တရုတ်က နျူကလီးယားလက်နက်တိုက်ကို သိသိသာသာချဲ့ထွင်နေတယ်လို့ အမေရိကန်ပြော

220

Pika (NP News) - ဖေဖော်ဝါရီ ၂၅
တရုတ်နိုင်ငံက ၎င်းရဲ့နျူကလီးယားလက်နက်တိုက်ကို သိသိသာသာချဲ့ထွင်နေတယ်လို့ အမေရိကန်အစိုးရက စွပ်စွဲ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် တရုတ်က နျူကလီးယားစမ်းသပ်မှုတွေကို လျှို့ဝှက်လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေကို အမေရိကန်က မြှင့်တင်ခဲ့ပြီး အနာဂါတ်လက်နက်ထိန်းချုပ်ရေးစာချုပ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ဖို့ ထပ်မံတောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။
နျူကလီးယားအင်အားကြီးနိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ ရုရှားတို့ကြား ချုပ်ဆိုထားတဲ့ New START စာချုပ်က ယခုလအစောပိုင်းမှာ သက်တမ်းကုန်ဆုံးသွားခဲ့ပြီးနောက် အမေရိကန်ဘက်က ယခုလိုမျိုးပြောဆိုချက်တွေ ဆက်တိုက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရုရှား-အမေရိကန်-တရုတ် သုံးပွင့်ဆိုင်စာချုပ်အသစ်တစ်ခုအတွက် ဆွေးနွေးညှိနှိုင်းမှုတွေမှာ ပါဝင်ဖို့ တောင်းဆိုမှုတွေကို တရုတ်အစိုးရက လူသိရှင်ကြားပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။ လက်နက် ထိန်းချုပ်ရေးနှင့် မပြန့်ပွားရေးဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Christopher Yeaw က “တရုတ်နိုင်ငံက ရည်ရွယ်ချက်ရှိရှိနဲ့ကန့်သတ်ချက်မရှိဘဲ ၎င်းရဲ့နျူကလီးယားလက်နက်တိုက်ကို သိသိသာသာ ချဲ့ထွင်မှုတွေ လုပ်ဆောင်နေပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
တ႐ုတ္က န်ဴကလီးယားလက္နက္တိုက္ကို သိသိသာသာခ်ဲ႕ထြင္ေနတယ္လို႔ အေမရိကန္ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၅
တ႐ုတ္ႏိုင္ငံက ၎ရဲ႕န်ဴကလီးယားလက္နက္တိုက္ကို သိသိသာသာခ်ဲ႕ထြင္ေနတယ္လို႔ အေမရိကန္အစိုးရက စြပ္စြဲ ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ တ႐ုတ္က န်ဴကလီးယားစမ္းသပ္မႈေတြကို လွ်ိဳ႕ဝွက္လုပ္ေဆာင္ခဲ့တယ္ဆိုတဲ့ စြပ္စြဲေျပာဆိုခ်က္ေတြကို အေမရိကန္က ျမႇင့္တင္ခဲ့ၿပီး အနာဂါတ္လက္နက္ထိန္းခ်ဳပ္ေရးစာခ်ဳပ္ရဲ႕ တစ္စိတ္တစ္ပိုင္းအျဖစ္ ပါဝင္ဖို႔ ထပ္မံေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
န်ဴကလီးယားအင္အားႀကီးႏိုင္ငံႏွစ္ႏိုင္ငံျဖစ္တဲ့ အေမရိကန္နဲ႔ ႐ုရွားတို႔ၾကား ခ်ဳပ္ဆိုထားတဲ့ New START စာခ်ဳပ္က ယခုလအေစာပိုင္းမွာ သက္တမ္းကုန္ဆုံးသြားခဲ့ၿပီးေနာက္ အေမရိကန္ဘက္က ယခုလိုမ်ိဳးေျပာဆိုခ်က္ေတြ ဆက္တိုက္ထြက္ေပၚလာတာျဖစ္ပါတယ္။
ဒါေပမယ့္လည္း ႐ုရွား-အေမရိကန္-တ႐ုတ္ သုံးပြင့္ဆိုင္စာခ်ဳပ္အသစ္တစ္ခုအတြက္ ေဆြးေႏြးညႇိႏႈိင္းမႈေတြမွာ ပါဝင္ဖို႔ ေတာင္းဆိုမႈေတြကို တ႐ုတ္အစိုးရက လူသိရွင္ၾကားပယ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။ လက္နက္ ထိန္းခ်ဳပ္ေရးႏွင့္ မျပန႔္ပြားေရးဆိုင္ရာ အေမရိကန္ လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး Christopher Yeaw က “တ႐ုတ္ႏိုင္ငံက ရည္႐ြယ္ခ်က္ရွိရွိနဲ႔ကန႔္သတ္ခ်က္မရွိဘဲ ၎ရဲ႕န်ဴကလီးယားလက္နက္တိုက္ကို သိသိသာသာ ခ်ဲ႕ထြင္မႈေတြ လုပ္ေဆာင္ေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။