ဗျတ္တပန်းဆက်လမ်း (သို့မဟုတ်) အညာဒေသမှ အနီရောင်လမ်းတို ( သတင်း ဆောင်းပါး )

 411

သုတကျော် (NP News)-ဖေဖော်ဝါရီ ၂၄
ပုဂံခေတ်က သထုံမှ ထွက်ပြေးလာသော လူစွမ်းကောင်းဗျတ္တသည် ပုဂံနန်းတွင်းသို့ ပန်းဆက် ရန်အတွက် နေ့စဉ်အသုံးပြုခဲ့သောလမ်းသည် နောင်တွင် ဗျတ္တပန်းဆက်လမ်းဟု အမည်တွင်လာခဲ့ခြင်း ဖြစ်ကြောင်း ဒဏ္ဍာရီ ပါးစပ်ရာဇဝင်ရှိခဲ့သည်။ ထို့ပြင် ယင်း ရာဇဝင်ဇာတ်လမ်းသည် ထိုမျှနှင့်မပြီးသေးပါ။ နေ့စဉ် ပန်းဆက်သရန် ပုပ္ပားသို့လာရောက်ရင်း မယ်ဝဏ္ဏနှင့် ပေါင်းသင်းကာ ရွှေဖျင်းကြီး၊ ရွှေဖျင်းလေး တို့ကို ဖွားမြင်ခဲ့သည်။ ယင်း ရွှေဖျင်းကြီး၊ ရွှေဖျင်းလေးသည် မြန်မာနိုင်ငံမှ နတ်ကိုးကွယ်သူတို့ ယုံကြည် ကြသော မင်းကြီး၊ မင်းလေး နတ်ဖြစ်ပြန်လေရာ မည်သို့ပင်ဆို စေကာမူ နာမည်ကြီးသောလမ်းဟု ကား ဆိုနိုင်ပေ လိမ့်မည်။
ယင်းလမ်းသည် နောင်ခေတ်ရွေ့လျား၍ Google Map ကိုအသုံးပြုနိုင်သည့်ခေတ်သို့ရောက် သောအခါ ပုပ္ပားတောင်ကလပ်သို့သွားရန် အနီးဆုံးလမ်းဟုပြသလေ့ရှိသောကြောင့် အကြောင်းမသိသော ခရီးသည်တို့ ယင်းလမ်းကိုသွားမိလျှင် PDF တို့၏ ဖမ်းဆီးခြင်းကိုခံရနိုင်သည်။ ထိုအခါ ငွေပေးရွေးရုံမှ တစ်ပါး တခြားမရှိတော့ပေ။
“သွားတဲ့သူလည်း သွားနေကြတာပေါ့။ ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ဘူးပေါ့ဗျာ။ ဖြစ်ရင်တော့ လည်း အဖမ်းခံရတာပေါ့။ ခဏခဏတော့ ဖြစ်နေတယ်”ဟုဆိုလာသူက ကျောက်ပန်းတောင်း မြို့ခံ တစ် ဦးဖြစ်သည်။
ကျောက်ပန်းတောင်း-ညောင်ဦးလမ်းမပေါ် မကျည်းဇောက်ရွာလမ်းခွဲမှစတင်သော ဗျတ္တပန်း ဆက်လမ်းသည် ပုပ္ပားတောင်အနီး ကျောက်ပန်းတောင်း- မြင်းခြံလမ်းမပေါ်တွင်အဆုံးသတ်ပြီး (၁၄)မိုင် ကျော်ကျော်ခန့်ရှိကာ (၂၉)မိနစ်ခန့်မောင်းချိန် ကြာမြင့်ပေ လိမ့်မည်။ သို့သော် ယင်းလမ်းသည် အမှန် တကယ်လည်း ဖြတ်လမ်းတစ်ခုသဖွယ်ဖြစ်နေပြီး ပုဂံဘက်ကလာလျှင် ကျောက်ပန်းတောင်းအထိ သွား ရန် မလိုတော့ပေ။
ထို့ကြောင့် အဆိုပါလမ်းပိုင်းသည် ယခင်ကပင် အသုံးပြုသူများပြားခဲ့ရာ ကြားတွင် ဖြတ်သန်းရာ ရွာစဉ် ပြတ်တောက်သော်လည်း စိတ်အေးလက်အေး ခရီးသွားနိုင်ခဲ့သည်။ ယင်းလမ်းနှင့်ပတ်သက်၍ နောက်ထပ် နာမည်ကျော်သောအရာတစ်ခုမှာ လမ်းဘေးဝဲယာတွင် ပိုက်ဆံတောင်းသူပမာဏ များပြားခဲ့ ခြင်းဖြစ်သည်။
