တမူးတွင် PDF အဖွဲ့များ၏ အဓမ္မလူသစ်စုဆောင်းမှုကြောင့် ဒေသခံလူငယ်များ မြေပြန့်ဒေသသို့ ပြောင်း ရွှေ့လာ

170

သန့်ဇင် (NP News)
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်တွင် PDF အဖွဲ့များ၏ အဓမ္မလူသစ်စုဆောင်းမှုကြောင့် ဒေသခံလူငယ်များ မြေပြန့်ဒေသသို့ ပြောင်းရွှေ့ကာ အလုပ်လုပ်ကိုင်ခြင်းနှင့် ကျောင်းဆက်တက်ခြင်း များကို လုပ်ဆောင်နေကြပြီဖြစ်ကြောင်း ဒေသခံများက NP News သို့ပြောသည်။
တမူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် PDF အဖွဲ့များ၏ အဓမ္မလူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများရှိနေကြောင်း သိရသည်။ ထို့ကြောင့် ကလေးငယ်အချို့မှာ ပညာသင်ကြားနိုင်ရန်အတွက် ရန်ကုန်၊ မန္တလေးနှင့် မုံရွာကဲ့သို့သော မြေပြန့်မြို့ ကြီးများသို့ ပြောင်းရွှေ့နေထိုင်နေကြရကြောင်း သိရှိရပါသည်။
“သူတို့ထိန်းချုပ်မှုအောက်မနေနိုင်လို့ ထွက်လာတဲ့ကလေးတွေက စားပွဲထိုးတွေဖြစ်ကုန်တယ်။ တချို့ကလေးတွေက မြို့ပေါ်မှာ ကလေးတွေက ကျောင်းတွေအတင်းတက်နေပြီ။ ကလေးမှာ တောင်မှာ ကျောင်းမတက်ဘဲနဲ့ ရန်ကုန်၊ မန္တလေးနဲ့ မုံရွာမှာ ကျောင်းပြောင်းတက်ကြတာရှိတယ်”ဟု အထက်ပါ သတင်းရင်းမြစ်ကဆိုသည်။
ထို့ပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၅) ရက်နှင့် (၁၆) ရက်တို့တွင် တမူးမြို့နယ်အတွင်းရှိ ဇီးဖြူ ကုန်းရွာ၊ ရွာသာရွာ၊ မင်းသမီးရွာ၊ အောက်တောင်းရွာ၊ မလူရွာနှင် ဘုက္ကန်ရွာတို့တွင် NUG လက်အောက် ခံ PDF များကို အဓမ္မလူသစ်စစုဆောင်းခြင်းကြောင့် ဝိုင်းဝန်းဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဒေသကို NUG ၏ MOD အမှတ် (၁) စစ်ဒေသအဖြစ်သတ်မှတ်ထားပြီး တမူး ခရိုင် အမှတ် ၁၊ ၂၊ ၃၊ ၄၊ ၅ တပ်ရင်းက ဒေသတွင်း လူငယ်များကို အဓမ္မဖမ်းဆီး လူသစ်စုခြင်းမျိုးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“ဒီကောင်တွေကို အမြင်ကပ်လာပြီ။ ကလေးတွေကိုခေါ်လိုခေါ်။ ဒေသခံတွေကိုလည်း မကာ ကွယ်ဘူး။ ဒီကောင်တွေ ကို မျက်မုန်းကျိုးလာပြီ။ နောက်ပြီး လူသစ်စုတာ။ အဲဒါတွေကြောင့်ပေါ့။ စီးပွား ရေးအရလည်း ပိတ်ဆို့မှု တွေရှိတယ်။ မီးဆိုတာတော့ မပြောနဲ့ မီးမရတော့ နေသားကျသွားပြီ။ အဲဒီမှာ ဒီကောင်တွေကြောင့် မီးမရတာဆိုပြီး ပြည်သူတွေက သိသွားပြီ။ မီးမရတာက ကလေးရော၊ တမူးရော တစ်နှစ်ကျော်ပြီ”ဟု အထက်ပါသတင်းရင်းမြစ်ကဆိုသည်။
ထို့ပြင် တမူး-ကလေး လမ်းပိုင်းတွင်လည်း PDF အဖွဲ့များက ဂိတ်များစွာဖွင့်လှစ်၍ ဆက်ကြေး ကောက်ခံမှုများပြားခြင်းကြောင့် ကုန်သည်များနှင့် ယာဉ်မောင်းများမှာ အခက်တွေ့နေကြောင်း ၎င်းက ဆက်ပြောသည်။

