တရုတ်နှင့်မြန်မာကို အန္တရာယ်ပေးလာနေသည့် နှစ်နိုင်ငံကြားထဲက ဆူးတစ်ချောင်း (အတွေးအမြင် ဆောင်းပါး)

 991

အောင်နိုင်သူ (ဇွဲကပင်) (NP News)
ရွေးကောက်ပွဲအောင်မြင်စွာ ပြီးဆုံးသွားခဲ့သဖြင့် မြန်မာ့နိုင်ငံရေးအရွေ့က အကောင်းဘက်ကို သိသာမြင်သာသည့် အရွေ့တစ်ခုအဖြစ်သို့ ပြောင်းလဲလာနေ ပြီဖြစ်ပါသည်။ မြန်မာ့နိုင်ငံရေး အရွေ့က တစ်ဆင့် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်ကို ဦးသိန်းစိန်ခေတ်ကလို မျက်နှာပန်း ပွင့်စွာ တစ်ကျော့ပြန် ပြန် လည်ရောက်ရှိလာမည့် အရိပ်အယောင်များလည်း မြင်လာရပါသည်။ ဤသည်မှာ အကောင်းဘက်သို့ ဦးတည်ပြောင်းလဲနေသည့် မြန်မာ့နိုင်ငံရေးအရွေ့ဖြစ်ပါသည်။ သို့သော် တစ်ဖက်မှာလည်း စိုးရိမ်စရာ နိုင်ငံရေးနှင့် စစ်ရေးစိန်ခေါ်မှုများကလည်း ရှိနေပြန်ပါသည်။
ဖေဖော်ဝါရီလ (၈)ရက်က KIA ခေါင်းဆောင် ဂွမ်မော်၏မူမမှန်သောစကားများကြောင့် ပြည် ထောင်စုတွင် နိုင်ငံရေး၊ စစ်ရေးအတွက် စိုးရိမ်မှုများ မြင့်မား လာကြပြန်ပါသည်။ ဖေဖော်ဝါရီ (၈) ရက်က အမေရိ ကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင်ပြုလုပ်သည့် (၆၅)နှစ်မြောက် ကချင်တော်လှန်ရေးအထိမ်း အမှတ်နေ့တွင် KIA ဒုတိယဥက္ကဋ္ဌ(၁)ဂွမ်မော်၏ ပြောကြားချက်များတွင် “ဗန်းမော်တိုက်ပွဲဟာ နိုင်ငံရေး သိက္ခာတိုက်ပွဲဖြစ်ပါတယ်။ ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ တစ်နှစ်ကျော်သွားပြီ။ ကျွန် တော်တို့ ဗန်းမော်ကိုတိုက်နေတာ။ ဒီလိုကြာမယ်၊ အရင်းအနှီး များမယ်ဆို တာသိသော်လည်းပဲ လိုအပ် လို့တိုက်တဲ့ တိုက်ပွဲဖြစ်တယ်။ ကျွန်တော်တို့မှာ ရှိတဲ့အရင်းအနှီးနဲ့ ကျွန် တော်တို့တိုက်နေရတာဖြစ် တယ်။ လိုအပ်လို့ တိုက်တဲ့တိုက်ပွဲတွေမှာ အရင်းအနှီးတွေက အများကြီးပေး ရပါတယ်”ဟုဆိုပါသည်။
ထို့ပြင် “စစ်ရေးအရ KIO က ကချင်ဒေသ တစ်ခုလုံးရဲ့ကာကွယ်ရေးနဲ့လုံခြုံရေးကို တာဝန်ယူပြီး တော့ အခြားသော အင်အားစုများနဲ့တိုက်ပွဲတွေ ဖော်ဆောင်တယ်။ စစ်ကိုင်းတိုင်းမှာ စစ်ဒေသဖွင့်ပြီး တော့ ကျွန်တော်တို့ အတူတကွတိုက်ပွဲဝင်နေပါတယ်။ ဒီမိုကရေစီ အင်အားစုတွေနဲ့အတူ တိုက်ပွဲတွေ ဖော်ဆောင်ရမှာဖြစ်တယ်။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ အိမ်ခြံဝင်းတံခါးပေါက်ဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ ရန်သူကိုစောင့်ရမယ်။ စစ်ကိုင်းတိုင်းမှာရှိတဲ့ အင်အားစုနဲ့ ကျွန်တော်တို့ ကချင်အင်အားစုတွေက တံခါးပေါက် လုံခြုံရေးအတွက် သေချာပေါက်လုပ်ရမယ်” ဟု လည်း ဂွမ်မော်ကပြောကြားခဲ့ပါသည်။
