ရုရှားကို နယ်မြေဆိုင်ရာ လိုက်လျောမှုတွေ လုပ်ပေးမှာမဟုတ်ဘူးလို့ ယူကရိန်းသမ္မတပြော

404

Pika (NP News) - ဖေဖော်ဝါရီ ၂၅
ရုရှားဆီမှာ ဆုံးရှုံးခဲ့ရတဲ့ ယူကရိန်းဒေသဟောင်းတွေအပေါ် နယ်မြေပိုင်ဆိုင်မှုတောင်းဆိုချက်တွေကို ယူကရိန်းက ဘယ်တော့မှလိုက်လျောမှာမဟုတ်ကြောင်းနဲ့ အနာဂါတ်မှာ အဲဒီဒေသတွေကို ပြန်လည်သိမ်းပိုက်သွားမယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒွန်းဘက်စ်ဒေသကနေ တပ်ဖွဲ့တွေရုတ်သိမ်းဖို့ တောင်းဆိုချက်တွေကို ဇီလန်စကီးက ထပ်မံငြင်းဆန်ပယ်ချခဲ့တယ် လို့လည်း သိရပါတယ်။
ဒါ့ပြင် ယူကရိန်းထိန်းချုပ်မှုအောက်မှာရှိနေတဲ့ဒွန်းဘက်စ်ဒေသရဲ့ဧရိယာတွေကနေ တပ်ဖွဲတွေ ရုတ်သိမ်းဖို့နဲ့ ပတ်သက်ပြီး ငြင်းဆိုမှုတွေကို ဇီလန်စကီးက ဘီဘီစီနဲ့အင်တာဗျူးတစ်ခုအတွင်းမှာ ထပ်မံပြောကြားခဲ့တယ်လို့ လည်း သိရပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေ ရုတ်သိမ်းရေးက ရုရှားရဲ့အဓိကတောင်းဆိုချက်တွေထဲက တစ်ခုဖြစ်ပြီး ရုရှားနဲ့ယူကရိန်းကြား အမေရိကန်ကြားဝင်ညှိနှိုင်းပေးနေတဲ့လက်ရှိပြုလုပ်နေတဲ့ဆွေးနွေးပွဲတွေရဲ့အဓိကပြဿနာတစ်ခုဖြစ်တယ်လို့ လည်း သိရပါတယ်။ ဒါ့ပြင် ရုရှားထံဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေအားလုံးကို ပြန်လည်ရယူဖို့ ယူကရိန်းနိုင်ငံက ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။
ဇီလန်စကီးက “နယ်မြေတွေပြန်လည်သိမ်းယူနိုင်ဖို့ ကျွန်တော်တို့ဆက်လက်လုပ်ဆောင်သွားမှာပါ။ ဒါက လုံးဝ သိသာရှင်းလင်းတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။ ဒါတွေအားလုံးဖြစ်မြောက်ဖို့ အချိန်ကာလတစ်ခုပဲလိုတာပါ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
႐ုရွားကို နယ္ေျမဆိုင္ရာ လိုက္ေလ်ာမႈေတြ လုပ္ေပးမွာမဟုတ္ဘူးလို႔ ယူကရိန္းသမၼတေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၅
႐ုရွားဆီမွာ ဆုံးရႈံးခဲ့ရတဲ့ ယူကရိန္းေဒသေဟာင္းေတြအေပၚ နယ္ေျမပိုင္ဆိုင္မႈေတာင္းဆိုခ်က္ေတြကို ယူကရိန္းက ဘယ္ေတာ့မွလိုက္ေလ်ာမွာမဟုတ္ေၾကာင္းနဲ႔ အနာဂါတ္မွာ အဲဒီေဒသေတြကို ျပန္လည္သိမ္းပိုက္သြားမယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဒြန္းဘက္စ္ေဒသကေန တပ္ဖြဲ႕ေတြ႐ုတ္သိမ္းဖို႔ ေတာင္းဆိုခ်က္ေတြကို ဇီလန္စကီးက ထပ္မံျငင္းဆန္ပယ္ခ်ခဲ့တယ္ လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ယူကရိန္းထိန္းခ်ဳပ္မႈေအာက္မွာရွိေနတဲ့ဒြန္းဘက္စ္ေဒသရဲ႕ဧရိယာေတြကေန တပ္ဖြဲေတြ ႐ုတ္သိမ္းဖို႔နဲ႔ ပတ္သက္ၿပီး ျငင္းဆိုမႈေတြကို ဇီလန္စကီးက ဘီဘီစီနဲ႔အင္တာဗ်ဴးတစ္ခုအတြင္းမွာ ထပ္မံေျပာၾကားခဲ့တယ္လို႔ လည္း သိရပါတယ္။
ယူကရိန္းတပ္ဖြဲ႕ေတြ ႐ုတ္သိမ္းေရးက ႐ုရွားရဲ႕အဓိကေတာင္းဆိုခ်က္ေတြထဲက တစ္ခုျဖစ္ၿပီး ႐ုရွားနဲ႔ယူကရိန္းၾကား အေမရိကန္ၾကားဝင္ညႇိႏႈိင္းေပးေနတဲ့လက္ရွိျပဳလုပ္ေနတဲ့ေဆြးေႏြးပြဲေတြရဲ႕အဓိကျပႆနာတစ္ခုျဖစ္တယ္လို႔ လည္း သိရပါတယ္။ ဒါ့ျပင္ ႐ုရွားထံဆုံးရႈံးခဲ့ရတဲ့ နယ္ေျမေတြအားလုံးကို ျပန္လည္ရယူဖို႔ ယူကရိန္းႏိုင္ငံက ဆက္လက္လုပ္ေဆာင္ေနတယ္လို႔လည္း ဇီလန္စကီးက ေျပာၾကားခဲ့ပါတယ္။
ဇီလန္စကီးက “နယ္ေျမေတြျပန္လည္သိမ္းယူႏိုင္ဖို႔ ကြၽန္ေတာ္တို႔ဆက္လက္လုပ္ေဆာင္သြားမွာပါ။ ဒါက လုံးဝ သိသာရွင္းလင္းတဲ့အခ်က္တစ္ခုပဲျဖစ္ပါတယ္။ ဒါေတြအားလုံးျဖစ္ေျမာက္ဖို႔ အခ်ိန္ကာလတစ္ခုပဲလိုတာပါ” လို႔ ေျပာခဲ့ပါတယ္။