ကျောင်းသားလူငယ်များအကြား Happy Water နှင့် Ketamine မူးယစ်ဆေးဝါးများ ပျံ့နှံ့ရောက်ရှိနေ

 3093

သန့်ဇင်(NP News)-ဖေဖော်ဝါရီ ၂၄
Happy Water နှင့် Ketamine ကဲ့သို့သောမူးယစ်ဆေးဝါးများသည် လွန်ခဲ့သည့် နှစ်အချို့က စတင်ကာ အထက်တန်းကျောင်းသားများ၏ လက်တွင်းသို့ရောက်ရှိနေပြီဖြစ်ကြောင်း အငြိမ်းစား ရဲအရာ ရှိကြီးတစ်ဦးနှင့် မူးယစ်ဆေးဝါးအရေး စောင့်ကြည့်လေ့လာနေသူတစ်ဦးက NP News သို့ပြောသည်။
“အခုက ဒါတွေက လွယ်လင့်တကူရနေတာ။ (၁၀) တန်းကျောင်းသားတွေလက်ထဲမှာ တွေ့ရ တာပဲ။ အဲဒီတော့ တာဝန်ရှိသူတွေက မထိန်းဘူး။ မကြပ်မတ်ဘူး။ ဒီပစ္စည်းပေါများနေတဲ့နေရာမှာ ဝင်ပြီး မထိန်းချုပ်ဘူးဆိုမလွယ်ဘူး။ ဘာလို့ဆို ဒီပစ္စည်းတွေ ပေါများနေတာကျတော့ အမှန်တိုင်းပြောရရင် ဒီပစ္စည်းတွေက လွယ်လင့်တကူရနေတဲ့နေရာတွေရှိတယ်။ ကလေးတွေကတော့ ရလာရင်သုံးမှာပဲ။ သုံး ရင်စွဲမှာပဲ။ သုံးရင်နောက်ဆုံး အသက်ပေးရမှာပဲ။ ဘယ်ကလေးတွေစိုးရိမ်ရလဲဆိုရင် (၁၀)တန်းကနေ (၁၂) တန်းအထိ ကလေးတွေ စိုးရိမ်ရတယ်”ဟု မူးယစ်ဆေးဝါးအရေးစောင့်ကြည့် လေ့လာနေသူ တစ်ဦး က ပြောသည်။
ထို့ပြင် ယင်းကဲ့သို့ အခြေခံပညာကျောင်း သူ၊ ကျောင်းသားများလက်ဝယ်အတွင်း မူးယစ်ဆေးဝါး များရောက်ရှိနေခြင်းသည် လွန်ခဲ့သည့် (၆) နှစ်ကပင်ကျယ်ပြန့်နေခြင်းဖြစ်ကြောင်း သိရသည်။ ထို့ ကြောင့် လက်ရှိတွင် ကျောင်းသူ၊ ကျောင်းသားများအပေါ် မူးယစ်ဆေးဝါးများသုံးစွဲမှုသည် ပိုမို သက် ရောက်မှုရှိနေရာ ဖော်ထုတ်ဖမ်းဆီးခြင်းကိုလည်း ယိုပေါက်အသေးလေးများကအစ လုပ်ဆောင်ရန် လိုအပ်ကြောင်း အငြိမ်းစားရဲမှူးကြီးတစ်ဦးက အကြံပြုထားသည်။
“အခြေခံပညာကျောင်း level အထိကို မူးယစ်ဆေးတွေရောက်နေပြီလို့ လွန်ခဲ့တဲ့ (၆) နှစ် လောက်တည်းက ဆေးကျောင်းသားတစ်ဦးပြောတာကြားဖူးတယ်။ ဘာလို့ဆိုတော့ အခုဟာ ထုနဲ့ ထည် နဲ့ ဖမ်းဆီးရမိဖို့ကို အားစိုက်နေကြတာပေါ့နော်။ အသေးအမွှားလေးတွေကို လက်လီရောင်းတဲ့ ဟာတွေ ကတော့ သိပ်အရေးမစိုက်နိုင်ဘူးပေါ့။ သူတို့ဟာကလည်း ကျယ်ပြန့်တာကိုး။ သယ်ယူပို့ဆောင်ရေးမှာ လိုက်ကြည့်ရတယ်။ သုံးစွဲတဲ့ဒေသတွေမှာ ဥပမာ KTV တို့ Bar တို့ Club တို့ပေါ့နော်။ အဲဒီနေရာတွေမှာ လိုက်ကြည့်ရတယ်။ အဲဒီနေရာမှာ နယ်မြေခံရဲတွေမှာ တာဝန်မရှိဘူးလားဆိုတော့ ရှိတာပေါ့။ ဒီဖမ်းဆီး ရမိရေးကိုကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်တာ သူတို့ရဲ့အင်အားက အားနည်းတယ်။ နောက်ပြီးတော့ ထုနဲ့ ထည်နဲ့ဟာကြီးကိုလေ့လာပြီး ဖမ်းဆီးရတာလုပ်ရတော့ လက်လီရောင်းတဲ့ဟာတွေက နေရာစုံ ရောက် နိုင်တယ်လို့ ပြောရမှာပေါ့” ဟု ၎င်းပြောသည်။
ထို့ပြင် အဆိုပါမူးယစ်ဆေးဝါးများကို ကာရာအိုကေ၊ Bar ၊ Club နှင့် Hi ခန်းကဲ့သို့ နေရာများ တွင်လည်း ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိနေပြီး သုံးစွဲမည့်ငွေပမာဏအလိုက် ရရှိနိုင်သည့် ပစ္စည်းနှင့် အရည်အသွေးလည်း ရှိနေကြောင်း အထက်ပါစောင့်ကြည့်လေ့လာသူကဆိုသည်။
“ပစ္စည်းကလွယ်လွယ်ကူကူရနေတာ။ K (ကက်တမင်း) လိုချင်လား။ E လိုချင်လား။ Hi ခန်းကို သွား။ Hi ကိုရောက်ရင် happy Water ပါရမယ်။ ငွေသုံးနိုင်သလား။ တချို့ကျရင်လည်း ငွေအများကြီး မသုံးနိုင်ဘူး။ တချို့ကတော့ အများကြီးမသုံးနိုင်ဘူး။ ပေါင်းပြီးတော့ (၇)သောင်း (၈)သောင်းနဲ့ ပေါင်း လုပ်ကြတယ်။ အဲဒီမှာ ကိုယ့် limit ကို မထိန်းနိုင်ဘူးဆိုရင် ဒီပစ္စည်းတွေက ကိုယ်ဘယ်လောက်အထိ လုပ်ချင်သလဲနဲ့ လုပ်နိုင်သလဲပေါ့။ တချို့က ငါလုပ်နိုင်သေးတယ်ဆိုပြီးရှိတယ်။ တချို့ကတော့ ရသေး တယ်ဆိုပြီး သောက်တယ်။ တကယ်တက်တဲ့အချိန်ရောက်ရော သေသွားတာပေါ့” ဟု ၎င်းကပြောသည်။
ထို့ကြောင့် လူငယ်များ၏ လက်တစ်ကမ်းတွင်ရှိနေသော အဆိုပါမူးယစ်ဆေးဝါးများကို မသုံးစွဲမိ စေရန် အသိပညာပေးခြင်း၊ ဖြန့်ဖြူးရောင်းချသူများအား တားဆီးနှိမ်နှင်းခြင်းနှင့် အရေးယူခြင်းကို ကျယ် ကျယ့်ပြန့်ပြန့် လုပ်ဆောင်သင့်ကြောင်း အငြိမ်းစားရဲမှူးကြီးက အကြံပြုထားသည်။
“အသိပညာပေးတာတစ်ပိုင်း၊ တားဆီးနှိမ်နှင်းတာကတစ်ပိုင်းနဲ့ အရေးယူတာကတစ်ပိုင်း အဲဒီလို လုပ်မှရမှာပေါ့။ အန္တရာယ်များလာပြီ။ bar တစ်ခုကို နမူနာအဖြစ်ဝင်ပြီးဖမ်းဆီးလိုက်တာမျိုးပေါ့။ ဥပဒေ ကလည်း သုံးစွဲတာကို အရေးမယူဘူးလေ။ လက်ဝယ်ရှိတာတို့ ရောင်းတဲ့လူတွေကိုပဲ အရေးကြီးတာကိုး။ သုံးစွဲသူက အရေးယူမခံရဘူးဖြစ်နေတာကိုး။ အရင်က သုံးစွဲတဲ့လူကိုလည်း ဖမ်းဆီးထောင်ချတာကိုး”ဟု ၎င်းက ပြောသည်။