နိုင်ငံရေးအပြောင်းအလဲအပြီးနောက်ပိုင်းတွင် ကာလအချို့ကြာ ယင်းလမ်းအဆင်ပြေခဲ့သေး သော်လည်း PDF တို့က အဆိုပါလမ်းပိုင်းကို မျက်စိကျလာကြပုံပေါ်သည်။ အတည်အခန့် ဂိတ်ဖွင့်နိုင်ခြင်း မရှိသည့်တိုင် လမ်းပေါ်တက်ခြင်းမျိုးရှိလာသည်။
တစ်ဖက်တွင် ယင်းပတ်ဝန်းကျင်မှ လမ်းအချို့သည်လည်း PDF တို့ အလားတူပြုမူခြင်းကိုခံကြရ ပြီး ဆက်ကြေးတောင်းရန် ပြန်ပေးဆွဲဆန်ဆန် လူဖမ်းခြင်းမျိုးရှိခဲ့ရာ တပ်မတော်က နယ်မြေစိုးမိုးမှုများ ကိုဆောင်ရွက်သောကြောင့် နည်းပါးလာခဲ့သည်။ ဥပမာအားဖြင့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ အစော ပိုင်းက ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဟု မိမိတို့ဘာသာအမည်ပေးထားသောအဖွဲ့ တစ်ဖွဲ့ က ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းပိုင်းအသုံးပြုရာတွင် ည(၁၁)နာရီနှင့် မနက်(၅)နာရီ အတွင်း ယာဉ်များ မှန်တံခါးချမောင်းနှင်ရန်နှင့် အရှိန်ပြင်းမောင်းနှင်ခြင်းမပြုရန် ထုတ်ပြန်ချက် တစ် စောင်ထုတ်ပြန်ခဲ့သေးသည်။ ယင်းအချိန်က ပြည်သူတို့ စိုးရိမ်ခဲ့ကြရသော်လည်း ယခုမူအခြေအနေ ကောင်းမွန်လာပြီဟုပြောနိုင်သောအခြေအနေရှိသည်။
သို့သော် အဆိုပါဒေသတွင် နာမည်ကျော် လမ်း ပိုင်း(၄)ခုရှိနေသေးပြီး ယင်းလမ်းတွင် ဗျတ္တ ပန်း ဆက်လမ်းသည်လည်းပါဝင်နေသည်။ “လုံးဝမသုံးသင့်တဲ့လမ်းက ဂွေးချို-ချောက် လုံးဝမသုံးသင့်ဘူး။ နောက်တစ်ခုက ချောက်-စဉ့် ကူး-ပုဂံလမ်း။ နောက်တစ်ခုက ဗျတ္တပန်းဆက်လမ်း။ နောက်တစ်ခုက ပုပ္ပား-တောင်သာလမ်း လုံးဝမသုံး နဲ့”ဟု ဒေသခံတစ်ဦးကဆိုသည်။
အဆိုပါလမ်းပိုင်းတို့တွင် PDF တို့သည် အညာဒေသမှ အခြား PDF တို့ လက်ရှိလုပ်နေကြသည့် ပုံစံမျိုးဖြင့်သာ ဆောင်ရွက်နေကြခြင်းဖြစ်သည်။ ယင်းမှာ တပ်မတော်က စစ်ကြောင်းထိုးလျှင် ထွက်ပြေး ပြီး တပ်မတော်စစ်ကြောင်းမရှိလျှင် ပြန်လာသည်။ သို့ သော် ၎င်းတို့ပြန်လာလျှင် အကြောင်းပြချက် မျိုးစုံ ဖြင့် ဖမ်းဆီးကြခြင်းဖြစ်ပြီး အဖမ်းခံရလျှင် ပြန်ပေးငွေအမျိုးအစားမှာ သိန်းဆယ်ချီမှ ရာချီအထိပေးရပြီး ပိုက်ဆံချမ်းသာသူဆိုလျှင် သိန်းထောင်ချီ အတောင်းခံရခြင်းမျိုးလည်းရှိသည်။
