ကယားပြည်နယ်လွှတ်တော်အတွက် လုံခြုံရေး တိုးမြှင့်ထားဟုဆို

148

Pearl (NP News)-ဖေဖော်ဝါရီ ၂၄
ကယားပြည်နယ်လွှတ်တော်အတွက် ယခင်ကာလထက် လုံခြုံရေးတိုးမြှင့်ထားကြောင်း အဆိုပါ ကယားပြည်နယ်လွှတ်တော်နှင့် နီးစပ်သူတစ်ဦးက NP News သို့ပြောသည်။ လက်ရှိတွင် ရွေးကောက်ပွဲ ကျင်းပပြီးစီးပြီဖြစ်ရာ လာမည့် မတ်လ (၂၀)ရက်နှောင်းပိုင်းတွင် လွှတ်တော်ခေါ်ယူမည်ဖြစ်ပြီး ကယား ပြည်နယ်လွှတ်တော်ကိုလည်း လွှတ်တော်ပြင်ပ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ၊ လွှတ် တော်အစည်းအဝေးခန်းမများလည်း ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်ထားခဲ့ကြောင်းသိရသည်။
ထို့ပြင် အကြမ်းဖက်အဖွဲ့များတိုက်ပွဲဖော်ဆောင်ခဲ့ပြီး ယာယီထိန်းချုပ်ခဲ့သည့် ကယားပြည်နယ် လွိုင်ကော်မြို့တွင် မြို့ပြန်လည်ထူထောင်ရေးများကိုလည်း ဆောင်ရွက်နေပြီး လုံခြုံရေးများတိုးမြှင့်ထား ကာ ကယားပြည်နယ်လွှတ်တော်အတွက်လည်း ယခင်ထက် လုံခြုံရေးတိုးမြှင့်ထားကြောင်းသိရသည်။
“လွိုင်ကော်မှာလည်း တိုက်ပွဲတွေ ထပ်မဖြစ်နိုင်တော့ဘူး။ ဒီဘက်ကလည်း ခံစစ်တွေ ကောင်း ကောင်းပြင်ထားပြီးသား။ ဘန်ကာတွေက နည်းတာမှ မဟုတ်တာ။ လွှတ်တော်အတွက်ကတော့ ပြီးခဲ့တဲ့ လွှတ်တော်ထက်တော့ လုံခြုံရေး ပိုတိုးမြှင့်ထားတာပေါ့။ အထဲမှာ လုံခြုံရေးအတွက် ကြိုပြင်ပြီးသား။ Plan A ၊ Plan B နဲ့ ပြင်ပြီးသား။ အတွင်းစည်း အပြင်စည်း အထပ်ထပ်ရှိတာပေါ့”ဟု ကယားပြည်နယ် လွှတ်တော်နှင့် နီးစပ်သူတစ်ဦးက NP News သို့ပြောသည်။
ရွေးကောက်ပွဲကော်မရှင်၏ထုတ်ပြန်ချက်အရ ကယားပြည်နယ်(မဲအများဆုံးရသူအနိုင်ယူစနစ်) အတွက် လွှတ်တော်ကိုယ်စာလှယ်အနေဖြင့် USDP မှ ဦးစိုးရယ်( ဒီးမော့ဆိုမြို့နယ်)၊ ဦးကျိုးဇက်ကျော် (ဖရူဆိုမြို့နယ်)၊ ဦးစိုးရယ်(ဘောလ်ခဲမြို့နယ်)နှင့် ဦးမော်ရယ်(လွိုင်ကော်မြို့နယ်) တို့ဖြစ်ကြောင်း သိရ သည်။
ထို့ပြင် အချိုးကျကိုယ်စားပြုလွှတ်တော ကိုယ်စားလှယ်အနေဖြင့် USDP မှ ဦးအံ့မော်(လွိုင် ကော်မြို့နယ်)၊ ဦးပိုးရယ်အောင်သိန်း(ဒီးမော့ဆိုမြို့ နယ်)၊ ဦးရဲဝင်း(ဖရူဆိုမြို့နယ်)၊ ဒေါ်နှင်းနှင်းရီ(ဖား ဆောင်းမြို့နယ်)နှင့် ကယားပြည်နယ် ပြည်သူ့ပါတီမှ ဦးဇော်မင်းဦး(မယ်စဲ့မြို့နယ်)၊ ဦးစောဒီးဒီ (ဘော် လ် ခဲမြို့နယ်)တို့ဖြစ်ကြောင်းသိရသည်။
