ဝယ်လိုအားများသော်လည်း တရားမဝင်တင်သွင်းမှုများကြောင့် ပြည်တွင်းထုတ် ဘလိတ်ဓားသွားဆူးကြိုး ထုတ်သူများ အထိနာ

495

ထိုက်စံ (NP News) - ဖေဖော်ဝါရီလ ၂၅
ဝယ်လိုအားများသော်လည်း တရားမဝင် တင်သွင်းမှုများကြောင့် ပြည်တွင်းထုတ် ဘလိတ်ဓား သွားဆူးကြိုး ထုတ်လုပ်သူများနှင့် တစ်ဆင့်ပြန်လည် ရောင်းချသူများအတွက် နစ်နာမှုများရှိနေကြောင်း လုပ်ငန်းရှင်များထံ မေးမြန်းထားချက်များအရသိရ သည်။
ဘလိတ်ဓားသွားဆူးကြိုးအပါအဝင် အိမ် လုံခြုံရေးအတွက် ခြံဝင်းတွင်တပ်ဆင်အသုံးပြုသော ပစ္စည်းများမှာ ဈေးကွက်ဝယ်လိုအားများပြားနေခြင်း ဖြစ်သော်လည်း ပြည်တွင်းထုတ်ပစ္စည်းများမှာမူ ရောင်းအားနှင့်ဝယ်လိုအား မျှတသည့်အခြေအနေသာ ရှိနေသည့်အပြင် အချို့မှာ အရှုံးနှင့်ရင်ဆိုင်နေရ ကြောင်းသိရသည်။ ပြီးခဲ့သည့် (၂၀၂၂)ခုနှစ်မှစတင် ၍ နိုင်ငံတော်မှ သွင်းကုန်လိုင်စင်လျှောက်ထားခြင်း၊ ပြည်ပမှ တင်သွင်းကုန်များကိုကန့်သတ်ထားခြင်း ကြောင့် လုပ်ငန်းရှင်အချို့မှာ ဘလိတ်ဆူးဓားများကို တရားမဝင်လမ်းကြောင်းမှတစ်ဆင့် တင်သွင်းမှုများရှိ နေကြောင်းသိရသည်။
" ကျွန်တော်တို့က နိုင်ငံတော်ကို ဆန့်ကျင် ပြီးတော့လုပ်ရမယ့်အလုပ် ဘာမှမလုပ်ဘူး။ လိုင်စင် တွေမရတည်းက သွင်းလည်းမသွင်းဘူး။ ကျွန်တော် တို့ ပြည်တွင်းမှာရှိတဲ့ ပြည်တွင်းကထွက်တဲ့စက်ရုံတွေ ကဝယ်ပြီးပဲရောင်းတာပေါ့။ တချို့က တရားမဝင်လမ်း ကြောင်းကနေသွင်းထားတာအများကြီးရှိတယ်။ လိုက် စစ်မယ်ဆိုလို့ရှိရင်လေ။ အခုလည်း ကျွန်တော်တို့ ဈေးကွက်မှာရှိနေတဲ့အခါကျတော့ ဘယ်သူတွေသွင်း လဲ ပြောပြလို့ရတယ်လေ။ တရားမဝင်လမ်းကြောင်းကနေသွင်းထားတဲ့ဟာတွေက။ တချို့က နည်းပေါင်း စုံကနေသွင်းကြတယ်။ နည်းပေါင်းစုံကနေပြီးတော့မှ။ အဓိကကတော့ ဒီလိုတရားမဝင်လမ်းကြောင်းကနေ သွင်းကြတဲ့အခါကျတော့ နိုင်ငံတော်ကနေရရှိမယ့် အခွန် မရရှိဘူး။ နစ်နာတယ်"ဟု လုပ်ငန်းရှင်တစ်ဦး ကပြောသည်။