“ချောက်-ဂွေးချိုလမ်းက ကြေးနီလမ်းခွဲတို့၊ ဆင်ကလမ်းခွဲတို့က ဆိုးတာ။ ထွက်လာလိုက်၊ ထွက် လာလိုက်နဲ့ တစ်ခုခုငြိတယ်ဆိုပြီးခေါ်သွားလိုက်ရင် ပျောက်သွားတာ။ တပ်ကထင်ပြီးတော့ခေါ်သွားတာ လည်းရှိတယ်”ဟု ၎င်းကဆိုသည်။
လမ်းပိုင်းလေးခုအနက် ပုပ္ပားတောင်သာလမ်းသည် စိုးရိမ်ဖွယ်ကောင်းသည်ဟုဆိုစေကာမူ ယင်း လမ်းသည်လည်း အခိုင်အမာဂိတ်ရှိသည် မဟုတ်ပေ။ သို့သော် မကြာမကြာ လမ်းပေါ်ထွက်လာတတ် သော PDF တို့ကြောင့် စိတ်မချရသောလမ်းပိုင်းဖြစ်လာသည်။
“ပုပ္ပား-တောင်သာလမ်းကသွားရင်လည်း ရတယ်။ တစ်ခါတစ်ခါ ထွက်ထွက်လာချင်တာပေါ့။ PDF တွေက လမ်းပေါ်ထွက်ပြီးစစ်တယ်။ မသင်္ကာရင်ခေါ်သွားတာ။ ပုဂံ-ညောင်ဦး-ကျောက်ပန်း တောင်း ကတော့သွားရတယ်။ လမ်းကြောင်းပြဿနာ မရှိဘူး”ဟု ၎င်းကဆိုသည်။
လမ်းလေးလမ်းအနက် ချောက်-စဉ့်ကူး- ပုဂံလမ်းမှာ ယခုတစ်လောတွင် အသံတိတ်နေကြောင်း ၎င်းကဆိုသည်။ အဘယ်ကြောင့်ဆိုသော် ပြည်သူအများစု မသွားရဲကြတော့သောကြောင့်ဖြစ်သည်။
“ချောက်-စဉ့်ကူး-ပုဂံကတော့ လုံးလုံးမသွားကြတော့ဘူး။ ဒေသခံလောက်ပဲသွားကြတော့တာ” ဟု ၎င်းကဆိုသည်။ ဗျတ္တပန်းဆက်လမ်းကမူ ယင်းလမ်းများတွင် တစ်မျိုးတစ်ဘာသာဖြစ်သည်။ ယင်း လမ်းကို ဒေသခံတို့က အခြေအနေသိသော်လည်း ခရီးသွားများက လမ်းအခြေအနေမသိသောအခါ အသုံး ပြုမိလျှင် ဖမ်းဆီးခံရခြင်းမျိုးရှိသည်။ ပုံမှန်အားဖြင့် ငြိမ်သက်နေတတ်သော်လည်း PDF တို့ ထွက်လာ သည်နှင့်တိုးလျှင် လူဖမ်းသွားတတ်သည်က များသည်။
“ဘုရားဖူးက လာလိုက်ပြီဆိုရင် Google Map ကြည့်ပြီးတော့ ဖြတ်ထွက်သွားတာပေါ့။ လွတ် လာတဲ့သူပြောတာနော်။ ဖမ်းထားတာ တော်တော်များတယ်ပြောတယ်။ သူတို့က ဘေးနား မိုင်းထောင် ထားတယ်၊ မျက်လုံးစည်းထားတာပေါ့။ အဲဒီလို ဖမ်းထားတာ တော်တော်များတယ်ပြောတယ်”ဟု ၎င်း က ဆိုသည်။ ယင်းသို့ဖမ်းဆီးရာတွင် မသင်္ကာမှု၊ ပြန်ပေးငွေတောင်းလိုမှုစသည်ဖြင့် အကြောင်းပြချက် များစွာဖြင့် ဖြစ်နိုင်ကြောင်းလည်းသိရသည်။
“သေချာတာတော့ တပ်အသိုင်းအဝိုင်းကလည်း မသွားဘူး။ သွားမယ်ဆိုရင် လမ်းကြော ကောင်း လား၊ မကောင်းလား ဖုန်းနဲ့ထောက်ပြီးတော့မှသွားတာ။ ဘုမသိ ဘမသိလူတွေပဲပါသွားတာ။ ကျွန်တော် တို့ဆိုရင်လည်း တစ်နေရာသွားမယ်ဆိုရင် လမ်းကြောကောင်းလား မကောင်းလား ဖုန်းနဲ့မေးကြည့်တာ။ မသိတဲ့သူတွေခံရတာပေါ့”ဟု အခြားဒေသခံတစ်ဦးကဆိုသည်။
