ပလက်ဝမြို့နယ်ကို ထွန်းမြတ်နိုင်၏လက်ကိုင်တုတ်အဖွဲ့ AA က ဝါးမျိုနေ

 270

သန့်ဇင်(NP News)-ဖေဖော်ဝါရီ ၂၄
AA ထိန်းချုပ်ပြီးနောက် ချင်းပြည်နယ် ပလက်ဝမြို့နယ် လူဦးရေ၏တစ်ဝက်နီးပါးအထိ ရခိုင်လူ မျိုးများ ဝင်ရောက်အခြေချထားကြောင်း ချင်းတိုင်းရင်းသားတစ်ဦးက NP New သို့ပြောသည်။ (၂၀၁၄) ခုနှစ်သန်းခေါင်စာရင်းအရ ပလက်ဝမြို့နယ်တွင် လူဦးရေ (၉)သောင်းကျော်နေထိုင်ခဲ့ပြီး ၎င်းအနက် ခူမီး ချင်းလူမျိုး (၇)သောင်း ကျော်နှင့် ရခိုင်လူမျိုး (၂) သောင်းကျော်သာရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လက်ရှိတွင်လည်း AA အနေဖြင့် ပလက်ဝမြို့နယ်မှတစ်ဆင့် ၎င်းတို့ ထိန်းချုပ်ရာ ဒေသ အတွက် အိန္ဒိယနိုင်ငံဘက်မှ ကုန်သည်များနှင့် ကုန်သွယ်နေရာ ပလက်ဝမြို့နယ်ဘက် အခြမ်းတွင် ရခိုင် ဘာသာဖြင့် “သာလီစွပါ နှုတ်ခွန်းဆက်သပါရေ” ဟုရေးသားထားသော အဝင်ဆိုင်းဘုတ် စိုက်ထူထား သည်။ “(၂၀၁၄)သန်းခေါင်စာရင်းအရ ချင်းပြည်နယ်မှာ ပလက်ဝက လူဦးရေအများဆုံးပဲ။ ပလက်ဝနဲ့ တီးတိန်နဲ့ပေါ့။ ပလက်ဝမှာ လူဦးရေ (၉)သောင်းကျော်ရှိတယ် (၂၀၁၄) သန်းခေါင်စာရင်းအရ။ အဲဒီ (၉) သောင်းကျော်ထဲမှာ ခူမီးချင်းက (၇)သောင်းကျော် ရှိပြီးတော့မှ ရခိုင်က (၂)သောင်းကျော်ပဲရှိတာ။ အဲဒီ တည်းကလွှမ်းမိုးနေတာ။ ကုန်စ္စည်းဝယ်တာကအစ၊ ဘာညာပေါ့။ ရခိုင်စကားပြောရမယ်ဆိုတာ။ ဒါ တောင် (၂)သောင်းကျော်တည်းကလွှမ်းမိုးနေတာ။ ဒါတောင် ချင်းတွေအားကောင်းစဉ်ကဆိုတော့။ အခု ဆိုပိုဆိုးတာပေါ့ ”ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။
လက်ရှိတွင် ပလက်ဝမြို့ပေါ်ရှိ မူလချင်း တိုင်းရင်းသားအိမ်ပိုင်ရှင်များမှာ ဘေးလွတ်ရာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ဘက်သို့ စစ်ဘေး ရှောင်သွားကြစဉ်အတွင်း ၎င်းတို့၏နေအိမ်များ၌ AA နှင့် ပတ်သက်သည့် ရခိုင်လူမျိုးများက ပေါ်တင် ဝင်ရောက်‌နေထိုင်နေကြကြောင်းသိရသည်။ “ချင်းပြည် နယ်မှာ ရခိုင်လူဦးရေတိုးလာတယ်။ ကျောက်တော်တို့ တောင်ကုတ်တို့ ဒီဘက်က တိုက်ပွဲတွေဖြစ် တော့ နယ်မြေ မအေးချမ်းဘူးလေ။ အဲဒီကလူတွေအားလုံးက ပလက်ဝဘက်ကိုဆင်းလာပြီလေ။ အဲဒီမှာ ရွာ တွေ၊ ရွာတွေကိုဆင်းလာပြီး အဲဒီမှာ ပြောင်းရွှေ့နေထိုင်ကြတယ်။ ဒီဘက်ကလည်း နည်းနည်း Safe ဖြစ် တယ်လေ။ ကျောက်တော်တို့ ဘာတို့ထက်စာရင်။ သူတို့အလုံးစုံထိန်းချုပ်လို့ရတယ်။ အခုလက်ရှိဆိုရင် ကျွန်တော်ထင်တယ်။ ချင်း နဲ့ ရခိုင်နဲ့ဆိုရင် ရခိုင်က တစ်ဝက်အချိုးလောက်ဖြစ်သွားနိုင်တယ်။ အဲဒီ ဘက် ကလူတွေက ဒီဘက်ကို ဆင်းလာကြတာပေါ့နော်။ ဆင်းလာကြတော့ သူတို့နေရာမှာ ကျွန်တော်ကြားတဲ့ လက်ရှိအခြေအနေက ပလက်ဝမြို့ပေါ်မှာရှိတဲ့ အိမ်အကောင်းတွေမှာတောင် သူတို့တက်နေကြတယ် ပြောတယ်။ AA နဲ့ ပတ်သက်တဲ့လူတွေက ပေါ်တင်တက်နေတယ်ပြောတယ်။ ရွာသစ်တည်စရာ မလို့ဘူး။ ရှိပြီးသားအိမ်တွေပေါ်တက်နေရုံပဲလေ။ ပလက်ဝမြို့ပေါ်မှာအိမ်တွေမှာ ချင်းတွေမရှိတော့ဘူး”ဟု ၎င်းက ပြောသည်။
ထို့ကြောင့် ပလက်ဝမြို့နယ်တွင် ရခိုင်လူမျိုးများဝင်ရောက်ကြီးစိုးလွှမ်းမိုးနေခြင်းကို ချင်းလူမျိုး များအနေဖြင့် သဘောမကျကြောင်းလည်း ၎င်းကဆိုသည်။ “အဓိကတော့ ပလက်ဝက ကျွန်တော်တို့ ချင်းပြည်နယ်မှာဆိုရင် အနှိမ်ခံလိုဖြစ်တာပေါ့နော်။ ဘာလို့ အနှိမ်ခံဖြစ်လဲဆိုတော့ ပြောချင်တာက သူ့ရာ ဇဝင်က အင်္ဂလိပ်လက်ထက်က အုပ်ချုပ်ရေးကြောင့်ဆိုပြီး စစ်တွေကနေကိုင်တာလေ။ တပ်ကလည်း ပလက်ဝမှာသိပ်မရှိဘူးလေ။ ဗျူဟာကုန်း တစ်ခုပဲရှိတာ။ သူ့ကိုလည်းကျောက်တော်ကပဲလှမ်းထိန်းတာ ဆိုတော့ ဒါက လမ်းပန်းဆက်သွယ်ရေးကြောင့်ပေါ့။ ဘာကြောင့်လဲဆိုတော့ ပလက်ဝက အစိုးရဝန်ထမ်း တွေအကုန်လုံးက ဟားခါးမှာ အစည်းအဝေးတက်မယ်ဆိုရင် ပလက်ဝကနေ ကျောက်တော်။ ရခိုင်ပြည် နယ်ဖြတ်ပြီးရင် မကွေးဖြတ်၊ ပြီးရင် ဂန့်ဂေါကနေ တစ်ဆင့်တောင်ပေါ် တက်ရတာလေ”ဟု ၎င်းက ဆို သည်။

