ပုဂ္ဂလိကကျောင်းပညာရေးနဲ့ မြန်မာ့အနာဂတ် (၂) "ကျောင်းကပေးတဲ့အမှတ်စာရင်းတွေကို မျက်စိမှိတ်ပြီး မယုံပါနဲ့"

981

စော (NP News) - ဖေဖော်ဝါရီလ ၂၅
နိုင်ငံတော်အစိုးရအနေဖြင့် ပုဂ္ဂလိက ပညာရေးနှင့်ပတ်သက်၍ အရည်အသွေးပြည့်မီအောင် မြှင့်တင်မှုများရှိသော်လည်း ပညာရေးဝန်ကြီးဌာနမှ အောက်ခြေဝန်ထမ်းများ၏ အကျင့်ပျက်ခြစားမှုများ၊ စီးပွားရေးသမားများမှ စီးပွားရေးဆန်ဆန် ဆောင်ရွက်လာမှုများကို ပုဂ္ဂလိကကျောင်း မှ ကျောင်းအုပ်ကြီးတစ်ဦးက NP News မှတစ်ဆင့် အကြံပြုဆွေးနွေးထားသည်ကို ဖော်ပြလိုက်ပါသည်။
မေး။ ။ ဆရာတို့ကျတော့ အစိုးရကျောင်းနဲ့အတူတူ ယှဉ်တက်တာလား။
ဆွေးနွေးဖော်။ ။ ကျွန်တော်တို့ကျတော့ အတူတူယှဉ် တက်ရတာ။
မေး ။ ။ သူတို့ကျောင်းချင်းကျတော့မတူနိုင်ဘူးလား။
ဆွေးနွေးဖော်။ ။ International School ဆိုတော့ ကျောင်းချင်းကျတော့မတူနိုင်ဘူး။ ကျောင်းကွာတယ် လေ။ နိုင်ငံအလိုက်ကွာတယ်။ ကျောင်းအလိုက်ကွာ တယ်။ အဲဒီလိုရှိတယ်။ ကျွန်တော်တို့ကျတော့ Grade 5 , Grade 9 , Grade 12 အဲဒီမှာ အစိုးရကနေ Test လုပ်တာ။ အခြေခံပညာဦးစီးဌာနကနေ စစ်တာ အစိုးရ စစ်လို့ပြောတာပေါ့။ Grade 5 ကကျတော့ ခရိုင်စစ် စစ်တာ။ ခရိုင်ပညာရေးမှူးတွေကဦးစီးပြီးတော့ မေးခွန်း ထုတ်တယ်၊ ဆောင်ရွက်တယ်။ Grade 9 ကျတော့ ရန် ကုန်တိုင်းပညာရေးမှူးတွေက မေးခွန်းထုတ်တယ်။ စိစစ် ပြီးတော့အတန်းတင်တယ်။ Grade 12 ကျတော့ မြန်မာ နိုင်ငံစာစစ်အဖွဲ့ကနေပြီးတော့ နိုင်ငံတော်အဆင့် အဲဒီက နေသွားတယ်။ အဲဒီအတွက် အလယ်မှာတော့ ခါး ကြောတွေရှိတာပေါ့။ နောက်ဆုံးကျမှ Final မှာ ဘာ ပြန်လုပ်လဲဆိုတဲ့အခါကျတော့ Grade 12 ကျမှပဲ။ တက္ကသိုလ်အဆင့်မြင့်ပညာကိုသွားသင့်မသွားသင့် ဆုံးဖြတ်ပြီးတော့လုပ်တာပေါ့။ အဲဒီမှာထွက်လာတဲ့အ မှတ်တွေကလည်း Grade တင်တဲ့အမှတ်တွေပေါ်မူတည်ပြီးတော့ပဲ မေဂျာတွေခွဲပြီးတော့အရင်အတိုင်းပါပဲ။
မေး။ ။ ဆရာတို့တာဝန်က ဒီ Grade တွေကို ကိုယ့် ကလေးတွေ ကောင်းကောင်းဖြတ်သန်းနိုင်အောင်၊ အောင်မြင်နိုင်အောင် သင်ရတာပေါ့။
ဆွေးနွေးဖော်။ ။ သင်တာပေါ့။ နှစ်အလိုက် A တွေ များတာပေါ့။ ဗူ(ဗ)လို့ခေါ်တာပေါ့။ ခြောက်ဘာသာ ဆို ခြောက်ဘာသာလုံး All(A)ရအောင် ဖိဖိစီးစီး တော့သင်ပါတယ်။ တကယ်လုပ်တဲ့ကျောင်းတွေတော့ အများစုပါပဲ။ ဒါကတော့ (၈၀)ရာခိုင်နှုန်းလုပ်ကြတယ်။ (၂၀) ရာခိုင်နှုန်းကတော့ Business ဆန်ဆန်လုပ်ကြ တယ်။ ဒါကို ကျောင်းသားမိဘက သေချာမသိဘူး။ ကျောင်းတစ်ကျောင်းအပ်ချင်ရင် အဲဒီကွန့်မန့်လေး ကြိုက်လို့မှတ်ထားတယ်။ ကျောင်းတစ်ကျောင်းအပ် ချင်ရင် ဒါတွေကိုစဉ်းစားသင့်တယ်၊ လေလာ့သင့်တယ် ဆိုပြီးတော့ပေါ့။ နံပါတ်တစ်က ဆရာ၊ ဆရာမ အရည် အသွေး၊ အရည်အချင်း၊ ပေးရတဲ့လစာ သက်သာဖို့အ တွက် ဘွဲ့မရသေးတဲ့ အသံထွက်(Phonics) တောင် မမှန်တဲ့၊ သင်ကြားမှုအတွေ့အကြုံလုံးဝမရှိတဲ့သူတွေ ကို ခန့်ထားတတ်ပါတယ်။ အဲဒီလို ဆရာအသစ်တွေကို နည်းစနစ်တကျ Training မပေးဘဲနဲ့ စာသင်ခန်းထဲ လွှတ်လိုက်တဲ့အခါမှာ ကလေးတွေရဲ့သင်ယူမှုက ထိ ရောက်မှုမရှိတော့ဘူး။ နံပါတ်(၂)က ကျောင်းရဲ့စနစ်။မသင်တတ်တဲ့လူတွေကိုခန့်ထားခဲ့လို့ စာမေးပွဲနားနီးမှ မေးခွန်းသုံးစုံလောက်ထုတ်ပေးတယ်။ အဲဒီထဲကနေ စာမေးပွဲပြန်မေးတယ်။ ကျောင်းသားကျောင်းသူက ဘာမှမဖြေနိုင်ရင်တောင် မိဘတွေအတွက် စိတ်ကျေ နပ်ဖို့ အမှတ်ခြစ်တဲ့နေရာမှာကြံဖန်ပြီးတော့အနည်းဆုံး B Grade လောက်ပေးလိုက်တယ်။ အဖြေလွှာ တောင် လာမတောင်းနဲ့မပြဘူးပေါ့။ ဒါပေမဲ့ ဒါကတော့ ပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ပါ။ ကျောင်းနေ လည်းပျော်၊ စာလည်းတော်ဆိုတဲ့ဆိုရိုးစကားအတိုင်း စာမတတ်တော့လည်း တော်ရုံ ပေါက်အောင်လုပ်ပြီးပြီ မို့ ကျောင်းနေပျော်ဖို့ စာကို ဖိဖိစီးစီးသင်မနေတော့ဘဲ ကစားနည်းမျိုးစုံနဲ့အချိန်ဖြုန်းနေကြတယ်။ ကလေး တွေပျော်တယ်လေ။ ကျောင်းသွားဖို့ဆို တက်တက်ကြွ ကြွရှိတယ်။ မိဘက သဘောကျတာပေါ့။ နံပါတ်(၃)အမှတ်စာရင်း။ အတန်းကြီးကျောင်းသားတွေမှာ ဘာ သာရပ်တစ်ခုလောက်မှာ ရမှတ်ကို ဆွဲတင်မရဘဲ (၄၀)၊ (၅၀)၊ (၆၀)နဲ့ပေးမယ်။ ကျန် ဘာသာရပ်မှာ အမှတ်(၉၀)ကျော်လောက်ပေးထားပြီး ကလေးက တော်နေတာပဲလို့ မိဘက ထင်ရောင်ထင်မှားဖြစ် အောင်လုပ်ထားတာမျိုးပါ။ ကလေးက စာမေးပွဲရမှတ် နည်းလွန်းလို့ ကျောင်းနာမည်ပျက်မှာစိုးလို့ ဆရာမ ကိုယ်တိုင်က အဖြေပြောပြပြီး စာရွက်သစ်ထဲမှာ ပြန် ဖြေခိုင်းတာမျိုးလည်းရှိတယ်။ မိဘတွေကတော့ အဲဒီ အကြောင်းဘယ်သိကြမလဲ။ စာမရရင် အဖြေပေးတာ မျိုး၊ ဖိအားပေးစာကျက်ခိုင်းတာမျိုးကို မိဘတွေဘက် က Complain တွေတက်လာမှာစိုးတဲ့အတွက် ဆရာ၊ ဆရာမက စာမလုပ်ဘဲ လွှတ်ထားလိုက်တာမျိုးရှိပါ တယ်။ အဲဒီလိုဂျင်းကျောင်းတွေက ကလေးက မူလ တန်း၊ အလယ်တန်းမှာ အမှတ်ကောင်းပြီး စာမေးပွဲ အောင်လာပေမယ့် အခြေခံ အမှန်တကယ်ပါမလာ တော့ အတန်းကြီးချိန် ဒါမှမဟုတ် တက္ကသိုလ်ဝင်တန်း ချိန် နောက်ဆုံးကျမှ ကျောင်းထွက် အဲဒါပဲအဖတ်တင် တော့တာပဲ။ ဂျင်းတွေကို မိဘများ သိသင့်နေပြီထင်ပါ တယ်၊ အကြံပြုသင့်နေပြီထင်ပါတယ်။ ကျောင်းက ပေးတဲ့အမှတ်စာရင်းတွေကို မျက်စိမှိတ်ပြီးမယုံပါနဲ့။ဒါတွေကလည်း ဆရာမတွေလုပ်တတ်တဲ့ဟာမျိုးပေါ့။ မိမိကလေးရဲ့ အခြေခံအရည်အချင်းရှိမရှိကို ကျောင်း ပြင်ပမှာရှိတဲ့ တခြား ဆရာ၊ ဆရာမတွေနဲ့ ပွင့်ပွင့်လင်း လင်း စုံစမ်းကြည့်ပါ။ ကျောင်းအပ်မယ်ဆိုရင် သူတို့မိဘတွေကိုအကြုံပြုတဲ့ဟာပေါ့။ ကလေးကို ကျောင်း မှာ ဘယ်လိုသင်လဲ။ ဘယ်ဆရာက ဘယ်လိုသင်လဲဆို တာကို အမြဲမေးမြန်းပါ။ ကျွန်တော်တို့ဆိုရင် အမြဲ တမ်းကို မိဘကို Report လုပ်တဲ့ဟာရှိတယ်။ ငါ ဒါ သင်ပြီးသွားပြီ လက်မှတ်ပြန်ထိုး ပြန်လုပ်ခိုင်းတယ်။ အဲဒါကို သူတို့ပြောတာ အမှတ်ကောင်းရုံနဲ့ကျေနပ် မနေဘဲ ကလေးရဲ့နားလည်နိုင်စွမ်းရည်၊ ကလေးရဲ့ ကျွမ်းကျင်မှုစကေးကို အဓိက စစ်ဆေးကြည့်ပါ။ ကျောင်းသားဟောင်းတွေ မိဘအသိုင်းအဝိုင်းထံမှ Background ကိုစုံစမ်းပါ။ ကျောင်းကပြတဲ့ကြော်ငြာ တွေကိုပဲယုံကြည်မနေဘဲ တချို့တွေဘာလုပ်တယ်။ ဥပမာ ကြားဖြတ်ပြောတာ International School သူ ဆိုပြီးလုပ်တယ်။ သူရထားတဲ့လိုင်စင်က ကိုယ်ပိုင် ကျောင်းပဲ။ ဒါပေမဲ့ သူက International School လို့ကြေညာတယ်။ International Schoolယောင် ယောင် ခုနက Cambridge ကဘာသာနဲ့သင်။ မြန် မာသင်ရိုးလည်းသင်ဆိုတော့ ကလေးက ဘာလုပ်ရလဲ ဆိုတော့ ဒီဘက်ကသင်ရိုးကိုလည်း သင်ရတယ်။ ဒီဘက်က International School ဆိုတဲ့ဟာလေး လည်းသင်ရတဲ့အခါကျတော့ ရှင်းရှင်းပြောရရင် မနိုင် တဲ့ဝန်ထမ်းနေရတာ။ Output ကျတော့ ဘာရလဲဆို ရင် အဆင်မပြေမှုတွေရှိလာတယ်။ မြန်မာသင်ရိုး လည်း ပီပီပြင်ပြင်ရလားဆိုရင် မရဘူး။ International School ရဲ့သင်ရိုးညွှန်းတမ်းလည်း ပီပီပြင်ပြင်ရ လားဆိုရင် မရဘူး။ သို့သော် နိုင်ငံတော်က အမှန်တ ကယ်ချပေးလိုက်တဲ့ဟာကတော့ သင်ရိုးညွှန်းတမ်း သည် မြန်မာသင်ရိုးနဲ့အညီလုပ်ဖို့အတွက် လိုင်စင်ချ ပေးလိုက်တာ ကြေညာလိုက်တဲ့အခါကျတော့ ဂျင်း တွေနဲ့ကြော်ငြာတဲ့အခါကျတော့ မိဘတွေက ဟုတ်နိုး နိုးနဲ့ သွားပြီးလုပ်တဲ့အခါကျတော့ ပြဿာနာတွေတက် ရော။
မေး။ ။ ကလေးတွေ တော်တော်နစ်နာတာပေါ့။
