရေးကို လူငယ်များစိတ်ကုန်လာကြောင်း ပြသနေခြင်းဖြစ်၏။
တစ်ဖက်တွင် အစိုးရကိုစစ်မက်ပြုနေသော လက်နက် ကိုင်အဖွဲ့များအတွင်း တိုင်းပြည်အကျိုးကို အမှန် တကယ်လိုလားသည့် လက်နက်ကိုင်ခေါင်းဆောင် များလည်းရှိနေကြောင်း တွေ့ရသည်။ အမြင်မတူ သည့်တိုင် ယင်းအချက်ကို လေးစားရဖွယ် ရှိပါသည်။
ဥပမာအားဖြင့် BPLA ခေါင်းဆောင် မောင်ဆောင်းခ၊ MDY – PDF မှ ဒေါက်တာ စိုးသူရဇော်၊ 96 Soldier မှ ကိုဇေယျာလွင်၊ ၎င်း၏ အဖွဲ့ဝင်တစ်ဦး လူသတ်သည့်အပေါ် တာဝန်ယူမည်ဟုဆိုထားသည့် PDF ကိုသက်ကြီး စသည်ဖြင့် ခေါင်းဆောင်များလည်း ရှိနေကြောင်း တွေ့ရသည်။ အမြင်မတူသည့်တိုင် ၎င်းတို့ကို လူတော်ဟုသတ်မှတ်လိုက သတ်မှတ်နိုင်သောအခြေအနေရှိသည်။ တိုင်းပြည်အကျိုးကိုလို လားသူအချင်းချင်းဖြစ်သော်လည်း တေ့လွဲလွဲပြီး လက်နက်ကိုင်နည်းဖြင့်ဖြေရှင်းခြင်းသည် အသက် နှင့် အိုးအိမ်စည်းစိမ်တို့ကိုသာ ပျက်စီးစေမည်ဖြစ်ကြောင်း သိကြပြီးဖြစ်ပါသည်။
တစ်ချိန်က အမေရိကန်ကပင် အလိုရှိခဲ့ဖူးပြီး လက်နက်ကိုင်လောကတွင် ဩဇာညောင်းခဲ့ဖူး သော ခွန်ဆာသည် အစိုးရထံတွင်ပင် အလင်းဝင်ခဲ့ခြင်းဖြစ်သည်။ ခွန်ဆာသည် ဘိန်းကြောင့်ကြွယ်ဝပြီး လက်နက်ကောင်းတပ်ဆင်ထားသော လက်နက်ကိုင်တပ် ဖွဲ့ကိုတည်ထောင်နိုင်ခဲ့ကာ တစ်ခေတ် တစ် ယောက်ဖြစ်ခဲ့သည်။ ဖော်ပြပါပုဂ္ဂိုလ်များကား ခွန်ဆာကဲ့သို့ အခြေအနေ မရောက်ကြပါ။ ၎င်းတို့ ရင် အတွင်း ပြည်သူဆိုသောစိတ်များက ကိန်းဝပ်နေကြသေးလိမ့်မည်ဟု ထင်ပါသည်။ လက်နက်အတွက် ဘိန်းကုန်မကူး ကြသေးပါ။ တပ်မတော်ဘက်ကလည်း လက်နက်ကို စွန့်ကာ စားပွဲဝိုင်းတွင် အဖြေရှာရန် အတွက် ငြိမ်းချမ်းရေးကိုမျှော်ကိုးကာ ကြိုဆိုကြောင်းလည်း အသိပေးထားသည်။ မောင်ဆောင်းခ၊ ဒေါက် တာ စိုးသူရဇော်၊ ကိုသက်ကြီး စသည်ဖြင့် ပုဂ္ဂိုလ်တို့သည် ခွန်ဆာများ မဟုတ်ကြသေးပါ။ ခွန်ဆာပင်လျှင် လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ကာ အေးချမ်းစွာဖြင့် ခေါင်းချသွားခဲ့ပြီဖြစ်ပါသည်။