KIA ခေါင်းဆောင်ဂွမ်မော်၏ပြောကြားချက်များကိုကြည့်လျှင် နာစရာအလွန်ကောင်းသည်။ မြန် မာ စကားပုံတစ်ခုလို၊ ငါးကြင်းဆီနှင့် ငါးကြင်းကြော် မည့်သဘောသက်ရောက်နေသည်။ ကချင်ပြည်နယ် လွတ်မြောက်ဖို့နှင့် လုံခြုံဖို့အတွက် ဗမာလူမျိုးအများစု နေထိုင်ရာ စစ်ကိုင်းတိုင်း ပျက်စီးပေးရမည်ဖြစ်နေ သည်။ ဗမာအရိုးကို ဗမာနှင့်ပဲထိုးပြီး ကချင်ပြည်နယ် လွတ်မြောက်အောင် လုပ်မည်ဆိုသည့်သဘော လည်း သက်ရောက်နေပါသည်။
လူမျိုးရေးအစွန်းရောက်လွန်းသည့် ဂွမ်မော်တို့အုပ်စုကြောင့် ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေး ဆိုသည့် ပြည်ထောင်စုနိုင်ငံရေးခရီးက ခက်ခဲမည့် သဘောတွေ့လာရပြန်ပါသည်။ ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက ဂွမ်မော်၏နှုတ်ထွက်စကားတစ်ခုတွင် “လွန်ခဲ့တဲ့လတွေက တရုတ်နိုင်ငံက အဆင့်မြင့် အရာ ရှိတစ်ဦးက အစည်းအဝေးမှာ ကျွန်တော်တို့ကိုမေးတယ်။ ခင်ဗျားတို့ရှိတဲ့အရင်းအမြစ်နဲ့ အခုစစ် ကောင်စီကို နိုင်မယ်လို့ထင်သလားလို့မေးတယ်။ ကျွန်တော် တို့က အရင်တုန်းက တရုတ်နိုင်ငံရေး သမိုင်းကို ပြန်ကြည့်လိုက်လို့ရှိရင် အမေရိကန်နဲ့ရုရှား ကူညီတဲ့ဘက်က နောက်ဆုံး တရုတ်တိုင်ပေကို ထွက်ပြေးပြီး ဘယ်သူမှမကူညီတဲ့သူတွေက နိုင်ခဲ့တာမဟုတ်ဘူးလားလို့ ပြန်မေးတော့ သူတို့က ဘာမှ မပြောတော့ဘူး။ ဖြစ်ရပ်မှန်တွေဆိုတော့”ဟု ပြောကြားခဲ့ပြန်ပါသည်။
ဂွမ်မော်ပြောသည့်သမိုင်းက အပြည့်အစုံ မမှန်သော်လည်း အန္တရာယ်အငွေ့အသက်များစွာကို တွေ့ လာရသည်။ အထူးသဖြင့် မိခင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏အချုပ်အခြာကို စော်ကားဆန့်ကျင် နေသလို အိမ်နီးချင်း တရုတ်နိုင်ငံကိုလည်း အန်တုစိန်ခေါ်ရာ ရောက်နေပါသည်။ ထိုသို့ KIO/KIA က ဖုံးမနိုင် ဖိမနိုင်အထိ ထုတ်ပြောရဲလာရသလဲဟု ပြန်ဆန်းစစ် ကြည့်သည့်အခါ KIO/KIA ၏နောက် ကွယ်က အထောက်အပံ့နှင့် ရှေ့နိုင်ငံရေး ရည်မှန်းချက်ကို မြင်ရမည်ဖြစ်ပါသည်။
တရုတ်နိုင်ငံနှင့် နယ်မြေဆက်စပ်နေပြီး ကချင်ပြည်နယ်ထဲက သံယံဇာတများကိုတရုတ်ထံ ရောင်းချ နေသော KIA/KIO ကို မြန်မာအများစုက တရုတ်နောက်ခံအားပြုထားသည့် သူပုန်ဟု ယူဆကြသည်။လက်တွေ့တွင်တော့ KIA/KIO က စီးပွားရေး အကျိုးစီးပွားအရ တရုတ်နှင့်ဆက်ဆံပြီး နိုင်ငံရေးအကျိုးစီးပွားအရ အမေရိကန်ကိုအားပြုထားပါသည်။တစ်နည်းဆိုရသော် အမေရိကန် CIA ၏ လက်သပ် မွေးခံရသော သူပုန်အဖွဲ့များတွင် KIA အဖွဲ့လည်း တစ်ဖွဲ့အပါအဝင် ဖြစ်သည်။
ဤအချက်ကို ခိုင်လုံစေခဲ့သည်မှာ (၂၀၂၀) ပြည့် နှစ် ဇန်နဝါရီလက KIA/ KIOနယ်မြေထဲအထိ ကိုဗစ်ကာကွယ်ဆေးသွားရောက်ပေးအပ်ခဲ့သည့် တပ်မတော်အကြီးအကဲတစ်ဦးကို ဂွမ်မော်ကနေ တပ် မတော်ထင်နေသည်မှာ ကျွန်တော်တို့ KIA ကို တရုတ်ယိမ်း၊ တရုတ်အားပြုအဖွဲ့ဟုထင်ကြသည်။ အမှန် တော့ ကျွန်တော်တို့ KIA သည် အမေရိကန် အားပြုထားသည့်အဖွဲ့၊ အမေရိကန်ယိမ်းများ ဖြစ်ပါသည်ဟု ပြန်ပြောခဲ့ကြောင်း အဆိုပါတပ်မတော်အကြီးအကဲထံမှ စာရေးသူပြန်လည်ကြားသိရှိခွင့်ရခဲ့သည်။ သေချာပြန်ဆန်းစစ်ကြည့်လျှင်လည်း ခရစ်ယာန်ဘာသာကိုးကွယ်သည့် ကချင်လူမျိုး KIA က အမေရိ ကန်ယိမ်း၊ အနောက်ယိမ်းဖြစ်သည်မှာ သဘာဝကျပါသည်။ သဘာဝမကျသည်က ပြည်ထောင်စုအပေါ် ဘယ်လိုမှသစ္စာမရှိဘဲ တရုတ်နှင့် မြန်မာနိုင်ငံအပေါ်ကို ရေရှည်အန္တရာယ်ပေးလာတော့မည့် KIA/KIO ကို ဘာကြောင့် မရှင်းကြသလဲဆိုသည့်အချက်ပဲ ဖြစ်ပါသည်။
တရုတ်ဘက်ကကြည့်လျှင်တော့ KIA/KIO လက်ဝယ်ထဲရောက်နေသည့် မြေရှားနိုင်ငံရေးကြောင့် ဖြစ်နိုင်သလို မြန်မာဘက်ကကြည့်ပြန်ရင်လည်း ပြည်ထောင်စုငြိမ်းချမ်းမူဝါဒအရ ရန်သူကို ရင်ဆိုင်ထိန်း ချုပ်ရေးမူကိုပဲ ဆွဲကိုင်ထားနေခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ မြေရှားနိုင်ငံရေးအကြောင်းပြောသည့် အခါ ယခုတစ်လော အမေရိကန်အခြေစိုက်သက်တမ်းရင့် Forbes စီးပွားရေး မဂ္ဂဇင်းကနေ ဆောင်းပါး ရှင် Wesley Alexander Hill ရေးသော “New US Minerals Stockpile Creates Opp­ortunities in Myanmar” ဆိုသည့်ခေါင်းစဉ်နှင့် သတင်းဆောင်းပါးတစ်ပုဒ်ကလည်း စိတ်ဝင်စားစရာကောင်းပါသည်။ ထုံးစံအတိုင်းပဲ၊ ဆောင်းပါးမှာ မြန်မာ့မြေရှားသတ္တုတူးဖော်ရေးကို အမေရိကန်ပြည်ထောင်စုကစိတ်ဝင် စားနေကြောင်း ဇောင်းပေးဖော်ပြထားပါသည်။
အထူးသဖြင့် အဆိုပါဆောင်းပါးတွင် မြေရှားသတ္တုတူးဖော်ရေးအပြင် မြေရှားသတ္တုသယံဇာတ လုပ်ကွက်များသည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မြစ်ဝကျွန်းပေါ်ဒေသများမှာပါ Non-state actors များ၊ သူပုန်များ၊ ဂိုဏ်းများကနေ ခေတ်မမီသည့် နည်းလမ်းများသုံးပြီး လက်ရှိချိန်တွင် တူးဖော် ထုတ်လုပ်နေကြသည်ဟု အတိအကျကြီးရေးပြထားခြင်းဖြစ်ပါသည်။ တစ်ဖန် ပူပူနွေးနွေးပဲရှိသေးသည့် အမေရိကန် သမ္မတထရမ့် လက်မှတ်ထိုးခွင့်ပြုထားသော မြန်မာကိုထောက်ပံ့မည့်ခေါင်းစဉ်အောက်က ဒေါ်လာ (၁၂၁)သန်းအနက် (၇၅)သန်းကို အိန္ဒိယနယ်စပ် က တစ်ဆင့် KIA/KIO ကိုထောက်ပံ့ပေးမည်ဆို သောသတင်းများကလည်း မြန်မာနှင့် တရုတ်အတွက် ကျောချမ်းစရာကောင်းပါသည်။ အိန္ဒိယကလည်း တရုတ်နှင့်ထိစပ်နေသည့် KIA ယာယီထိန်းချုပ်ထား ရာ နယ်မြေထဲကမြေရှားကိုလိုချင်ကြောင်း မသိမ သာရော သိသိသာသာထုတ်ဖော်ရေးသားလာသည်မှာ ကြာပြီဖြစ်ပါသည်။
နိုင်ငံရေးစနစ်ချင်းတူသည့် အမေရိကန်နှင့် အိန္ဒိယသည် ကာလရှည်ကြာစွာဆက်ဆံရေးကောင်း မွန်ခဲ့သည့်နိုင်ငံများဖြစ်ပါသည်။ အမေရိကန်နှင့် အိန္ဒိယတို့ပူးပေါင်းပြီး မြန်မာပြည်ထဲကမြေရှားကိုရဖို့ နည်းလမ်းမျိုးစုံဖြင့်ကြိုးပမ်းနေကြမည်ကတော့ မလွဲမသွေပင်ဖြစ်ပါသည်။ ခေတ်သစ်နိုင်ငံရေးမှာ အရေး ကြီးလှသည့် မြေရှားသယံဇာတကြောင့်လည်း KIA/KIO ယခုလို ပုံစံမျိုးစုံနှင့် ၎င်းတို့အကျိုးစီးပွားအ တွက်လှည့်စားနေပါသည်။ မြေရှားသတ္တုရောင်းချငွေကြောင့် KIA က တစ်နေ့တခြားကြွယ်ဝလာခဲ့သည်။ ဓနအင်အားကြွယ်ဝလာ၍လည်း ခွဲထွက်မည့်စကားထုတ်ပြောလာသလို နိုင်ငံတကာကို မြေရှားဈေး ကွက်ပိုမိုချဲ့ထွင်ဖို့လည်းလုပ်ဆောင်လာသည်ကို တွေ့ရသည်။ တရုတ်ဈေးကွက်နှင့် ရောင့်ရဲတင်းတိမ်းပုံမရတော့ဘဲ အိန္ဒိယ၊ အမေရိကန်ဈေးကွက်အထိ တင်ပို့ ရောင်းချနိုင်ရေး KIA ခေါင်းဆောင် ဂွမ်မော်တို့ အုပ်စုက ဆောင်ရွက်နေသည်ကို သိသိသာသာ တွေ့မြင် လာရပါသည်။ KIA သည် သူ့အကျိုးစီးပွားအတွက် ဤသို့လုပ်ဆောင်လာမှုအပေါ် အပြစ်ဆို၍ မရသော် လည်း ယခုအတိုင်း ဆက်လက်လွှတ်ထားမည်ဆိုပါက တရုတ်နှင့်မြန်မာအတွက် အလွန်အန္တရာယ်ကြီး သည့် ဆူးတစ်ချောင်းဖြစ်နေသည်ကိုသတိပြုကြရန် လိုလာပြီ ဖြစ်ပါသည်။
အမှန်စင်စစ် KIO/KIA ကို နှိမ်နင်းရသည်မှာ ယခုလောက်မခက်ခဲပေ။ တရုတ်နှင့်မြန်မာ ပွင့်ပွင့် လင်းလင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့ပဲလိုပါသည်။ သိရသလောက်တော့ KIA ဌာနချုပ်လိုင်ဇာနှင့် မိုင် ဂျာယမ်တို့ကို လေကြောင်းကနေ ဗုံးသွားကျဲဖို့ တရုတ်နိုင်ငံနှင့်နီးကပ်လွန်း၍ ကန့်သတ်ထားသည် ဟုဆို ပါသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံရေရှည်အကျိုးစီးပွား အတွက်ရော နှစ်နိုင်ငံလုံခြုံရေးအရပါ ယခုအချိန် တွင် KIO KIA အရေးကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းသင့်ပြီဟု မြင်ပါသည်။
စစ်ရေးအရ ဘယ်ကာလအထိ၊ ဘယ်နေရာအထိ KIO KIA ကို တိုက်ခိုက်မလဲ၊ စီးပွားရေးအရ ဘယ်ကာလအထိ သံယံဇာတဝယ်ယူမှုတွေကို ရပ်ဆိုင်းထားမလဲ၊ ပိတ်ဆို့မှုတွေကို ဘယ်ကာလ ဘယ် အတိုင်းအတာထိဆောင်ရွက်မလဲ စသည့်အချက်များကို နှစ်နိုင်ငံအစိုးရ ခေါင်းဆောင်များဆွေးနွေးသင့် ပြီဟု သုံးသပ်ယူဆမိပါသည်။ မည်သို့ပင်ဆိုစေကာမူ KIO KIA ၏ လက်ရှိ စစ်ရေး၊ နိုင်ငံရေး လှုပ်ရှားမှု များနှင့် ထုတ်ဖော်ပြောဆိုလာသည့် မာမာချာချာစကား များကိုကြည့်လျှင် KIO/KIA နယ်မြေထဲတွင် CIA အမာခံများရောက်နေလောက်ပြီဟုလည်း ယူဆမိပါသည်။
CIA ကြိုးဆွဲရာ KIA “က” နေခြင်းဖြစ်နိုင်သော်လည်း KIA ကြိုးဆွဲရာ တရုတ်ရော မြန်မာပါ မ “က” မိဖို့လိုပါသည်။ သေချာသည်ကတော့ KIO/KIA သည်တရုတ်နှင့် မြန်မာအတွက် အန္တရာယ်အလွန် ကြီးသည့် ဆူးတစ်ချောင်းဖြစ်နေသလို နောက်ကျောကို ဓားနှင့်ထိုးမည့် ရန်သူလည်းဖြစ်နေသည်ကို သတိပြုရန်လိုပါသည်။ နှစ်နိုင်ငံကြားမှာ ခွစားနေသည့် KIA ဆူးကို အမြန်ဆုံးရှင်းလင်းနိုင်ဖို့လည်း လိုပါ သည်။ မရှင်းလင်းနိုင်ပါက အနာက တရွေ့ရွေ့ကြီးလာပြီး နှစ်နိုင်ငံစလုံးကို အန္တရာယ်ပေး ထိုးခွဲသွားနိုင် သည်ကိုလည်း အလေးထားရတော့မည် ဖြစ်ပါသည်။ထို့ကြောင့် KIA အမြစ်ဖြုတ်ရှင်းလင်းရေးကို နှစ် နိုင်ငံလုံးက အရေးကြီးတာဝန်အဖြစ် ခံယူလုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း အကြံပြုတိုက်တွန်း လိုက် ရပါသည်။