ဆွေးနွေးဖော်။ ။ ဒါပေါ့။ တော်တော်နစ်နာတာ။ ဂျင်း ပညာရေးပြောတာ ဂျင်းထည့်ခြင်းခံနေရတာ။ အဲဒီအ တွက် အဲဒီလိုလုပ်တာကိုလည်း သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးတွေ၊ ခရိုင်ပညာရေးမှူးတွေ၊ တိုင်းပညာ ရေးမှူးတွေက စိစစ်သင့်တယ်။ International School သူ မဟုတ်ဘဲနဲ့ International Schoolလို့ ပြောပြီးတော့ မြန်မာသင်ရိုးနဲ့တွဲပြီးတော့လုပ်နေတဲ့ အခါကျတော့ ကလေးနစ်နာတယ်။ ဘာကိုမှ မတတ် လာဘူး။ ဝန်လည်းပိုပိတယ်။ အဲဒီတော့ ဘာလုပ်ရလဲ ဆိုရင် ကလေးမိဘတွေက ကျူရှင်ပြန်ခေါ်ရရော။ ကျူရှင်တက်ရရော၊ ကျူရှင်ပြန်ခေါ်ပြီး Guide ပါ ပြန် ခေါ်ရရော။
မေး။ ။ ဒီလိုတွေကျောင်းတက်ပြီး ကျူရှင်တွေ၊ Guide တွေ ပြန်ယူနေရတယ်ဆိုတော့။
ဆွေးနွေးဖော်။ ။ အဲဒီတော့ ကလေးတွေအများကြီး နစ်နာတယ်။
မေး။ ။အဲဒီလိုဆရာပြောတဲ့ မြို့နယ်၊ ခရိုင်၊ တိုင်း ပညာရေးမှူးသည်လည်း Qualify မဖြစ်တဲ့လူတွေ ဖြစ်တာပေါ့။
ဆွေးနွေးဖော် ။ ။ Qualify မဟုတ်ဘူး။ သေချာ Care လုပ်ပြီး မစစ်ဆေးတာ။
မေး။ ။ သူတို့ကိုယ်တိုင်ကကော သေချာစစ်ဆေးနိုင် တဲ့အရည်အချင်းရှိလို့လား။
ဆွေးနွေးဖော်။ ။ Quality ကတော့ရှိတယ်။ သူတို့အ သက်အရွယ်နဲ့ အတွေ့အကြုံကတော့ရှိတယ် မသုံး တာ။ တချို့က ဘာလုပ်လဲဆိုတော့ တိုင်မှလုပ်တယ်။ ဘယ်သူက တိုင်မှာတုံး။ ကျွန်တော့်ကိုကြည့် ဘယ်သူ ကတိုင်မှာတုံး။ သိနေတာပဲ။ ဝန်ကြီးနဲ့တွေ့ရင်တော့ ပြောတယ်နော်။ ဝန်ကြီးက အင်းဆိုပြီး နားထောင်ပြီး ပြီးသွားတာပဲ။ တကယ် Action တွေမလာဘူး။ ဒါ တစ်ပိုင်းနော်။ နောက် အစိုးရကျောင်းတွေမှာ ဘာ တွေဖြစ်နေလဲဆိုရင် ကျောင်းတွေမှာ အစိုးရကျောင်း က ကလေးတွေသွားကြရော။ အဲဒီကလေးတွေက ဘယ်မှာလဲဆိုတော့ ကျောင်းမှာတော့ တကယ် စာကို မသင်တာ။ ဒါကသိတဲ့အတိုင်းပဲ ကိုယ့်သားသမီးထား ကြည့်လိုက်။ စာအုပ်ကိုကြည့်လိုက် တကယ် တတ်မ တတ်၊ တကယ်စာပါ မပါ သိလိမ့်မယ်။ တတ်ချင်ရင် ငါ့ဆီလာ ငါ့ဆီလာဆိုပြီး ဝိုင်းဖွဲ့လိုက်တယ်။ ဝိုင်းဆို တာ လေး၊ ငါး၊ ခြောက်ယောက်ဝိုင်းမဟုတ်ဘူး။ ကျူ ရှင်ဆန်ဆန်ဝိုင်းတာ။ ကျူရှင်ဆန်ဆန်ဝိုင်းပြီးတော့ အဲဒီဆရာမက ဘာလုပ်လဲဆိုရင် အိမ်ပေးရင် အဲဒီ ကလေးအတွက် လစာမယူဘူး။ အတန်းပိုင်လည်းဖြစ် တဲ့အခါကျတော့ အလယ်တန်းတို့၊ မူလတန်းတို့၊ အထက်တန်းတို့ သူတို့အတန်းပိုင်ဖြစ်တဲ့အခါကျ တော့ ကိုယ့်သား၊ သမီးများ မျက်နှာငယ်သွားမလား ဆိုပြီး အခန်းတွေပေး၊ ပြီးတော့ အဲဒီမှာရှိတဲ့ဆရာမ တွေစု၊ ပြီးရင် ဘာသာရပ်ပေါင်းစုံ စုပြီးတော့ ကျူရှင် လုပ်နေကြတယ်။ ဟိုမှာက ကျောင်းကြီး၊ ဒီမှာက ကျောင်းသေး။ ကျောင်းကြီးမှာ စာမသင်ဘူး။ တတ် ချင်ရင်ငါ့ဆီလာခဲ့ဆိုပြီးသင်ကြတယ်။ အဲဒီကျူရှင် တွေလုပ်ကြရော။ အဲဒီမှာ ကလေးတွေဘာဖြစ်လဲဆို တော့ ပြောချင်တဲ့သဘောက အခုခေတ်ကျမှ ရန်တွေ ဖြစ်ကြရော။ ရှင်းရှင်းပြောရရင် ပေါင်းစုံတတ်တယ်။ ဆေးလိပ်တို့၊ ကွမ်းတို့၊ ရန်ဖြစ်တာတို့၊ Fb သုံးပြီးတော့ နင်ဘာလဲ ငါဘာလဲတို့၊ ပန်းခြံတွေ သွားတာတို့၊ မဖွယ်မရာလုပ်ကြတာတို့ အဲဒါတွေဖြစ်ပြီးတော့ ကျူ ရှင်သွားကြရော။ ကျူရှင်မှာရော ဆရာ၊ ဆရာမတွေက ဘာကြောင့် ဒီကလေးတွေကို Carefully နဲ့ " အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီး ကာ သင့်ရာအပ်ပို့ " ဘာကြောင့်မလုပ်လဲ။ အဲဒီအခါကျ တော့ သူ့ရဲ့လာဘ် လာဘရှိတယ်လေ။ ဆူလိုက်ရင်...