ဗိုလ်နဂါးသည် ငြိမ်းချမ်းစွာနေထိုင်လိုသော ပြည်သူများအတွက် သင်္ကေတတစ်ခုဖြစ်လာပါလိမ့် မည်။ ယင်းအတွက်အဖြေကို ယိုင်တိုင်တိုင်ဖြစ်နေသော NUG ကိုယ်တိုင်က ပေးလာနိုင်သကဲ့သို့ ပြည် သူတို့၏ အပူကို ငြိမ်းချမ်းစေလိုသော မည်သူမဆိုပေးရန် စွမ်းဆောင်နိုင်ကြပါသည်။

Zawgyi Version:
ဗိုလ္နဂါးဘာေၾကာင့္ အလင္းဝင္သလဲ
(သတင္းေဆာင္းပါး)
သုတေက်ာ္ (NP News)
စစ္ကိုင္းတိုင္းေဒသႀကီး ပုလဲၿမိဳ႕နယ္တြင္ အေျခစိုက္ထားသည့္ ဗမာအမ်ိဳးသားေတာ္လွန္ေရး တပ္မေတာ္ အမည္ခံ BNRA မွ ေခါင္းေဆာင္ဗိုလ္နဂါးႏွင့္ ၎၏မိသားစုဝင္မ်ား ေဖေဖာ္ဝါရီလ (၁၈) ရက္က အလင္းဝင္ခဲ့ရာ ယင္းျဖစ္စဥ္သည္ (၂၀၂၁) ႏိုင္ငံေရး အခင္းအက်င္းအၿပီးတြင္ ထင္ရွားေသာ လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္တစ္ဦး၏ ပထမဆုံးေသာ ဥပေဒေဘာင္အတြင္း ဝင္ေရာက္ျခင္းျဖစ္လာ သည္။
ပုလဲၿမိဳ႕နယ္ Local PDF ေခါင္းေဆာင္ ဗိုလ္ထင္လင္းအျဖစ္စတင္ခဲ့ေသာ ကိုႏိုင္လင္းသည္ (၂၀၂၂) ခုႏွစ္တြင္ ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္ဟူေသာ လက္နက္ကိုင္အဖြဲ႕ကို စတင္ဖြဲ႕စည္းခဲ့ၿပီးသည့္ ေနာက္ ဗိုလ္နဂါးအျဖစ္ တစ္စတစ္စ ပိုမိုထင္ရွားလာခဲ့သည္။ ကနဦးတြင္ NUG ႏွင့္ အဆင္ေျပခဲ့ေသး ေသာ္လည္း ေစာင့္ၾကည့္ျခင္းကိုခံခဲ့ရၿပီး ေနာက္ပိုင္းတြင္ NUG ႏွင့္ ဗိုလ္နဂါးတို႔ၾကား ဆက္ဆံေရး တင္း မာလာသည္ဟုေျပာရမည့္အေျခအေနတျဖည္းျဖည္းေရာက္ရွိခဲ့၏။
