တားမြစ်ထားသည့် ဖားကန့်တွင် ကျောက်စိမ်းတူးနေသည့် ရန်ကုန်၊ မန္တလေး မှ လုပ်ငန်းရှင်များ အရေးယူခြင်းမခံရ

270

သုတကျော် (NP News)-ဖေဖော်ဝါရီ ၂၄
ကျောက်စိမ်းတူးခွင့်ကို တားမြစ်ထားသော်လည်း ဖားကန့်တွင် လုပ်ငန်းဆက်လက်ဆောင်ရွက် နေသည့် ရန်ကုန်မြို့နှင့် မန္တလေးမြို့ကဲ့သို့ ပြည်တွင်းနေရာများမှ လုပ်ငန်းရှင်များကို အဘယ်ကြောင့် အရေးမယူသနည်းဟု NP News သို့ ဖားကန့်နှင့် ပတ်သက်၍ သိရှိသူသတင်းရင်းမြစ်တစ်ဦးက ပြော သည်။
ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ခြင်းကိုရပ်နားထားသည့်တိုင် KIA က အများစုကို ထိန်းချုပ်ထားသည့်အတွက် ၎င်းတို့ထံ အခွန်ပေးကာ ကျောက်တူးဖော်ခြင်းကို ဆောင်ရွက်နေကြခြင်း ဖြစ်သည်။
ဖားကန့်ဒေသတွင် ကျောက်တူးရာသီ စတင်ပြီး (၇)လ ကာလအတွင်းမှာပင် လောင်စာဆီနှင့် ယန္တရားချောဆီခေါင်းစဉ်အောက်မှကောက်ခံသော အခွန်နှစ်မျိုးစာ ကောက်ခံရရှိငွေတစ်မျိုးတည်းပင် လျှင် ငွေကျပ် သိန်းပေါင်း(၁၀)သိန်းခန့်အထိ KIA ကရနေပြီး အခြားခေါင်းစဉ်မျိုးစုံဖြင့်လည်း အခွန် ငွေကောက်ခံခြင်းများ ရှိနေသည်။
ထို့ပြင် KIO ခေါင်းစဉ်ဖြင့် ကိုယ်တိုင်ကျောက်တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခြင်း မပြု သည့်တိုင် ကျောက်စိမ်းတူးဖော်သည့်လုပ်ငန်းများတွင် KIA ခေါင်းဆောင်ပိုင်းမှ သားသမီးများ၊ ဆွေမျိုး များ ပါဝင်ပတ်သက်နေကြောင်း ဒေသခံများကဆိုကြသည်။
“မြေပြင်အခြေအနေကတော့ တပ်က မစိုးမိုးနိုင်သေးဘူးပေါ့။ ဖားကန့်မှာလေ။ ကျောက်စိမ်း တူးခွင့် မပေးထားဘူး။ ဒီကောင်တွေက ညပိုင်း စက် ယန္တရားတွေနဲ့ ခိုးတူးတာ။ KIA နဲ့ လုပ်ငန်းရှင်တွေ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းလုပ်နေတာကို ကမ္ဘာကလည်း သိတယ်။ မြန်မာကလည်း သိတယ်။ ဘာကြောင့် ဒီကျောက်မျက်ကုမ္ပဏီလုပ်ငန်းရှင်တွေထဲမှာ မန္တလေး၊ ရန်ကုန်က လုပ်ငန်းရှင်တွေ ရှိတာပဲ လေ။ ဒီလူတွေကို ဘာကြောင့် ဖမ်းဆီး၊ အရေးမယူတာလဲ။ ဒီအရင်နှစ်တွေလည်း မြေပြိုတာ၊ လူသေမှု တွေ ဖြစ်တာပဲ။ အစိုးရကလည်း တားတာပဲ။ ဘာလို့ အရေးမယူတာလဲ”ဟု ၎င်းကဆိုသည်။
