'The King's Warden' တောင်ကိုးရီးယား ရုပ်ရှင် ၁၈ ရက်အတွင်း ကြည့်ရှုသူ ၅ သန်းကျော်ဖြင့် စံချိန်တင်

 227

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၃

ကိုရီးယားရုပ်ရှင်ကောင်စီ (KOFIC) ရဲ့စာရင်းများအရ 'The King's Warden' ရုပ်ရှင်ဟာ ဖေဖော်ဝါရီ ၂၁ ရက် မှာ စုစုပေါင်းကြည့်ရှုသူ ၅,၀၀၀,၆၁၆ ဦးအထိ စံချိန်တင် ရောက်ရှိခဲ့ပါတယ်။
ရုံတင်ပြီး ၁၈ ရက် အတွင်း ကြည့်ရှုသူ ၅ သန်းပြည့်ခဲ့တာဖြစ်ပြီး ဒါဟာ ကိုရီးယားသမိုင်းမှာ ပထမဆုံး ကြည့်ရှုသူ ၁၀ သန်းကျော်ခဲ့တဲ့ 'The King and the Clown' (၂၀ ရက်အတွင်း ၅ သန်းပြည့်ခဲ့) ထက် ၂ ရက် ပိုမြန်ပါ တယ်။ဒါအပြင် ကြည့်ရှုသူ ၁၂ သန်းကျော်ရရှိခဲ့တဲ့ နာမည်ကြီးရုပ်ရှင် 'Masquerade' ရဲ့နှုန်းအတိုင်း (၁၈ ရက်အတွင်း ၅ သန်း) တူညီနေတာကြောင့် ရှေ့လျှောက် ကြည့်ရှုသူ ၁၀ သန်းကျော်တဲ့ ရုပ်ရှင်တွေထဲမှာ ပါဝင်လာဖို့ အလားအလာရှိနေပါတယ်။
'The King's Warden' ရုပ်ရှင်ဟာ ၁၄၅၇ ခုနှစ်၊ ချောင်လျောင်းဖို ဒေသမှာ နန်းချခံရပြီး ပြည်နှင်ဒဏ်ပေးခံရတဲ့ ဘုရင်ငယ်လေး နဲ့ သူ့ကိုစောင့်ရှောက်ရတဲ့ ရွာသူကြီးတို့ကြားက သံယောဇဉ်ကို ဇာတ်အိမ်တည်ပြီး ဖြစ်ရပ်မှန် သမိုင်းကြောင်းကို ပုံဖော်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဝါရင့်သရုပ်ဆောင်ကြီး ယိုဟာဂျင်း နဲ့ လူငယ် သရုပ်ဆောင် ပက်ခ်ဂျီဟွန်း တို့က အဓိက ပါဝင်ထားပြီး အခြားသရုပ်ဆောင်တွေဖြစ်တဲ့ လီဂျွန်ဟော့၊ နိုင်ငံတော် အဖွားအဖြစ် တင်စားရတဲ့ သရုပ်ဆောင် ဂင်ယောင်အုတ်လည်း ပါဝင်အားဖြည့်ထားတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ ဂျောင်ဟန်ဂျင်း က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ ဇာတ်ကားဟာ တရုတ်နှစ်သစ်ကူး အားလပ်ရက်အပါအဝင် ၉ ရက်ဆက်တိုက် ရုံတင်ဇယား မှာ နံပါတ် (၁) နေရာကို ဆက်တိုက်ယူထားပါတယ်။ ရုပ်ရှင်ရဲ့ အကျိုးသက်ရောက်မှုကြောင့် ရုပ်ရှင်ရိုက်ကူးရာ နေရာဖြစ်တဲ့ ယောင်ဝေါ ဒေသဟာ ပရိသတ်တွေ အလည်အပတ်သွားရောက်ရာ နေရာအဖြစ် ဆိုရှယ်မီဒီယာ ကွန်ရက်မှာ ရေပန်းစားနေပါတယ်။