ထို့အတူ ကယားပြည်နယ်လွှတ်တော်အတွက် ခန့်အပ်တာဝန်ပေးအပ်ခြင်းခံရသည့် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်များမှာ ဗိုလ်မှူး ကြီး သန်းစိုးအောင်၊ ဗိုလ်မှူးကြီး အောင်ကျော်မြင့်၊ ဗိုလ် ကြီးခန့်စည်သူနှင့် ဗိုလ်ကြီး ဒေါ်ကြူကြူခိုင်တို့ ဖြစ်ကြောင်းသိရသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အတွက် လွှတ်တော်ပြင်ပပြန်လည်ပြုပြင်တည် ဆောက်ရေးလုပ်ငန်းများ၊ လွှတ်တော်အစည်းအဝေးခန်းမများလည်း ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက် ထားပြီးဖြစ်ကြောင်း သိရသည်။
“ လွှတ်တော်က တိုင်းအစိုးရရုံးဝင်းထဲမှာရှိတာဖြစ်တဲ့အတွက် တိုင်းအစိုးရရုံးဝင်းလုံခြုံရေးအ တွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရော ၊ တပ်မတော်ကရော အကုန်လုံးတာဝန်ယူပေးထားတာဆိုတော့ လုံခြုံပါ တယ်။ အဆင်ပြေတယ်။ လွှတ်တော်အဆောက်အအုံတွေရော၊ လွှတ်တော်ကိုယ်စားလှယ်တွေနေမယ့် အဆောက်အအုံတွေရော လွန်ခဲ့တဲ့ (၄)၊ (၅)၊ (၆)လ တည်းက Maintenance တွေလုပ်နေတာ အကုန်လုံး ပြီးနေပါပြီ။ မြို့ပေါ်မှာလည်း အခြေအနေကောင်းတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက NP News သို့ပြောသည်။

Zawgyi Version:
ကယားျပည္နယ္လႊတ္ေတာ္အတြက္ လုံၿခဳံေရး တိုးျမႇင့္ထားဟုဆို
Pearl (NP News)-ေဖေဖာ္ဝါရီ ၂၄
ကယားျပည္နယ္လႊတ္ေတာ္အတြက္ ယခင္ကာလထက္ လုံၿခဳံေရးတိုးျမႇင့္ထားေၾကာင္း အဆိုပါ ကယားျပည္နယ္လႊတ္ေတာ္ႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ေျပာသည္။ လက္ရွိတြင္ ေ႐ြးေကာက္ပြဲ က်င္းပၿပီးစီးၿပီျဖစ္ရာ လာမည့္ မတ္လ (၂၀)ရက္ေႏွာင္းပိုင္းတြင္ လႊတ္ေတာ္ေခၚယူမည္ျဖစ္ၿပီး ကယား ျပည္နယ္လႊတ္ေတာ္ကိုလည္း လႊတ္ေတာ္ျပင္ပ ျပန္လည္ျပဳျပင္တည္ေဆာက္ေရးလုပ္ငန္းမ်ား၊ လႊတ္ ေတာ္အစည္းအေဝးခန္းမမ်ားလည္း ျပဳျပင္ထိန္းသိမ္းမႈမ်ားေဆာင္႐ြက္ထားခဲ့ေၾကာင္းသိရသည္။
ထို႔ျပင္ အၾကမ္းဖက္အဖြဲ႕မ်ားတိုက္ပြဲေဖာ္ေဆာင္ခဲ့ၿပီး ယာယီထိန္းခ်ဳပ္ခဲ့သည့္ ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕တြင္ ၿမိဳ႕ျပန္လည္ထူေထာင္ေရးမ်ားကိုလည္း ေဆာင္႐ြက္ေနၿပီး လုံၿခဳံေရးမ်ားတိုးျမႇင့္ထား ကာ ကယားျပည္နယ္လႊတ္ေတာ္အတြက္လည္း ယခင္ထက္ လုံၿခဳံေရးတိုးျမႇင့္ထားေၾကာင္းသိရသည္။