။ ဒါပေမဲ့ ဆရာတစ်ယောက်ရဲ့ ဂုဏ်သိက္ခာတွေ၊ Ethic တွေရှိတယ်။ အဲဒါနဲ့အညီ မဆုံးမတော့ဘူး။ မဆုံးမတဲ့ အခါကျတော့ ရန်တွေဖြစ်ကြ ပြုကြ ဟဲ့ဟဲ့ မလုပ်နိုင် တော့ဘူး။ ပညာရေးကဘာဖြစ်လဲဆိုတော့ စောနက ပြောသလိုပေါ့။ သူ့လက်ညှိုးထိုး၊ ကိုယ့် လက်ညှိုးထိုး နဲ့ပဲ အပြစ်တွေပြောကြပြီး သံသရာလည်နေတာ။ အခု ဆိုရင် နိုင်ငံတော်အစိုးရအနေနဲ့ ကျောင်းတွေ အများ ကြီးဆောက်ပေးတယ်။ အသစ်တွေဆောက်ပေး သေချာလုပ်ပေးတယ်။ ကိုယ်ပိုင်ကျောင်းထက်တောင် ကျောင်းတွေကောင်းတယ်နော်။ ကျောင်းအဆောက် အအုံတွေ အရမ်းကောင်းတယ်။ ဒါပေမဲ့ အခွံကြီးဖြစ် နေတယ်။ အဲဒီမှာရှိတဲ့ဝန်ထမ်းတွေက အကျင့်တွေ ပျက်နေကြတယ်။ ကျောင်းအုပ်ဆရာမကြီးတွေ မသိဘူးလားဆိုတော့ သိတယ်။ ဒါလေး ဆရာမကြီးကိုကန်တော့တယ်ဆိုပြီးလုပ်လိုက်ရင် ဆရာမကြီး လည်း ပါးစပ်တွေပိတ်လို့။ မြို့နယ်ပညာရေးမှူးလည်း ပါးစပ်တွေပိတ်လို့။ တိုင်းပညာရေးမှူးက ပါးစပ်တွေ ပိတ်လို့။ တိုင်းပညာရေးမှူးက ဘာတွေလုပ်လဲဆိုရင် အဲဒီအဆောက်အအုံတွေဆောက်တယ်မလား။ အဲဒီ အဆောက်အအုံတွေရဲ့ အာရကေပဲဆောက်နေတာ ကျောင်းတွေရဲ့၊ ကိုယ်ပိုင်ကျောင်းတွေရဲ့ အာရကေ တွေမမျှော်တော့ဘူး။ ဘယ်မျှော်မလဲ ပါးပါးလေးရမှာ လေ။ တစ်သိန်း၊ နှစ်သိန်းရမှာလေ။ အဆောက်အအုံ ကန်ထရိုက်တွေဆီကရမှာက ရာနဲ့ထောင်နဲ့ချီပြီး ရမှာ လေ။ အဲဒီလိုမျိုး ဆင့်ကဲဆင့်ကဲတွေ ခြစားမှုတွေဖြစ် နေတာ။ ပညာရေးမှာ ခြစားမှုဖြစ်ရင် သွားပြီပေါ့။ ကြီး လာရင် သူတို့လည်း အဲဒီလိုလုပ်စားမယ်ဆိုတဲ့စနစ်က ဖြစ်လာရော။ (၁၉၈၀)ပြည့်နှစ်ကစလာတဲ့ စနစ်တစ်ခု လို့မပြောခဲ့ဘူးလား။ ခု ဆရာမတွေ ကျောင်းကိုဝင် တယ်ဆိုရင် ဘာလုပ်လဲ အာရကေရဖို့ ကျူရှင်သင်ဖို့ အကောက်ခွန်သွားတယ်။ အကောက်ခွန်က အပြင် အခွန်ရဖို့စဉ်းစားတယ်။ ဘဏ်သွားရင်လည်း ဘဏ် ကနေ အောက်တိုးရဖို့စဉ်းစားတယ်။ လုံခြုံရေးဆို လည်း သူခိုးလို့ရမှ သူဝင်တယ်။ အဲဒီလိုဖြစ်နေတာ တိုင်းပြည်က။
မေး။ ။ ပညာရေးဝန်ကြီးဌာနမှာ ဟိုးထိပ်ဆုံးကနေ အောက်ဆုံးထိ အကျင့်ပျက်ခြစားမှုတွေဖြစ်နေတာပေါ့။
ဆွေးနွေးဖော်။ ။ အများကြီးပဲ။ အဲဒါက ပညာရေးဝန် ကြီးဌာနမှ မဟုတ်ဘူး။ အဲဒါကိုဘယ်လိုခေါ်လဲဆိုတော့ ဗျူရိုကရေစီလို့ခေါ်မှာပေါ့။ ဝန်ကြီးဌာနတိုင်းမှာ သူက ဝန်ကြီး၊ ဒုဝန်ကြီး၊ ညွှန်ချုပ်အောက် ူနလနူ လောက် မှာ သူတို့ကလည်ပတ်နေတာ။ ကြိုက်သလောက် အပေါ်က ခေါင်းပေါင်းကိုထိုင်ပြောင်းနေ။ ဘယ်သူ လာလာ။ ဘယ်သူမှမတတ်ဘူးလေ။ မတတ်တဲ့လူတွေ လာလို့ ဒီလုပ်ငန်းစဉ်ကိုသူတို့ဆီကပဲသင်ယူရတာ။ သူတို့က သင်တော့သင်ပေးတယ်။ ခိုးနည်းပဲသင်ပေး တာ။ ဒါကြောင့် အတူတူပဲဖြစ်နေတာ။ အဲဒီတော့ ဝန် ကြီးဌာနတိုင်းမှာ ဗျူရိုကရေစီယန္တရားကြီးက နေရာ တိုင်းမှာ ဆောက်ထားသလိုဖြစ်နေပြီးတော့ အွန်လိုင်း လိမ်လည်မှုလိုမျိုးပဲ စနစ်တစ်ခုကို မဖျက်ဆီးနိုင်သ ရွေ့ ကြိုက်သလောက်လူဖမ်း ဘယ်တော့မှ လိမ်လည် မှုက ပျောက်မှာမဟုတ်ဘူးလေ။ စနစ်တစ်ခုတည် ဆောက်ထားတာကို ဒီလူတွေအကုန် ခေါင်းဆောင် ဖမ်းလည်း ခေါင်းဆောင်ပြောင်းမှာပဲ။ အလုပ်သမား ဖမ်းလည်း အလုပ်သမားပြောင်းသွားရုံပဲရှိမှာ။ ဒီစနစ် ကြီးကို ပျက်သွားအောင်ဖျက်နိုင်မှရမှာ။ သူတို့လည်း အဲဒီလိုဖြစ်နေတာ။ အဲဒီစနစ်ကြီးတစ်ခုက အပေါ်နဲ့ အောက်နဲ့ကိုချိတ်ပြီးတော့ လည်ပေးနေတာ။ အောက် ကကောင်တွေက ခိုး အပေါ်ကကောင်တွေကိုထောက် ပံ့။ ဒါကြီးက ဘာကြောင့်ဖြစ်ပေါ်လဲဆိုရင် တက်လာတဲ့ ပြည်သူ့ကိုယ်စားလှယ်ရွေးတာ တက်လာပြီ။ လွှတ် တော်မှာစကားပြောကြမယ်။ ကျွန်တော်တို့က ပညာ ရေးနဲ့ပတ်သက်ပြီး မေးခွန်းမေးပြီပေါ့။ လာရှင်းဆိုရင် ဘယ်သူလာရှင်းလဲ။ ဝန်ကြီး။ ဝန်ကြီးက ဘယ်သူ့ရေး ခိုင်းလဲ။ ညွှန်ချုပ်။ ညွှန်ချုပ်သည်အမြဲတမ်းဝန်ထမ်း ဖြစ်နေတယ်။ အဲဒီဝန်ထမ်းကလည်း သူခိုးတွေ အောက်ကနေပြန်ရေးခိုင်းတော့ စာသားက ဘယ်စာ သားထွက် ဒီစာသားတွေချည်းပဲ ဒါပဲ။ လွှတ်တော်မှာ လည်း အဲဒီပြဿာနာတွေချည်းပဲ။
မေး။ ဒီလွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင်ကိုက ကိုယ့်ကဏ္ဍမှာ ကိုယ်ပညာရှင် မဖြစ်ထားတော့လည်း ဟိုကဖြေတဲ့ဟာကို ဟုတ်ပါတယ်ပဲပေါ့။
