အမေရိကန်ရဲ့အရှည်ကြာဆုံး sitcom ဇာတ်လမ်းတွဲ The Simpsons - အပိုင်း ၈ဝဝ ထိ ရောက်ရှိ

289

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၃
အမေရိကန်ရဲ့အကျော်ကြားဆုံးနဲ့ အရှည်ကြာဆုံး 'The Simpsons' ရုပ်သံစီးရီးဟာ သူ့ရဲ့အပိုင်း ၈၀၀ မြောက်ကို ထုတ်လွှင့်ပြသခဲ့ပြီး ရုပ်သံလောကရဲ့ ကြီးမားတဲ့ မှတ်တိုင်သစ်တစ်ခုကို စိုက်ထူလိုက်ပါတယ်။
အပိုင်း ၈၀၀ မြောက်ဖြစ်တဲ့ "Irrational Treasure" အပိုင်းမှာ မာ့ဆင်ဆမ် ဟာ သူ့ရဲ့မိသားစုခွေးလေး Santa’s Little Helper နာမကျန်း ဖြစ်နေတာကြောင့် ကုသပေးနိုင်ဖို့ ကြိုးပမ်းရင်း ဖီလာဒဲလ်ဖီးယားမြို့ရှိ အမျိုးသားခွေးပြပွဲ (National Dog Show) ကို သွားရောက်ယှဉ်ပြိုင်တဲ့ အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီအပိုင်းမှာ ကွမ်တာဘရန်ဆွန်၊ ကယ်ဗင်ဘယ်ကွန်၊ နိုအာဝေးလ်၊ တေလာဒီယာဒန် စတဲ့ နာမည် ကျော် အနုပညာရှင်များစွာက အသံသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ကြပါတယ်။ 'The Simpsons' ဟာ ဆယ်စုနှစ်ပေါင်း များစွာ အောင်မြင်နေရခြင်း အကြောင်းရင်းဟာ လူသားဆန်မှု၊ ဟာသနဲ့ မိသားစုဘဝကို ပေါင်းစပ်ထားနိုင်မှုကြောင့် ဖြစ်တယ်လို့ ရှိုးမှာ အသံသရုပ်ဆောင်ပေါင်း များစွာကို တာဝန်ယူထားတဲ့ ဟန့်အာဇာရီယာ က ပြောကြားပါတယ်။ အမှုဆောင်ထုတ်လုပ်သူ မက်ဆယ်လ်မန် ကလည်း ဇာတ်ကောင်တွေကို အသက်မကြီးသွားစေဘဲ အမြဲတမ်း ငယ်ရွယ်နုပျိုနေမယ့် "Frozen in time" (အချိန်ကာလ တစ်ခုအတွင်း ရပ်တန့်ထားတဲ့) ပုံစံကြောင့်လည်း ပရိသတ်အဆက်ဆက်က လက်ခံနေခြင်း ဖြစ်တယ်လို့ ရှင်းပြထားပါတယ်။ လက်ရှိ Season 36 ကို ထုတ်လွှင့်နေပြီး Season 37 အထိ ဆက်လက်ပြသဖို့ အတည်ပြုထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဖန်တီးသူတွေရဲ့ ပြောကြားချက် အရ ဇာတ်လမ်းတွဲကို အဆုံးသတ်ဖို့ အစီအစဉ်မရှိသေးဘဲ ရှေ့ဆက် အပိုင်းသစ်များစွာ ထပ်မံမြင်တွေ့ရဦးမယ်လို့ ဆိုပါတယ်။
ဒီဇာတ်လမ်းတွဲဟာ ၁၉၈၉ ခုနှစ်ကတည်းက စတင်ပြသခဲ့တာဖြစ်ပြီး အမေရိကန်ရုပ်သံသမိုင်းမှာ အချိန် အကြာဆုံး နဲ့ လက်ရှိထုတ်လွှင့်နေဆဲ Primetime စီးရီးအဖြစ် စံချိန်တင်ထားပါတယ်။