ပုပ္ပားသို့သွားလိုသူများအနေဖြင့် လက်ရှိတွင် အဆင်ပြေဆုံးသောလမ်းမှာ ပုပ္ပား-ကျောက်ပန်း တောင်း-ညောင်ဦးလမ်းသာဖြစ်ပြီး ယင်းလမ်းကိုသာ အသုံးပြုစေလိုကြောင်းလည်း ၎င်းကအကြံပြု သည်။
“ဗျတ္တပန်းဆက်လမ်းကို Google map ကြည့် ပြီးမသွားသင့်ဘူး။ ဒါပါပဲ။ တချို့ကျတော့လည်း မြေပုံကြည့်ပြီး လမ်းကကောင်းနေတယ်ဆို ပါသွားတာပဲ”ဟု ၎င်းကဆိုသည်။ ဗျတ္တပန်းဆက်လမ်း၏ အခြေအနေနှင့်ပတ်သက်၍ ဒေသခံတစ်ဦးက NP News သို့ပြောကြားထားဖူးရာတွင် ယင်းလမ်း၏ အက်စ်ကွေ့ကျော်သည်နှင့် အခြေအနေမကောင်းခြင်းဖြစ်ကြောင်းသိရသည်။
“ပုပ္ပားကျော်ပြီးတာနဲ့ အက်စ်ကွေ့ဆိုတာရှိတယ်။ အက်စ်ကွေ့ကျော်သွားတာနဲ့ ဆိုးသွားတာပဲ။ စက်စက်ယိုရွာဘက်သွားတဲ့လမ်းလည်းရှိတယ်လေ။ အဲဒီလမ်းတွေကဆိုးသွားတာ။ အဲဒီဘက်ကနေဆက် သွားရင် ငါ့သရောက်တို့ ဘာတို့က ဆိုးသွားပြီ”ဟု ကျောက်ပန်းတောင်းဒေသခံကဆိုသည်။
ယင်းဗျတ္တပန်းဆက်လမ်းမှ မြောက်ဘက်တည့်တည့်ဆီတွင် ငါ့သရောက်၊ ဝဲလောင် စသည်ဖြင့် PDF တို့ရှိသည်ဟု နာမည်ကျော်နေရာများရှိသောကြောင့် ဗျတ္တပန်းဆက်လမ်းတွင်ဖြစ်ပွားတတ်သော ပြန်ပေးဆွဲဖြစ်စဉ်များနောက်တွင် ယင်း ဝဲလောင်ဘက် မှ PDF တို့လည်း ပါဝင်ပေလိမ့်မည်။ ထို့ပြင် တပ် မတော်၏ထိုးစစ်များကြောင့် ဆုတ်ခွာလာသော PDF တို့မှာလည်း အဆိုပါဒေသများတွင်ရှိနေကြောင်း သိရသည်။
“ဟိုဘက်က တောင်သာတို့၊ နွားထိုးတို့၊ ငါန်း ဇွန်တို့ ဟိုဘက်ဟာတွေလေ အဲဒီဘက်က ဧရာဝတီ မြစ်အစုန်ဘက်ပေါ့။ အဲဒီဘက်မှာက ဝင်လာလိုက် ပျောက်သွားလိုက် ဖြစ်နေတာ။ ဟိုဘက်ကူးလိုက်ရင် လည်း မြောင်တို့၊ မြင်းမူတို့ ရောက်သွားတာ”ဟု ၎င်းကဆိုသည်။ တစ်ဖန် ပုပ္ပားတောင်မကြီးဘက်တွင် လည်း ပြန်ပေးဆွဲ၊ လူဖမ်းခြင်း ဖြစ်စဉ်အချို့ရှိနေရာ ဗျတ္တပန်းဆက်လမ်းသည် ယခုအခါ မသွားသင့်သော လမ်းပိုင်းများအနက် တစ်နေရာဖြစ်နေလေပြီ။
“တောက်လျှောက်တော့ ပျောက်နေတာ။ တချို့ကလည်း ကြိတ်ပြီးရှာတာ။ လိုင်းပေါ်ဖွမှ ပြန် လွှတ်မယ် လို့ယူဆတဲ့သူတွေကလည်း လိုင်းပေါ်ရေးပြီး လွတ်ဖို့ ကြိုးစားတာပေါ့။ တချို့ကလည်း လိုင်း ပေါ်ဖွရင် ပြန်မလွှတ်တာလည်းရှိတယ်။ တောင်သာလမ်းကလည်း အရင်ကလည်း ပျောက်တယ်။ အခုတော့ အဲဒီလမ်း မသွားကြတော့ဘူး”ဟု ၎င်းကဆိုသည်။