စာကိုး
လာမည့် လွှတ်တော်နှင့် အစိုးရသစ်အတွက် စိန်ခေါ်မှု ( Eleven မီဒီယာ ပါဆောင်းပါး)

Zawgyi Version:
တ႐ုတ္ႏွင့္ျမန္မာကို အႏၲရာယ္ေပးလာေနသည့္ ႏွစ္ႏိုင္ငံၾကားထဲက ဆူးတစ္ေခ်ာင္း
(အေတြးအျမင္ ေဆာင္းပါး)
ေအာင္ႏိုင္သူ (ဇြဲကပင္) (NP News)
ေ႐ြးေကာက္ပြဲေအာင္ျမင္စြာ ၿပီးဆုံးသြားခဲ့သျဖင့္ ျမန္မာ့ႏိုင္ငံေရးအေ႐ြ႕က အေကာင္းဘက္ကို သိသာျမင္သာသည့္ အေ႐ြ႕တစ္ခုအျဖစ္သို႔ ေျပာင္းလဲလာေန ၿပီျဖစ္ပါသည္။ ျမန္မာ့ႏိုင္ငံေရး အေ႐ြ႕က တစ္ဆင့္ ကမာၻ႔ႏိုင္ငံေရးဇာတ္ခုံေပၚကို ဦးသိန္းစိန္ေခတ္ကလို မ်က္ႏွာပန္း ပြင့္စြာ တစ္ေက်ာ့ျပန္ ျပန္ လည္ေရာက္ရွိလာမည့္ အရိပ္အေယာင္မ်ားလည္း ျမင္လာရပါသည္။ ဤသည္မွာ အေကာင္းဘက္သို႔ ဦးတည္ေျပာင္းလဲေနသည့္ ျမန္မာ့ႏိုင္ငံေရးအေ႐ြ႕ျဖစ္ပါသည္။ သို႔ေသာ္ တစ္ဖက္မွာလည္း စိုးရိမ္စရာ ႏိုင္ငံေရးႏွင့္ စစ္ေရးစိန္ေခၚမႈမ်ားကလည္း ရွိေနျပန္ပါသည္။
ေဖေဖာ္ဝါရီလ (၈)ရက္က KIA ေခါင္းေဆာင္ ဂြမ္ေမာ္၏မူမမွန္ေသာစကားမ်ားေၾကာင့္ ျပည္ ေထာင္စုတြင္ ႏိုင္ငံေရး၊ စစ္ေရးအတြက္ စိုးရိမ္မႈမ်ား ျမင့္မား လာၾကျပန္ပါသည္။ ေဖေဖာ္ဝါရီ (၈) ရက္က အေမရိ ကန္ႏိုင္ငံ တကၠဆက္ျပည္နယ္တြင္ျပဳလုပ္သည့္ (၆၅)ႏွစ္ေျမာက္ ကခ်င္ေတာ္လွန္ေရးအထိမ္း အမွတ္ေန႔တြင္ KIA ဒုတိယဥကၠ႒(၁)ဂြမ္ေမာ္၏ ေျပာၾကားခ်က္မ်ားတြင္ “ဗန္းေမာ္တိုက္ပြဲဟာ ႏိုင္ငံေရး သိကၡာတိုက္ပြဲျဖစ္ပါတယ္။ ခက္ခဲမယ္ဆိုတာ ကြၽန္ေတာ္တို႔ သိပါတယ္။ တစ္ႏွစ္ေက်ာ္သြားၿပီ။ ကြၽန္ ေတာ္တို႔ ဗန္းေမာ္ကိုတိုက္ေနတာ။ ဒီလိုၾကာမယ္၊ အရင္းအႏွီး မ်ားမယ္ဆို တာသိေသာ္လည္းပဲ လိုအပ္ လို႔တိုက္တဲ့ တိုက္ပြဲျဖစ္တယ္။ ကြၽန္ေတာ္တို႔မွာ ရွိတဲ့အရင္းအႏွီးနဲ႔ ကြၽန္ ေတာ္တို႔တိုက္ေနရတာျဖစ္ တယ္။ လိုအပ္လို႔ တိုက္တဲ့တိုက္ပြဲေတြမွာ အရင္းအႏွီးေတြက အမ်ားႀကီးေပး ရပါတယ္”ဟုဆိုပါသည္။
ထို႔ျပင္ “စစ္ေရးအရ KIO က ကခ်င္ေဒသ တစ္ခုလုံးရဲ႕ကာကြယ္ေရးနဲ႔လုံၿခဳံေရးကို တာဝန္ယူၿပီး ေတာ့ အျခားေသာ အင္အားစုမ်ားနဲ႔တိုက္ပြဲေတြ ေဖာ္ေဆာင္တယ္။ စစ္ကိုင္းတိုင္းမွာ စစ္ေဒသဖြင့္ၿပီး ေတာ့ ကြၽန္ေတာ္တို႔ အတူတကြတိုက္ပြဲဝင္ေနပါတယ္။ ဒီမိုကေရစီ အင္အားစုေတြနဲ႔အတူ တိုက္ပြဲေတြ ေဖာ္ေဆာင္ရမွာျဖစ္တယ္။ အထူးသျဖင့္ ကြၽန္ေတာ္တို႔ရဲ႕ အိမ္ၿခံဝင္းတံခါးေပါက္ျဖစ္တဲ့ စစ္ကိုင္းတိုင္းမွာ ရန္သူကိုေစာင့္ရမယ္။ စစ္ကိုင္းတိုင္းမွာရွိတဲ့ အင္အားစုနဲ႔ ကြၽန္ေတာ္တို႔ ကခ်င္အင္အားစုေတြက တံခါးေပါက္ လုံၿခဳံေရးအတြက္ ေသခ်ာေပါက္လုပ္ရမယ္” ဟု လည္း ဂြမ္ေမာ္ကေျပာၾကားခဲ့ပါသည္။
