မြန်မာ့ ပဲ၊ ပြောင်း၊ နှမ်း ပြည်ပတင်ပို့မှုမှ ဒေါ်လာ (၂) ဘီလျံ ရရှိရန် မျှော်မှန်းထား

 368

သန့်ဇင် (NP News) - ဖေဖော်ဝါရီလ ၂၅

လက်ရှိဘဏ္ဍာနှစ်ဖြစ်သော (၂၀၂၅-၂၀၂၆)တွင် မြန်မာ့ ပဲ၊ ပြောင်း၊ နှမ်း ပြည်ပတင်ပို့မှုမှ ဒေါ်လာ(၂) ဘီလျံရရှိရန်မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ပဲ၊ ပြောင်း၊ နှမ်း ကုန်သည်များအသင်းဥက္ကဋ္ဌ ဦးအုန်းစိုင်းက NP News သို့ ပြောသည်။
ယခုဘဏ္ဍာနှစ် (၁၀)လအတွင်း ပြည်ပသို့ ပဲ၊ ပြောင်း၊ နှမ်း တန်ချိန် (၂)သန်းကျော် တင်ပို့ထားပြီးဖြစ်ကြောင်းသိရသည်။
မြန်မာ့ ပဲ၊ ပြောင်း၊ နှမ်းတင်ပို့မှုအတွင်း လက်ရှိဘဏ္ဍာနှစ်တွင် မြန်မာ့ပဲမျိုးစုံ တန်ချိန်(၁ ဒသမ ၈)သန်းကျော်တင်ပို့ရန်မျှော်မှန်းထားပြီး ပြောင်းတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ သန်း (၄၀ဝ)ကျော်ဖိုးတင်ပို့ထားကြောင်းသိရသည်။
" ကျွန်တော်တို့ (၂၀၂၅-၂၀၂၆)မှာ ပဲ၊ ပြောင်း၊ နှမ်းပေါ့နော်။ တန်ချိန် (၃)သန်း(၂)သိန်းကျော်တင်မယ်လို့ လျာထားချက်ရှိတာပေါ့။ လက်ရှိကတော့ တန် ချိန် (၂)သန်း(၄)သိန်းကျော် တင်ပို့ပြီးသွားပြီ။ တန်(၇)သိန်းခွဲလောက်ကျန်တာပေါ့နော်" ဟု ဦးအုန်းစိုင်းက ပြောသည်။
ထို့ပြင် လက်ရှိဘဏ္ဍာနှစ် လက်ကျန် (၂) လတွင်လည်း ပဲ၊ ပြောင်း၊ နှမ်း တင်ပို့မှုမှ ဒေါ်လာ သန်း(၅၀ဝ)နီးပါးရရှိရန် မျှော်မှန်းထားကြောင်းသိရသည်။
" တွက်ချက်မှုအရ (၂)လအတွင်းမှာ ဒေါ်လာ သန်း(၄၅၀)ကျော် သန်း(၅၀ဝ)နီးပါး အသင်းအနေနဲ့ ဘတ်ဂျက်အပိတ်မှာပေါ့လေ လျာထားချက်ပြည့်မီ အောင် တင်ပို့ဖို့ရှိပါတယ်"ဟု ဦးအုန်းစိုင်းကပြောကြားခဲ့သည်။
မြန်မာ့ ပဲ၊ ပြောင်း၊ နှမ်း ကို ယခင်က ပြည်ပ(၅၇)နိုင်ငံသို့တင်ပို့ခဲ့သော်လည်း လက်ရှိတွင် ပြည်ပ(၄၈)နိုင်ငံသာ တင်ပို့နေခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
" ကျွန်တော့်လက်ရှိစာရင်းအရတော့ (၄၈)နိုင်ငံကိုပို့နေတာပေါ့နော်။ ဈေးကွက်သစ်ကတော့ လူတိုင်း ကြိုးစားရှာနေတာပါပဲ။ ဟိုးအရင်ကတော့ (၅၇)နိုင်ငံအထိ ပို့ခဲ့တာ ဒီနှစ်ကတော့ မပို့နိုင်ခဲ့ဘူးပေါ့နော်" ဟု ၎င်းက ပြောသည်။

Zawgyi Version;
ျမန္မာ့ ပဲ၊ ေျပာင္း၊ ႏွမ္း ျပည္ပတင္ပို႔မႈမွ ေဒၚလာ (၂) ဘီလ်ံ ရရွိရန္ ေမွ်ာ္မွန္းထား
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီလ ၂၅