Zawgyi Version:
ပလက္ဝၿမိဳ႕နယ္ကို ထြန္းျမတ္ႏိုင္၏လက္ကိုင္တုတ္အဖြဲ႕ AA က ဝါးမ်ိဳေန
သန႔္ဇင္(NP News)-ေဖေဖာ္ဝါရီ ၂၄
AA ထိန္းခ်ဳပ္ၿပီးေနာက္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ လူဦးေရ၏တစ္ဝက္နီးပါးအထိ ရခိုင္လူ မ်ိဳးမ်ား ဝင္ေရာက္အေျခခ်ထားေၾကာင္း ခ်င္းတိုင္းရင္းသားတစ္ဦးက NP New သို႔ေျပာသည္။ (၂၀၁၄) ခုႏွစ္သန္းေခါင္စာရင္းအရ ပလက္ဝၿမိဳ႕နယ္တြင္ လူဦးေရ (၉)ေသာင္းေက်ာ္ေနထိုင္ခဲ့ၿပီး ၎အနက္ ခူမီး ခ်င္းလူမ်ိဳး (၇)ေသာင္း ေက်ာ္ႏွင့္ ရခိုင္လူမ်ိဳး (၂) ေသာင္းေက်ာ္သာရွိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ လက္ရွိတြင္လည္း AA အေနျဖင့္ ပလက္ဝၿမိဳ႕နယ္မွတစ္ဆင့္ ၎တို႔ ထိန္းခ်ဳပ္ရာ ေဒသ အတြက္ အိႏၵိယႏိုင္ငံဘက္မွ ကုန္သည္မ်ားႏွင့္ ကုန္သြယ္ေနရာ ပလက္ဝၿမိဳ႕နယ္ဘက္ အျခမ္းတြင္ ရခိုင္ ဘာသာျဖင့္ “သာလီစြပါ ႏႈတ္ခြန္းဆက္သပါေရ” ဟုေရးသားထားေသာ အဝင္ဆိုင္းဘုတ္ စိုက္ထူထား သည္။ “(၂၀၁၄)သန္းေခါင္စာရင္းအရ ခ်င္းျပည္နယ္မွာ ပလက္ဝက လူဦးေရအမ်ားဆုံးပဲ။ ပလက္ဝနဲ႔ တီးတိန္နဲ႔ေပါ့။ ပလက္ဝမွာ လူဦးေရ (၉)ေသာင္းေက်ာ္ရွိတယ္ (၂၀၁၄) သန္းေခါင္စာရင္းအရ။ အဲဒီ (၉) ေသာင္းေက်ာ္ထဲမွာ ခူမီးခ်င္းက (၇)ေသာင္းေက်ာ္ ရွိၿပီးေတာ့မွ ရခိုင္က (၂)ေသာင္းေက်ာ္ပဲရွိတာ။ အဲဒီ တည္းကလႊမ္းမိုးေနတာ။ ကုန္စၥည္းဝယ္တာကအစ၊ ဘာညာေပါ့။ ရခိုင္စကားေျပာရမယ္ဆိုတာ။ ဒါ ေတာင္ (၂)ေသာင္းေက်ာ္တည္းကလႊမ္းမိုးေနတာ။ ဒါေတာင္ ခ်င္းေတြအားေကာင္းစဥ္ကဆိုေတာ့။ အခု ဆိုပိုဆိုးတာေပါ့ ”ဟု အထက္ပါသတင္းရင္းျမစ္ကေျပာသည္။
လက္ရွိတြင္ ပလက္ဝၿမိဳ႕ေပၚရွိ မူလခ်င္း တိုင္းရင္းသားအိမ္ပိုင္ရွင္မ်ားမွာ ေဘးလြတ္ရာ ရန္ကုန္၊ မႏၲေလးႏွင့္ ေနျပည္ေတာ္ဘက္သို႔ စစ္ေဘး ေရွာင္သြားၾကစဥ္အတြင္း ၎တို႔၏ေနအိမ္မ်ား၌ AA ႏွင့္ ပတ္သက္သည့္ ရခိုင္လူမ်ိဳးမ်ားက ေပၚတင္ ဝင္ေရာက္‌ေနထိုင္ေနၾကေၾကာင္းသိရသည္။ “ခ်င္းျပည္ နယ္မွာ ရခိုင္လူဦးေရတိုးလာတယ္။ ေက်ာက္ေတာ္တို႔ ေတာင္ကုတ္တို႔ ဒီဘက္က တိုက္ပြဲေတြျဖစ္ ေတာ့ နယ္ေျမ မေအးခ်မ္းဘူးေလ။ အဲဒီကလူေတြအားလုံးက ပလက္ဝဘက္ကိုဆင္းလာၿပီေလ။ အဲဒီမွာ ႐ြာ ေတြ၊ ႐ြာေတြကိုဆင္းလာၿပီး အဲဒီမွာ ေျပာင္းေ႐ႊ႕ေနထိုင္ၾကတယ္။ ဒီဘက္ကလည္း နည္းနည္း Safe ျဖစ္ တယ္ေလ။ ေက်ာက္ေတာ္တို႔ ဘာတို႔ထက္စာရင္။ သူတို႔အလုံးစုံထိန္းခ်ဳပ္လို႔ရတယ္။ အခုလက္ရွိဆိုရင္ ကြၽန္ေတာ္ထင္တယ္။ ခ်င္း နဲ႔ ရခိုင္နဲ႔ဆိုရင္ ရခိုင္က တစ္ဝက္အခ်ိဳးေလာက္ျဖစ္သြားႏိုင္တယ္။ အဲဒီ ဘက္ ကလူေတြက ဒီဘက္ကို ဆင္းလာၾကတာေပါ့ေနာ္။ ဆင္းလာၾကေတာ့ သူတို႔ေနရာမွာ ကြၽန္ေတာ္ၾကားတဲ့ လက္ရွိအေျခအေနက ပလက္ဝၿမိဳ႕ေပၚမွာရွိတဲ့ အိမ္အေကာင္းေတြမွာေတာင္ သူတို႔တက္ေနၾကတယ္ ေျပာတယ္။ AA နဲ႔ ပတ္သက္တဲ့လူေတြက ေပၚတင္တက္ေနတယ္ေျပာတယ္။ ႐ြာသစ္တည္စရာ မလို႔ဘူး။ ရွိၿပီးသားအိမ္ေတြေပၚတက္ေန႐ုံပဲေလ။ ပလက္ဝၿမိဳ႕ေပၚမွာအိမ္ေတြမွာ ခ်င္းေတြမရွိေတာ့ဘူး”ဟု ၎က ေျပာသည္။
ထို႔ေၾကာင့္ ပလက္ဝၿမိဳ႕နယ္တြင္ ရခိုင္လူမ်ိဳးမ်ားဝင္ေရာက္ႀကီးစိုးလႊမ္းမိုးေနျခင္းကို ခ်င္းလူမ်ိဳး မ်ားအေနျဖင့္ သေဘာမက်ေၾကာင္းလည္း ၎ကဆိုသည္။ “အဓိကေတာ့ ပလက္ဝက ကြၽန္ေတာ္တို႔ ခ်င္းျပည္နယ္မွာဆိုရင္ အႏွိမ္ခံလိုျဖစ္တာေပါ့ေနာ္။ ဘာလို႔ အႏွိမ္ခံျဖစ္လဲဆိုေတာ့ ေျပာခ်င္တာက သူ႔ရာ ဇဝင္က အဂၤလိပ္လက္ထက္က အုပ္ခ်ဳပ္ေရးေၾကာင့္ဆိုၿပီး စစ္ေတြကေနကိုင္တာေလ။ တပ္ကလည္း ပလက္ဝမွာသိပ္မရွိဘူးေလ။ ဗ်ဴဟာကုန္း တစ္ခုပဲရွိတာ။ သူ႔ကိုလည္းေက်ာက္ေတာ္ကပဲလွမ္းထိန္းတာ ဆိုေတာ့ ဒါက လမ္းပန္းဆက္သြယ္ေရးေၾကာင့္ေပါ့။ ဘာေၾကာင့္လဲဆိုေတာ့ ပလက္ဝက အစိုးရဝန္ထမ္း ေတြအကုန္လုံးက ဟားခါးမွာ အစည္းအေဝးတက္မယ္ဆိုရင္ ပလက္ဝကေန ေက်ာက္ေတာ္။ ရခိုင္ျပည္ နယ္ျဖတ္ၿပီးရင္ မေကြးျဖတ္၊ ၿပီးရင္ ဂန႔္ေဂါကေန တစ္ဆင့္ေတာင္ေပၚ တက္ရတာေလ”ဟု ၎က ဆို သည္။

Related news

© 2021. All rights reserved.