KIA ေခါင္းေဆာင္ဂြမ္ေမာ္၏ေျပာၾကားခ်က္မ်ားကိုၾကည့္လွ်င္ နာစရာအလြန္ေကာင္းသည္။ ျမန္ မာ စကားပုံတစ္ခုလို၊ ငါးၾကင္းဆီႏွင့္ ငါးၾကင္းေၾကာ္ မည့္သေဘာသက္ေရာက္ေနသည္။ ကခ်င္ျပည္နယ္ လြတ္ေျမာက္ဖို႔ႏွင့္ လုံၿခဳံဖို႔အတြက္ ဗမာလူမ်ိဳးအမ်ားစု ေနထိုင္ရာ စစ္ကိုင္းတိုင္း ပ်က္စီးေပးရမည္ျဖစ္ေန သည္။ ဗမာအ႐ိုးကို ဗမာႏွင့္ပဲထိုးၿပီး ကခ်င္ျပည္နယ္ လြတ္ေျမာက္ေအာင္ လုပ္မည္ဆိုသည့္သေဘာ လည္း သက္ေရာက္ေနပါသည္။
လူမ်ိဳးေရးအစြန္းေရာက္လြန္းသည့္ ဂြမ္ေမာ္တို႔အုပ္စုေၾကာင့္ ဒီမိုကေရစီအေရး၊ ဖက္ဒရယ္အေရး ဆိုသည့္ ျပည္ေထာင္စုႏိုင္ငံေရးခရီးက ခက္ခဲမည့္ သေဘာေတြ႕လာရျပန္ပါသည္။ ပိုၿပီး စိတ္ဝင္စားစရာ ေကာင္းတာက ဂြမ္ေမာ္၏ႏႈတ္ထြက္စကားတစ္ခုတြင္ “လြန္ခဲ့တဲ့လေတြက တ႐ုတ္ႏိုင္ငံက အဆင့္ျမင့္ အရာ ရွိတစ္ဦးက အစည္းအေဝးမွာ ကြၽန္ေတာ္တို႔ကိုေမးတယ္။ ခင္ဗ်ားတို႔ရွိတဲ့အရင္းအျမစ္နဲ႔ အခုစစ္ ေကာင္စီကို ႏိုင္မယ္လို႔ထင္သလားလို႔ေမးတယ္။ ကြၽန္ေတာ္ တို႔က အရင္တုန္းက တ႐ုတ္ႏိုင္ငံေရး သမိုင္းကို ျပန္ၾကည့္လိုက္လို႔ရွိရင္ အေမရိကန္နဲ႔႐ုရွား ကူညီတဲ့ဘက္က ေနာက္ဆုံး တ႐ုတ္တိုင္ေပကို ထြက္ေျပးၿပီး ဘယ္သူမွမကူညီတဲ့သူေတြက ႏိုင္ခဲ့တာမဟုတ္ဘူးလားလို႔ ျပန္ေမးေတာ့ သူတို႔က ဘာမွ မေျပာေတာ့ဘူး။ ျဖစ္ရပ္မွန္ေတြဆိုေတာ့”ဟု ေျပာၾကားခဲ့ျပန္ပါသည္။
ဂြမ္ေမာ္ေျပာသည့္သမိုင္းက အျပည့္အစုံ မမွန္ေသာ္လည္း အႏၲရာယ္အေငြ႕အသက္မ်ားစြာကို ေတြ႕ လာရသည္။ အထူးသျဖင့္ မိခင္ႏိုင္ငံျဖစ္သည့္ ျမန္မာႏိုင္ငံ၏အခ်ဳပ္အျခာကို ေစာ္ကားဆန႔္က်င္ ေနသလို အိမ္နီးခ်င္း တ႐ုတ္ႏိုင္ငံကိုလည္း အန္တုစိန္ေခၚရာ ေရာက္ေနပါသည္။ ထိုသို႔ KIO/KIA က ဖုံးမႏိုင္ ဖိမႏိုင္အထိ ထုတ္ေျပာရဲလာရသလဲဟု ျပန္ဆန္းစစ္ ၾကည့္သည့္အခါ KIO/KIA ၏ေနာက္ ကြယ္က အေထာက္အပံ့ႏွင့္ ေရွ႕ႏိုင္ငံေရး ရည္မွန္းခ်က္ကို ျမင္ရမည္ျဖစ္ပါသည္။
တ႐ုတ္ႏိုင္ငံႏွင့္ နယ္ေျမဆက္စပ္ေနၿပီး ကခ်င္ျပည္နယ္ထဲက သံယံဇာတမ်ားကိုတ႐ုတ္ထံ ေရာင္းခ် ေနေသာ KIA/KIO ကို ျမန္မာအမ်ားစုက တ႐ုတ္ေနာက္ခံအားျပဳထားသည့္ သူပုန္ဟု ယူဆၾကသည္။လက္ေတြ႕တြင္ေတာ့ KIA/KIO က စီးပြားေရး အက်ိဳးစီးပြားအရ တ႐ုတ္ႏွင့္ဆက္ဆံၿပီး ႏိုင္ငံေရးအက်ိဳးစီးပြားအရ အေမရိကန္ကိုအားျပဳထားပါသည္။တစ္နည္းဆိုရေသာ္ အေမရိကန္ CIA ၏ လက္သပ္ ေမြးခံရေသာ သူပုန္အဖြဲ႕မ်ားတြင္ KIA အဖြဲ႕လည္း တစ္ဖြဲ႕အပါအဝင္ ျဖစ္သည္။
ဤအခ်က္ကို ခိုင္လုံေစခဲ့သည္မွာ (၂၀၂၀) ျပည့္ ႏွစ္ ဇန္နဝါရီလက KIA/ KIOနယ္ေျမထဲအထိ ကိုဗစ္ကာကြယ္ေဆးသြားေရာက္ေပးအပ္ခဲ့သည့္ တပ္မေတာ္အႀကီးအကဲတစ္ဦးကို ဂြမ္ေမာ္ကေန တပ္ မေတာ္ထင္ေနသည္မွာ ကြၽန္ေတာ္တို႔ KIA ကို တ႐ုတ္ယိမ္း၊ တ႐ုတ္အားျပဳအဖြဲ႕ဟုထင္ၾကသည္။ အမွန္ ေတာ့ ကြၽန္ေတာ္တို႔ KIA သည္ အေမရိကန္ အားျပဳထားသည့္အဖြဲ႕၊ အေမရိကန္ယိမ္းမ်ား ျဖစ္ပါသည္ဟု ျပန္ေျပာခဲ့ေၾကာင္း အဆိုပါတပ္မေတာ္အႀကီးအကဲထံမွ စာေရးသူျပန္လည္ၾကားသိရွိခြင့္ရခဲ့သည္။ ေသခ်ာျပန္ဆန္းစစ္ၾကည့္လွ်င္လည္း ခရစ္ယာန္ဘာသာကိုးကြယ္သည့္ ကခ်င္လူမ်ိဳး KIA က အေမရိ ကန္ယိမ္း၊ အေနာက္ယိမ္းျဖစ္သည္မွာ သဘာဝက်ပါသည္။ သဘာဝမက်သည္က ျပည္ေထာင္စုအေပၚ ဘယ္လိုမွသစၥာမရွိဘဲ တ႐ုတ္ႏွင့္ ျမန္မာႏိုင္ငံအေပၚကို ေရရွည္အႏၲရာယ္ေပးလာေတာ့မည့္ KIA/KIO ကို ဘာေၾကာင့္ မရွင္းၾကသလဲဆိုသည့္အခ်က္ပဲ ျဖစ္ပါသည္။