ထိုသို့ KIA ထံ အခွန်ဆောင်ကာ ကျောက်စိမ်းတူးဖော်သူများကို အရေးယူရန်အတွက် ကြပ်ကြပ် မတ်မတ်ဆောင်ရွက်စေလိုကြောင်းလည်း ၎င်းကဆိုသည်။ “ဘယ်ကုမ္ပဏီဆိုတာလည်း သိနေတာပဲ။ ဘယ်နား ဘယ်သူတူးတယ် ဆိုတာတော့သိရမှာပဲ” ဟု ၎င်းကဆိုသည်။ ဖားကန့်ဒေသတွင် ကျောက်တူး ဖော်သော ကျောက်မျက်ကုမ္ပဏီများအနေဖြင့် အရင်းအနှီးကြီးကြီးမားမားဖြင့် ဆောင်ရွက်ရခြင်းမျိုးဖြစ် ကြောင်း သိရသည်။
“ပိုက်ဆံရှိရင်တော့ တူးလို့ရတယ်။ ပေးနိုင်ကမ်းနိုင်တဲ့ အတိုင်းအတာရှိရင်ပေါ့။ ငွေပမာဏက အရမ်းများတယ်ကော။ ကျင်းတစ်ကျင်း တူးဖို့ ကုန်ကျတာက မလွယ်ဘူး။ တရုတ်လောပန်းတွေပဲ တူးနိုင် မှာ” ဟု အခြားဒေသခံတစ်ဦးကပြောသည်။
ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းလုပ်နေသောကုမ္ပဏီများမှာ အမည် အမျိုး မျိုးဖြင့် ပြောင်းလဲဆောင်ရွက်နေခြင်းမျိုးဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။ “တူးတာတော့ တူးနေတာ ပဲ။ တူးတာ တွေ့တာတောင် ဒါ ဘာကုမ္ပဏီလဲဆိုတာ မသိနိုင်ဘူး။ သူတို့ကအမျိုးမျိုး နာမည်ပြောင်းပြီး လုပ်နေကြတာ။ လောပန်း သိဖို့တော့ မလွယ်ဘူး”ဟု ၎င်းက ပြောသည်။

Zawgyi Version:
တားျမစ္ထားသည့္ ဖားကန႔္တြင္ ေက်ာက္စိမ္းတူးေနသည့္ ရန္ကုန္၊ မႏၲေလး မွ လုပ္ငန္းရွင္မ်ား အေရးယူျခင္းမခံရ
သုတေက်ာ္ (NP News)-ေဖေဖာ္ဝါရီ ၂၄
ေက်ာက္စိမ္းတူးခြင့္ကို တားျမစ္ထားေသာ္လည္း ဖားကန႔္တြင္ လုပ္ငန္းဆက္လက္ေဆာင္႐ြက္ ေနသည့္ ရန္ကုန္ၿမိဳ႕ႏွင့္ မႏၲေလးၿမိဳ႕ကဲ့သို႔ ျပည္တြင္းေနရာမ်ားမွ လုပ္ငန္းရွင္မ်ားကို အဘယ္ေၾကာင့္ အေရးမယူသနည္းဟု NP News သို႔ ဖားကန႔္ႏွင့္ ပတ္သက္၍ သိရွိသူသတင္းရင္းျမစ္တစ္ဦးက ေျပာ သည္။
ဖားကန႔္ေဒသတြင္ ေက်ာက္စိမ္းတူးေဖာ္ျခင္းကိုရပ္နားထားသည့္တိုင္ KIA က အမ်ားစုကို ထိန္းခ်ဳပ္ထားသည့္အတြက္ ၎တို႔ထံ အခြန္ေပးကာ ေက်ာက္တူးေဖာ္ျခင္းကို ေဆာင္႐ြက္ေနၾကျခင္း ျဖစ္သည္။
ဖားကန႔္ေဒသတြင္ ေက်ာက္တူးရာသီ စတင္ၿပီး (၇)လ ကာလအတြင္းမွာပင္ ေလာင္စာဆီႏွင့္ ယႏၲရားေခ်ာဆီေခါင္းစဥ္ေအာက္မွေကာက္ခံေသာ အခြန္ႏွစ္မ်ိဳးစာ ေကာက္ခံရရွိေငြတစ္မ်ိဳးတည္းပင္ လွ်င္ ေငြက်ပ္ သိန္းေပါင္း(၁၀)သိန္းခန႔္အထိ KIA ကရေနၿပီး အျခားေခါင္းစဥ္မ်ိဳးစုံျဖင့္လည္း အခြန္ ေငြေကာက္ခံျခင္းမ်ား ရွိေနသည္။
