ဗီယက်နမ်မှာ သင်္ဘောနှစ်စီးတိုက်မိပြီး လူ(၆)ဦးသေဆုံး

 180

Pika (NP News) - ဖေဖော်ဝါရီ ၂၄

ဗီယက်နမ်နိုင်ငံမြောက်ပိုင်းက ရေကန်တစ်ခုမှာ ခရီးသည်တင်သင်္ဘောနဲ့ ကျောက်တင်သင်္ဘောတို့ တိုက်မိခဲ့မှု ကြောင့် လူ(၆)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
သင်္ဘောနှစ်စင်းဟာ Lao Cai ပြည်နယ်မှာရှိတဲ့ လူကြိုက်များတဲ့ ခရီးသွားနေရာတစ်ခုဖြစ်တဲ့ Thac Ba ရေကန်‌မှာ တိုက်မိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် သင်္ဘောနှစ်စီးတိုက်မိပြီးနောက် ခရီးသည်တင်သင်္ဘောက တိမ်းမှောက်သွားခဲ့ပြီး လိုက်ပါလာသူ(၂၃)ဦး အနက် (၁၇)ဦးကို အောင်မြင်စွာကယ်တင်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အာဏာပိုင်တွေက “ကလေး(၂)ဦးရဲ့ရုပ်အလောင်းတွေ အပါအဝင် ရုပ်အလောင်း(၆)လောင်းကို ပြန်လည်ဆယ်ယူ ရရှိခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
ခရီးသည်တင်သင်္ဘောဟာ တရုတ်နှစ်သစ်ကူးပွဲတော်အတွက် ဆွေမျိုးတွေဆီကို လာရောက်လည်ပတ်တဲ့ မိသားစု တွေကို တင်ဆောင်လာတာဖြစ်တယ်လို့လည်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ အာဏာပိုင်တွေက “ဒီကံဆိုးတဲ့ မတော်တဆမှုအတွင်း အသက်ဆုံးရှုံးခဲ့ရသူတွေရဲ့မိသားစုဝင်တွေအတွက် တကယ်ကိုစိတ်မကောင်း ဖြစ်မိပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
ဗီယက္နမ္မွာ သေဘၤာႏွစ္စီးတိုက္မိၿပီး လူ(၆)ဦးေသဆုံး
Pika (NP News) - ေဖေဖာ္ဝါရီ ၂၄
ဗီယက္နမ္ႏိုင္ငံေျမာက္ပိုင္းက ေရကန္တစ္ခုမွာ ခရီးသည္တင္သေဘၤာနဲ႔ ေက်ာက္တင္သေဘၤာတို႔ တိုက္မိခဲ့မႈ ေၾကာင့္ လူ(၆)ဦးေသဆုံးခဲ့တယ္လို႔ သိရပါတယ္။
သေဘၤာႏွစ္စင္းဟာ Lao Cai ျပည္နယ္မွာရွိတဲ့ လူႀကိဳက္မ်ားတဲ့ ခရီးသြားေနရာတစ္ခုျဖစ္တဲ့ Thac Ba ေရကန္‌မွာ တိုက္မိခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ သေဘၤာႏွစ္စီးတိုက္မိၿပီးေနာက္ ခရီးသည္တင္သေဘၤာက တိမ္းေမွာက္သြားခဲ့ၿပီး လိုက္ပါလာသူ(၂၃)ဦး အနက္ (၁၇)ဦးကို ေအာင္ျမင္စြာကယ္တင္ႏိုင္ခဲ့တယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အာဏာပိုင္ေတြက “ကေလး(၂)ဦးရဲ႕႐ုပ္အေလာင္းေတြ အပါအဝင္ ႐ုပ္အေလာင္း(၆)ေလာင္းကို ျပန္လည္ဆယ္ယူ ရရွိခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ခရီးသည္တင္သေဘၤာဟာ တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္အတြက္ ေဆြမ်ိဳးေတြဆီကို လာေရာက္လည္ပတ္တဲ့ မိသားစု ေတြကို တင္ေဆာင္လာတာျဖစ္တယ္လို႔လည္း အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။ အာဏာပိုင္ေတြက “ဒီကံဆိုးတဲ့ မေတာ္တဆမႈအတြင္း အသက္ဆုံးရႈံးခဲ့ရသူေတြရဲ႕မိသားစုဝင္ေတြအတြက္ တကယ္ကိုစိတ္မေကာင္း ျဖစ္မိပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.