Zawgyi Version:
ဗ်တၱပန္းဆက္လမ္း (သို႔မဟုတ္) အညာေဒသမွ အနီေရာင္ လမ္းတို
( သတင္း ေဆာင္းပါး )
သုတေက်ာ္ (NP News)-ေဖေဖာ္ဝါရီ ၂၄
ပုဂံေခတ္က သထုံမွ ထြက္ေျပးလာေသာ လူစြမ္းေကာင္းဗ်တၱသည္ ပုဂံနန္းတြင္းသို႔ ပန္းဆက္ ရန္အတြက္ ေန႔စဥ္အသုံးျပဳခဲ့ေသာလမ္းသည္ ေနာင္တြင္ ဗ်တၱပန္းဆက္လမ္းဟု အမည္တြင္လာခဲ့ျခင္း ျဖစ္ေၾကာင္း ဒ႑ာရီ ပါးစပ္ရာဇဝင္ရွိခဲ့သည္။ ထို႔ျပင္ ယင္း ရာဇဝင္ဇာတ္လမ္းသည္ ထိုမွ်ႏွင့္မၿပီးေသးပါ။ ေန႔စဥ္ ပန္းဆက္သရန္ ပုပၸားသို႔လာေရာက္ရင္း မယ္ဝဏၰႏွင့္ ေပါင္းသင္းကာ ေ႐ႊဖ်င္းႀကီး၊ ေ႐ႊဖ်င္းေလး တို႔ကို ဖြားျမင္ခဲ့သည္။ ယင္း ေ႐ႊဖ်င္းႀကီး၊ ေ႐ႊဖ်င္းေလးသည္ ျမန္မာႏိုင္ငံမွ နတ္ကိုးကြယ္သူတို႔ ယုံၾကည္ ၾကေသာ မင္းႀကီး၊ မင္းေလး နတ္ျဖစ္ျပန္ေလရာ မည္သို႔ပင္ဆို ေစကာမူ နာမည္ႀကီးေသာလမ္းဟု ကား ဆိုႏိုင္ေပ လိမ့္မည္။
ယင္းလမ္းသည္ ေနာင္ေခတ္ေ႐ြ႕လ်ား၍ Google Map ကိုအသုံးျပဳႏိုင္သည့္ေခတ္သို႔ေရာက္ ေသာအခါ ပုပၸားေတာင္ကလပ္သို႔သြားရန္ အနီးဆုံးလမ္းဟုျပသေလ့ရွိေသာေၾကာင့္ အေၾကာင္းမသိေသာ ခရီးသည္တို႔ ယင္းလမ္းကိုသြားမိလွ်င္ PDF တို႔၏ ဖမ္းဆီးျခင္းကိုခံရႏိုင္သည္။ ထိုအခါ ေငြေပးေ႐ြး႐ုံမွ တစ္ပါး တျခားမရွိေတာ့ေပ။
“သြားတဲ့သူလည္း သြားေနၾကတာေပါ့။ ဘာမွမျဖစ္ရင္ေတာ့ ဘာမွမျဖစ္ဘူးေပါ့ဗ်ာ။ ျဖစ္ရင္ေတာ့ လည္း အဖမ္းခံရတာေပါ့။ ခဏခဏေတာ့ ျဖစ္ေနတယ္”ဟုဆိုလာသူက ေက်ာက္ပန္းေတာင္း ၿမိဳ႕ခံ တစ္ ဦးျဖစ္သည္။
ေက်ာက္ပန္းေတာင္း-ေညာင္ဦးလမ္းမေပၚ မက်ည္းေဇာက္႐ြာလမ္းခြဲမွစတင္ေသာ ဗ်တၱပန္း ဆက္လမ္းသည္ ပုပၸားေတာင္အနီး ေက်ာက္ပန္းေတာင္း- ျမင္းၿခံလမ္းမေပၚတြင္အဆုံးသတ္ၿပီး (၁၄)မိုင္ ေက်ာ္ေက်ာ္ခန႔္ရွိကာ (၂၉)မိနစ္ခန႔္ေမာင္းခ်ိန္ ၾကာျမင့္ေပ လိမ့္မည္။ သို႔ေသာ္ ယင္းလမ္းသည္ အမွန္ တကယ္လည္း ျဖတ္လမ္းတစ္ခုသဖြယ္ျဖစ္ေနၿပီး ပုဂံဘက္ကလာလွ်င္ ေက်ာက္ပန္းေတာင္းအထိ သြား ရန္ မလိုေတာ့ေပ။
ထို႔ေၾကာင့္ အဆိုပါလမ္းပိုင္းသည္ ယခင္ကပင္ အသုံးျပဳသူမ်ားျပားခဲ့ရာ ၾကားတြင္ ျဖတ္သန္းရာ ႐ြာစဥ္ ျပတ္ေတာက္ေသာ္လည္း စိတ္ေအးလက္ေအး ခရီးသြားႏိုင္ခဲ့သည္။ ယင္းလမ္းႏွင့္ပတ္သက္၍ ေနာက္ထပ္ နာမည္ေက်ာ္ေသာအရာတစ္ခုမွာ လမ္းေဘးဝဲယာတြင္ ပိုက္ဆံေတာင္းသူပမာဏ မ်ားျပားခဲ့ ျခင္းျဖစ္သည္။
