AA အဖွဲ့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အရေးယူပေးရန် ဗြိတိန်အစိုးရအား Burma Campaign UK တောင်းဆို

409

ALynn (NP News)- ဖေဖော်ဝါရီ ၂၅
AA လက်နက်ကိုင်အဖွဲ့သည် နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု အမြောက်အမြားကို ကျူးလွန်နေသည့်အတွက် ဗြိတိန်အစိုးရအနေဖြင့် AA အပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် Burma Campaign UK က ယနေ့ (ဖေဖော်ဝါရီလ ၂၅ ရက်) တောင်းဆိုလိုက်ကြောင်း သိရသည်။
ထို့ပြင် AA နှင့် ၎င်း၏ ခေါင်းဆောင်ပိုင်းတို့ ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် တာဝန်ခံမှုရှိစေရန် နိုင်ငံတကာ တရားမျှတမှုနှင့် တာဝန်ခံမှုဆိုင်ရာ လမ်းကြောင်းများကို ပိုမိုပံ့ပိုးကူညီပေးရန်လည်း ဗြိတိန်အစိုးရကို တောင်းဆိုထားကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း AA အဖွဲ့ ကျူးလွန်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ အပါအဝင် လက်ရှိအခြေအနေများနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပပေးရန်နှင့် အဆိုပါ အစည်းအဝေးတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အဆင့်မြင့်အရာရှိတစ်ဦးကို အခြေအနေများ ရှင်းလင်းတင်ပြရန် ဖိတ်ကြားသင့်ကြောင်းလည်း Burma Campaign UK က တိုက်တွန်းထားသည်။
ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM) က ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တင်ပြသည့် အစီရင်ခံစာတွင် "ယခု အစီရင်ခံစာတင်ပြသည့် ကာလအတွင်း IIMM အနေဖြင့် စစ်ဝတ်စုံ သို့မဟုတ် အရပ်ဝတ်များ ဝတ်ဆင်ထားသော AA အဖွဲ့ဝင်များ ကျူးလွန်သည့် ပြစ်မှုများကို စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့သည်။ ယင်းတို့တွင် စစ်သုံ့ပန်းများနှင့် စစ်တပ်သတင်းပေးဟု သံသယရှိရသူ အရပ်သားများကို တရားလက်လွတ် ကွပ်မျက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ခေါင်းဖြတ်သတ်ခြင်းများ ပါဝင်သည်။ ထို့ပြင် ချင်းအမျိုးသမီးများအပေါ် မုဒိမ်းမှု အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း ဆက်လက် စုဆောင်းလျက်ရှိသည်" ဟု ဖော်ပြထားသည်။
ထို့ပြင် ယခုနှစ် ဇန်နဝါရီလတွင် ဗြိတိန်အစိုးရကလည်း "ဘင်္ဂါလီများ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြထားသည်။) သည် ရခိုင်ပြည်နယ်အတွင်းရှိ အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် AA ထံမှ နှိပ်စက်ညှဉ်းပန်းမှု သို့မဟုတ် ပြင်းထန်သော ဘေးအန္တရာယ်များကို ရင်ဆိုင်နေရဖွယ်ရှိသည်” ဟု ဖော်ပြထားသည်။
AA သည် အိမ်နီးချင်း ချင်းပြည်နယ်၏ အစိတ်အပိုင်းအချို့ကိုလည်း ထိန်းချုပ်ထားပြီး ထိုနေရာများတွင်လည်း မုဒိမ်းကျင့်မှု၊ ကွပ်မျက်မှုနှင့် ပြန်ပေးဆွဲမှုများ ကျူးလွန်ခဲ့သည်ဟူသော စွပ်စွဲချက်များလည်း ရှိနေကြောင်း Burma Campaign UK က ဖော်ပြထားသည်။
AA သည် လူမျိုးကွဲများနှင့် ဘာသာခြားများကို သတ်ဖြတ်နှိပ်စက်ရုံသာမက ရခိုင်တိုင်းရင်းသားအချင်းချင်းကိုလည်း ဖိနှိပ်မှုများ ပြုလုပ်လျက်ရှိကြောင်းလည်း ဖော်ပြထားသည်။ ပြည်သူများသည် AA ကို လူသိရှင်ကြား ဝေဖန်ရန် ကြောက်ရွံ့နေကြပြီး ၎င်းတို့သည် အင်တာနက် အသုံးပြုခွင့်ကို ကန့်သတ်ထားကြောင်း Burma Campaign UK က ဖော်ပြသည်။
ထို့ပြင် စည်းကမ်းဖောက်ဖျက်သည့်လုပ်ဆောင်မှုများ ပြုလုပ်သည်ဟူသော အကြောင်းပြချက်ဖြင့် သတင်းထောက်တစ်ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသေးသည်။
Burma Campaign UK ၏ ဖော်ပြချက်တွင် AA သည် ဖမ်းဆီးရမိထားသော မြန်မာစစ်တပ်မှ စစ်သုံ့ပန်းများကို လည်လှီးသတ်ဖြတ်ခြင်း သို့မဟုတ် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်းတို့ဖြင့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်လျက်ရှိကြောင်းလည်း ဖော်ပြထားသည်။

