မြစ်ကြီးနား လေဆိပ်အား ပုံမှန်အတိုင်း ပျံသန်းပြေးဆွဲနိုင်ရေး ဆောင်ရွက်နေ

260

ထိုက်စံ (NP News)- ဖေဖော်ဝါရီ ၂၄
မြစ်ကြီးနား လေဆိပ်အား အများပြည်သူခရီးသွားလာရေးနှင့်ကုန်စည် စီးဆင်းမှုမြန်ဆန်စေရေးတို့အတွက် လေယာဉ်ပျံသန်းပြေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
KIA နှင့် PDF ပူးေပါင်း အဖွဲ့မှ ပြီးခဲ့သည့်(ဖေဖော်ဝါရီလ ၂၀ ရက်)က မြစ်ကြီးနားလေဆိပ်အား တိုက်ခိုက်ခဲ့သဖြင့် လေဆိပ်ရှိ လေယာဉ်ရပ်နားနေရာ(apron) အနည်းငယ်ပျက်စီးခဲ့ကြောင်းသိရသည်။
ထို့ကြောင့် မြစ်ကြီးနားလေဆိပ်၏ လေယာဉ်ပျံသန်းပြေးဆွဲမှုများအား ခေတ္တရပ်နားထားရန် လေယာဉ်မှူး အသိပေးစာ (NOTAM)အား ထုတ်ပြန်ထားခဲ့ကြောင်းလည်း သိရသည်။
လက်ရှိတွင် အများပြည်သူခရီးသွားလာရေးနှင့်ကုန်စည် စီးဆင်းမှုမြန်ဆန်စေရေးတို့အတွက် ပုံမှန်အတိုင်းလေယာဉ်ပျံသန်းပြေးဆွဲနိုင်ရေး အမြန်ဆောင်ရွက် လျက်ရှိကြောင်းလည်း အသိပေးထားသည်။
တိုက်ခိုက်ခံရမှုကြောင့် မြန်မာ အမျိုးသား လေကြောင်းလိုင်း(MNA) မှ ATR-72-600 အမျိုးအစား ခရီးသည်တင်လေယာဉ် မှာ ခေါင်းပိုင်း၊ ကိုယ်ထည် အလယ်ပိုင်းနှင့် နောက်မြီးပိုင်းတို့တွင် ဗုံးစထိမှန်၍ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ရေးနှင့်မသက်ဆိုင်သည့် အများပြည်သူသွားလာရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး အတွက် များစွာအထောက်အကူပြုသော အရပ်ဘက်လေကြောင်းလိုင်းအား ရည်ရွယ်ချက်ရှိစွာဖြင့် တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေ လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ျမစ္ႀကီးနား ေလဆိပ္အား ပုံမွန္အတိုင္း ပ်ံသန္းေျပးဆြဲႏိုင္ေရး ေဆာင္႐ြက္ေန
ထိုက္စံ (NP News)- ေဖေဖာ္ဝါရီ ၂၄
ျမစ္ႀကီးနား ေလဆိပ္အား အမ်ားျပည္သူခရီးသြားလာေရးႏွင့္ကုန္စည္ စီးဆင္းမႈျမန္ဆန္ေစေရးတို႔အတြက္ ေလယာဥ္ပ်ံသန္းေျပးဆြဲႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕၏ ထုတ္ျပန္ခ်က္အရသိရသည္။
KIA ႏွင့္ PDF ပူးေပါင္း အဖြဲ႕မွ ၿပီးခဲ့သည့္(ေဖေဖာ္ဝါရီလ ၂၀ ရက္)က ျမစ္ႀကီးနားေလဆိပ္အား တိုက္ခိုက္ခဲ့သျဖင့္ ေလဆိပ္ရွိ ေလယာဥ္ရပ္နားေနရာ(apron) အနည္းငယ္ပ်က္စီးခဲ့ေၾကာင္းသိရသည္။
ထို႔ေၾကာင့္ ျမစ္ႀကီးနားေလဆိပ္၏ ေလယာဥ္ပ်ံသန္းေျပးဆြဲမႈမ်ားအား ေခတၱရပ္နားထားရန္ ေလယာဥ္မႉး အသိေပးစာ (NOTAM)အား ထုတ္ျပန္ထားခဲ့ေၾကာင္းလည္း သိရသည္။
လက္ရွိတြင္ အမ်ားျပည္သူခရီးသြားလာေရးႏွင့္ကုန္စည္ စီးဆင္းမႈျမန္ဆန္ေစေရးတို႔အတြက္ ပုံမွန္အတိုင္းေလယာဥ္ပ်ံသန္းေျပးဆြဲႏိုင္ေရး အျမန္ေဆာင္႐ြက္ လ်က္ရွိေၾကာင္းလည္း အသိေပးထားသည္။
တိုက္ခိုက္ခံရမႈေၾကာင့္ ျမန္မာ အမ်ိဳးသား ေလေၾကာင္းလိုင္း(MNA) မွ ATR-72-600 အမ်ိဳးအစား ခရီးသည္တင္ေလယာဥ္ မွာ ေခါင္းပိုင္း၊ ကိုယ္ထည္ အလယ္ပိုင္းႏွင့္ ေနာက္ၿမီးပိုင္းတို႔တြင္ ဗုံးစထိမွန္၍ ထိခိုက္ပ်က္စီးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ စစ္ေရးႏွင့္မသက္ဆိုင္သည့္ အမ်ားျပည္သူသြားလာေရးႏွင့္ ကုန္စည္စီးဆင္းမႈ ျမန္ဆန္ေစေရး အတြက္ မ်ားစြာအေထာက္အကူျပဳေသာ အရပ္ဘက္ေလေၾကာင္းလိုင္းအား ရည္႐ြယ္ခ်က္ရွိစြာျဖင့္ တိုက္ခိုက္ျခင္းသည္ ဂ်ီနီဗာကြန္ဗန္းရွင္းမ်ားႏွင့္ အျပည္ျပည္ဆိုင္ရာ ဥပေဒတို႔အရ စစ္ရာဇဝတ္မႈ (War Crime)ကို က်ဴးလြန္ျခင္းျဖစ္သည့္အတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္ နယ္ေျမ လုံၿခဳံေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းထုတ္ျပန္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။