တတိယအကြိမ် လွှတ်တော်အစည်းအဝေးများကို မတ်လ ၁၆ ရက်မှ စတင်ခေါ်ယူမည်

 723

Pearl (NP News) - ဖေဖော်ဝါရီ ၂၄

တတိယအကြိမ် လွှတ်တော်အစည်းအဝေးများကိုလာမည့် မတ်လ ၁၆ ရက် မှ စတင်ခေါ်ယူမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက အသိပေးထုတ်ပြန်ထားသည်။
ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေများ၏ နည်းဥပဒေ ၃ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သည် တတိယအကြိမ် ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေးကို နေပြည်တော်၌ မတ်လ (၁၆) ရက် ၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန် ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မတ်လ ၁ဝ ရက် ထက်မစော၊ မတ်လ ၁၁ ရက် ထက်နောက်မကျစေဘဲ သတင်းပို့ကြရန် ပြည်သူ့လွှတ်တော်ရုံး က ထုတ်ပြန်ထားကြောင်း သိရသည်။
ထို့အပြင် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို နေပြည်တော်၌ လာမည့် မတ်လ ၁၈ ရက် စတင်ကျင်းပရန် ခေါ်ယူမည်ဖြစ်ကြောင်းလည်း သိရသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များသည် အစည်းအဝေးတက်ရောက်ရန်အတွက် ဖိတ်စာ လက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ရေးရာဆောင် အိုင်-၁၉ (I-19)သို့ မတ်လ ၁၂ ရက်ထက်မစော၊ မတ်လ ၁၃ ရက် ထက်နောက်မကျစေဘဲ သတင်းပို့ကြရန် အမျိုးသားလွှတ်တော်ရုံးက ထုတ်ပြန်ထားကြောင်း သိရသည်။

အလားတူ တတိယအကြိမ် တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်အသီးသီး၌ မတ်လ ၂၀ ရက်တွင် စတင်ကျင်းပရန် ခေါ်ယူမည်ဖြစ်ကြောင်းလည်း သိရသည်။
တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများပြုလုပ်နိုင်ရန် ဖိတ်စာ လက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ သက်ဆိုင်ရာလွှတ်တော်ရုံးအသီးသီးသို့ မတ်လ ၁၄ ရက်ထက်မစော၊ မတ်လ ၁၅ ရက်ထက်နောက်မကျစေဘဲ သတင်းပို့ကြရန် သက်ဆိုင်ရာက ထုတ်ပြန်ထားကြောင်း သိရသည်။

Zawgyi Version;
တတိယအႀကိမ္ လႊတ္ေတာ္အစည္းအေဝးမ်ားကို မတ္လ ၁၆ ရက္မွ စတင္ေခၚယူမည္
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၄
တတိယအႀကိမ္ လႊတ္ေတာ္အစည္းအေဝးမ်ားကိုလာမည့္ မတ္လ ၁၆ ရက္ မွ စတင္ေခၚယူမည္ျဖစ္ေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီက အသိေပးထုတ္ျပန္ထားသည္။
ျပည္သူ႔လႊတ္ေတာ္ဆိုင္ရာနည္းဥပေဒမ်ား၏ နည္းဥပေဒ ၃ တို႔ပါ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ သည္ တတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ပထမပုံမွန္အစည္းအေဝးကို ေနျပည္ေတာ္၌ မတ္လ (၁၆) ရက္ ၊ နံနက္ ၁၀ နာရီတြင္ စတင္က်င္းပရန္ ေခၚယူမည္ျဖစ္ေၾကာင္း သိရသည္။

ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအေနျဖင့္ မတ္လ ၁ဝ ရက္ ထက္မေစာ၊ မတ္လ ၁၁ ရက္ ထက္ေနာက္မက်ေစဘဲ သတင္းပို႔ၾကရန္ ျပည္သူ႔လႊတ္ေတာ္႐ုံး က ထုတ္ျပန္ထားေၾကာင္း သိရသည္။
ထို႔အျပင္ တတိယအႀကိမ္ အမ်ိဳးသားလႊတ္ေတာ္ ပထမပုံမွန္အစည္းအေဝးကို ေနျပည္ေတာ္၌ လာမည့္ မတ္လ ၁၈ ရက္ စတင္က်င္းပရန္ ေခၚယူမည္ျဖစ္ေၾကာင္းလည္း သိရသည္။

အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္မ်ားသည္ အစည္းအေဝးတက္ေရာက္ရန္အတြက္ ဖိတ္စာ လက္ခံရရွိသည္ျဖစ္ေစ၊ မရရွိသည္ျဖစ္ေစ ေနျပည္ေတာ္ရွိ အမ်ိဳးသားလႊတ္ေတာ္ေရးရာေဆာင္ အိုင္-၁၉ (I-19)သို႔ မတ္လ ၁၂ ရက္ထက္မေစာ၊ မတ္လ ၁၃ ရက္ ထက္ေနာက္မက်ေစဘဲ သတင္းပို႔ၾကရန္ အမ်ိဳးသားလႊတ္ေတာ္႐ုံးက ထုတ္ျပန္ထားေၾကာင္း သိရသည္။

အလားတူ တတိယအႀကိမ္ တိုင္းေဒသႀကီး (သို႔) ျပည္နယ္လႊတ္ေတာ္ ပထမပုံမွန္အစည္းအေဝးကို သက္ဆိုင္ရာ တိုင္းေဒသႀကီး (သို႔) ျပည္နယ္လႊတ္ေတာ္အသီးသီး၌ မတ္လ ၂၀ ရက္တြင္ စတင္က်င္းပရန္ ေခၚယူမည္ျဖစ္ေၾကာင္းလည္း သိရသည္။
တိုင္းေဒသႀကီး (သို႔) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအေနျဖင့္ အစည္းအေဝးအတြက္ လိုအပ္သည့္ ျပင္ဆင္မႈမ်ားျပဳလုပ္ႏိုင္ရန္ ဖိတ္စာ လက္ခံရရွိသည္ျဖစ္ေစ၊ မရရွိသည္ျဖစ္ေစ သက္ဆိုင္ရာလႊတ္ေတာ္႐ုံးအသီးသီးသို႔ မတ္လ ၁၄ ရက္ထက္မေစာ၊ မတ္လ ၁၅ ရက္ထက္ေနာက္မက်ေစဘဲ သတင္းပို႔ၾကရန္ သက္ဆိုင္ရာက ထုတ္ျပန္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.