အမေရိကန်နိုင်ငံမှ ပဲပုပ်ဖတ်ကို မြန်မာသို့ တင်သွင်းရန် သဘောတူညီချက် လက်မှတ်ထိုး

 923

စော(NP News)-ဖေဖော်ဝါရီ ၂၅

အရှေ့တောင်အာရှသို့ အမေရိကန်နိုင်ငံမှ ပဲပုပ်ဖတ်တင်ပိုမှုတိုးမြှင့်နိုင်ရန်အတွက် အမေရိကန် တင်ပို့ရောင်းချသူနှင့် မြန်မာဝယ်ယူသူများအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးခဲ့ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ယနေ့(‌ဖေဖော်ဝါရီ ၂၅ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။

“နိုင်ငံတွင်းရှိ တည်ဆောက်ဆဲ ဖွဲနုဆီ စက်ရုံများတွင်ပဲပုပ်ဆီ တိုးချဲ့ထုတ်လုပ်နိုင်ရေး၊ ပဲပုပ် ကြိတ်ဖတ်များကို ဖွဲ၊ ဆန်ကွဲစသော ဆန်စက်ဘေးထွက်များနှင့် တန်ဖိုးမြှင့်၍ မွေးမြုရေးအစာ ထုတ်လုပ်နိုင်ရေး၊ အိမ်နီးချင်း နိုင်ငံများသို့ မွေးမြူရေး အစာ တင်ပို့ နိုင်ရေး စတဲ့ လုပ်ငန်းများ၊ နှစ်ဖက် စီးပွါးရေး လုပ်ငန်းများအချင်းချင်း B to B ဆွေးနွေးညှိနှိုင်း ဆောင်ရွက်တယ်။ ပဲပုပ် နှင့် ပဲပုပ် ကြိတ်ဖတ် တင်သွင်းဖြန့်ဖြူးရေးကို နှစ်နိုင်ငံ ကုန်သွယ်မှု နဲ့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး စတာတွေကို ကျယ်ကျယ်ပြန့် ပြန့် လုပ်သွားဖို့ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းလီမိတက် (MAPCO) မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းအောင်က NP Newsကိုပြောသည်။

ထိုသို့ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများသည် အမေရိကန်လယ်သမားများအတွက် ဈေးကွက်သစ်များ ဖော်ဆောင်ပေးသည့်အပြင် ဒေသတွင်း၌ ခိုင်မာသော ထောက်ပံ့ရေးကွင်းဆက်များနှင့် ရေရှည်စီးပွားရေး အဆက်အသွယ်များကိုလည်း ပိုမိုအားကောင်းစေကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ( ၂၀၁၉)နှင့် (၂၀၂၀)ခုနှစ်များ၌ ပဲပုပ်ဖက်ကို ဒေါ်လာ (၄၃) သန်းနီးပါးနှင့် ပဲနို့၊ ပဲပြားလုပ်ရန်အတွက် ပဲပုပ်စေ့ကို ဒေါ်လာ (၇) သန်း နီးပါး တင်သွင်းထားကြောင်း သိရသည်။

Zawgyi version:

အေရွ႕ေတာင္အာရွသို႔ အေမရိကန္ႏိုင္ငံမွ ပဲပုပ္ဖတ္တင္ပိုမႈတိုးျမႇင့္ႏိုင္ရန္အတြက္ အေမရိကန္ တင္ပို႔ေရာင္းခ်သူႏွင့္ ျမန္မာဝယ္ယူသူမ်ားအၾကား သေဘာတူညီခ်က္အသစ္ လက္မွတ္ေရးထိုးခဲ့ေၾကာင္း ရန္ကုန္ၿမိဳ႕ရွိ အေမရိကန္သံ႐ုံးက ယေန႔(‌ေဖေဖာ္ဝါရီ ၂၅ရက္)တြင္ အသိေပးထုတ္ျပန္ထားသည္။
“ႏိုင္ငံတြင္းရွိ တည္ေဆာက္ဆဲ ဖြဲႏုဆီ စက္႐ုံမ်ားတြင္ပဲပုပ္ဆီ တိုးခ်ဲ႕ထုတ္လုပ္ႏိုင္ေရး၊ ပဲပုပ္ ႀကိတ္ဖတ္မ်ားကို ဖြဲ၊ ဆန္ကြဲစေသာ ဆန္စက္ေဘးထြက္မ်ားႏွင့္ တန္ဖိုးျမႇင့္၍ ေမြးျမဳေရးအစာ ထုတ္လုပ္ႏိုင္ေရး၊ အိမ္နီးခ်င္း ႏိုင္ငံမ်ားသို႔ ေမြးျမဴေရး အစာ တင္ပို႔ ႏိုင္ေရး စတဲ့ လုပ္ငန္းမ်ား၊ ႏွစ္ဖက္ စီးပြါးေရး လုပ္ငန္းမ်ားအခ်င္းခ်င္း B to B ေဆြးေႏြးညႇိႏႈိင္း ေဆာင္႐ြက္တယ္။ ပဲပုပ္ ႏွင့္ ပဲပုပ္ ႀကိတ္ဖတ္ တင္သြင္းျဖန္႔ျဖဴးေရးကို ႏွစ္ႏိုင္ငံ ကုန္သြယ္မႈ နဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈ ပူးေပါင္းေဆာင္႐ြက္ေရး စတာေတြကို က်ယ္က်ယ္ျပန္႔ ျပန္႔ လုပ္သြားဖို႔ ျဖစ္ပါတယ္”ဟု ျမန္မာႏိုင္ငံ လယ္ယာစီးပြားေရး အမ်ားပိုင္ေကာ္ပိုေရးရွင္းလီမိတက္ (MAPCO) မွ အုပ္ခ်ဳပ္မႈ ဒါ႐ိုက္တာ ဦးရဲမင္းေအာင္က NP Newsကိုေျပာသည္။
ထိုသို႔ မိတ္ဖက္ပူးေပါင္းေဆာင္႐ြက္မႈမ်ားသည္ အေမရိကန္လယ္သမားမ်ားအတြက္ ေဈးကြက္သစ္မ်ား ေဖာ္ေဆာင္ေပးသည့္အျပင္ ေဒသတြင္း၌ ခိုင္မာေသာ ေထာက္ပံ့ေရးကြင္းဆက္မ်ားႏွင့္ ေရရွည္စီးပြားေရး အဆက္အသြယ္မ်ားကိုလည္း ပိုမိုအားေကာင္းေစေၾကာင္း ရန္ကုန္ၿမိဳ႕ရွိ အေမရိကန္သံ႐ုံးက ထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံအေနျဖင့္ ၿပီးခဲ့သည့္ ( ၂၀၁၉)ႏွင့္ (၂၀၂၀)ခုႏွစ္မ်ား၌ ပဲပုပ္ဖက္ကို ေဒၚလာ (၄၃) သန္းနီးပါးႏွင့္ ပဲႏို႔၊ ပဲျပားလုပ္ရန္အတြက္ ပဲပုပ္ေစ့ကို ေဒၚလာ (၇) သန္း နီးပါး တင္သြင္းထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.