ရန်ကုန်မြို့ရှိ ဖင်လန်နိုင်ငံသံရုံးကို လာမည့် (၂၈)ရက်မှ စတင် ပိတ်သိမ်းမည်

402
Pearl (NP News) - ဖေဖော်ဝါရီ ၂၄
ရန်ကုန်မြို့ရှိ ဖင်လန်နိုင်ငံသံရုံးသည် ဖေဖော်ဝါရီလ ၂၈ ရက်မှ စတင်၍ ပိတ်သိမ်းမည် ဖြစ်ကြောင်း သံရုံးက အသိပေးထားသည်။
ကောင်စစ်ဝန်ဆောင်မှုများ၊ ပတ်စ်ပို့၊ နေထိုင်ခွင့် လျှောက်လွှာဆိုင်ရာ နိူတြီထောက်ခံလက်မှတ်များအပါအဝင် ကောင်စစ်ဆိုင်ရာအလုပ်များအားလုံးကို ဘန်ကောက်မြို့ရှိ ဖင်လန်သံရုံးမှ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
ဗီဇာနှင့်သက်ဆိုင်သောဝန်ဆောင်မှု့များအတွက်ဂျာမနီနိုင်ငံက ကိုယ်စားပြုလုပ်ဆောင်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။
အခြားကိစ္စရပ်များနှင့် ပတ်သက်၍ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ တောင်အာရှနှင့် တောင်အရှေ့အာရှဆိုင်ရာဌာနကိုဆက်သွယ်နိုင်ကြောင်းလည်း အသိပေးထားသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်လမ်းပေါ်ရှိ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးကို လာမည့် (၂၀၂၆)နှစ်ကုန်တွင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
Zawgyi Version:
ရန္ကုန္ၿမိဳ႕ရွိ ဖင္လန္ႏိုင္ငံသံ႐ုံးကို လာမည့္ ၂၈ရက္မွ စတင္ ပိတ္သိမ္းမည္
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၄
ရန္ကုန္ၿမိဳ႕ရွိ ဖင္လန္ႏိုင္ငံသံ႐ုံးသည္ ေဖေဖာ္ဝါရီလ ၂၈ ရက္မွ စတင္၍ ပိတ္သိမ္းမည္ ျဖစ္ေၾကာင္း သံ႐ုံးက အသိေပးထားသည္။
ေကာင္စစ္ဝန္ေဆာင္မႈမ်ား၊ ပတ္စ္ပို႔၊ ေနထိုင္ခြင့္ ေလွ်ာက္လႊာဆိုင္ရာ ႏိူႀတီေထာက္ခံလက္မွတ္မ်ားအပါအဝင္ ေကာင္စစ္ဆိုင္ရာအလုပ္မ်ားအားလုံးကို ဘန္ေကာက္ၿမိဳ႕ရွိ ဖင္လန္သံ႐ုံးမွ ေဆာင္႐ြက္ေပးမည္ ျဖစ္ေၾကာင္း သိရသည္။
ဗီဇာႏွင့္သက္ဆိုင္ေသာဝန္ေဆာင္မႈ႕မ်ားအတြက္ဂ်ာမနီႏိုင္ငံက ကိုယ္စားျပဳလုပ္ေဆာင္ေပးမည္ျဖစ္ေၾကာင္းလည္း သိရသည္။
အျခားကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ဖင္လန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ေတာင္အာရွႏွင့္ ေတာင္အေရွ႕အာရွဆိုင္ရာဌာနကိုဆက္သြယ္ႏိုင္ေၾကာင္းလည္း အသိေပးထားသည္။
အလားတူ ရန္ကုန္တိုင္းေဒသႀကီး၊ ျပည္လမ္းေပၚရွိ ျမန္မာႏိုင္ငံဆိုင္ရာ ဒိန္းမတ္သံ႐ုံးကို လာမည့္ (၂၀၂၆)ႏွစ္ကုန္တြင္ ပိတ္သိမ္းသြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။