ထို႔ျပင္ KIO ေခါင္းစဥ္ျဖင့္ ကိုယ္တိုင္ေက်ာက္တူးေဖာ္ျခင္းလုပ္ငန္းကို ေဆာင္႐ြက္ျခင္း မျပဳ သည့္တိုင္ ေက်ာက္စိမ္းတူးေဖာ္သည့္လုပ္ငန္းမ်ားတြင္ KIA ေခါင္းေဆာင္ပိုင္းမွ သားသမီးမ်ား၊ ေဆြမ်ိဳး မ်ား ပါဝင္ပတ္သက္ေနေၾကာင္း ေဒသခံမ်ားကဆိုၾကသည္။
“ေျမျပင္အေျခအေနကေတာ့ တပ္က မစိုးမိုးႏိုင္ေသးဘူးေပါ့။ ဖားကန႔္မွာေလ။ ေက်ာက္စိမ္း တူးခြင့္ မေပးထားဘူး။ ဒီေကာင္ေတြက ညပိုင္း စက္ ယႏၲရားေတြနဲ႔ ခိုးတူးတာ။ KIA နဲ႔ လုပ္ငန္းရွင္ေတြ ေက်ာက္စိမ္းတူးေဖာ္ေရးလုပ္ငန္းလုပ္ေနတာကို ကမာၻကလည္း သိတယ္။ ျမန္မာကလည္း သိတယ္။ ဘာေၾကာင့္ ဒီေက်ာက္မ်က္ကုမၸဏီလုပ္ငန္းရွင္ေတြထဲမွာ မႏၲေလး၊ ရန္ကုန္က လုပ္ငန္းရွင္ေတြ ရွိတာပဲ ေလ။ ဒီလူေတြကို ဘာေၾကာင့္ ဖမ္းဆီး၊ အေရးမယူတာလဲ။ ဒီအရင္ႏွစ္ေတြလည္း ေျမၿပိဳတာ၊ လူေသမႈ ေတြ ျဖစ္တာပဲ။ အစိုးရကလည္း တားတာပဲ။ ဘာလို႔ အေရးမယူတာလဲ”ဟု ၎ကဆိုသည္။
ထိုသို႔ KIA ထံ အခြန္ေဆာင္ကာ ေက်ာက္စိမ္းတူးေဖာ္သူမ်ားကို အေရးယူရန္အတြက္ ၾကပ္ၾကပ္ မတ္မတ္ေဆာင္႐ြက္ေစလိုေၾကာင္းလည္း ၎ကဆိုသည္။ “ဘယ္ကုမၸဏီဆိုတာလည္း သိေနတာပဲ။ ဘယ္နား ဘယ္သူတူးတယ္ ဆိုတာေတာ့သိရမွာပဲ” ဟု ၎ကဆိုသည္။ ဖားကန႔္ေဒသတြင္ ေက်ာက္တူး ေဖာ္ေသာ ေက်ာက္မ်က္ကုမၸဏီမ်ားအေနျဖင့္ အရင္းအႏွီးႀကီးႀကီးမားမားျဖင့္ ေဆာင္႐ြက္ရျခင္းမ်ိဳးျဖစ္ ေၾကာင္း သိရသည္။
“ပိုက္ဆံရွိရင္ေတာ့ တူးလို႔ရတယ္။ ေပးႏိုင္ကမ္းႏိုင္တဲ့ အတိုင္းအတာရွိရင္ေပါ့။ ေငြပမာဏက အရမ္းမ်ားတယ္ေကာ။ က်င္းတစ္က်င္း တူးဖို႔ ကုန္က်တာက မလြယ္ဘူး။ တ႐ုတ္ေလာပန္းေတြပဲ တူးႏိုင္ မွာ” ဟု အျခားေဒသခံတစ္ဦးကေျပာသည္။
ဖားကန႔္ေဒသတြင္ ေက်ာက္စိမ္းတူးေဖာ္ေရးလုပ္ငန္းလုပ္ေနေသာကုမၸဏီမ်ားမွာ အမည္ အမ်ိဳး မ်ိဳးျဖင့္ ေျပာင္းလဲေဆာင္႐ြက္ေနျခင္းမ်ိဳးျဖစ္ေၾကာင္းလည္း ၎ကဆိုသည္။ “တူးတာေတာ့ တူးေနတာ ပဲ။ တူးတာ ေတြ႕တာေတာင္ ဒါ ဘာကုမၸဏီလဲဆိုတာ မသိႏိုင္ဘူး။ သူတို႔ကအမ်ိဳးမ်ိဳး နာမည္ေျပာင္းၿပီး လုပ္ေနၾကတာ။ ေလာပန္း သိဖို႔ေတာ့ မလြယ္ဘူး”ဟု ၎က ေျပာသည္။