တတိယအကြိမ်လွှတ်တော်သည် ရင့်ကျက်သည့် လွှတ်တော်တစ်ရပ်ဖြစ်နိုင်ဟု ဆို

281

Pearl (NP News)-ဖေဖော်ဝါရီ ၂၄
လက်ရှိတွင် အထွေထွေရွေးကောက်ပွဲ (၃) ပိုင်းလုံး ကျင်းပပြီးစီးပြီဖြစ်ရာ မတ်လအလယ်ခန့် တွင် လွှတ်တော်ခေါ်ယူမည်ဖြစ်ပြီး လာမည့်တတိယအကြိမ်လွှတ်တော်သည် ရင့်ကျက်သည့် သက် တမ်းနှင့်အတူ ရင့်ကျက်သည့်လွှတ်တော်တစ်ရပ်ဖြစ်လာနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက် တာ အေးမောင်က NP News သို့ပြောသည်။
“အခု ဒီ (၅) နှစ်က အရေးကြီးတယ်။ လွှတ်တော် ကောင်းကောင်းဖြတ်သန်းဖို့လိုတယ်။ ပိုရင့် ကျက်လာတဲ့ လွှတ်တော်သက်တမ်းနဲ့အတူ ပိုရင့်ကျက်တဲ့ လွှတ်တော်ဖြစ်ဖို့၊ ပိုရင့်ကျက်တဲ့ နိုင်ငံရေး အားဖြင့် ပိုတည်ငြိမ်လာတဲ့လူထုကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေဖြစ်ဖို့လိုအပ်တယ်။ ပိုရင့်ကျက် လာနိုင်တယ်။ ပိုပြီးတော့လည်း ကောင်းမွန်တဲ့တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုအရယူနိုင်တဲ့ အနေ အထားကိုရောက်လာနိုင်တယ်” ဟု ပြောသည်။
လွှတ်တော်သက်တမ်း နှစ်ရပ် ဖြတ်သန်းပြီးနောက်ပိုင်းတွင် တပ်မတော်သားလွှတ်တော် ကိုယ် စားလှယ်များကဖြစ်စေ၊ အရပ်သား လွှတ်တော်ကိုယ်စား လှယ်များကဖြစ်စေ တင်သွင်းလာသည့် အဆို များသည် လူထုအတွက်လိုအပ်သည့်အဆိုပြုချက်များဖြစ်ပါက ထောက်ခံရမည်ဆိုသည့်အမြင်နှင့် ခံယူ ချက်များ သိရှိနေကြပြီဖြစ်ကြောင်းလည်းပြောသည်။
ထို့ကြောင့် လာမည့် လွှတ်တော်သည် ရင့်ကျက်သည့် လွှတ်တော်တစ်ရပ်ဖြစ်နိုင်ကြောင်း ဆို သည်။ “ဘယ်လိုပဲပြောပြော လွှတ်တော်ရဲ့အများစု က ပြည်ခိုင်ဖြိုးကနိုင်သွားပြီ။ တစ်နည်းအားဖြင့် အမျိုးသားလွှတ်တော်တို့ ပြည်သူ့လွှတ်တော်တို့ပေါ့။ ဥပဒေတစ်ခုကို အဆိုပြုချက်တစ်ခုကို အလွယ်တ ကူပဲ နိုင်အောင်လုပ်တာ မဲပေးလို့ရသွားပြီ။ အဲဒီလိုပဲ ပါတီငယ်တစ်ခုက တင်တဲ့အသံလည်း ထိရောက် တယ်၊ လိုအပ်တယ်ဆိုရင် နိုင်ငံရေးအားဖြင့် လူထုကို ပေးတဲ့အဆိုပြုချက်ကို ပြည်ခိုင်ဖြိုးဖြစ်ဖြစ် တပ်မ တော်သားဖြစ်ဖြစ် ထောက်ခံဖို့လိုအပ်တယ်ဆိုတဲ့အမြင်တို့၊ ခံယူချက်တို့ လွှတ်တော် (၃) ကြိမ်လောက် ဖြတ်တဲ့ကာလမှာ ရှိသွားကြပြီ။ နိုင်ငံရေးအသိအား လုံးမှာရှိသွားကြပြီ။ အဲဒါကြောင့် လာမယ့်လွှတ်တော် သည် အများကြီး ရင့်ကျက်သွားပြီလို့ သုံးသပ်တယ်။ ရင့်ကျက်နေမယ်လို့လည်း ယူဆတယ်” ဟု ဒေါက် တာ အေးမောင်က ပြောသည်။