Zawgyi Version:
ေက်ာင္းသားလူငယ္မ်ားအၾကား Happy Water ႏွင့္ Ketamine မူးယစ္ေဆးဝါးမ်ား ပ်ံ႕ႏွံ႔ေရာက္ရွိေန
သန႔္ဇင္(NP News)-ေဖေဖာ္ဝါရီ ၂၄
Happy Water ႏွင့္ Ketamine ကဲ့သို႔ေသာမူးယစ္ေဆးဝါးမ်ားသည္ လြန္ခဲ့သည့္ ႏွစ္အခ်ိဳ႕က စတင္ကာ အထက္တန္းေက်ာင္းသားမ်ား၏ လက္တြင္းသို႔ေရာက္ရွိေနၿပီျဖစ္ေၾကာင္း အၿငိမ္းစား ရဲအရာ ရွိႀကီးတစ္ဦးႏွင့္ မူးယစ္ေဆးဝါးအေရး ေစာင့္ၾကည့္ေလ့လာေနသူတစ္ဦးက NP News သို႔ေျပာသည္။
“အခုက ဒါေတြက လြယ္လင့္တကူရေနတာ။ (၁၀) တန္းေက်ာင္းသားေတြလက္ထဲမွာ ေတြ႕ရ တာပဲ။ အဲဒီေတာ့ တာဝန္ရွိသူေတြက မထိန္းဘူး။ မၾကပ္မတ္ဘူး။ ဒီပစၥည္းေပါမ်ားေနတဲ့ေနရာမွာ ဝင္ၿပီး မထိန္းခ်ဳပ္ဘူးဆိုမလြယ္ဘူး။ ဘာလို႔ဆို ဒီပစၥည္းေတြ ေပါမ်ားေနတာက်ေတာ့ အမွန္တိုင္းေျပာရရင္ ဒီပစၥည္းေတြက လြယ္လင့္တကူရေနတဲ့ေနရာေတြရွိတယ္။ ကေလးေတြကေတာ့ ရလာရင္သုံးမွာပဲ။ သုံး ရင္စြဲမွာပဲ။ သုံးရင္ေနာက္ဆုံး အသက္ေပးရမွာပဲ။ ဘယ္ကေလးေတြစိုးရိမ္ရလဲဆိုရင္ (၁၀)တန္းကေန (၁၂) တန္းအထိ ကေလးေတြ စိုးရိမ္ရတယ္”ဟု မူးယစ္ေဆးဝါးအေရးေစာင့္ၾကည့္ ေလ့လာေနသူ တစ္ဦး က ေျပာသည္။
ထို႔ျပင္ ယင္းကဲ့သို႔ အေျခခံပညာေက်ာင္း သူ၊ ေက်ာင္းသားမ်ားလက္ဝယ္အတြင္း မူးယစ္ေဆးဝါး မ်ားေရာက္ရွိေနျခင္းသည္ လြန္ခဲ့သည့္ (၆) ႏွစ္ကပင္က်ယ္ျပန႔္ေနျခင္းျဖစ္ေၾကာင္း သိရသည္။ ထို႔ ေၾကာင့္ လက္ရွိတြင္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားအေပၚ မူးယစ္ေဆးဝါးမ်ားသုံးစြဲမႈသည္ ပိုမို သက္ ေရာက္မႈရွိေနရာ ေဖာ္ထုတ္ဖမ္းဆီးျခင္းကိုလည္း ယိုေပါက္အေသးေလးမ်ားကအစ လုပ္ေဆာင္ရန္ လိုအပ္ေၾကာင္း အၿငိမ္းစားရဲမႉးႀကီးတစ္ဦးက အႀကံျပဳထားသည္။
“အေျခခံပညာေက်ာင္း level အထိကို မူးယစ္ေဆးေတြေရာက္ေနၿပီလို႔ လြန္ခဲ့တဲ့ (၆) ႏွစ္ ေလာက္တည္းက ေဆးေက်ာင္းသားတစ္ဦးေျပာတာၾကားဖူးတယ္။ ဘာလို႔ဆိုေတာ့ အခုဟာ ထုနဲ႔ ထည္ နဲ႔ ဖမ္းဆီးရမိဖို႔ကို အားစိုက္ေနၾကတာေပါ့ေနာ္။ အေသးအမႊားေလးေတြကို လက္လီေရာင္းတဲ့ ဟာေတြ ကေတာ့ သိပ္အေရးမစိုက္ႏိုင္ဘူးေပါ့။ သူတို႔ဟာကလည္း က်ယ္ျပန႔္တာကိုး။ သယ္ယူပို႔ေဆာင္ေရးမွာ လိုက္ၾကည့္ရတယ္။ သုံးစြဲတဲ့ေဒသေတြမွာ ဥပမာ KTV တို႔ Bar တို႔ Club တို႔ေပါ့ေနာ္။ အဲဒီေနရာေတြမွာ လိုက္ၾကည့္ရတယ္။ အဲဒီေနရာမွာ နယ္ေျမခံရဲေတြမွာ တာဝန္မရွိဘူးလားဆိုေတာ့ ရွိတာေပါ့။ ဒီဖမ္းဆီး ရမိေရးကိုက်ယ္က်ယ္ျပန႔္ျပန႔္ မလုပ္ႏိုင္တာ သူတို႔ရဲ႕အင္အားက အားနည္းတယ္။ ေနာက္ၿပီးေတာ့ ထုနဲ႔ ထည္နဲ႔ဟာႀကီးကိုေလ့လာၿပီး ဖမ္းဆီးရတာလုပ္ရေတာ့ လက္လီေရာင္းတဲ့ဟာေတြက ေနရာစုံ ေရာက္ ႏိုင္တယ္လို႔ ေျပာရမွာေပါ့” ဟု ၎ေျပာသည္။
ထို႔ျပင္ အဆိုပါမူးယစ္ေဆးဝါးမ်ားကို ကာရာအိုေက၊ Bar ၊ Club ႏွင့္ Hi ခန္းကဲ့သို႔ ေနရာမ်ား တြင္လည္း က်ယ္က်ယ္ျပန႔္ျပန႔္ေရာက္ရွိေနၿပီး သုံးစြဲမည့္ေငြပမာဏအလိုက္ ရရွိႏိုင္သည့္ ပစၥည္းႏွင့္ အရည္အေသြးလည္း ရွိေနေၾကာင္း အထက္ပါေစာင့္ၾကည့္ေလ့လာသူကဆိုသည္။
“ပစၥည္းကလြယ္လြယ္ကူကူရေနတာ။ K (ကက္တမင္း) လိုခ်င္လား။ E လိုခ်င္လား။ Hi ခန္းကို သြား။ Hi ကိုေရာက္ရင္ happy Water ပါရမယ္။ ေငြသုံးႏိုင္သလား။ တခ်ိဳ႕က်ရင္လည္း ေငြအမ်ားႀကီး မသုံးႏိုင္ဘူး။ တခ်ိဳ႕ကေတာ့ အမ်ားႀကီးမသုံးႏိုင္ဘူး။ ေပါင္းၿပီးေတာ့ (၇)ေသာင္း (၈)ေသာင္းနဲ႔ ေပါင္း လုပ္ၾကတယ္။ အဲဒီမွာ ကိုယ့္ limit ကို မထိန္းႏိုင္ဘူးဆိုရင္ ဒီပစၥည္းေတြက ကိုယ္ဘယ္ေလာက္အထိ လုပ္ခ်င္သလဲနဲ႔ လုပ္ႏိုင္သလဲေပါ့။ တခ်ိဳ႕က ငါလုပ္ႏိုင္ေသးတယ္ဆိုၿပီးရွိတယ္။ တခ်ိဳ႕ကေတာ့ ရေသး တယ္ဆိုၿပီး ေသာက္တယ္။ တကယ္တက္တဲ့အခ်ိန္ေရာက္ေရာ ေသသြားတာေပါ့” ဟု ၎ကေျပာသည္။
ထို႔ေၾကာင့္ လူငယ္မ်ား၏ လက္တစ္ကမ္းတြင္ရွိေနေသာ အဆိုပါမူးယစ္ေဆးဝါးမ်ားကို မသုံးစြဲမိ ေစရန္ အသိပညာေပးျခင္း၊ ျဖန႔္ျဖဴးေရာင္းခ်သူမ်ားအား တားဆီးႏွိမ္ႏွင္းျခင္းႏွင့္ အေရးယူျခင္းကို က်ယ္ က်ယ့္ျပန႔္ျပန႔္ လုပ္ေဆာင္သင့္ေၾကာင္း အၿငိမ္းစားရဲမႉးႀကီးက အႀကံျပဳထားသည္။
“အသိပညာေပးတာတစ္ပိုင္း၊ တားဆီးႏွိမ္ႏွင္းတာကတစ္ပိုင္းနဲ႔ အေရးယူတာကတစ္ပိုင္း အဲဒီလို လုပ္မွရမွာေပါ့။ အႏၲရာယ္မ်ားလာၿပီ။ bar တစ္ခုကို နမူနာအျဖစ္ဝင္ၿပီးဖမ္းဆီးလိုက္တာမ်ိဳးေပါ့။ ဥပေဒ ကလည္း သုံးစြဲတာကို အေရးမယူဘူးေလ။ လက္ဝယ္ရွိတာတို႔ ေရာင္းတဲ့လူေတြကိုပဲ အေရးႀကီးတာကိုး။ သုံးစြဲသူက အေရးယူမခံရဘူးျဖစ္ေနတာကိုး။ အရင္က သုံးစြဲတဲ့လူကိုလည္း ဖမ္းဆီးေထာင္ခ်တာကိုး”ဟု ၎က ေျပာသည္။

Related news

© 2021. All rights reserved.