ဥပမာအားျဖင့္ NUG ၏ ပုလဲၿမိဳ႕နယ္ ပကဖ အတြင္း ဗိုလ္နဂါးကိုမထည့္သြင္းဘဲ ခ်န္လွပ္ထားခဲ့ ရာ ဗိုလ္နဂါးႏွင့္ ပုလဲ ပကဖ ေခါင္းေဆာင္ေဇာ္ထက္တို႔ အၾကား အျငင္းပြားေနသည့္ဗီဒီယိုဖိုင္မွာ အင္ တာနက္ လူမႈကြန္ရက္တြင္ ထြက္ေပၚလာဖူးသည္။ ပုလဲ ပလဖ မွ ပုလဲေမာင္ အသတ္ခံရေသာ ျဖစ္စဥ္ ျဖစ္ပြားခဲ့ရာ ယင္းကိုဗိုလ္နဂါးအဖြဲ႕ကျပဳလုပ္ျခင္းျဖစ္ေၾကာင္း ေဇာ္ထက္တို႔ကလႊဲခ်ၿပီး ဗိုလ္နဂါးကို ဖမ္း ဆီးရန္ ႀကိဳးပမ္းေသာ္လည္း မေအာင္ျမင္ခဲ့ေပ။
တစ္ဖက္တြင္ (၂၀၂၃) ခုႏွစ္အတြင္း NUG က ၎တို႔လက္ေအာက္ခံမဟုတ္ေသာ Local PDF မ်ား၊ တပ္ေပါင္းစုမ်ားႏွင့္ မပူးေပါင္းရန္ စာထုတ္သည့္အျပင္ ၿမိဳ႕နယ္ပကဖမ်ားကလည္း Local PDF တပ္ဖြဲ႕မ်ားေနထိုင္ခြင့္မျပဳဟုထုတ္ျပန္ခ်က္မ်ားထုတ္ျပန္ခဲ့ရာ NUG ႏွင့္ Local PDF မ်ားအၾကား သေဘာ ထားတင္းမာခဲ့သည္။
ထို႔ေနာက္ (၂၀၂၃) ခုႏွစ္ စက္တင္ဘာလတြင္ NUG လက္ေအာက္ခံမဟုတ္ေသာ Local PDF မ်ား ႏွင့္ပူးေပါင္းကာ ဗိုလ္နဂါးက ဗမာအမ်ိဳးသားေတာ္လွန္ေရးတပ္မေတာ္ဟုေခၚေသာ BNRA ကို စတင္ ဖြဲ႕စည္းခဲ့သည္။ ထို႔ေနာက္ ပုလဲနယ္တြင္ ဗိုလ္နဂါး ဦးေဆာင္ေသာ BNRA ႏွင့္ NUG တို႔အၾကား ပြတ္ တိုက္မႈမ်ားစြာ ျဖစ္ပြားခဲ့သည္။ BNRA အျဖစ္ အတိအလင္း ဖြဲ႕စည္းခဲ့ၿပီးသည့္ေနာက္ ႏွစ္ဖက္အၾကား လူဖမ္းျခင္း၊ အျပန္အလွန္ ပစ္ခတ္ျခင္းမ်ိဳးအထိ ျဖစ္လာခဲ့ရာ ပဋိပကၡ မီးစာပိုမို ေတာက္ေလာင္လာ ခဲ့သည္။ NUG ႏွင့္ ဗိုလ္နဂါးအၾကား ပြတ္တိုက္မႈ ႀကီးလာသကဲ့သို႔ ႏွစ္ဖက္ေထာက္ခံသူမ်ားအၾကား တြင္လည္း အျပန္အလွန္ စကားစစ္ထိုးျခင္းမ်ား ရွိခဲ့သည္။