ပြည်တွင်း၌ထုတ်လုပ်သည့် ဘလိတ်ဆူး ဓား၏ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက တရားမဝင်တင် သွင်းလာသည့် ဘလိတ်ဆူးဓားများအနေဖြင့် အရည် အသွေးနှင့် ဈေးနှုန်းကွာဟမှုများရှိကြောင်းသိရသည်။
" အဲဒီအခါမှာ ကျွန်တော်တို့က ဘာကြုံရ လဲဆိုတော့ ပြည်ပကတင်သွင်းတဲ့ပစ္စည်းတွေက Quality ကောင်းတယ်။ ကျွန်တော်တို့ ပြည်တွင်းက ထွက်တဲ့ပစ္စည်း Quality ကယှဉ်လို့မရတဲ့အတွက် ဈေးကွက်လိုအပ်ချက်အရ လိုအပ်လာတဲ့အခါမှာ ပြည်ပ ပစ္စည်းနဲ့ယှဉ်တဲ့အခါမှာ လူတွေက ပြည်ပ ပစ္စည်းတွေကိုပဲ ပိုပြီးဝယ်သုံးကြတယ်။ အဲဒီအတွက် ပြည်တွင်းမှာရှိတဲ့ ရိုးရိုးသားသားလုပ်တဲ့လုပ်ငန်းရှင် တွေက အရမ်းကိုနစ်နာနေရတယ်"ဟု ၎င်းကပြော သည်။ လက်ရှိတွင် ဘလိတ်ဆူးဓားများအပါအဝင် တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ကုန်စည်များတင် သွင်းနေမှုများကို တာဝန်ရှိသူများအနေဖြင့် ခေါ်ယူစစ်ဆေးမှုများရှိနေကြောင်းလည်း သိရသည်။

Zawgyi Version;
ဝယ္လိုအားမ်ားေသာ္လည္း တရားမဝင္တင္သြင္းမႈမ်ားေၾကာင့္ ျပည္တြင္းထုတ္ ဘလိတ္ဓားသြားဆူးႀကိဳး ထုတ္သူမ်ား အထိနာ
ထိုက္စံ (NP News) - ေဖေဖာ္ဝါရီလ ၂၅
ဝယ္လိုအားမ်ားေသာ္လည္း တရားမဝင္ တင္သြင္းမႈမ်ားေၾကာင့္ ျပည္တြင္းထုတ္ ဘလိတ္ဓား သြားဆူးႀကိဳး ထုတ္လုပ္သူမ်ားႏွင့္ တစ္ဆင့္ျပန္လည္ ေရာင္းခ်သူမ်ားအတြက္ နစ္နာမႈမ်ားရွိေနေၾကာင္း လုပ္ငန္းရွင္မ်ားထံ ေမးျမန္းထားခ်က္မ်ားအရသိရ သည္။
ဘလိတ္ဓားသြားဆူးႀကိဳးအပါအဝင္ အိမ္ လုံၿခဳံေရးအတြက္ ၿခံဝင္းတြင္တပ္ဆင္အသုံးျပဳေသာ ပစၥည္းမ်ားမွာ ေဈးကြက္ဝယ္လိုအားမ်ားျပားေနျခင္း ျဖစ္ေသာ္လည္း ျပည္တြင္းထုတ္ပစၥည္းမ်ားမွာမူ ေရာင္းအားႏွင့္ဝယ္လိုအား မွ်တသည့္အေျခအေနသာ ရွိေနသည့္အျပင္ အခ်ိဳ႕မွာ အရႈံးႏွင့္ရင္ဆိုင္ေနရ ေၾကာင္းသိရသည္။ ၿပီးခဲ့သည့္ (၂၀၂၂)ခုႏွစ္မွစတင္ ၍ ႏိုင္ငံေတာ္မွ သြင္းကုန္လိုင္စင္ေလွ်ာက္ထားျခင္း၊ ျပည္ပမွ တင္သြင္းကုန္မ်ားကိုကန႔္သတ္ထားျခင္း ေၾကာင့္ လုပ္ငန္းရွင္အခ်ိဳ႕မွာ ဘလိတ္ဆူးဓားမ်ားကို တရားမဝင္လမ္းေၾကာင္းမွတစ္ဆင့္ တင္သြင္းမႈမ်ားရွိ ေနေၾကာင္းသိရသည္။