လက္ရွိဘ႑ာႏွစ္ျဖစ္ေသာ (၂၀၂၅-၂၀၂၆)တြင္ ျမန္မာ့ ပဲ၊ ေျပာင္း၊ ႏွမ္း ျပည္ပတင္ပို႔မႈမွ ေဒၚလာ(၂) ဘီလ်ံရရွိရန္ေမွ်ာ္မွန္းထားေၾကာင္း ျမန္မာႏိုင္ငံ ပဲ၊ ေျပာင္း၊ ႏွမ္း ကုန္သည္မ်ားအသင္းဥကၠ႒ ဦးအုန္းစိုင္းက NP News သို႔ ေျပာသည္။
ယခုဘ႑ာႏွစ္ (၁၀)လအတြင္း ျပည္ပသို႔ ပဲ၊ ေျပာင္း၊ ႏွမ္း တန္ခ်ိန္ (၂)သန္းေက်ာ္ တင္ပို႔ထားၿပီးျဖစ္ေၾကာင္းသိရသည္။
ျမန္မာ့ ပဲ၊ ေျပာင္း၊ ႏွမ္းတင္ပို႔မႈအတြင္း လက္ရွိဘ႑ာႏွစ္တြင္ ျမန္မာ့ပဲမ်ိဳးစုံ တန္ခ်ိန္(၁ ဒသမ ၈)သန္းေက်ာ္တင္ပို႔ရန္ေမွ်ာ္မွန္းထားၿပီး ေျပာင္းတင္ပို႔မႈအေနျဖင့္ အေမရိကန္ေဒၚလာ သန္း (၄၀ဝ)ေက်ာ္ဖိုးတင္ပို႔ထားေၾကာင္းသိရသည္။
" ကြၽန္ေတာ္တို႔ (၂၀၂၅-၂၀၂၆)မွာ ပဲ၊ ေျပာင္း၊ ႏွမ္းေပါ့ေနာ္။ တန္ခ်ိန္ (၃)သန္း(၂)သိန္းေက်ာ္တင္မယ္လို႔ လ်ာထားခ်က္ရွိတာေပါ့။ လက္ရွိကေတာ့ တန္ ခ်ိန္ (၂)သန္း(၄)သိန္းေက်ာ္ တင္ပို႔ၿပီးသြားၿပီ။ တန္(၇)သိန္းခြဲေလာက္က်န္တာေပါ့ေနာ္" ဟု ဦးအုန္းစိုင္းက ေျပာသည္။
ထို႔ျပင္ လက္ရွိဘ႑ာႏွစ္ လက္က်န္ (၂) လတြင္လည္း ပဲ၊ ေျပာင္း၊ ႏွမ္း တင္ပို႔မႈမွ ေဒၚလာ သန္း(၅၀ဝ)နီးပါးရရွိရန္ ေမွ်ာ္မွန္းထားေၾကာင္းသိရသည္။
" တြက္ခ်က္မႈအရ (၂)လအတြင္းမွာ ေဒၚလာ သန္း(၄၅၀)ေက်ာ္ သန္း(၅၀ဝ)နီးပါး အသင္းအေနနဲ႔ ဘတ္ဂ်က္အပိတ္မွာေပါ့ေလ လ်ာထားခ်က္ျပည့္မီ ေအာင္ တင္ပို႔ဖို႔ရွိပါတယ္"ဟု ဦးအုန္းစိုင္းကေျပာၾကားခဲ့သည္။
ျမန္မာ့ ပဲ၊ ေျပာင္း၊ ႏွမ္း ကို ယခင္က ျပည္ပ(၅၇)ႏိုင္ငံသို႔တင္ပို႔ခဲ့ေသာ္လည္း လက္ရွိတြင္ ျပည္ပ(၄၈)ႏိုင္ငံသာ တင္ပို႔ေနျခင္းျဖစ္ေၾကာင္းလည္း ၎က ဆိုသည္။
" ကြၽန္ေတာ့္လက္ရွိစာရင္းအရေတာ့ (၄၈)ႏိုင္ငံကိုပို႔ေနတာေပါ့ေနာ္။ ေဈးကြက္သစ္ကေတာ့ လူတိုင္း ႀကိဳးစားရွာေနတာပါပဲ။ ဟိုးအရင္ကေတာ့ (၅၇)ႏိုင္ငံအထိ ပို႔ခဲ့တာ ဒီႏွစ္ကေတာ့ မပို႔ႏိုင္ခဲ့ဘူးေပါ့ေနာ္" ဟု ၎က ေျပာသည္။

Related news

© 2021. All rights reserved.