NUG ၏ ေငြေၾကးမသမာမႈမ်ား၊ ထိပ္ပိုင္းေခါင္းေဆာင္မ်ား၏အာဏာယစ္မူးျခင္းကို စက္ဆုပ္လာ သူမ်ားက ဗိုလ္နဂါးကိုတိုက္႐ိုက္ သို႔မဟုတ္ သြယ္ဝိုက္ ၍ေထာက္ခံခဲ့ၾကၿပီး ဗိုလ္နဂါးအတြက္ သီးသန႔္ေငြ ေၾကး လႉဒါန္းျခင္းမ်ားလည္း တိုးပြားလာရာ လက္ နက္လည္း အထိုက္အေလ်ာက္ ပိုမို တပ္ဆင္လာႏိုင္ ခဲ့သည္။ အင္တာနက္စာမ်က္ႏွာမ်ားထက္တြင္ ဗိုလ္ နဂါးဘက္မွ အတိအလင္း ရပ္တည္သူလည္း မ်ားလွ သည္။ ယင္းေနာက္ အပ်က္အပ်က္ႏွင့္ ႏွာေခါင္းေသြး ထြက္လာရာ (၂၀၂၄) ခုႏွစ္အတြင္း ဗိုလ္နဂါး၏ ေဖ့စ္ ဘြတ္ခ္ လူမႈကြန္ရက္စာမ်က္ႏွာထက္တြင္ NUG က ၎ကို လုပ္ႀကံသတ္ျဖတ္ရန္စီစဥ္ေနေၾကာင္း အသိ ေပးသည္အထိ ျဖစ္လာသည္။ ထို႔ေနာက္ မီးစာ အျမင့္ဆုံးအျဖစ္ ယခုလအေစာပိုင္းတြင္ NUG က ဗိုလ္နဂါးႏွင့္ ၎၏တပ္ဖြဲ႕ကို NUG က ဝိုင္းပတ္ ပိတ္ဆို႔တိုက္ခိုက္ျခင္းမ်ား စတင္ျပဳလုပ္ခဲ့သည္။
NUG က သာလြန္အင္အားအသုံးျပဳတိုက္ခိုက္ခဲ့ၿပီးသည့္ေနာက္ ဗိုလ္နဂါးအတြက္ ေ႐ြးစရာ (၂) ခု သာ ျဖစ္လာဖြယ္ရွိသည္။ ပုလဲၿမိဳ႕၏အေနအထားအရ ထြက္ေျပးလွ်င္လည္း မလြယ္သည့္အေျခအေန တြင္ NUG ေအာက္လက္နက္ခ်မည္ေလာ သို႔မဟုတ္ တပ္မေတာ္ထံ အလင္းဝင္မည္ေလာဆိုသည့္ အ ခ်က္မွာ အလင္းမဝင္မီ နာရီပိုင္းတြင္ ဗိုလ္နဂါးအတြက္ ေခါင္းခဲစရာေ႐ြးခ်ယ္မႈျဖစ္ခဲ့ႏိုင္သည္။
NUG ေထာက္ခံသူအခ်ိဳ႕ ေျပာၾကားသည့္ေခါင္းကိုေသနတ္ျဖင့္ ေတ့ပစ္ခဲ့လွ်င္ပင္ သိကၡာရွိမည္ ဟုေျပာၾကျခင္းမွာ မစားရသည့္အမဲ သဲႏွင့္ပက္သည့္ ေျပာစကားမ်ိဳးသာ ျဖစ္ေပလိမ့္မည္။ ဗိုလ္နဂါး အေနျဖင့္ NUG ထံ လက္နက္ခ်လွ်င္ ရလာႏိုင္သည့္ ျပစ္ဒဏ္မွာလည္း အလားတူအသတ္ခံရျခင္းမ်ိဳးပင္ ျဖစ္ႏိုင္ေပရာ ယင္းအခ်က္ကို ဗိုလ္နဂါးေကာင္းစြာ ေတြးခဲ့ဖြယ္ရွိသည္။ ထို႔ျပင္ အျခားတစ္ဖက္တြင္ NUG ႏွင့္ လမ္းေၾကာင္းေသြဖည္ကာ ေ႐ြးေကာက္ပြဲကို မဆန႔္က်င္ေသာ၊ ႏိုင္ငံေရးေဆြးေႏြးမႈကိုလိုလားဟန္ ျပသေနသည့္ ဗိုလ္နဂါးအေနျဖင့္ ေဒသၿငိမ္းခ်မ္းေရးကိုေရွးရႈ၍ အလင္းဝင္ရန္ စဥ္းစားခဲ့ျခင္းမ်ိဳးလည္း ျဖစ္ႏိုင္သည္။ တစ္ဖက္တြင္ NUG ႏွင့္ တပ္မေတာ္ ႏွစ္ဖက္ယွဥ္ေတြးရာတြင္ ေတာ္လွန္ေရးကိုစိတ္ကုန္၍ အလင္းဝင္ခဲ့ျခင္းလည္းျဖစ္ႏိုင္သည္။ ေတြးစရာကား မ်ားလွပါသည္။ တစ္ဖန္ NUG ဘက္ကေျပာေသာ ဗိုလ္နဂါးသည္ တပ္မေတာ္၏ လူျဖစ္ေနသည္ဆိုျခင္းမွာလည္း လက္ဆုပ္လက္ကိုင္မျပႏိုင္ေသာ ေျပာ စကားမွ်သာျဖစ္ေနၿပီး သက္ေသျပႏိုင္ျခင္း မရွိေပ။ (၂၀၂၁) ႏိုင္ငံ ေရးအခင္းအက်င္းမတိုင္မီက ကုန္ သည္ျဖစ္ခဲ့ဖူးေသာ ဗိုလ္နဂါးသည္ ထိုစဥ္ကပင္ တပ္မေတာ္တြင္ အသိအကြၽမ္းမ်ားရွိခဲ့ႏိုင္သည္။ လက္ နက္ကိုင္ၿပီး ေနာက္ပိုင္းတြင္လည္း တိုက္႐ိုက္ဆက္ဆံျခင္း မဟုတ္သည့္တိုင္ ဖုန္းနံပါတ္ရွိႏိုင္ေပလိမ့္ မည္။ ယင္း မွာ ျဖစ္႐ိုးျဖစ္စဥ္မွ်သာျဖစ္ၿပီး ယွဥ္ၿပိဳင္တိုက္ခိုက္ေနေသာ ႏွစ္ဖက္တြင္ တစ္ဖက္ႏွင့္ တစ္ ဖက္ ဖုန္းနံပါတ္ရွိေနျခင္းမ်ိဳးမွာ ျဖစ္ႏိုင္သည္။
ဗိုလ္နဂါး အလင္းဝင္သည့္ဓာတ္ပုံတြင္ ခါး၌ ပစၥတိုကို ခ်ိတ္ထားေသာ ဓာတ္ပုံသည္ လက္နက္ ကိုင္ ေခါင္းေဆာင္တစ္ဦး၏ ယမ္းေငြ႕ၾကားမွ ျပည္သူ႔ၾကား ကူးေျပာင္းလာသည့္ သမိုင္းဝင္ဓာတ္ပုံအျဖစ္ ေနာင္တစ္ခ်ိန္တြင္သမိုင္းဝင္ေပလိမ့္မည္။ ထို႔ျပင္ ယခုကဲ့သို႔ လက္နက္ကိုင္ေခါင္းေဆာင္တစ္ဦးကို သတင္းအတိအက်မဟုတ္သည့္တိုင္ NP News က သိရသည့္သတင္းအရ ရဟတ္ယာဥ္ျဖင့္ ႀကိဳဆိုျခင္း၊ ခါးတြင္ ပစၥတိုခ်ိတ္ခြင့္ေပးကာ အလင္းဝင္ျခင္းကို လက္ခံျခင္းတို႔မွာ အျခားလက္နက္ကိုင္ေခါင္းေဆာင္ မ်ားအတြက္ မိတၱဴေပးလိုက္ျခင္းဟုပင္ ေျပာႏိုင္သည္။ တိုင္းျပည္အတြက္ စိတ္ဓာတ္မွန္ေသာ ေခါင္း ေဆာင္မ်ိဳးကို တပ္မေတာ္က ယခုကဲ့သို႔ ကယ္ဆယ္၊ လက္ခံေပးသည္ဆိုေသာအခ်က္မွာ တပ္မေတာ္ ၏သေဘာထားႏွင့္ ႀကိဳဆိုျခင္းကို ျပသရာလည္းေရာက္ခဲ့သည္။