ဆွေးနွေးဖော်။ ဟုတ်ပါတယ်ပဲ သူတို့က ပြန်ပြောရ တာပေါ့။
(ရှေ့တစ်ပတ်ဆက်ရန်)

Zawgyi Version;
ပုဂၢလိကေက်ာင္းပညာေရးနဲ႔ ျမန္မာ့အနာဂတ္ (၂) "ေက်ာင္းကေပးတဲ့အမွတ္စာရင္းေတြကို မ်က္စိမွိတ္ၿပီး မယုံပါနဲ႔"
ေစာ (NP News) - ေဖေဖာ္ဝါရီလ ၂၅
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ပုဂၢလိက ပညာေရးႏွင့္ပတ္သက္၍ အရည္အေသြးျပည့္မီေအာင္ ျမႇင့္တင္မႈမ်ားရွိေသာ္လည္း ပညာေရးဝန္ႀကီးဌာနမွ ေအာက္ေျခဝန္ထမ္းမ်ား၏ အက်င့္ပ်က္ျခစားမႈမ်ား၊ စီးပြားေရးသမားမ်ားမွ စီးပြားေရးဆန္ဆန္ ေဆာင္႐ြက္လာမႈမ်ားကို ပုဂၢလိကေက်ာင္း မွ ေက်ာင္းအုပ္ႀကီးတစ္ဦးက NP News မွတစ္ဆင့္ အႀကံျပဳေဆြးေႏြးထားသည္ကို ေဖာ္ျပလိုက္ပါသည္။
ေမး။ ။ ဆရာတို႔က်ေတာ့ အစိုးရေက်ာင္းနဲ႔အတူတူ ယွဥ္တက္တာလား။
ေဆြးေႏြးေဖာ္။ ။ ကြၽန္ေတာ္တို႔က်ေတာ့ အတူတူယွဥ္ တက္ရတာ။
ေမး ။ ။ သူတို႔ေက်ာင္းခ်င္းက်ေတာ့မတူႏိုင္ဘူးလား။
ေဆြးေႏြးေဖာ္။ ။ International School ဆိုေတာ့ ေက်ာင္းခ်င္းက်ေတာ့မတူႏိုင္ဘူး။ ေက်ာင္းကြာတယ္ ေလ။ ႏိုင္ငံအလိုက္ကြာတယ္။ ေက်ာင္းအလိုက္ကြာ တယ္။ အဲဒီလိုရွိတယ္။ ကြၽန္ေတာ္တို႔က်ေတာ့ Grade 5 , Grade 9 , Grade 12 အဲဒီမွာ အစိုးရကေန Test လုပ္တာ။ အေျခခံပညာဦးစီးဌာနကေန စစ္တာ အစိုးရ စစ္လို႔ေျပာတာေပါ့။ Grade 5 ကက်ေတာ့ ခ႐ိုင္စစ္ စစ္တာ။ ခ႐ိုင္ပညာေရးမႉးေတြကဦးစီးၿပီးေတာ့ ေမးခြန္း ထုတ္တယ္၊ ေဆာင္႐ြက္တယ္။ Grade 9 က်ေတာ့ ရန္ ကုန္တိုင္းပညာေရးမႉးေတြက ေမးခြန္းထုတ္တယ္။ စိစစ္ ၿပီးေတာ့အတန္းတင္တယ္။ Grade 12 က်ေတာ့ ျမန္မာ ႏိုင္ငံစာစစ္အဖြဲ႕ကေနၿပီးေတာ့ ႏိုင္ငံေတာ္အဆင့္ အဲဒီက ေနသြားတယ္။ အဲဒီအတြက္ အလယ္မွာေတာ့ ခါး ေၾကာေတြရွိတာေပါ့။ ေနာက္ဆုံးက်မွ Final မွာ ဘာ ျပန္လုပ္လဲဆိုတဲ့အခါက်ေတာ့ Grade 12 က်မွပဲ။ တကၠသိုလ္အဆင့္ျမင့္ပညာကိုသြားသင့္မသြားသင့္ ဆုံးျဖတ္ၿပီးေတာ့လုပ္တာေပါ့။ အဲဒီမွာထြက္လာတဲ့အ မွတ္ေတြကလည္း Grade တင္တဲ့အမွတ္ေတြေပၚမူတည္ၿပီးေတာ့ပဲ ေမဂ်ာေတြခြဲၿပီးေတာ့အရင္အတိုင္းပါပဲ။
ေမး။ ။ ဆရာတို႔တာဝန္က ဒီ Grade ေတြကို ကိုယ့္ ကေလးေတြ ေကာင္းေကာင္းျဖတ္သန္းႏိုင္ေအာင္၊ ေအာင္ျမင္ႏိုင္ေအာင္ သင္ရတာေပါ့။
ေဆြးေႏြးေဖာ္။ ။ သင္တာေပါ့။ ႏွစ္အလိုက္ A ေတြ မ်ားတာေပါ့။ ဗူ(ဗ)လို႔ေခၚတာေပါ့။ ေျခာက္ဘာသာ ဆို ေျခာက္ဘာသာလုံး All(A)ရေအာင္ ဖိဖိစီးစီး ေတာ့သင္ပါတယ္။ တကယ္လုပ္တဲ့ေက်ာင္းေတြေတာ့ အမ်ားစုပါပဲ။ ဒါကေတာ့ (၈၀)ရာခိုင္ႏႈန္းလုပ္ၾကတယ္။ (၂၀) ရာခိုင္ႏႈန္းကေတာ့ Business ဆန္ဆန္လုပ္ၾက တယ္။ ဒါကို ေက်ာင္းသားမိဘက ေသခ်ာမသိဘူး။ ေက်ာင္းတစ္ေက်ာင္းအပ္ခ်င္ရင္ အဲဒီကြန႔္မန႔္ေလး ႀကိဳက္လို႔မွတ္ထားတယ္။ ေက်ာင္းတစ္ေက်ာင္းအပ္ ခ်င္ရင္ ဒါေတြကိုစဥ္းစားသင့္တယ္၊ ေလလာ့သင့္တယ္ ဆိုၿပီးေတာ့ေပါ့။ နံပါတ္တစ္က ဆရာ၊ ဆရာမ အရည္ အေသြး၊ အရည္အခ်င္း၊ ေပးရတဲ့လစာ သက္သာဖို႔အ တြက္ ဘြဲ႕မရေသးတဲ့ အသံထြက္(Phonics) ေတာင္ မမွန္တဲ့၊ သင္ၾကားမႈအေတြ႕အႀကဳံလုံးဝမရွိတဲ့သူေတြ ကို ခန႔္ထားတတ္ပါတယ္။ အဲဒီလို ဆရာအသစ္ေတြကို နည္းစနစ္တက် Training မေပးဘဲနဲ႔ စာသင္ခန္းထဲ လႊတ္လိုက္တဲ့အခါမွာ ကေလးေတြရဲ႕သင္ယူမႈက ထိ ေရာက္မႈမရွိေတာ့ဘူး။ နံပါတ္(၂)က ေက်ာင္းရဲ႕စနစ္။မသင္တတ္တဲ့လူေတြကိုခန႔္ထားခဲ့လို႔ စာေမးပြဲနားနီးမွ ေမးခြန္းသုံးစုံေလာက္ထုတ္ေပးတယ္။ အဲဒီထဲကေန စာေမးပြဲျပန္ေမးတယ္။ ေက်ာင္းသားေက်ာင္းသူက ဘာမွမေျဖႏိုင္ရင္ေတာင္ မိဘေတြအတြက္ စိတ္ေက် နပ္ဖို႔ အမွတ္ျခစ္တဲ့ေနရာမွာႀကံဖန္ၿပီးေတာ့အနည္းဆုံး B Grade ေလာက္ေပးလိုက္တယ္။ အေျဖလႊာ ေတာင္ လာမေတာင္းနဲ႔မျပဘူးေပါ့။ ဒါေပမဲ့ ဒါကေတာ့ ပညာေရးဝန္ႀကီးဌာနရဲ႕ ၫႊန္ၾကားခ်က္ပါ။ ေက်ာင္းေန လည္းေပ်ာ္၊ စာလည္းေတာ္ဆိုတဲ့ဆို႐ိုးစကားအတိုင္း စာမတတ္ေတာ့လည္း ေတာ္႐ုံ ေပါက္ေအာင္လုပ္ၿပီးၿပီ မို႔ ေက်ာင္းေနေပ်ာ္ဖို႔ စာကို ဖိဖိစီးစီးသင္မေနေတာ့ဘဲ ကစားနည္းမ်ိဳးစုံနဲ႔အခ်ိန္ျဖဳန္းေနၾကတယ္။ ကေလး ေတြေပ်ာ္တယ္ေလ။ ေက်ာင္းသြားဖို႔ဆို တက္တက္ႂကြ ႂကြရွိတယ္။ မိဘက သေဘာက်တာေပါ့။ နံပါတ္(၃)အမွတ္စာရင္း။ အတန္းႀကီးေက်ာင္းသားေတြမွာ ဘာ သာရပ္တစ္ခုေလာက္မွာ ရမွတ္ကို ဆြဲတင္မရဘဲ (၄၀)၊ (၅၀)၊ (၆၀)နဲ႔ေပးမယ္။ က်န္ ဘာသာရပ္မွာ အမွတ္(၉၀)ေက်ာ္ေလာက္ေပးထားၿပီး ကေလးက ေတာ္ေနတာပဲလို႔ မိဘက ထင္ေရာင္ထင္မွားျဖစ္ ေအာင္လုပ္ထားတာမ်ိဳးပါ။ ကေလးက စာေမးပြဲရမွတ္ နည္းလြန္းလို႔ ေက်ာင္းနာမည္ပ်က္မွာစိုးလို႔ ဆရာမ ကိုယ္တိုင္က အေျဖေျပာျပၿပီး စာ႐ြက္သစ္ထဲမွာ ျပန္ ေျဖခိုင္းတာမ်ိဳးလည္းရွိတယ္။ မိဘေတြကေတာ့ အဲဒီ အေၾကာင္းဘယ္သိၾကမလဲ။ စာမရရင္ အေျဖေပးတာ မ်ိဳး၊ ဖိအားေပးစာက်က္ခိုင္းတာမ်ိဳးကို မိဘေတြဘက္ က Complain ေတြတက္လာမွာစိုးတဲ့အတြက္ ဆရာ၊ ဆရာမက စာမလုပ္ဘဲ လႊတ္ထားလိုက္တာမ်ိဳးရွိပါ တယ္။ အဲဒီလိုဂ်င္းေက်ာင္းေတြက ကေလးက မူလ တန္း၊ အလယ္တန္းမွာ အမွတ္ေကာင္းၿပီး စာေမးပြဲ ေအာင္လာေပမယ့္ အေျခခံ အမွန္တကယ္ပါမလာ ေတာ့ အတန္းႀကီးခ်ိန္ ဒါမွမဟုတ္ တကၠသိုလ္ဝင္တန္း ခ်ိန္ ေနာက္ဆုံးက်မွ ေက်ာင္းထြက္ အဲဒါပဲအဖတ္တင္ ေတာ့တာပဲ။ ဂ်င္းေတြကို မိဘမ်ား သိသင့္ေနၿပီထင္ပါ တယ္၊ အႀကံျပဳသင့္ေနၿပီထင္ပါတယ္။ ေက်ာင္းက ေပးတဲ့အမွတ္စာရင္းေတြကို မ်က္စိမွိတ္ၿပီးမယုံပါနဲ႔။ဒါေတြကလည္း ဆရာမေတြလုပ္တတ္တဲ့ဟာမ်ိဳးေပါ့။ မိမိကေလးရဲ႕ အေျခခံအရည္အခ်င္းရွိမရွိကို ေက်ာင္း ျပင္ပမွာရွိတဲ့ တျခား ဆရာ၊ ဆရာမေတြနဲ႔ ပြင့္ပြင့္လင္း လင္း စုံစမ္းၾကည့္ပါ။ ေက်ာင္းအပ္မယ္ဆိုရင္ သူတို႔မိဘေတြကိုအႀကဳံျပဳတဲ့ဟာေပါ့။ ကေလးကို ေက်ာင္း မွာ ဘယ္လိုသင္လဲ။ ဘယ္ဆရာက ဘယ္လိုသင္လဲဆို တာကို အၿမဲေမးျမန္းပါ။ ကြၽန္ေတာ္တို႔ဆိုရင္ အၿမဲ တမ္းကို မိဘကို Report လုပ္တဲ့ဟာရွိတယ္။ ငါ ဒါ သင္ၿပီးသြားၿပီ လက္မွတ္ျပန္ထိုး ျပန္လုပ္ခိုင္းတယ္။ အဲဒါကို သူတို႔ေျပာတာ အမွတ္ေကာင္း႐ုံနဲ႔ေက်နပ္ မေနဘဲ ကေလးရဲ႕နားလည္ႏိုင္စြမ္းရည္၊ ကေလးရဲ႕ ကြၽမ္းက်င္မႈစေကးကို အဓိက စစ္ေဆးၾကည့္ပါ။ ေက်ာင္းသားေဟာင္းေတြ မိဘအသိုင္းအဝိုင္းထံမွ Background ကိုစုံစမ္းပါ။ ေက်ာင္းကျပတဲ့ေၾကာ္ျငာ ေတြကိုပဲယုံၾကည္မေနဘဲ တခ်ိဳ႕ေတြဘာလုပ္တယ္။ ဥပမာ ၾကားျဖတ္ေျပာတာ International School သူ ဆိုၿပီးလုပ္တယ္။ သူရထားတဲ့လိုင္စင္က ကိုယ္ပိုင္ ေက်ာင္းပဲ။ ဒါေပမဲ့ သူက International School လို႔ေၾကညာတယ္။ International Schoolေယာင္ ေယာင္ ခုနက Cambridge ကဘာသာနဲ႔သင္။ ျမန္ မာသင္႐ိုးလည္းသင္ဆိုေတာ့ ကေလးက ဘာလုပ္ရလဲ ဆိုေတာ့ ဒီဘက္ကသင္႐ိုးကိုလည္း သင္ရတယ္။ ဒီဘက္က International School ဆိုတဲ့ဟာေလး လည္းသင္ရတဲ့အခါက်ေတာ့ ရွင္းရွင္းေျပာရရင္ မႏိုင္ တဲ့ဝန္ထမ္းေနရတာ။ Output က်ေတာ့ ဘာရလဲဆို ရင္ အဆင္မေျပမႈေတြရွိလာတယ္။ ျမန္မာသင္႐ိုး လည္း ပီပီျပင္ျပင္ရလားဆိုရင္ မရဘူး။ International School ရဲ႕သင္႐ိုးၫႊန္းတမ္းလည္း ပီပီျပင္ျပင္ရ လားဆိုရင္ မရဘူး။ သို႔ေသာ္ ႏိုင္ငံေတာ္က အမွန္တ ကယ္ခ်ေပးလိုက္တဲ့ဟာကေတာ့ သင္႐ိုးၫႊန္းတမ္း သည္ ျမန္မာသင္႐ိုးနဲ႔အညီလုပ္ဖို႔အတြက္ လိုင္စင္ခ် ေပးလိုက္တာ ေၾကညာလိုက္တဲ့အခါက်ေတာ့ ဂ်င္း ေတြနဲ႔ေၾကာ္ျငာတဲ့အခါက်ေတာ့ မိဘေတြက ဟုတ္ႏိုး ႏိုးနဲ႔ သြားၿပီးလုပ္တဲ့အခါက်ေတာ့ ျပႆာနာေတြတက္ ေရာ။
ေမး။ ။ ကေလးေတြ ေတာ္ေတာ္နစ္နာတာေပါ့။