ႏိုင္ငံေရးအေျပာင္းအလဲအၿပီးေနာက္ပိုင္းတြင္ ကာလအခ်ိဳ႕ၾကာ ယင္းလမ္းအဆင္ေျပခဲ့ေသး ေသာ္လည္း PDF တို႔က အဆိုပါလမ္းပိုင္းကို မ်က္စိက်လာၾကပုံေပၚသည္။ အတည္အခန႔္ ဂိတ္ဖြင့္ႏိုင္ျခင္း မရွိသည့္တိုင္ လမ္းေပၚတက္ျခင္းမ်ိဳးရွိလာသည္။
တစ္ဖက္တြင္ ယင္းပတ္ဝန္းက်င္မွ လမ္းအခ်ိဳ႕သည္လည္း PDF တို႔ အလားတူျပဳမူျခင္းကိုခံၾကရ ၿပီး ဆက္ေၾကးေတာင္းရန္ ျပန္ေပးဆြဲဆန္ဆန္ လူဖမ္းျခင္းမ်ိဳးရွိခဲ့ရာ တပ္မေတာ္က နယ္ေျမစိုးမိုးမႈမ်ား ကိုေဆာင္႐ြက္ေသာေၾကာင့္ နည္းပါးလာခဲ့သည္။ ဥပမာအားျဖင့္ ၿပီးခဲ့သည့္ႏွစ္ ေအာက္တိုဘာလ အေစာ ပိုင္းက ေညာင္ဦးၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရး အဖြဲ႕ဟု မိမိတို႔ဘာသာအမည္ေပးထားေသာအဖြဲ႕ တစ္ဖြဲ႕ က ေညာင္ဦး-ေက်ာက္ပန္းေတာင္း ကားလမ္းပိုင္းအသုံးျပဳရာတြင္ ည(၁၁)နာရီႏွင့္ မနက္(၅)နာရီ အတြင္း ယာဥ္မ်ား မွန္တံခါးခ်ေမာင္းႏွင္ရန္ႏွင့္ အရွိန္ျပင္းေမာင္းႏွင္ျခင္းမျပဳရန္ ထုတ္ျပန္ခ်က္ တစ္ ေစာင္ထုတ္ျပန္ခဲ့ေသးသည္။ ယင္းအခ်ိန္က ျပည္သူတို႔ စိုးရိမ္ခဲ့ၾကရေသာ္လည္း ယခုမူအေျခအေန ေကာင္းမြန္လာၿပီဟုေျပာႏိုင္ေသာအေျခအေနရွိသည္။
သို႔ေသာ္ အဆိုပါေဒသတြင္ နာမည္ေက်ာ္ လမ္း ပိုင္း(၄)ခုရွိေနေသးၿပီး ယင္းလမ္းတြင္ ဗ်တၱ ပန္း ဆက္လမ္းသည္လည္းပါဝင္ေနသည္။ “လုံးဝမသုံးသင့္တဲ့လမ္းက ေဂြးခ်ိဳ-ေခ်ာက္ လုံးဝမသုံးသင့္ဘူး။ ေနာက္တစ္ခုက ေခ်ာက္-စဥ့္ ကူး-ပုဂံလမ္း။ ေနာက္တစ္ခုက ဗ်တၱပန္းဆက္လမ္း။ ေနာက္တစ္ခုက ပုပၸား-ေတာင္သာလမ္း လုံးဝမသုံး နဲ႔”ဟု ေဒသခံတစ္ဦးကဆိုသည္။
အဆိုပါလမ္းပိုင္းတို႔တြင္ PDF တို႔သည္ အညာေဒသမွ အျခား PDF တို႔ လက္ရွိလုပ္ေနၾကသည့္ ပုံစံမ်ိဳးျဖင့္သာ ေဆာင္႐ြက္ေနၾကျခင္းျဖစ္သည္။ ယင္းမွာ တပ္မေတာ္က စစ္ေၾကာင္းထိုးလွ်င္ ထြက္ေျပး ၿပီး တပ္မေတာ္စစ္ေၾကာင္းမရွိလွ်င္ ျပန္လာသည္။ သို႔ ေသာ္ ၎တို႔ျပန္လာလွ်င္ အေၾကာင္းျပခ်က္ မ်ိဳးစုံ ျဖင့္ ဖမ္းဆီးၾကျခင္းျဖစ္ၿပီး အဖမ္းခံရလွ်င္ ျပန္ေပးေငြအမ်ိဳးအစားမွာ သိန္းဆယ္ခ်ီမွ ရာခ်ီအထိေပးရၿပီး ပိုက္ဆံခ်မ္းသာသူဆိုလွ်င္ သိန္းေထာင္ခ်ီ အေတာင္းခံရျခင္းမ်ိဳးလည္းရွိသည္။