ဗိုလ္နဂါးသည္ မိသားစုဝင္မ်ားႏွင့္အတူ အလင္း ဝင္ေၾကာင္း တပ္မေတာ္ဘက္တြင္ ထုတ္ျပန္ ထားေသာ္လည္း NUG ႏွင့္ ၎ကိုေထာက္ခံသူမ်ားကမူ ဗိုလ္ နဂါး၏လက္႐ုံးအခ်ိဳ႕လည္း အလင္းဝင္ရာ တြင္ ပါဝင္သည္ဟုဆိုထားရာ ယင္းႏွင့္ပတ္သက္၍ သဲကြဲစြာ မသိရေသးေပ။ ဗိုလ္နဂါး ယခုကဲ့သို႔ အလင္း ဝင္လာျခင္းအတြက္ တပ္မေတာ္ဘက္တြင္လည္း အက်ိဳးအျမတ္မ်ားသည္ဟုဆိုႏိုင္၏။
ထို႔ျပင္ တစ္ဖက္တြင္ ျပည္သူမ်ားအတြက္လည္း အျမတ္ထြက္သည္ဟု ေျပာႏိုင္သည္။ ဗိုလ္နဂါး မရွိေတာ့သည့္ေနာက္ လက္နက္ကိုင္ေလဟာနယ္ျဖစ္ သြားေသာေနရာကို ဝင္ေရာက္ႏိုင္ေတာ့မည္ ဟု NUG ဘက္က ဝမ္းေျမာက္ဝမ္းသာ ေတြးေကာင္း ေတြးေပလိမ့္မည္။ သို႔ေသာ္ မလြယ္ပါ။ ဗိုလ္နဂါး၏ အမာခံနယ္ေျမႏွင့္ ၎ကိုေထာက္ခံသူမ်ားသည္ ယခင္ကပင္ NUG ၏အက်င့္ပ်က္ျခစားမႈမ်ား၊ ၎၏ လက္ေအာက္ခံ ပကဖ၊ ပကဖမ်ား၏ စည္းစိမ္ယစ္ ျခင္းမ်ား၊ အာဏာတလြဲအသုံးခ်မႈမ်ားကို လက္မခံ ႏိုင္သူမ်ားျဖစ္ေနရာ NUG ၏လုပ္ရပ္ကို လက္မခံသည့္အျပင္ ၎တို႔ေခါင္းေဆာင္ဗိုလ္နဂါး၏ရပ္တည္ ခ်က္အတိုင္း ဆက္လက္လိုက္နာဖြယ္ရွိေနသည္။ ထို႔ေၾကာင့္ ပုလဲနယ္တြင္တပ္မေတာ္အတြက္ ပိုမို ေအာင္ေျမ ခ်ဲ႕ႏိုင္ဖြယ္ရွိေနသည္။ ဗိုလ္နဂါး အလင္းဝင္ၿပီးသည့္ေနာက္ NUG ေထာက္ခံသူမ်ားက ခ်က္ ခ်င္းပင္ ရယ္သြမ္းေသြးကာ အင္တာနက္စာမ်က္ႏွာမ်ားထက္တြင္ ဗိုလ္နဂါးကို ဗိုလ္သန္ေကာင္ဟု နာမ္ ႏွိမ္ေခၚခဲ့ၾက၏။ NUG ဘက္က မည္မွ် ကေလးဆန္သနည္းဆိုေသာ္ ၎တို႔၏ က်န္းမာေရးဝန္ႀကီးဌာန အမည္ခံ ေဖ့စ္ဘြတ္ေပ့ခ်္တြင္ သန္ေကာင္အေၾကာင္း သိေကာင္းစရာဟုဆိုကာ ေဖေဖာ္ဝါရီလ (၂၀) ရက္တြင္ သန္ေကာင္အေၾကာင္း ပို႔စ္တင္ခဲ့သည္။ ထိုမွ်သာမက ဗိုလ္နဂါး အလင္းဝင္ၿပီးသည့္ေနာက္တြင္ ေရာင္ေတာ္ျပန္ႏွင့္ ေရာလႊတ္ရန္ ႀကိဳးစားသည့္အေနျဖင့္ NUG ၏အတြင္းဝန္ဆိုသူ မၾကည္ျပာ၏ ကိုယ္ က်ိဳးအသုံးျပဳသည့္အေပၚ ဝန္ထမ္းမ်ား၏တိုင္ၾကားခ်က္ကို ဝန္ထမ္းမ်ားအေပၚ ခ်ိဳခ်ိဳသာသာ ဆက္ဆံ ရန္လိုအပ္ျခင္းသာျဖစ္သည္ဟု စာထုတ္ခဲ့ေသာ္လည္း ယင္းကို ေဝဖန္မႈမ်ားျမင့္တက္ေနသည္။
ဗိုလ္နဂါး၏ ယခုကဲ့သို႔အလင္းဝင္ခဲ့ေသာအေျခအေနသည္ အမွန္စင္စစ္အားျဖင့္ NUG ဘက္က ေတြးသကဲ့သို႔ NUG ႏွင့္ ၎တို႔၏ မဟာမိတ္မ်ားအတြက္ အက်ိဳးျဖစ္ထြန္းေစျခင္း မဟုတ္ပါ။ ဆုံးရႈံး သြား ျခင္းသာျဖစ္သည္။ ေတာ္လွန္ေရးဘက္သားဟု မိမိတို႔ဘာသာအမည္တပ္ကာ လက္နက္ကိုင္ေနၾက သူမ်ား၊ ၎တို႔ကိုေထာက္ခံသူမ်ားအၾကားတြင္ NUG နာမည္ေကာင္း မရသည္မွာ ၾကာျမင့္ခဲ့ၿပီျဖစ္ သည္။ ေတာ္လွန္ေရးအတြက္ ဦးေဆာင္အဖြဲ႕အစည္း အမည္ခံသည့္ NUG တြင္ ေခါင္းေဆာင္ပိုင္းတို႔သာ အက်ိဳးအျမတ္ရေနၿပီး အလႉေငြမ်ား ေခါင္းစဥ္မဲ့ ေပ်ာက္သြားတတ္သည့္အေျခအေနကို လက္မခံႏိုင္ ျဖစ္ေနေသာအေျခအေနတြင္ ဗိုလ္နဂါးက ယခုကဲ့ သို႔ အလင္းဝင္သြားခဲ့ရာ အျခားလက္နက္ကိုင္ ေခါင္း ေဆာင္တို႔ႏွင့္ ယင္းလက္ေအာက္အဖြဲ႕သားတို႔ၾကား ဆုံးျဖတ္ခ်က္ ေဝးဝါးသြားဖြယ္ရွိသည္။ တစ္ဖက္တြင္ အလင္းဝင္သည့္ပမာဏသည္ ဗိုလ္နဂါးျဖစ္စဥ္ မတိုင္ မီကပင္တက္ေနရာ ယင္းသည္ေတာ္လွန္ေရးကို လူငယ္မ်ားစိတ္ကုန္လာေၾကာင္း ျပသေနျခင္းျဖစ္၏။
တစ္ဖက္တြင္ အစိုးရကိုစစ္မက္ျပဳေနေသာ လက္နက္ ကိုင္အဖြဲ႕မ်ားအတြင္း တိုင္းျပည္အက်ိဳးကို အမွန္ တကယ္လိုလားသည့္ လက္နက္ကိုင္ေခါင္းေဆာင္ မ်ားလည္းရွိေနေၾကာင္း ေတြ႕ရသည္။ အျမင္မတူ သည့္တိုင္ ယင္းအခ်က္ကို ေလးစားရဖြယ္ ရွိပါသည္။