“လြိဳင္ေကာ္မွာလည္း တိုက္ပြဲေတြ ထပ္မျဖစ္ႏိုင္ေတာ့ဘူး။ ဒီဘက္ကလည္း ခံစစ္ေတြ ေကာင္း ေကာင္းျပင္ထားၿပီးသား။ ဘန္ကာေတြက နည္းတာမွ မဟုတ္တာ။ လႊတ္ေတာ္အတြက္ကေတာ့ ၿပီးခဲ့တဲ့ လႊတ္ေတာ္ထက္ေတာ့ လုံၿခဳံေရး ပိုတိုးျမႇင့္ထားတာေပါ့။ အထဲမွာ လုံၿခဳံေရးအတြက္ ႀကိဳျပင္ၿပီးသား။ Plan A ၊ Plan B နဲ႔ ျပင္ၿပီးသား။ အတြင္းစည္း အျပင္စည္း အထပ္ထပ္ရွိတာေပါ့”ဟု ကယားျပည္နယ္ လႊတ္ေတာ္ႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ေျပာသည္။
ေ႐ြးေကာက္ပြဲေကာ္မရွင္၏ထုတ္ျပန္ခ်က္အရ ကယားျပည္နယ္(မဲအမ်ားဆုံးရသူအႏိုင္ယူစနစ္) အတြက္ လႊတ္ေတာ္ကိုယ္စာလွယ္အေနျဖင့္ USDP မွ ဦးစိုးရယ္( ဒီးေမာ့ဆိုၿမိဳ႕နယ္)၊ ဦးက်ိဳးဇက္ေက်ာ္ (ဖ႐ူဆိုၿမိဳ႕နယ္)၊ ဦးစိုးရယ္(ေဘာလ္ခဲၿမိဳ႕နယ္)ႏွင့္ ဦးေမာ္ရယ္(လြိဳင္ေကာ္ၿမိဳ႕နယ္) တို႔ျဖစ္ေၾကာင္း သိရ သည္။
ထို႔ျပင္ အခ်ိဳးက်ကိုယ္စားျပဳလႊတ္ေတာ ကိုယ္စားလွယ္အေနျဖင့္ USDP မွ ဦးအံ့ေမာ္(လြိဳင္ ေကာ္ၿမိဳ႕နယ္)၊ ဦးပိုးရယ္ေအာင္သိန္း(ဒီးေမာ့ဆိုၿမိဳ႕ နယ္)၊ ဦးရဲဝင္း(ဖ႐ူဆိုၿမိဳ႕နယ္)၊ ေဒၚႏွင္းႏွင္းရီ(ဖား ေဆာင္းၿမိဳ႕နယ္)ႏွင့္ ကယားျပည္နယ္ ျပည္သူ႔ပါတီမွ ဦးေဇာ္မင္းဦး(မယ္စဲ့ၿမိဳ႕နယ္)၊ ဦးေစာဒီးဒီ (ေဘာ္ လ္ ခဲၿမိဳ႕နယ္)တို႔ျဖစ္ေၾကာင္းသိရသည္။
ထို႔အတူ ကယားျပည္နယ္လႊတ္ေတာ္အတြက္ ခန႔္အပ္တာဝန္ေပးအပ္ျခင္းခံရသည့္ တပ္မေတာ္ သား လႊတ္ေတာ္ကိုယ္စားလွယ္မ်ားမွာ ဗိုလ္မႉး ႀကီး သန္းစိုးေအာင္၊ ဗိုလ္မႉးႀကီး ေအာင္ေက်ာ္ျမင့္၊ ဗိုလ္ ႀကီးခန႔္စည္သူႏွင့္ ဗိုလ္ႀကီး ေဒၚၾကဴၾကဴခိုင္တို႔ ျဖစ္ေၾကာင္းသိရသည္။
အလားတူ စစ္ကိုင္းတိုင္းေဒသႀကီး လႊတ္ေတာ္အတြက္ လႊတ္ေတာ္ျပင္ပျပန္လည္ျပဳျပင္တည္ ေဆာက္ေရးလုပ္ငန္းမ်ား၊ လႊတ္ေတာ္အစည္းအေဝးခန္းမမ်ားလည္း ျပဳျပင္ထိန္းသိမ္းမႈမ်ားေဆာင္႐ြက္ ထားၿပီးျဖစ္ေၾကာင္း သိရသည္။
“ လႊတ္ေတာ္က တိုင္းအစိုးရ႐ုံးဝင္းထဲမွာရွိတာျဖစ္တဲ့အတြက္ တိုင္းအစိုးရ႐ုံးဝင္းလုံၿခဳံေရးအ တြက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ေရာ ၊ တပ္မေတာ္ကေရာ အကုန္လုံးတာဝန္ယူေပးထားတာဆိုေတာ့ လုံၿခဳံပါ တယ္။ အဆင္ေျပတယ္။ လႊတ္ေတာ္အေဆာက္အအုံေတြေရာ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြေနမယ့္ အေဆာက္အအုံေတြေရာ လြန္ခဲ့တဲ့ (၄)၊ (၅)၊ (၆)လ တည္းက Maintenance ေတြလုပ္ေနတာ အကုန္လုံး ၿပီးေနပါၿပီ။ ၿမိဳ႕ေပၚမွာလည္း အေျခအေနေကာင္းတယ္”ဟု စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ တာ ဝန္ရွိသူတစ္ဦးက NP News သို႔ေျပာသည္။