Zawgyi Version:
တမူးတြင္ PDF အဖြဲ႕မ်ား၏ အဓမၼလူသစ္စုေဆာင္းမႈေၾကာင့္ ေဒသခံလူငယ္မ်ား ေျမျပန႔္ေဒသသို႔ ေျပာင္း ေ႐ႊ႕လာ
သန႔္ဇင္ (NP News)
စစ္ကိုင္းတိုင္းေဒသႀကီး တမူးၿမိဳ႕နယ္တြင္ PDF အဖြဲ႕မ်ား၏ အဓမၼလူသစ္စုေဆာင္းမႈေၾကာင့္ ေဒသခံလူငယ္မ်ား ေျမျပန႔္ေဒသသို႔ ေျပာင္းေ႐ႊ႕ကာ အလုပ္လုပ္ကိုင္ျခင္းႏွင့္ ေက်ာင္းဆက္တက္ျခင္း မ်ားကို လုပ္ေဆာင္ေနၾကၿပီျဖစ္ေၾကာင္း ေဒသခံမ်ားက NP News သို႔ေျပာသည္။
တမူးၿမိဳ႕နယ္အတြင္းရွိ ေဒသခံျပည္သူမ်ားသည္ PDF အဖြဲ႕မ်ား၏ အဓမၼလူသစ္စုေဆာင္းျခင္း၊ ဆက္ေၾကးေကာက္ခံျခင္းႏွင့္ လမ္းပန္းဆက္သြယ္ေရးခက္ခဲမႈမ်ားရွိေနေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ကေလးငယ္အခ်ိဳ႕မွာ ပညာသင္ၾကားႏိုင္ရန္အတြက္ ရန္ကုန္၊ မႏၲေလးႏွင့္ မုံ႐ြာကဲ့သို႔ေသာ ေျမျပန႔္ၿမိဳ႕ ႀကီးမ်ားသို႔ ေျပာင္းေ႐ႊ႕ေနထိုင္ေနၾကရေၾကာင္း သိရွိရပါသည္။
“သူတို႔ထိန္းခ်ဳပ္မႈေအာက္မေနႏိုင္လို႔ ထြက္လာတဲ့ကေလးေတြက စားပြဲထိုးေတြျဖစ္ကုန္တယ္။ တခ်ိဳ႕ကေလးေတြက ၿမိဳ႕ေပၚမွာ ကေလးေတြက ေက်ာင္းေတြအတင္းတက္ေနၿပီ။ ကေလးမွာ ေတာင္မွာ ေက်ာင္းမတက္ဘဲနဲ႔ ရန္ကုန္၊ မႏၲေလးနဲ႔ မုံ႐ြာမွာ ေက်ာင္းေျပာင္းတက္ၾကတာရွိတယ္”ဟု အထက္ပါ သတင္းရင္းျမစ္ကဆိုသည္။
ထို႔ျပင္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ (၁၅) ရက္ႏွင့္ (၁၆) ရက္တို႔တြင္ တမူးၿမိဳ႕နယ္အတြင္းရွိ ဇီးျဖဴ ကုန္း႐ြာ၊ ႐ြာသာ႐ြာ၊ မင္းသမီး႐ြာ၊ ေအာက္ေတာင္း႐ြာ၊ မလူ႐ြာႏွင္ ဘုကၠန္႐ြာတို႔တြင္ NUG လက္ေအာက္ ခံ PDF မ်ားကို အဓမၼလူသစ္စစုေဆာင္းျခင္းေၾကာင့္ ဝိုင္းဝန္းဆႏၵထုတ္ေဖာ္ခဲ့ေၾကာင္း သိရသည္။ အဆိုပါ ေဒသကို NUG ၏ MOD အမွတ္ (၁) စစ္ေဒသအျဖစ္သတ္မွတ္ထားၿပီး တမူး ခ႐ိုင္ အမွတ္ ၁၊ ၂၊ ၃၊ ၄၊ ၅ တပ္ရင္းက ေဒသတြင္း လူငယ္မ်ားကို အဓမၼဖမ္းဆီး လူသစ္စုျခင္းမ်ိဳးလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
“ဒီေကာင္ေတြကို အျမင္ကပ္လာၿပီ။ ကေလးေတြကိုေခၚလိုေခၚ။ ေဒသခံေတြကိုလည္း မကာ ကြယ္ဘူး။ ဒီေကာင္ေတြ ကို မ်က္မုန္းက်ိဳးလာၿပီ။ ေနာက္ၿပီး လူသစ္စုတာ။ အဲဒါေတြေၾကာင့္ေပါ့။ စီးပြား ေရးအရလည္း ပိတ္ဆို႔မႈ ေတြရွိတယ္။ မီးဆိုတာေတာ့ မေျပာနဲ႔ မီးမရေတာ့ ေနသားက်သြားၿပီ။ အဲဒီမွာ ဒီေကာင္ေတြေၾကာင့္ မီးမရတာဆိုၿပီး ျပည္သူေတြက သိသြားၿပီ။ မီးမရတာက ကေလးေရာ၊ တမူးေရာ တစ္ႏွစ္ေက်ာ္ၿပီ”ဟု အထက္ပါသတင္းရင္းျမစ္ကဆိုသည္။
ထို႔ျပင္ တမူး-ကေလး လမ္းပိုင္းတြင္လည္း PDF အဖြဲ႕မ်ားက ဂိတ္မ်ားစြာဖြင့္လွစ္၍ ဆက္ေၾကး ေကာက္ခံမႈမ်ားျပားျခင္းေၾကာင့္ ကုန္သည္မ်ားႏွင့္ ယာဥ္ေမာင္းမ်ားမွာ အခက္ေတြ႕ေနေၾကာင္း ၎က ဆက္ေျပာသည္။