မြောင်းမြတွင် ပေါ်တော်မူ ဆင်းတုတော်ကို လူ အများအပြား ဖူးမြော်နေကြပြီး ဘုရားပေါ်ရာ လယ်ကွင်း အတွင်းက ရေကိုလည်း ခပ်ယူခြင်းများ ရှိနေ

1410

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် လယ်ကွင်းအတွင်းမှ ထွက်ပေါ်လာသည့် ပေါ်တော်မူ ဆင်းတုတော်ကို လူ အများအပြား ဖူးမြော်နေကြပြီး ဘုရားပေါ်ရာ လယ်ကွင်း အတွင်းက ရေကိုလည်း ရေသန့်ဘူးဖြင့် ခပ်ယူခြင်းများ ရှိနေကြောင်း သိရသည်။
အဆိုပါ ဆင်းတုတော်သည် မြောင်းမြမြို့နယ်၊ ကျွန်းထိပ်ကျေးရွာမှ လယ်ကွင်း အတွင်း လယ်ကန်သင်ရိုးကို ပေါက်ရာမှ ထွက်ပေါ်လာခြင်း ဖြစ်ကာ တူးဖော်ပြီးနောက် ယာယီ စံကျောင်းတော်ဖြင့် ဆင်းတုတော်ကို ထားရှိ ကိုးကွယ်ကြကြောင်း သိရသည်။
ထို့အပြင် ရုပ်ပွားတော် ထွက်ပေါ်ရာ လယ်ကွင်း အတွင်းက ရေများသည်လည်း အန္တရာယ်ကင်းစေသည့် ရေစင် အဖြစ် သတ်မှတ်ကာ ရေသန့်ဘူး များဖြင့် ခပ်ယူခြင်းများ ရှိနေပြီး သောက်သုံးခြင်း၊ လိမ်းခြင်းများ ပြုလုပ်ကြကြောင်း သိရသည်။
ယင်းရေသည် လယ်ကွင်းအတွင်းရှိရေများဖြစ်ပြီး လယ်သမားများအသုံးပြုသည့် ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာအကြွင်း အကျန်များ ပါဝင်နေနိုင်ပြီး သောက်သုံးခြင်းကို အားမပေးလိုကြောင်း ဆရာဝန်တစ်ဦးက ပြောသည်။
“လယ်ကွင်းထဲဖြစ်နေတယ်ပေါ့နော်။ လယ်ကွင်းထဲဖြစ်နေတော့ ကျွန်တော်တို့နိုင်ငံမှာ ပိုးသတ်ဆေး အရမ်းသုံး တယ်။ အဲဒီလိုဆိုတော့ ပိုးသတ်ဆေးကြွင်းကျန်တွေအများကြီးပါတယ်။ ဓာတ်မြေဩဇာ အကျွန်းအကျန်တို့ပေါ့။ အကယ်၍ သောက်မိရင် လုံးဝပြဿနာအကြီးကြီးတက်နိုင်တယ်။ လိမ်းရုံ၊ ပတ်ဖျန်းရုံ တင်မဟုတ်ဘူး။ လုံးလုံး ကြီးမော့ချလိုက်ရင် တော်တော်ကိုပြဿနာရှိမယ်”ဟု ၎င်းက ပြောသည်။

Zawgyi version:
ဧရာဝတီတိုင္းေဒသႀကီး၊ ေျမာင္းျမၿမိဳ႕နယ္တြင္ လယ္ကြင္းအတြင္းမွ ထြက္ေပၚလာသည့္ ေပၚေတာ္မူ ဆင္းတုေတာ္ကို လူ အမ်ားအျပား ဖူးေျမာ္ေနၾကၿပီး ဘုရားေပၚရာ လယ္ကြင္း အတြင္းက ေရကိုလည္း ေရသန႔္ဘူးျဖင့္ ခပ္ယူျခင္းမ်ား ရွိေနေၾကာင္း သိရသည္။
အဆိုပါ ဆင္းတုေတာ္သည္ ေျမာင္းျမၿမိဳ႕နယ္၊ ကြၽန္းထိပ္ေက်း႐ြာမွ လယ္ကြင္း အတြင္း လယ္ကန္သင္႐ိုးကို ေပါက္ရာမွ ထြက္ေပၚလာျခင္း ျဖစ္ကာ တူးေဖာ္ၿပီးေနာက္ ယာယီ စံေက်ာင္းေတာ္ျဖင့္ ဆင္းတုေတာ္ကို ထားရွိ ကိုးကြယ္ၾကေၾကာင္း သိရသည္။
ထို႔အျပင္ ႐ုပ္ပြားေတာ္ ထြက္ေပၚရာ လယ္ကြင္း အတြင္းက ေရမ်ားသည္လည္း အႏၲရာယ္ကင္းေစသည့္ ေရစင္ အျဖစ္ သတ္မွတ္ကာ ေရသန႔္ဘူး မ်ားျဖင့္ ခပ္ယူျခင္းမ်ား ရွိေနၿပီး ေသာက္သုံးျခင္း၊ လိမ္းျခင္းမ်ား ျပဳလုပ္ၾကေၾကာင္း သိရသည္။
ယင္းေရသည္ လယ္ကြင္းအတြင္းရွိေရမ်ားျဖစ္ၿပီး လယ္သမားမ်ားအသုံးျပဳသည့္ ပိုးသတ္ေဆးႏွင့္ ဓာတ္ေျမဩဇာအႂကြင္း အက်န္မ်ား ပါဝင္ေနႏိုင္ၿပီး ေသာက္သုံးျခင္းကို အားမေပးလိုေၾကာင္း ဆရာဝန္တစ္ဦးက ေျပာသည္။
“လယ္ကြင္းထဲျဖစ္ေနတယ္ေပါ့ေနာ္။ လယ္ကြင္းထဲျဖစ္ေနေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ပိုးသတ္ေဆး အရမ္းသုံး တယ္။ အဲဒီလိုဆိုေတာ့ ပိုးသတ္ေဆးႂကြင္းက်န္ေတြအမ်ားႀကီးပါတယ္။ ဓာတ္ေျမဩဇာ အကြၽန္းအက်န္တို႔ေပါ့။ အကယ္၍ ေသာက္မိရင္ လုံးဝျပႆနာအႀကီးႀကီးတက္ႏိုင္တယ္။ လိမ္း႐ုံ၊ ပတ္ဖ်န္း႐ုံ တင္မဟုတ္ဘူး။ လုံးလုံး ႀကီးေမာ့ခ်လိုက္ရင္ ေတာ္ေတာ္ကိုျပႆနာရွိမယ္”ဟု ၎က ေျပာသည္။