လာမည့်လွှတ်တော်တွင် နိုင်ငံတော် ငြိမ်း ချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ သံတမန်ရေးရာများ နှင့် အခြေခံဥပဒေပြင်ဆင်ရေးများသည် ငြိမ်းချမ်းရေးကိုအခြေပြု၍ ပေါ်ပေါက်လာနိုင်ကြောင်း ၊ လူထု အ နေဖြင့်လည်း လာမည့်လွှတ်တော်အပေါ် စောင့်ကြည့်နေကြောင်းလည်း ပြောသည်။ “လူထုကလည်း စောင့်ကြည့်နေတယ် လာမယ့်အစိုးရ လွှတ်တော်အပေါ်မှာ။ လာမယ့် (၅) နှစ် လွှတ်တော်အစိုးရ စတာနဲ့ နိုင်ငံအသစ်ပေါ့ဗျာ။ ပြည်ထောင်စု အသစ်၊ နိုင်ငံအသစ်ကို စိတ်သစ် လူသစ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြတ် ကျော်ကြဖို့အတွက် အဆင်သင့်ဖြစ်ပြီဆိုရင် လွှတ်တော်မှာအဆိုပြုတာက ငြိမ်းချမ်းရေးတို့၊ ဖွံ့ဖြိုး တိုး တက်ရေးတို့ ၊ နိုင်ငံရေးတည်ငြိမ်မှုတို့ သံခင်းတမန်ခင်းတို့ပေါ့။ နိုင်ငံရေးအားဖြင့် အမျိုးသားညီညွတ် အောင်တို့ အမျိုးသားရင်ကြားစေ့အောင်တို့ဆိုတဲ့ အဆိုပြုချက်တို့၊ ဥပဒေ ပြန်ပြင်တာတွေ၊ အခြေခံ ဥပဒေဆိုင်ရာ ပြင်ဆင်မှုလေးတွေ ငြိမ်းချမ်းမှု အခြေ ပြုပြီးကာမှ ပေါ်ထွန်းလာနိုင်ပါတယ်” ဟု ပြော သည်။

Zawgyi Version:
တတိယအႀကိမ္လႊတ္ေတာ္သည္ ရင့္က်က္သည့္ လႊတ္ေတာ္တစ္ရပ္ျဖစ္ႏိုင္ဟု ဆို
Pearl (NP News)-ေဖေဖာ္ဝါရီ ၂၄
လက္ရွိတြင္ အေထြေထြေ႐ြးေကာက္ပြဲ (၃) ပိုင္းလုံး က်င္းပၿပီးစီးၿပီျဖစ္ရာ မတ္လအလယ္ခန႔္ တြင္ လႊတ္ေတာ္ေခၚယူမည္ျဖစ္ၿပီး လာမည့္တတိယအႀကိမ္လႊတ္ေတာ္သည္ ရင့္က်က္သည့္ သက္ တမ္းႏွင့္အတူ ရင့္က်က္သည့္လႊတ္ေတာ္တစ္ရပ္ျဖစ္လာႏိုင္ေၾကာင္း ရခိုင့္ဦးေဆာင္ပါတီ ဥကၠ႒ ေဒါက္ တာ ေအးေမာင္က NP News သို႔ေျပာသည္။
“အခု ဒီ (၅) ႏွစ္က အေရးႀကီးတယ္။ လႊတ္ေတာ္ ေကာင္းေကာင္းျဖတ္သန္းဖို႔လိုတယ္။ ပိုရင့္ က်က္လာတဲ့ လႊတ္ေတာ္သက္တမ္းနဲ႔အတူ ပိုရင့္က်က္တဲ့ လႊတ္ေတာ္ျဖစ္ဖို႔၊ ပိုရင့္က်က္တဲ့ ႏိုင္ငံေရး အားျဖင့္ ပိုတည္ၿငိမ္လာတဲ့လူထုကို ကိုယ္စားျပဳတဲ့ ကိုယ္စားလွယ္ေတြျဖစ္ဖို႔လိုအပ္တယ္။ ပိုရင့္က်က္ လာႏိုင္တယ္။ ပိုၿပီးေတာ့လည္း ေကာင္းမြန္တဲ့တည္ၿငိမ္မႈနဲ႔ ဖြံ႕ၿဖိဳးတိုးတက္မႈကိုအရယူႏိုင္တဲ့ အေန အထားကိုေရာက္လာႏိုင္တယ္” ဟု ေျပာသည္။