ေဆြးေႏြးေဖာ္။ ။ ဒါေပါ့။ ေတာ္ေတာ္နစ္နာတာ။ ဂ်င္း ပညာေရးေျပာတာ ဂ်င္းထည့္ျခင္းခံေနရတာ။ အဲဒီအ တြက္ အဲဒီလိုလုပ္တာကိုလည္း သက္ဆိုင္ရာ ၿမိဳ႕နယ္ ပညာေရးမႉးေတြ၊ ခ႐ိုင္ပညာေရးမႉးေတြ၊ တိုင္းပညာ ေရးမႉးေတြက စိစစ္သင့္တယ္။ International School သူ မဟုတ္ဘဲနဲ႔ International Schoolလို႔ ေျပာၿပီးေတာ့ ျမန္မာသင္႐ိုးနဲ႔တြဲၿပီးေတာ့လုပ္ေနတဲ့ အခါက်ေတာ့ ကေလးနစ္နာတယ္။ ဘာကိုမွ မတတ္ လာဘူး။ ဝန္လည္းပိုပိတယ္။ အဲဒီေတာ့ ဘာလုပ္ရလဲ ဆိုရင္ ကေလးမိဘေတြက က်ဴရွင္ျပန္ေခၚရေရာ။ က်ဴရွင္တက္ရေရာ၊ က်ဴရွင္ျပန္ေခၚၿပီး Guide ပါ ျပန္ ေခၚရေရာ။
ေမး။ ။ ဒီလိုေတြေက်ာင္းတက္ၿပီး က်ဴရွင္ေတြ၊ Guide ေတြ ျပန္ယူေနရတယ္ဆိုေတာ့။
ေဆြးေႏြးေဖာ္။ ။ အဲဒီေတာ့ ကေလးေတြအမ်ားႀကီး နစ္နာတယ္။
ေမး။ ။အဲဒီလိုဆရာေျပာတဲ့ ၿမိဳ႕နယ္၊ ခ႐ိုင္၊ တိုင္း ပညာေရးမႉးသည္လည္း Qualify မျဖစ္တဲ့လူေတြ ျဖစ္တာေပါ့။
ေဆြးေႏြးေဖာ္ ။ ။ Qualify မဟုတ္ဘူး။ ေသခ်ာ Care လုပ္ၿပီး မစစ္ေဆးတာ။
ေမး။ ။ သူတို႔ကိုယ္တိုင္ကေကာ ေသခ်ာစစ္ေဆးႏိုင္ တဲ့အရည္အခ်င္းရွိလို႔လား။
ေဆြးေႏြးေဖာ္။ ။ Quality ကေတာ့ရွိတယ္။ သူတို႔အ သက္အ႐ြယ္နဲ႔ အေတြ႕အႀကဳံကေတာ့ရွိတယ္ မသုံး တာ။ တခ်ိဳ႕က ဘာလုပ္လဲဆိုေတာ့ တိုင္မွလုပ္တယ္။ ဘယ္သူက တိုင္မွာတုံး။ ကြၽန္ေတာ့္ကိုၾကည့္ ဘယ္သူ ကတိုင္မွာတုံး။ သိေနတာပဲ။ ဝန္ႀကီးနဲ႔ေတြ႕ရင္ေတာ့ ေျပာတယ္ေနာ္။ ဝန္ႀကီးက အင္းဆိုၿပီး နားေထာင္ၿပီး ၿပီးသြားတာပဲ။ တကယ္ Action ေတြမလာဘူး။ ဒါ တစ္ပိုင္းေနာ္။ ေနာက္ အစိုးရေက်ာင္းေတြမွာ ဘာ ေတြျဖစ္ေနလဲဆိုရင္ ေက်ာင္းေတြမွာ အစိုးရေက်ာင္း က ကေလးေတြသြားၾကေရာ။ အဲဒီကေလးေတြက ဘယ္မွာလဲဆိုေတာ့ ေက်ာင္းမွာေတာ့ တကယ္ စာကို မသင္တာ။ ဒါကသိတဲ့အတိုင္းပဲ ကိုယ့္သားသမီးထား ၾကည့္လိုက္။ စာအုပ္ကိုၾကည့္လိုက္ တကယ္ တတ္မ တတ္၊ တကယ္စာပါ မပါ သိလိမ့္မယ္။ တတ္ခ်င္ရင္ ငါ့ဆီလာ ငါ့ဆီလာဆိုၿပီး ဝိုင္းဖြဲ႕လိုက္တယ္။ ဝိုင္းဆို တာ ေလး၊ ငါး၊ ေျခာက္ေယာက္ဝိုင္းမဟုတ္ဘူး။ က်ဴ ရွင္ဆန္ဆန္ဝိုင္းတာ။ က်ဴရွင္ဆန္ဆန္ဝိုင္းၿပီးေတာ့ အဲဒီဆရာမက ဘာလုပ္လဲဆိုရင္ အိမ္ေပးရင္ အဲဒီ ကေလးအတြက္ လစာမယူဘူး။ အတန္းပိုင္လည္းျဖစ္ တဲ့အခါက်ေတာ့ အလယ္တန္းတို႔၊ မူလတန္းတို႔၊ အထက္တန္းတို႔ သူတို႔အတန္းပိုင္ျဖစ္တဲ့အခါက် ေတာ့ ကိုယ့္သား၊ သမီးမ်ား မ်က္ႏွာငယ္သြားမလား ဆိုၿပီး အခန္းေတြေပး၊ ၿပီးေတာ့ အဲဒီမွာရွိတဲ့ဆရာမ ေတြစု၊ ၿပီးရင္ ဘာသာရပ္ေပါင္းစုံ စုၿပီးေတာ့ က်ဴရွင္ လုပ္ေနၾကတယ္။ ဟိုမွာက ေက်ာင္းႀကီး၊ ဒီမွာက ေက်ာင္းေသး။ ေက်ာင္းႀကီးမွာ စာမသင္ဘူး။ တတ္ ခ်င္ရင္ငါ့ဆီလာခဲ့ဆိုၿပီးသင္ၾကတယ္။ အဲဒီက်ဴရွင္ ေတြလုပ္ၾကေရာ။ အဲဒီမွာ ကေလးေတြဘာျဖစ္လဲဆို ေတာ့ ေျပာခ်င္တဲ့သေဘာက အခုေခတ္က်မွ ရန္ေတြ ျဖစ္ၾကေရာ။ ရွင္းရွင္းေျပာရရင္ ေပါင္းစုံတတ္တယ္။ ေဆးလိပ္တို႔၊ ကြမ္းတို႔၊ ရန္ျဖစ္တာတို႔၊ Fb သုံးၿပီးေတာ့ နင္ဘာလဲ ငါဘာလဲတို႔၊ ပန္းၿခံေတြ သြားတာတို႔၊ မဖြယ္မရာလုပ္ၾကတာတို႔ အဲဒါေတြျဖစ္ၿပီးေတာ့ က်ဴ ရွင္သြားၾကေရာ။ က်ဴရွင္မွာေရာ ဆရာ၊ ဆရာမေတြက ဘာေၾကာင့္ ဒီကေလးေတြကို Carefully နဲ႔ " အတတ္လည္းသင္ ပဲ့ျပင္ဆုံးမ သိပၸမခ်န္ ေဘးရန္ဆီး ကာ သင့္ရာအပ္ပို႔ " ဘာေၾကာင့္မလုပ္လဲ။ အဲဒီအခါက် ေတာ့ သူ႔ရဲ႕လာဘ္ လာဘရွိတယ္ေလ။ ဆူလိုက္ရင္...