Zawgyi Version;
'The King's Warden' ေတာင္ကိုးရီးယား ႐ုပ္ရွင္ ၁၈ ရက္အတြင္း ၾကည့္ရႈသူ ၅ သန္းေက်ာ္ျဖင့္ စံခ်ိန္တင္
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၃
ကိုရီးယား႐ုပ္ရွင္ေကာင္စီ (KOFIC) ရဲ႕စာရင္းမ်ားအရ 'The King's Warden' ႐ုပ္ရွင္ဟာ ေဖေဖာ္ဝါရီ ၂၁ ရက္ မွာ စုစုေပါင္းၾကည့္ရႈသူ ၅,၀၀၀,၆၁၆ ဦးအထိ စံခ်ိန္တင္ ေရာက္ရွိခဲ့ပါတယ္။
႐ုံတင္ၿပီး ၁၈ ရက္ အတြင္း ၾကည့္ရႈသူ ၅ သန္းျပည့္ခဲ့တာျဖစ္ၿပီး ဒါဟာ ကိုရီးယားသမိုင္းမွာ ပထမဆုံး ၾကည့္ရႈသူ ၁၀ သန္းေက်ာ္ခဲ့တဲ့ 'The King and the Clown' (၂၀ ရက္အတြင္း ၅ သန္းျပည့္ခဲ့) ထက္ ၂ ရက္ ပိုျမန္ပါ တယ္။ဒါအျပင္ ၾကည့္ရႈသူ ၁၂ သန္းေက်ာ္ရရွိခဲ့တဲ့ နာမည္ႀကီး႐ုပ္ရွင္ 'Masquerade' ရဲ႕ႏႈန္းအတိုင္း (၁၈ ရက္အတြင္း ၅ သန္း) တူညီေနတာေၾကာင့္ ေရွ႕ေလွ်ာက္ ၾကည့္ရႈသူ ၁၀ သန္းေက်ာ္တဲ့ ႐ုပ္ရွင္ေတြထဲမွာ ပါဝင္လာဖို႔ အလားအလာရွိေနပါတယ္။
'The King's Warden' ႐ုပ္ရွင္ဟာ ၁၄၅၇ ခုႏွစ္၊ ေခ်ာင္ေလ်ာင္းဖို ေဒသမွာ နန္းခ်ခံရၿပီး ျပည္ႏွင္ဒဏ္ေပးခံရတဲ့ ဘုရင္ငယ္ေလး နဲ႔ သူ႔ကိုေစာင့္ေရွာက္ရတဲ့ ႐ြာသူႀကီးတို႔ၾကားက သံေယာဇဥ္ကို ဇာတ္အိမ္တည္ၿပီး ျဖစ္ရပ္မွန္ သမိုင္းေၾကာင္းကို ပုံေဖာ္ထားတာျဖစ္ပါတယ္။ ဒီဇာတ္ကားမွာ ဝါရင့္သ႐ုပ္ေဆာင္ႀကီး ယိုဟာဂ်င္း နဲ႔ လူငယ္ သ႐ုပ္ေဆာင္ ပက္ခ္ဂ်ီဟြန္း တို႔က အဓိက ပါဝင္ထားၿပီး အျခားသ႐ုပ္ေဆာင္ေတြျဖစ္တဲ့ လီဂြၽန္ေဟာ့၊ ႏိုင္ငံေတာ္ အဖြားအျဖစ္ တင္စားရတဲ့ သ႐ုပ္ေဆာင္ ဂင္ေယာင္အုတ္လည္း ပါဝင္အားျဖည့္ထားတယ္လို႔ သိရပါတယ္။ ဒီဇာတ္ကားကို ဒါ႐ိုက္တာ ေဂ်ာင္ဟန္ဂ်င္း က ႐ိုက္ကူးခဲ့တာျဖစ္ပါတယ္။
လက္ရွိမွာေတာ့ ဇာတ္ကားဟာ တ႐ုတ္ႏွစ္သစ္ကူး အားလပ္ရက္အပါအဝင္ ၉ ရက္ဆက္တိုက္ ႐ုံတင္ဇယား မွာ နံပါတ္ (၁) ေနရာကို ဆက္တိုက္ယူထားပါတယ္။ ႐ုပ္ရွင္ရဲ႕ အက်ိဳးသက္ေရာက္မႈေၾကာင့္ ႐ုပ္ရွင္႐ိုက္ကူးရာ ေနရာျဖစ္တဲ့ ေယာင္ေဝါ ေဒသဟာ ပရိသတ္ေတြ အလည္အပတ္သြားေရာက္ရာ ေနရာအျဖစ္ ဆိုရွယ္မီဒီယာ ကြန္ရက္မွာ ေရပန္းစားေနပါတယ္။

Related news

© 2021. All rights reserved.