" ကြၽန္ေတာ္တို႔က ႏိုင္ငံေတာ္ကို ဆန႔္က်င္ ၿပီးေတာ့လုပ္ရမယ့္အလုပ္ ဘာမွမလုပ္ဘူး။ လိုင္စင္ ေတြမရတည္းက သြင္းလည္းမသြင္းဘူး။ ကြၽန္ေတာ္ တို႔ ျပည္တြင္းမွာရွိတဲ့ ျပည္တြင္းကထြက္တဲ့စက္႐ုံေတြ ကဝယ္ၿပီးပဲေရာင္းတာေပါ့။ တခ်ိဳ႕က တရားမဝင္လမ္း ေၾကာင္းကေနသြင္းထားတာအမ်ားႀကီးရွိတယ္။ လိုက္ စစ္မယ္ဆိုလို႔ရွိရင္ေလ။ အခုလည္း ကြၽန္ေတာ္တို႔ ေဈးကြက္မွာရွိေနတဲ့အခါက်ေတာ့ ဘယ္သူေတြသြင္း လဲ ေျပာျပလို႔ရတယ္ေလ။ တရားမဝင္လမ္းေၾကာင္းကေနသြင္းထားတဲ့ဟာေတြက။ တခ်ိဳ႕က နည္းေပါင္း စုံကေနသြင္းၾကတယ္။ နည္းေပါင္းစုံကေနၿပီးေတာ့မွ။ အဓိကကေတာ့ ဒီလိုတရားမဝင္လမ္းေၾကာင္းကေန သြင္းၾကတဲ့အခါက်ေတာ့ ႏိုင္ငံေတာ္ကေနရရွိမယ့္ အခြန္ မရရွိဘူး။ နစ္နာတယ္"ဟု လုပ္ငန္းရွင္တစ္ဦး ကေျပာသည္။
ျပည္တြင္း၌ထုတ္လုပ္သည့္ ဘလိတ္ဆူး ဓား၏ေဈးႏႈန္းမ်ားႏွင့္ႏႈိင္းယွဥ္ပါက တရားမဝင္တင္ သြင္းလာသည့္ ဘလိတ္ဆူးဓားမ်ားအေနျဖင့္ အရည္ အေသြးႏွင့္ ေဈးႏႈန္းကြာဟမႈမ်ားရွိေၾကာင္းသိရသည္။
" အဲဒီအခါမွာ ကြၽန္ေတာ္တို႔က ဘာႀကဳံရ လဲဆိုေတာ့ ျပည္ပကတင္သြင္းတဲ့ပစၥည္းေတြက Quality ေကာင္းတယ္။ ကြၽန္ေတာ္တို႔ ျပည္တြင္းက ထြက္တဲ့ပစၥည္း Quality ကယွဥ္လို႔မရတဲ့အတြက္ ေဈးကြက္လိုအပ္ခ်က္အရ လိုအပ္လာတဲ့အခါမွာ ျပည္ပ ပစၥည္းနဲ႔ယွဥ္တဲ့အခါမွာ လူေတြက ျပည္ပ ပစၥည္းေတြကိုပဲ ပိုၿပီးဝယ္သုံးၾကတယ္။ အဲဒီအတြက္ ျပည္တြင္းမွာရွိတဲ့ ႐ိုး႐ိုးသားသားလုပ္တဲ့လုပ္ငန္းရွင္ ေတြက အရမ္းကိုနစ္နာေနရတယ္"ဟု ၎ကေျပာ သည္။ လက္ရွိတြင္ ဘလိတ္ဆူးဓားမ်ားအပါအဝင္ တရားမဝင္လမ္းေၾကာင္းမွတစ္ဆင့္ ကုန္စည္မ်ားတင္ သြင္းေနမႈမ်ားကို တာဝန္ရွိသူမ်ားအေနျဖင့္ ေခၚယူစစ္ေဆးမႈမ်ားရွိေနေၾကာင္းလည္း သိရသည္။