တ႐ုတ္ဘက္ကၾကည့္လွ်င္ေတာ့ KIA/KIO လက္ဝယ္ထဲေရာက္ေနသည့္ ေျမရွားႏိုင္ငံေရးေၾကာင့္ ျဖစ္ႏိုင္သလို ျမန္မာဘက္ကၾကည့္ျပန္ရင္လည္း ျပည္ေထာင္စုၿငိမ္းခ်မ္းမူဝါဒအရ ရန္သူကို ရင္ဆိုင္ထိန္း ခ်ဳပ္ေရးမူကိုပဲ ဆြဲကိုင္ထားေနျခင္းေၾကာင့္လည္း ျဖစ္ႏိုင္ပါသည္။ ေျမရွားႏိုင္ငံေရးအေၾကာင္းေျပာသည့္ အခါ ယခုတစ္ေလာ အေမရိကန္အေျခစိုက္သက္တမ္းရင့္ Forbes စီးပြားေရး မဂၢဇင္းကေန ေဆာင္းပါး ရွင္ Wesley Alexander Hill ေရးေသာ “New US Minerals Stockpile Creates Opp­ortunities in Myanmar” ဆိုသည့္ေခါင္းစဥ္ႏွင့္ သတင္းေဆာင္းပါးတစ္ပုဒ္ကလည္း စိတ္ဝင္စားစရာေကာင္းပါသည္။ ထုံးစံအတိုင္းပဲ၊ ေဆာင္းပါးမွာ ျမန္မာ့ေျမရွားသတၱဳတူးေဖာ္ေရးကို အေမရိကန္ျပည္ေထာင္စုကစိတ္ဝင္ စားေနေၾကာင္း ေဇာင္းေပးေဖာ္ျပထားပါသည္။
အထူးသျဖင့္ အဆိုပါေဆာင္းပါးတြင္ ေျမရွားသတၱဳတူးေဖာ္ေရးအျပင္ ေျမရွားသတၱဳသယံဇာတ လုပ္ကြက္မ်ားသည္ ဧရာဝတီျမစ္ေၾကာင္းတစ္ေလွ်ာက္ ျမစ္ဝကြၽန္းေပၚေဒသမ်ားမွာပါ Non-state actors မ်ား၊ သူပုန္မ်ား၊ ဂိုဏ္းမ်ားကေန ေခတ္မမီသည့္ နည္းလမ္းမ်ားသုံးၿပီး လက္ရွိခ်ိန္တြင္ တူးေဖာ္ ထုတ္လုပ္ေနၾကသည္ဟု အတိအက်ႀကီးေရးျပထားျခင္းျဖစ္ပါသည္။ တစ္ဖန္ ပူပူေႏြးေႏြးပဲရွိေသးသည့္ အေမရိကန္ သမၼတထရမ့္ လက္မွတ္ထိုးခြင့္ျပဳထားေသာ ျမန္မာကိုေထာက္ပံ့မည့္ေခါင္းစဥ္ေအာက္က ေဒၚလာ (၁၂၁)သန္းအနက္ (၇၅)သန္းကို အိႏၵိယနယ္စပ္ က တစ္ဆင့္ KIA/KIO ကိုေထာက္ပံ့ေပးမည္ဆို ေသာသတင္းမ်ားကလည္း ျမန္မာႏွင့္ တ႐ုတ္အတြက္ ေက်ာခ်မ္းစရာေကာင္းပါသည္။ အိႏၵိယကလည္း တ႐ုတ္ႏွင့္ထိစပ္ေနသည့္ KIA ယာယီထိန္းခ်ဳပ္ထား ရာ နယ္ေျမထဲကေျမရွားကိုလိုခ်င္ေၾကာင္း မသိမ သာေရာ သိသိသာသာထုတ္ေဖာ္ေရးသားလာသည္မွာ ၾကာၿပီျဖစ္ပါသည္။
ႏိုင္ငံေရးစနစ္ခ်င္းတူသည့္ အေမရိကန္ႏွင့္ အိႏၵိယသည္ ကာလရွည္ၾကာစြာဆက္ဆံေရးေကာင္း မြန္ခဲ့သည့္ႏိုင္ငံမ်ားျဖစ္ပါသည္။ အေမရိကန္ႏွင့္ အိႏၵိယတို႔ပူးေပါင္းၿပီး ျမန္မာျပည္ထဲကေျမရွားကိုရဖို႔ နည္းလမ္းမ်ိဳးစုံျဖင့္ႀကိဳးပမ္းေနၾကမည္ကေတာ့ မလြဲမေသြပင္ျဖစ္ပါသည္။ ေခတ္သစ္ႏိုင္ငံေရးမွာ အေရး ႀကီးလွသည့္ ေျမရွားသယံဇာတေၾကာင့္လည္း KIA/KIO ယခုလို ပုံစံမ်ိဳးစုံႏွင့္ ၎တို႔အက်ိဳးစီးပြားအ တြက္လွည့္စားေနပါသည္။ ေျမရွားသတၱဳေရာင္းခ်ေငြေၾကာင့္ KIA က တစ္ေန႔တျခားႂကြယ္ဝလာခဲ့သည္။ ဓနအင္အားႂကြယ္ဝလာ၍လည္း ခြဲထြက္မည့္စကားထုတ္ေျပာလာသလို ႏိုင္ငံတကာကို ေျမရွားေဈး