အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်သည့် ကမ္ဘာ့အသက်အကြီးဆုံးကြက်တူရွေး

177

Pika (NP News) - ဖေဖော်ဝါရီ ၂၃
အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ်မှ ဆွန်နီအမည်ရှိအသက်(၃၃)နှစ်အရွယ် အိမ်မွေး ကြက်တူ ရွေးတစ်ကောင်သည် ၎င်း၏မျိုးစိတ်များထဲတွင် အသက်အကြီးဆုံးငှက်အဖြစ် တရားဝင် သတ်မှတ်ခံခဲ့ရ ကြောင်းသိရသည်။ ဆွန်နီသည် ပြီးခဲ့သည့်ဇန်နဝါရီလ(၁၀)ရက်တွင် အသက်(၃၃)နှစ်ပြည့်သွားခဲ့ပြီဖြစ်ပြီး ကမ္ဘာပေါ်တွင် အသက်ရှင် လျက်ရှိသည့် အသက်အကြီးဆုံးကြက်တူရွေးအဖြစ် တရားဝင်စံချိန်တင်ခဲ့ ကြောင်း သိရသည်။ ထို့ပြင် ဆွန်နီသည် သီချင်းများကို နားထောင်ကာ လေချွန်တတ်အောင် သင်ယူခဲ့ ကြောင်းလည်း ပိုင်ရှင်များက ပြောကြားခဲ့သည်။ ပိုင်ရှင်များက “ကျွန်တော်တို့ ရေချိုးပြီး စုံတွဲသီချင်းဆို လေ့ရှိတဲ့အချိန်မှာ ဆွန်နီက စားပွဲခုံပေါ်မှာထိုင်ပြီး လေလိုက်ချွန်လေ့ရှိပါတယ်။ ပြီးတော့ ဆွန်နီက စကား လုံးအနည်းငယ်ကိုလည်း ပြောတတ်နေပါပြီ” ဟုပြောဆိုခဲ့သည်။
ဆွန်နီ၏ ကျန်းမာရေးကောင်းမွန်မှုနှင့် လက်ရှိအချိန်အထိ အသက်ရှည်ကျန်းမာမှုက ကျန်းမာရေးနှင့်ညီ ညွတ်သည့်အစားအစာများကို ကျွေး ခြင်းကြောင့်ဖြစ်ကြောင်း ပိုင်ရှင်များကပြောကြားခဲ့သည်။ ပိုင်ရှင် အမျိုးသမီးက “ဆွန်နီက ကျွန်မ အတွက် အရမ်းကောင်းတဲ့အဖော်တစ်ယောက်ပဲဖြစ်ပါတယ်။ ကျွန်မရဲ့ခင်ပွန်းခရီးသွားတဲ့အချိန်မှာ ဆွန်နီကပဲ ကျွန်မကိုအဖော်ပြုပြီး အမြဲတမ်းရယ်မောအောင်လုပ်ပေးခဲ့တာပါ” ဟု ပြောခဲ့သည်။

Zawgyi Version;
အသက္(၃၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သည့္ ကမာၻ႔အသက္အႀကီးဆုံးၾကက္တူေ႐ြး
Pika (NP News) - ေဖေဖာ္ဝါရီ ၂၃
အေမရိကန္ႏိုင္ငံ အီလီႏြိဳက္ျပည္နယ္မွ ဆြန္နီအမည္ရွိအသက္(၃၃)ႏွစ္အ႐ြယ္ အိမ္ေမြး ၾကက္တူ ေ႐ြးတစ္ေကာင္သည္ ၎၏မ်ိဳးစိတ္မ်ားထဲတြင္ အသက္အႀကီးဆုံးငွက္အျဖစ္ တရားဝင္ သတ္မွတ္ခံခဲ့ရ ေၾကာင္းသိရသည္။ ဆြန္နီသည္ ၿပီးခဲ့သည့္ဇန္နဝါရီလ(၁၀)ရက္တြင္ အသက္(၃၃)ႏွစ္ျပည့္သြားခဲ့ၿပီျဖစ္ၿပီး ကမာၻေပၚတြင္ အသက္ရွင္ လ်က္ရွိသည့္ အသက္အႀကီးဆုံးၾကက္တူေ႐ြးအျဖစ္ တရားဝင္စံခ်ိန္တင္ခဲ့ ေၾကာင္း သိရသည္။ ထို႔ျပင္ ဆြန္နီသည္ သီခ်င္းမ်ားကို နားေထာင္ကာ ေလခြၽန္တတ္ေအာင္ သင္ယူခဲ့ ေၾကာင္းလည္း ပိုင္ရွင္မ်ားက ေျပာၾကားခဲ့သည္။ ပိုင္ရွင္မ်ားက “ကြၽန္ေတာ္တို႔ ေရခ်ိဳးၿပီး စုံတြဲသီခ်င္းဆို ေလ့ရွိတဲ့အခ်ိန္မွာ ဆြန္နီက စားပြဲခုံေပၚမွာထိုင္ၿပီး ေလလိုက္ခြၽန္ေလ့ရွိပါတယ္။ ၿပီးေတာ့ ဆြန္နီက စကား လုံးအနည္းငယ္ကိုလည္း ေျပာတတ္ေနပါၿပီ” ဟုေျပာဆိုခဲ့သည္။
ဆြန္နီ၏ က်န္းမာေရးေကာင္းမြန္မႈႏွင့္ လက္ရွိအခ်ိန္အထိ အသက္ရွည္က်န္းမာမႈက က်န္းမာေရးႏွင့္ညီ ၫြတ္သည့္အစားအစာမ်ားကို ေကြၽး ျခင္းေၾကာင့္ျဖစ္ေၾကာင္း ပိုင္ရွင္မ်ားကေျပာၾကားခဲ့သည္။ ပိုင္ရွင္ အမ်ိဳးသမီးက “ဆြန္နီက ကြၽန္မ အတြက္ အရမ္းေကာင္းတဲ့အေဖာ္တစ္ေယာက္ပဲျဖစ္ပါတယ္။ ကြၽန္မရဲ႕ခင္ပြန္းခရီးသြားတဲ့အခ်ိန္မွာ ဆြန္နီကပဲ ကြၽန္မကိုအေဖာ္ျပဳၿပီး အၿမဲတမ္းရယ္ေမာေအာင္လုပ္ေပးခဲ့တာပါ” ဟု ေျပာခဲ့သည္။