“ေခ်ာက္-ေဂြးခ်ိဳလမ္းက ေၾကးနီလမ္းခြဲတို႔၊ ဆင္ကလမ္းခြဲတို႔က ဆိုးတာ။ ထြက္လာလိုက္၊ ထြက္ လာလိုက္နဲ႔ တစ္ခုခုၿငိတယ္ဆိုၿပီးေခၚသြားလိုက္ရင္ ေပ်ာက္သြားတာ။ တပ္ကထင္ၿပီးေတာ့ေခၚသြားတာ လည္းရွိတယ္”ဟု ၎ကဆိုသည္။
လမ္းပိုင္းေလးခုအနက္ ပုပၸားေတာင္သာလမ္းသည္ စိုးရိမ္ဖြယ္ေကာင္းသည္ဟုဆိုေစကာမူ ယင္း လမ္းသည္လည္း အခိုင္အမာဂိတ္ရွိသည္ မဟုတ္ေပ။ သို႔ေသာ္ မၾကာမၾကာ လမ္းေပၚထြက္လာတတ္ ေသာ PDF တို႔ေၾကာင့္ စိတ္မခ်ရေသာလမ္းပိုင္းျဖစ္လာသည္။
“ပုပၸား-ေတာင္သာလမ္းကသြားရင္လည္း ရတယ္။ တစ္ခါတစ္ခါ ထြက္ထြက္လာခ်င္တာေပါ့။ PDF ေတြက လမ္းေပၚထြက္ၿပီးစစ္တယ္။ မသကၤာရင္ေခၚသြားတာ။ ပုဂံ-ေညာင္ဦး-ေက်ာက္ပန္း ေတာင္း ကေတာ့သြားရတယ္။ လမ္းေၾကာင္းျပႆနာ မရွိဘူး”ဟု ၎ကဆိုသည္။
လမ္းေလးလမ္းအနက္ ေခ်ာက္-စဥ့္ကူး- ပုဂံလမ္းမွာ ယခုတစ္ေလာတြင္ အသံတိတ္ေနေၾကာင္း ၎ကဆိုသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ျပည္သူအမ်ားစု မသြားရဲၾကေတာ့ေသာေၾကာင့္ျဖစ္သည္။
“ေခ်ာက္-စဥ့္ကူး-ပုဂံကေတာ့ လုံးလုံးမသြားၾကေတာ့ဘူး။ ေဒသခံေလာက္ပဲသြားၾကေတာ့တာ” ဟု ၎ကဆိုသည္။ ဗ်တၱပန္းဆက္လမ္းကမူ ယင္းလမ္းမ်ားတြင္ တစ္မ်ိဳးတစ္ဘာသာျဖစ္သည္။ ယင္း လမ္းကို ေဒသခံတို႔က အေျခအေနသိေသာ္လည္း ခရီးသြားမ်ားက လမ္းအေျခအေနမသိေသာအခါ အသုံး ျပဳမိလွ်င္ ဖမ္းဆီးခံရျခင္းမ်ိဳးရွိသည္။ ပုံမွန္အားျဖင့္ ၿငိမ္သက္ေနတတ္ေသာ္လည္း PDF တို႔ ထြက္လာ သည္ႏွင့္တိုးလွ်င္ လူဖမ္းသြားတတ္သည္က မ်ားသည္။
“ဘုရားဖူးက လာလိုက္ၿပီဆိုရင္ Google Map ၾကည့္ၿပီးေတာ့ ျဖတ္ထြက္သြားတာေပါ့။ လြတ္ လာတဲ့သူေျပာတာေနာ္။ ဖမ္းထားတာ ေတာ္ေတာ္မ်ားတယ္ေျပာတယ္။ သူတို႔က ေဘးနား မိုင္းေထာင္ ထားတယ္၊ မ်က္လုံးစည္းထားတာေပါ့။ အဲဒီလို ဖမ္းထားတာ ေတာ္ေတာ္မ်ားတယ္ေျပာတယ္”ဟု ၎ က ဆိုသည္။ ယင္းသို႔ဖမ္းဆီးရာတြင္ မသကၤာမႈ၊ ျပန္ေပးေငြေတာင္းလိုမႈစသည္ျဖင့္ အေၾကာင္းျပခ်က္ မ်ားစြာျဖင့္ ျဖစ္ႏိုင္ေၾကာင္းလည္းသိရသည္။
“ေသခ်ာတာေတာ့ တပ္အသိုင္းအဝိုင္းကလည္း မသြားဘူး။ သြားမယ္ဆိုရင္ လမ္းေၾကာ ေကာင္း လား၊ မေကာင္းလား ဖုန္းနဲ႔ေထာက္ၿပီးေတာ့မွသြားတာ။ ဘုမသိ ဘမသိလူေတြပဲပါသြားတာ။ ကြၽန္ေတာ္ တို႔ဆိုရင္လည္း တစ္ေနရာသြားမယ္ဆိုရင္ လမ္းေၾကာေကာင္းလား မေကာင္းလား ဖုန္းနဲ႔ေမးၾကည့္တာ။ မသိတဲ့သူေတြခံရတာေပါ့”ဟု အျခားေဒသခံတစ္ဦးကဆိုသည္။