။ ဒါေပမဲ့ ဆရာတစ္ေယာက္ရဲ႕ ဂုဏ္သိကၡာေတြ၊ Ethic ေတြရွိတယ္။ အဲဒါနဲ႔အညီ မဆုံးမေတာ့ဘူး။ မဆုံးမတဲ့ အခါက်ေတာ့ ရန္ေတြျဖစ္ၾက ျပဳၾက ဟဲ့ဟဲ့ မလုပ္ႏိုင္ ေတာ့ဘူး။ ပညာေရးကဘာျဖစ္လဲဆိုေတာ့ ေစာနက ေျပာသလိုေပါ့။ သူ႔လက္ညႇိဳးထိုး၊ ကိုယ့္ လက္ညႇိဳးထိုး နဲ႔ပဲ အျပစ္ေတြေျပာၾကၿပီး သံသရာလည္ေနတာ။ အခု ဆိုရင္ ႏိုင္ငံေတာ္အစိုးရအေနနဲ႔ ေက်ာင္းေတြ အမ်ား ႀကီးေဆာက္ေပးတယ္။ အသစ္ေတြေဆာက္ေပး ေသခ်ာလုပ္ေပးတယ္။ ကိုယ္ပိုင္ေက်ာင္းထက္ေတာင္ ေက်ာင္းေတြေကာင္းတယ္ေနာ္။ ေက်ာင္းအေဆာက္ အအုံေတြ အရမ္းေကာင္းတယ္။ ဒါေပမဲ့ အခြံႀကီးျဖစ္ ေနတယ္။ အဲဒီမွာရွိတဲ့ဝန္ထမ္းေတြက အက်င့္ေတြ ပ်က္ေနၾကတယ္။ ေက်ာင္းအုပ္ဆရာမႀကီးေတြ မသိဘူးလားဆိုေတာ့ သိတယ္။ ဒါေလး ဆရာမႀကီးကိုကန္ေတာ့တယ္ဆိုၿပီးလုပ္လိုက္ရင္ ဆရာမႀကီး လည္း ပါးစပ္ေတြပိတ္လို႔။ ၿမိဳ႕နယ္ပညာေရးမႉးလည္း ပါးစပ္ေတြပိတ္လို႔။ တိုင္းပညာေရးမႉးက ပါးစပ္ေတြ ပိတ္လို႔။ တိုင္းပညာေရးမႉးက ဘာေတြလုပ္လဲဆိုရင္ အဲဒီအေဆာက္အအုံေတြေဆာက္တယ္မလား။ အဲဒီ အေဆာက္အအုံေတြရဲ႕ အာရေကပဲေဆာက္ေနတာ ေက်ာင္းေတြရဲ႕၊ ကိုယ္ပိုင္ေက်ာင္းေတြရဲ႕ အာရေက ေတြမေမွ်ာ္ေတာ့ဘူး။ ဘယ္ေမွ်ာ္မလဲ ပါးပါးေလးရမွာ ေလ။ တစ္သိန္း၊ ႏွစ္သိန္းရမွာေလ။ အေဆာက္အအုံ ကန္ထ႐ိုက္ေတြဆီကရမွာက ရာနဲ႔ေထာင္နဲ႔ခ်ီၿပီး ရမွာ ေလ။ အဲဒီလိုမ်ိဳး ဆင့္ကဲဆင့္ကဲေတြ ျခစားမႈေတြျဖစ္ ေနတာ။ ပညာေရးမွာ ျခစားမႈျဖစ္ရင္ သြားၿပီေပါ့။ ႀကီး လာရင္ သူတို႔လည္း အဲဒီလိုလုပ္စားမယ္ဆိုတဲ့စနစ္က ျဖစ္လာေရာ။ (၁၉၈၀)ျပည့္ႏွစ္ကစလာတဲ့ စနစ္တစ္ခု လို႔မေျပာခဲ့ဘူးလား။ ခု ဆရာမေတြ ေက်ာင္းကိုဝင္ တယ္ဆိုရင္ ဘာလုပ္လဲ အာရေကရဖို႔ က်ဴရွင္သင္ဖို႔ အေကာက္ခြန္သြားတယ္။ အေကာက္ခြန္က အျပင္ အခြန္ရဖို႔စဥ္းစားတယ္။ ဘဏ္သြားရင္လည္း ဘဏ္ ကေန ေအာက္တိုးရဖို႔စဥ္းစားတယ္။ လုံၿခဳံေရးဆို လည္း သူခိုးလို႔ရမွ သူဝင္တယ္။ အဲဒီလိုျဖစ္ေနတာ တိုင္းျပည္က။
ေမး။ ။ ပညာေရးဝန္ႀကီးဌာနမွာ ဟိုးထိပ္ဆုံးကေန ေအာက္ဆုံးထိ အက်င့္ပ်က္ျခစားမႈေတြျဖစ္ေနတာေပါ့။
ေဆြးေႏြးေဖာ္။ ။ အမ်ားႀကီးပဲ။ အဲဒါက ပညာေရးဝန္ ႀကီးဌာနမွ မဟုတ္ဘူး။ အဲဒါကိုဘယ္လိုေခၚလဲဆိုေတာ့ ဗ်ဴ႐ိုကေရစီလို႔ေခၚမွာေပါ့။ ဝန္ႀကီးဌာနတိုင္းမွာ သူက ဝန္ႀကီး၊ ဒုဝန္ႀကီး၊ ၫႊန္ခ်ဳပ္ေအာက္ ူနလႏူ ေလာက္ မွာ သူတို႔ကလည္ပတ္ေနတာ။ ႀကိဳက္သေလာက္ အေပၚက ေခါင္းေပါင္းကိုထိုင္ေျပာင္းေန။ ဘယ္သူ လာလာ။ ဘယ္သူမွမတတ္ဘူးေလ။ မတတ္တဲ့လူေတြ လာလို႔ ဒီလုပ္ငန္းစဥ္ကိုသူတို႔ဆီကပဲသင္ယူရတာ။ သူတို႔က သင္ေတာ့သင္ေပးတယ္။ ခိုးနည္းပဲသင္ေပး တာ။ ဒါေၾကာင့္ အတူတူပဲျဖစ္ေနတာ။ အဲဒီေတာ့ ဝန္ ႀကီးဌာနတိုင္းမွာ ဗ်ဴ႐ိုကေရစီယႏၲရားႀကီးက ေနရာ တိုင္းမွာ ေဆာက္ထားသလိုျဖစ္ေနၿပီးေတာ့ အြန္လိုင္း လိမ္လည္မႈလိုမ်ိဳးပဲ စနစ္တစ္ခုကို မဖ်က္ဆီးႏိုင္သ ေ႐ြ႕ ႀကိဳက္သေလာက္လူဖမ္း ဘယ္ေတာ့မွ လိမ္လည္ မႈက ေပ်ာက္မွာမဟုတ္ဘူးေလ။ စနစ္တစ္ခုတည္ ေဆာက္ထားတာကို ဒီလူေတြအကုန္ ေခါင္းေဆာင္ ဖမ္းလည္း ေခါင္းေဆာင္ေျပာင္းမွာပဲ။ အလုပ္သမား ဖမ္းလည္း အလုပ္သမားေျပာင္းသြား႐ုံပဲရွိမွာ။ ဒီစနစ္ ႀကီးကို ပ်က္သြားေအာင္ဖ်က္ႏိုင္မွရမွာ။ သူတို႔လည္း အဲဒီလိုျဖစ္ေနတာ။ အဲဒီစနစ္ႀကီးတစ္ခုက အေပၚနဲ႔ ေအာက္နဲ႔ကိုခ်ိတ္ၿပီးေတာ့ လည္ေပးေနတာ။ ေအာက္ ကေကာင္ေတြက ခိုး အေပၚကေကာင္ေတြကိုေထာက္ ပံ့။ ဒါႀကီးက ဘာေၾကာင့္ျဖစ္ေပၚလဲဆိုရင္ တက္လာတဲ့ ျပည္သူ႔ကိုယ္စားလွယ္ေ႐ြးတာ တက္လာၿပီ။ လႊတ္ ေတာ္မွာစကားေျပာၾကမယ္။ ကြၽန္ေတာ္တို႔က ပညာ ေရးနဲ႔ပတ္သက္ၿပီး ေမးခြန္းေမးၿပီေပါ့။ လာရွင္းဆိုရင္ ဘယ္သူလာရွင္းလဲ။ ဝန္ႀကီး။ ဝန္ႀကီးက ဘယ္သူ႔ေရး ခိုင္းလဲ။ ၫႊန္ခ်ဳပ္။ ၫႊန္ခ်ဳပ္သည္အၿမဲတမ္းဝန္ထမ္း ျဖစ္ေနတယ္။ အဲဒီဝန္ထမ္းကလည္း သူခိုးေတြ ေအာက္ကေနျပန္ေရးခိုင္းေတာ့ စာသားက ဘယ္စာ သားထြက္ ဒီစာသားေတြခ်ည္းပဲ ဒါပဲ။ လႊတ္ေတာ္မွာ လည္း အဲဒီျပႆာနာေတြခ်ည္းပဲ။
ေမး။ ဒီလႊတ္ေတာ္ကိုယ္စားလွယ္ကိုယ္တိုင္ကိုက ကိုယ့္က႑မွာ ကိုယ္ပညာရွင္ မျဖစ္ထားေတာ့လည္း ဟိုကေျဖတဲ့ဟာကို ဟုတ္ပါတယ္ပဲေပါ့။
ေဆြးေႏြးေဖာ္။ ဟုတ္ပါတယ္ပဲ သူတို႔က ျပန္ေျပာရ တာေပါ့။
(ေရွ႕တစ္ပတ္ဆက္ရန္)