ဥပမာအားျဖင့္ BPLA ေခါင္းေဆာင္ ေမာင္ေဆာင္းခ၊ MDY – PDF မွ ေဒါက္တာ စိုးသူရေဇာ္၊ 96 Soldier မွ ကိုေဇယ်ာလြင္၊ ၎၏ အဖြဲ႕ဝင္တစ္ဦး လူသတ္သည့္အေပၚ တာဝန္ယူမည္ဟုဆိုထားသည့္ PDF ကိုသက္ႀကီး စသည္ျဖင့္ ေခါင္းေဆာင္မ်ားလည္း ရွိေနေၾကာင္း ေတြ႕ရသည္။ အျမင္မတူသည့္တိုင္ ၎တို႔ကို လူေတာ္ဟုသတ္မွတ္လိုက သတ္မွတ္ႏိုင္ေသာအေျခအေနရွိသည္။ တိုင္းျပည္အက်ိဳးကိုလို လားသူအခ်င္းခ်င္းျဖစ္ေသာ္လည္း ေတ့လြဲလြဲၿပီး လက္နက္ကိုင္နည္းျဖင့္ေျဖရွင္းျခင္းသည္ အသက္ ႏွင့္ အိုးအိမ္စည္းစိမ္တို႔ကိုသာ ပ်က္စီးေစမည္ျဖစ္ေၾကာင္း သိၾကၿပီးျဖစ္ပါသည္။
တစ္ခ်ိန္က အေမရိကန္ကပင္ အလိုရွိခဲ့ဖူးၿပီး လက္နက္ကိုင္ေလာကတြင္ ဩဇာေညာင္းခဲ့ဖူး ေသာ ခြန္ဆာသည္ အစိုးရထံတြင္ပင္ အလင္းဝင္ခဲ့ျခင္းျဖစ္သည္။ ခြန္ဆာသည္ ဘိန္းေၾကာင့္ႂကြယ္ဝၿပီး လက္နက္ေကာင္းတပ္ဆင္ထားေသာ လက္နက္ကိုင္တပ္ ဖြဲ႕ကိုတည္ေထာင္ႏိုင္ခဲ့ကာ တစ္ေခတ္ တစ္ ေယာက္ျဖစ္ခဲ့သည္။ ေဖာ္ျပပါပုဂၢိဳလ္မ်ားကား ခြန္ဆာကဲ့သို႔ အေျခအေန မေရာက္ၾကပါ။ ၎တို႔ ရင္ အတြင္း ျပည္သူဆိုေသာစိတ္မ်ားက ကိန္းဝပ္ေနၾကေသးလိမ့္မည္ဟု ထင္ပါသည္။ လက္နက္အတြက္ ဘိန္းကုန္မကူး ၾကေသးပါ။ တပ္မေတာ္ဘက္ကလည္း လက္နက္ကို စြန႔္ကာ စားပြဲဝိုင္းတြင္ အေျဖရွာရန္ အတြက္ ၿငိမ္းခ်မ္းေရးကိုေမွ်ာ္ကိုးကာ ႀကိဳဆိုေၾကာင္းလည္း အသိေပးထားသည္။ ေမာင္ေဆာင္းခ၊ ေဒါက္ တာ စိုးသူရေဇာ္၊ ကိုသက္ႀကီး စသည္ျဖင့္ ပုဂၢိဳလ္တို႔သည္ ခြန္ဆာမ်ား မဟုတ္ၾကေသးပါ။ ခြန္ဆာပင္လွ်င္ လက္နက္ႏွင့္ ၿငိမ္းခ်မ္းေရးလဲလွယ္ကာ ေအးခ်မ္းစြာျဖင့္ ေခါင္းခ်သြားခဲ့ၿပီျဖစ္ပါသည္။
ဗိုလ္နဂါးသည္ ၿငိမ္းခ်မ္းစြာေနထိုင္လိုေသာ ျပည္သူမ်ားအတြက္ သေကၤတတစ္ခုျဖစ္လာပါလိမ့္ မည္။ ယင္းအတြက္အေျဖကို ယိုင္တိုင္တိုင္ျဖစ္ေနေသာ NUG ကိုယ္တိုင္က ေပးလာႏိုင္သကဲ့သို႔ ျပည္ သူတို႔၏ အပူကို ၿငိမ္းခ်မ္းေစလိုေသာ မည္သူမဆိုေပးရန္ စြမ္းေဆာင္ႏိုင္ၾကပါသည္။