ပုပၸားသို႔သြားလိုသူမ်ားအေနျဖင့္ လက္ရွိတြင္ အဆင္ေျပဆုံးေသာလမ္းမွာ ပုပၸား-ေက်ာက္ပန္း ေတာင္း-ေညာင္ဦးလမ္းသာျဖစ္ၿပီး ယင္းလမ္းကိုသာ အသုံးျပဳေစလိုေၾကာင္းလည္း ၎ကအႀကံျပဳ သည္။
“ဗ်တၱပန္းဆက္လမ္းကို Google map ၾကည့္ ၿပီးမသြားသင့္ဘူး။ ဒါပါပဲ။ တခ်ိဳ႕က်ေတာ့လည္း ေျမပုံၾကည့္ၿပီး လမ္းကေကာင္းေနတယ္ဆို ပါသြားတာပဲ”ဟု ၎ကဆိုသည္။ ဗ်တၱပန္းဆက္လမ္း၏ အေျခအေနႏွင့္ပတ္သက္၍ ေဒသခံတစ္ဦးက NP News သို႔ေျပာၾကားထားဖူးရာတြင္ ယင္းလမ္း၏ အက္စ္ေကြ႕ေက်ာ္သည္ႏွင့္ အေျခအေနမေကာင္းျခင္းျဖစ္ေၾကာင္းသိရသည္။
“ပုပၸားေက်ာ္ၿပီးတာနဲ႔ အက္စ္ေကြ႕ဆိုတာရွိတယ္။ အက္စ္ေကြ႕ေက်ာ္သြားတာနဲ႔ ဆိုးသြားတာပဲ။ စက္စက္ယို႐ြာဘက္သြားတဲ့လမ္းလည္းရွိတယ္ေလ။ အဲဒီလမ္းေတြကဆိုးသြားတာ။ အဲဒီဘက္ကေနဆက္ သြားရင္ ငါ့သေရာက္တို႔ ဘာတို႔က ဆိုးသြားၿပီ”ဟု ေက်ာက္ပန္းေတာင္းေဒသခံကဆိုသည္။
ယင္းဗ်တၱပန္းဆက္လမ္းမွ ေျမာက္ဘက္တည့္တည့္ဆီတြင္ ငါ့သေရာက္၊ ဝဲေလာင္ စသည္ျဖင့္ PDF တို႔ရွိသည္ဟု နာမည္ေက်ာ္ေနရာမ်ားရွိေသာေၾကာင့္ ဗ်တၱပန္းဆက္လမ္းတြင္ျဖစ္ပြားတတ္ေသာ ျပန္ေပးဆြဲျဖစ္စဥ္မ်ားေနာက္တြင္ ယင္း ဝဲေလာင္ဘက္ မွ PDF တို႔လည္း ပါဝင္ေပလိမ့္မည္။ ထို႔ျပင္ တပ္ မေတာ္၏ထိုးစစ္မ်ားေၾကာင့္ ဆုတ္ခြာလာေသာ PDF တို႔မွာလည္း အဆိုပါေဒသမ်ားတြင္ရွိေနေၾကာင္း သိရသည္။
“ဟိုဘက္က ေတာင္သာတို႔၊ ႏြားထိုးတို႔၊ ငါန္း ဇြန္တို႔ ဟိုဘက္ဟာေတြေလ အဲဒီဘက္က ဧရာဝတီ ျမစ္အစုန္ဘက္ေပါ့။ အဲဒီဘက္မွာက ဝင္လာလိုက္ ေပ်ာက္သြားလိုက္ ျဖစ္ေနတာ။ ဟိုဘက္ကူးလိုက္ရင္ လည္း ေျမာင္တို႔၊ ျမင္းမူတို႔ ေရာက္သြားတာ”ဟု ၎ကဆိုသည္။ တစ္ဖန္ ပုပၸားေတာင္မႀကီးဘက္တြင္ လည္း ျပန္ေပးဆြဲ၊ လူဖမ္းျခင္း ျဖစ္စဥ္အခ်ိဳ႕ရွိေနရာ ဗ်တၱပန္းဆက္လမ္းသည္ ယခုအခါ မသြားသင့္ေသာ လမ္းပိုင္းမ်ားအနက္ တစ္ေနရာျဖစ္ေနေလၿပီ။
“ေတာက္ေလွ်ာက္ေတာ့ ေပ်ာက္ေနတာ။ တခ်ိဳ႕ကလည္း ႀကိတ္ၿပီးရွာတာ။ လိုင္းေပၚဖြမွ ျပန္ လႊတ္မယ္ လို႔ယူဆတဲ့သူေတြကလည္း လိုင္းေပၚေရးၿပီး လြတ္ဖို႔ ႀကိဳးစားတာေပါ့။ တခ်ိဳ႕ကလည္း လိုင္း ေပၚဖြရင္ ျပန္မလႊတ္တာလည္းရွိတယ္။ ေတာင္သာလမ္းကလည္း အရင္ကလည္း ေပ်ာက္တယ္။ အခုေတာ့ အဲဒီလမ္း မသြားၾကေတာ့ဘူး”ဟု ၎ကဆိုသည္။

Related news

© 2021. All rights reserved.