Zawgyi Version;
အေမရိကန္ရဲ႕အရွည္ၾကာဆုံး sitcom ဇာတ္လမ္းတြဲ The Simpsons - အပိုင္း ၈ဝဝ ထိ ေရာက္ရွိ
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၃
အေမရိကန္ရဲ႕အေက်ာ္ၾကားဆုံးနဲ႔ အရွည္ၾကာဆုံး 'The Simpsons' ႐ုပ္သံစီးရီးဟာ သူ႔ရဲ႕အပိုင္း ၈၀၀ ေျမာက္ကို ထုတ္လႊင့္ျပသခဲ့ၿပီး ႐ုပ္သံေလာကရဲ႕ ႀကီးမားတဲ့ မွတ္တိုင္သစ္တစ္ခုကို စိုက္ထူလိုက္ပါတယ္။
အပိုင္း ၈၀၀ ေျမာက္ျဖစ္တဲ့ "Irrational Treasure" အပိုင္းမွာ မာ့ဆင္ဆမ္ ဟာ သူ႔ရဲ႕မိသားစုေခြးေလး Santa’s Little Helper နာမက်န္း ျဖစ္ေနတာေၾကာင့္ ကုသေပးႏိုင္ဖို႔ ႀကိဳးပမ္းရင္း ဖီလာဒဲလ္ဖီးယားၿမိဳ႕ရွိ အမ်ိဳးသားေခြးျပပြဲ (National Dog Show) ကို သြားေရာက္ယွဥ္ၿပိဳင္တဲ့ အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒီအပိုင္းမွာ ကြမ္တာဘရန္ဆြန္၊ ကယ္ဗင္ဘယ္ကြန္၊ ႏိုအာေဝးလ္၊ ေတလာဒီယာဒန္ စတဲ့ နာမည္ ေက်ာ္ အႏုပညာရွင္မ်ားစြာက အသံသ႐ုပ္ေဆာင္အျဖစ္ ပါဝင္ခဲ့ၾကပါတယ္။ 'The Simpsons' ဟာ ဆယ္စုႏွစ္ေပါင္း မ်ားစြာ ေအာင္ျမင္ေနရျခင္း အေၾကာင္းရင္းဟာ လူသားဆန္မႈ၊ ဟာသနဲ႔ မိသားစုဘဝကို ေပါင္းစပ္ထားႏိုင္မႈေၾကာင့္ ျဖစ္တယ္လို႔ ရႈိးမွာ အသံသ႐ုပ္ေဆာင္ေပါင္း မ်ားစြာကို တာဝန္ယူထားတဲ့ ဟန႔္အာဇာရီယာ က ေျပာၾကားပါတယ္။ အမႈေဆာင္ထုတ္လုပ္သူ မက္ဆယ္လ္မန္ ကလည္း ဇာတ္ေကာင္ေတြကို အသက္မႀကီးသြားေစဘဲ အၿမဲတမ္း ငယ္႐ြယ္ႏုပ်ိဳေနမယ့္ "Frozen in time" (အခ်ိန္ကာလ တစ္ခုအတြင္း ရပ္တန႔္ထားတဲ့) ပုံစံေၾကာင့္လည္း ပရိသတ္အဆက္ဆက္က လက္ခံေနျခင္း ျဖစ္တယ္လို႔ ရွင္းျပထားပါတယ္။ လက္ရွိ Season 36 ကို ထုတ္လႊင့္ေနၿပီး Season 37 အထိ ဆက္လက္ျပသဖို႔ အတည္ျပဳထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။ ဖန္တီးသူေတြရဲ႕ ေျပာၾကားခ်က္ အရ ဇာတ္လမ္းတြဲကို အဆုံးသတ္ဖို႔ အစီအစဥ္မရွိေသးဘဲ ေရွ႕ဆက္ အပိုင္းသစ္မ်ားစြာ ထပ္မံျမင္ေတြ႕ရဦးမယ္လို႔ ဆိုပါတယ္။
ဒီဇာတ္လမ္းတြဲဟာ ၁၉၈၉ ခုႏွစ္ကတည္းက စတင္ျပသခဲ့တာျဖစ္ၿပီး အေမရိကန္႐ုပ္သံသမိုင္းမွာ အခ်ိန္ အၾကာဆုံး နဲ႔ လက္ရွိထုတ္လႊင့္ေနဆဲ Primetime စီးရီးအျဖစ္ စံခ်ိန္တင္ထားပါတယ္။