လႊတ္ေတာ္သက္တမ္း ႏွစ္ရပ္ ျဖတ္သန္းၿပီးေနာက္ပိုင္းတြင္ တပ္မေတာ္သားလႊတ္ေတာ္ ကိုယ္ စားလွယ္မ်ားကျဖစ္ေစ၊ အရပ္သား လႊတ္ေတာ္ကိုယ္စား လွယ္မ်ားကျဖစ္ေစ တင္သြင္းလာသည့္ အဆို မ်ားသည္ လူထုအတြက္လိုအပ္သည့္အဆိုျပဳခ်က္မ်ားျဖစ္ပါက ေထာက္ခံရမည္ဆိုသည့္အျမင္ႏွင့္ ခံယူ ခ်က္မ်ား သိရွိေနၾကၿပီျဖစ္ေၾကာင္းလည္းေျပာသည္။
ထို႔ေၾကာင့္ လာမည့္ လႊတ္ေတာ္သည္ ရင့္က်က္သည့္ လႊတ္ေတာ္တစ္ရပ္ျဖစ္ႏိုင္ေၾကာင္း ဆို သည္။ “ဘယ္လိုပဲေျပာေျပာ လႊတ္ေတာ္ရဲ႕အမ်ားစု က ျပည္ခိုင္ၿဖိဳးကႏိုင္သြားၿပီ။ တစ္နည္းအားျဖင့္ အမ်ိဳးသားလႊတ္ေတာ္တို႔ ျပည္သူ႔လႊတ္ေတာ္တို႔ေပါ့။ ဥပေဒတစ္ခုကို အဆိုျပဳခ်က္တစ္ခုကို အလြယ္တ ကူပဲ ႏိုင္ေအာင္လုပ္တာ မဲေပးလို႔ရသြားၿပီ။ အဲဒီလိုပဲ ပါတီငယ္တစ္ခုက တင္တဲ့အသံလည္း ထိေရာက္ တယ္၊ လိုအပ္တယ္ဆိုရင္ ႏိုင္ငံေရးအားျဖင့္ လူထုကို ေပးတဲ့အဆိုျပဳခ်က္ကို ျပည္ခိုင္ၿဖိဳးျဖစ္ျဖစ္ တပ္မ ေတာ္သားျဖစ္ျဖစ္ ေထာက္ခံဖို႔လိုအပ္တယ္ဆိုတဲ့အျမင္တို႔၊ ခံယူခ်က္တို႔ လႊတ္ေတာ္ (၃) ႀကိမ္ေလာက္ ျဖတ္တဲ့ကာလမွာ ရွိသြားၾကၿပီ။ ႏိုင္ငံေရးအသိအား လုံးမွာရွိသြားၾကၿပီ။ အဲဒါေၾကာင့္ လာမယ့္လႊတ္ေတာ္ သည္ အမ်ားႀကီး ရင့္က်က္သြားၿပီလို႔ သုံးသပ္တယ္။ ရင့္က်က္ေနမယ္လို႔လည္း ယူဆတယ္” ဟု ေဒါက္ တာ ေအးေမာင္က ေျပာသည္။
လာမည့္လႊတ္ေတာ္တြင္ ႏိုင္ငံေတာ္ ၿငိမ္း ခ်မ္းေရး၊ ဖြံ႕ၿဖိဳးတိုးတက္ေရး၊ သံတမန္ေရးရာမ်ား ႏွင့္ အေျခခံဥပေဒျပင္ဆင္ေရးမ်ားသည္ ၿငိမ္းခ်မ္းေရးကိုအေျချပဳ၍ ေပၚေပါက္လာႏိုင္ေၾကာင္း ၊ လူထု အ ေနျဖင့္လည္း လာမည့္လႊတ္ေတာ္အေပၚ ေစာင့္ၾကည့္ေနေၾကာင္းလည္း ေျပာသည္။ “လူထုကလည္း ေစာင့္ၾကည့္ေနတယ္ လာမယ့္အစိုးရ လႊတ္ေတာ္အေပၚမွာ။ လာမယ့္ (၅) ႏွစ္ လႊတ္ေတာ္အစိုးရ စတာနဲ႔ ႏိုင္ငံအသစ္ေပါ့ဗ်ာ။ ျပည္ေထာင္စု အသစ္၊ ႏိုင္ငံအသစ္ကို စိတ္သစ္ လူသစ္နဲ႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ျဖတ္ ေက်ာ္ၾကဖို႔အတြက္ အဆင္သင့္ျဖစ္ၿပီဆိုရင္ လႊတ္ေတာ္မွာအဆိုျပဳတာက ၿငိမ္းခ်မ္းေရးတို႔၊ ဖြံ႕ၿဖိဳး တိုး တက္ေရးတို႔ ၊ ႏိုင္ငံေရးတည္ၿငိမ္မႈတို႔ သံခင္းတမန္ခင္းတို႔ေပါ့။ ႏိုင္ငံေရးအားျဖင့္ အမ်ိဳးသားညီၫြတ္ ေအာင္တို႔ အမ်ိဳးသားရင္ၾကားေစ့ေအာင္တို႔ဆိုတဲ့ အဆိုျပဳခ်က္တို႔၊ ဥပေဒ ျပန္ျပင္တာေတြ၊ အေျခခံ ဥပေဒဆိုင္ရာ ျပင္ဆင္မႈေလးေတြ ၿငိမ္းခ်မ္းမႈ အေျခ ျပဳၿပီးကာမွ ေပၚထြန္းလာႏိုင္ပါတယ္” ဟု ေျပာ သည္။