ASOS အွန်လိုင်းဖက်ရှင် ကုမ္ပဏီပူးတွဲတည်ထောင်သူ ကွမ်တင်းဂရစ်ဖစ် ထိုင်းနိုင်ငံမှာ ဗီလာဝရံတာမှ ပြုတ်ကျပြီး ကွယ်လွန်

152

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၃
ဗြိတိန်အွန်လိုင်းဖက်ရှင်လုပ်ငန်းကြီးဖြစ်တဲ့ ASOS ကို ပူးတွဲတည်ထောင်ခဲ့သူ ကွမ်တင်းဂရစ်ဖစ် ဟာ ထိုင်းနိုင်ငံ၊ ခို့ဆာမိုင် ကျွန်းရှိ ၎င်းရဲ့ဗီလာ ဝရံတာပေါ်မှ ပြုတ်ကျပြီးနောက် ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
အသက် ၅၆ နှစ်အရွယ်ရှိ ဂရစ်ဖစ်ကို ဖေဖော်ဝါရီလ ၁၆ ရက်က ၎င်းရဲ့ဗီလာ နေအိမ်အောက်ထပ်မှာ သေဆုံး လျက်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒေသခံရဲတပ်ဖွဲ့ရဲ့အဆိုအရ ၎င်းဟာ အမြင့် ၃ မီတာခန့်ရှိ ဝရံတာပေါ်မှ ပြုတ်ကျခဲ့ ခြင်းဖြစ်ပြီး ရုပ်အလောင်းမှာတော့ ပြင်ပဒဏ်ရာကြီးကြီးမားမား မတွေ့ရဘူးလို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က လက်ရှိ သေဆုံးမှုကို လူသတ်မှုမသင်္ကာစရာအထောက်အထား မတွေ့ရသေးပေမယ့် အသေးစိတ်စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဂရစ်ဖစ် ဟာ ၂ဝဝဝ ပြည့်နှစ်က နစ်ခ်ရော်ဘက်ဆန်နဲ့အတူ ဖက်ရှင်ကုမ္ပဏီ ASOS ကို စတင်တည်ထောင်ခဲ့ တာဖြစ်ပြီး အဲဒီကုမ္ပဏီဟာ ကမ္ဘာ့အကြီးဆုံး အွန်လိုင်းဖက်ရှင်လက်လီ ရောင်းချသူတွေထဲက တစ်ခုဖြစ်လာခဲ့ပါ တယ်။ ၂၀၀၅ ခုနှစ်မှာ ASOS မှ နုတ်ထွက်ခဲ့ပြီးနောက် အာ့ချ်ကာ လို့ခေါ်တဲ့ ဇိမ်ခံပစ္စည်း အရောင်းဝဘ်ဆိုဒ်ကို ထပ်မံတည်ထောင်ခဲ့ပြီး အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ဦးအဖြစ် ရပ်တည်နေပါတယ်။ ဂရီဖစ်ဟာ ခို့ဆာမိုင် ကျွန်းမှာ နေထိုင်နေတာကြာပြီဖြစ်ပြီး ဒေသခံလူထုနဲ့လည်း ရင်းနှီးသူ ဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
ASOS အြန္လိုင္းဖက္ရွင္ ကုမၸဏီပူးတြဲတည္ေထာင္သူ ကြမ္တင္းဂရစ္ဖစ္ ထိုင္းႏိုင္ငံမွာ ဗီလာဝရံတာမွ ျပဳတ္က်ၿပီး ကြယ္လြန္
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၃
ၿဗိတိန္အြန္လိုင္းဖက္ရွင္လုပ္ငန္းႀကီးျဖစ္တဲ့ ASOS ကို ပူးတြဲတည္ေထာင္ခဲ့သူ ကြမ္တင္းဂရစ္ဖစ္ ဟာ ထိုင္းႏိုင္ငံ၊ ခို႔ဆာမိုင္ ကြၽန္းရွိ ၎ရဲ႕ဗီလာ ဝရံတာေပၚမွ ျပဳတ္က်ၿပီးေနာက္ ကြယ္လြန္သြားခဲ့တယ္လို႔ သိရပါတယ္။
အသက္ ၅၆ ႏွစ္အ႐ြယ္ရွိ ဂရစ္ဖစ္ကို ေဖေဖာ္ဝါရီလ ၁၆ ရက္က ၎ရဲ႕ဗီလာ ေနအိမ္ေအာက္ထပ္မွာ ေသဆုံး လ်က္ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ ေဒသခံရဲတပ္ဖြဲ႕ရဲ႕အဆိုအရ ၎ဟာ အျမင့္ ၃ မီတာခန႔္ရွိ ဝရံတာေပၚမွ ျပဳတ္က်ခဲ့ ျခင္းျဖစ္ၿပီး ႐ုပ္အေလာင္းမွာေတာ့ ျပင္ပဒဏ္ရာႀကီးႀကီးမားမား မေတြ႕ရဘူးလို႔ ဆိုပါတယ္။ ရဲတပ္ဖြဲ႕က လက္ရွိ ေသဆုံးမႈကို လူသတ္မႈမသကၤာစရာအေထာက္အထား မေတြ႕ရေသးေပမယ့္ အေသးစိတ္စစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ ဆိုပါတယ္။
ဂရစ္ဖစ္ ဟာ ၂ဝဝဝ ျပည့္ႏွစ္က နစ္ခ္ေရာ္ဘက္ဆန္နဲ႔အတူ ဖက္ရွင္ကုမၸဏီ ASOS ကို စတင္တည္ေထာင္ခဲ့ တာျဖစ္ၿပီး အဲဒီကုမၸဏီဟာ ကမာၻ႔အႀကီးဆုံး အြန္လိုင္းဖက္ရွင္လက္လီ ေရာင္းခ်သူေတြထဲက တစ္ခုျဖစ္လာခဲ့ပါ တယ္။ ၂၀၀၅ ခုႏွစ္မွာ ASOS မွ ႏုတ္ထြက္ခဲ့ၿပီးေနာက္ အာ့ခ်္ကာ လို႔ေခၚတဲ့ ဇိမ္ခံပစၥည္း အေရာင္းဝဘ္ဆိုဒ္ကို ထပ္မံတည္ေထာင္ခဲ့ၿပီး ေအာင္ျမင္တဲ့ လုပ္ငန္းရွင္တစ္ဦးအျဖစ္ ရပ္တည္ေနပါတယ္။ ဂရီဖစ္ဟာ ခို႔ဆာမိုင္ ကြၽန္းမွာ ေနထိုင္ေနတာၾကာၿပီျဖစ္ၿပီး ေဒသခံလူထုနဲ႔လည္း ရင္းႏွီးသူ ျဖစ္တယ္လို႔ သိရပါတယ္။