ကြက္ပိုမိုခ်ဲ႕ထြင္ဖို႔လည္းလုပ္ေဆာင္လာသည္ကို ေတြ႕ရသည္။ တ႐ုတ္ေဈးကြက္ႏွင့္ ေရာင့္ရဲတင္းတိမ္းပုံမရေတာ့ဘဲ အိႏၵိယ၊ အေမရိကန္ေဈးကြက္အထိ တင္ပို႔ ေရာင္းခ်ႏိုင္ေရး KIA ေခါင္းေဆာင္ ဂြမ္ေမာ္တို႔ အုပ္စုက ေဆာင္႐ြက္ေနသည္ကို သိသိသာသာ ေတြ႕ျမင္ လာရပါသည္။ KIA သည္ သူ႔အက်ိဳးစီးပြားအတြက္ ဤသို႔လုပ္ေဆာင္လာမႈအေပၚ အျပစ္ဆို၍ မရေသာ္ လည္း ယခုအတိုင္း ဆက္လက္လႊတ္ထားမည္ဆိုပါက တ႐ုတ္ႏွင့္ျမန္မာအတြက္ အလြန္အႏၲရာယ္ႀကီး သည့္ ဆူးတစ္ေခ်ာင္းျဖစ္ေနသည္ကိုသတိျပဳၾကရန္ လိုလာၿပီ ျဖစ္ပါသည္။
အမွန္စင္စစ္ KIO/KIA ကို ႏွိမ္နင္းရသည္မွာ ယခုေလာက္မခက္ခဲေပ။ တ႐ုတ္ႏွင့္ျမန္မာ ပြင့္ပြင့္ လင္းလင္း ညႇိႏႈိင္းပူးေပါင္းေဆာင္႐ြက္ဖို႔ပဲလိုပါသည္။ သိရသေလာက္ေတာ့ KIA ဌာနခ်ဳပ္လိုင္ဇာႏွင့္ မိုင္ ဂ်ာယမ္တို႔ကို ေလေၾကာင္းကေန ဗုံးသြားက်ဲဖို႔ တ႐ုတ္ႏိုင္ငံႏွင့္နီးကပ္လြန္း၍ ကန႔္သတ္ထားသည္ ဟုဆို ပါသည္။ တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံေရရွည္အက်ိဳးစီးပြား အတြက္ေရာ ႏွစ္ႏိုင္ငံလုံၿခဳံေရးအရပါ ယခုအခ်ိန္ တြင္ KIO KIA အေရးကို ပြင့္ပြင့္လင္းလင္း ေဆြးေႏြးညႇိႏႈိင္းသင့္ၿပီဟု ျမင္ပါသည္။
စစ္ေရးအရ ဘယ္ကာလအထိ၊ ဘယ္ေနရာအထိ KIO KIA ကို တိုက္ခိုက္မလဲ၊ စီးပြားေရးအရ ဘယ္ကာလအထိ သံယံဇာတဝယ္ယူမႈေတြကို ရပ္ဆိုင္းထားမလဲ၊ ပိတ္ဆို႔မႈေတြကို ဘယ္ကာလ ဘယ္ အတိုင္းအတာထိေဆာင္႐ြက္မလဲ စသည့္အခ်က္မ်ားကို ႏွစ္ႏိုင္ငံအစိုးရ ေခါင္းေဆာင္မ်ားေဆြးေႏြးသင့္ ၿပီဟု သုံးသပ္ယူဆမိပါသည္။ မည္သို႔ပင္ဆိုေစကာမူ KIO KIA ၏ လက္ရွိ စစ္ေရး၊ ႏိုင္ငံေရး လႈပ္ရွားမႈ မ်ားႏွင့္ ထုတ္ေဖာ္ေျပာဆိုလာသည့္ မာမာခ်ာခ်ာစကား မ်ားကိုၾကည့္လွ်င္ KIO/KIA နယ္ေျမထဲတြင္ CIA အမာခံမ်ားေရာက္ေနေလာက္ၿပီဟုလည္း ယူဆမိပါသည္။
CIA ႀကိဳးဆြဲရာ KIA “က” ေနျခင္းျဖစ္ႏိုင္ေသာ္လည္း KIA ႀကိဳးဆြဲရာ တ႐ုတ္ေရာ ျမန္မာပါ မ “က” မိဖို႔လိုပါသည္။ ေသခ်ာသည္ကေတာ့ KIO/KIA သည္တ႐ုတ္ႏွင့္ ျမန္မာအတြက္ အႏၲရာယ္အလြန္ ႀကီးသည့္ ဆူးတစ္ေခ်ာင္းျဖစ္ေနသလို ေနာက္ေက်ာကို ဓားႏွင့္ထိုးမည့္ ရန္သူလည္းျဖစ္ေနသည္ကို သတိျပဳရန္လိုပါသည္။ ႏွစ္ႏိုင္ငံၾကားမွာ ခြစားေနသည့္ KIA ဆူးကို အျမန္ဆုံးရွင္းလင္းႏိုင္ဖို႔လည္း လိုပါ သည္။ မရွင္းလင္းႏိုင္ပါက အနာက တေ႐ြ႕ေ႐ြ႕ႀကီးလာၿပီး ႏွစ္ႏိုင္ငံစလုံးကို အႏၲရာယ္ေပး ထိုးခြဲသြားႏိုင္ သည္ကိုလည္း အေလးထားရေတာ့မည္ ျဖစ္ပါသည္။ထို႔ေၾကာင့္ KIA အျမစ္ျဖဳတ္ရွင္းလင္းေရးကို ႏွစ္ ႏိုင္ငံလုံးက အေရးႀကီးတာဝန္အျဖစ္ ခံယူလုပ္ေဆာင္သြားၾကရန္ လိုအပ္ေၾကာင္း အႀကံျပဳတိုက္တြန္း လိုက္ ရပါသည္။

စာကိုး
လာမည့္ လႊတ္ေတာ္ႏွင့္ အစိုးရသစ္အတြက္ စိန္ေခၚမႈ ( Eleven မီဒီယာ ပါေဆာင္းပါး)

Related news

© 2021. All rights reserved.