Zawgyi version;
AA လက္နက္ကိုင္အဖြဲ႕သည္ ႏိုင္ငံတကာဥပေဒ ခ်ိဳးေဖာက္မႈမ်ား အပါအဝင္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ အေျမာက္အျမားကို က်ဴးလြန္ေနသည့္အတြက္ ၿဗိတိန္အစိုးရအေနျဖင့္ AA အေပၚ ပိတ္ဆို႔အေရးယူမႈမ်ား ခ်မွတ္ရန္ Burma Campaign UK က ယေန႔ (ေဖေဖာ္ဝါရီလ ၂၅ ရက္) ေတာင္းဆိုလိုက္ေၾကာင္း သိရသည္။
ထို႔ျပင္ AA ႏွင့္ ၎၏ ေခါင္းေဆာင္ပိုင္းတို႔ က်ဴးလြန္ခဲ့သည့္ ျပစ္မႈမ်ားအတြက္ တာဝန္ခံမႈရွိေစရန္ ႏိုင္ငံတကာ တရားမွ်တမႈႏွင့္ တာဝန္ခံမႈဆိုင္ရာ လမ္းေၾကာင္းမ်ားကို ပိုမိုပံ့ပိုးကူညီေပးရန္လည္း ၿဗိတိန္အစိုးရကို ေတာင္းဆိုထားေၾကာင္းလည္း သိရသည္။
ရခိုင္ျပည္နယ္အတြင္း AA အဖြဲ႕ က်ဴးလြန္ေနသည့္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ား အပါအဝင္ လက္ရွိအေျခအေနမ်ားႏွင့္ ပတ္သက္၍ ကုလသမဂၢ လုံၿခဳံေရးေကာင္စီတြင္ အစည္းအေဝးတစ္ရပ္ ေခၚယူက်င္းပေပးရန္ႏွင့္ အဆိုပါ အစည္းအေဝးတြင္ ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ အဆင့္ျမင့္အရာရွိတစ္ဦးကို အေျခအေနမ်ား ရွင္းလင္းတင္ျပရန္ ဖိတ္ၾကားသင့္ေၾကာင္းလည္း Burma Campaign UK က တိုက္တြန္းထားသည္။
ၿပီးခဲ့သည့္ႏွစ္ ဇူလိုင္လတြင္ ျမန္မာႏိုင္ငံဆိုင္ရာ လြတ္လပ္ေသာစုံစမ္းစစ္ေဆးေရးယႏၲရား (IIMM) က ကုလသမဂၢ အေထြေထြညီလာခံသို႔ တင္ျပသည့္ အစီရင္ခံစာတြင္ "ယခု အစီရင္ခံစာတင္ျပသည့္ ကာလအတြင္း IIMM အေနျဖင့္ စစ္ဝတ္စုံ သို႔မဟုတ္ အရပ္ဝတ္မ်ား ဝတ္ဆင္ထားေသာ AA အဖြဲ႕ဝင္မ်ား က်ဴးလြန္သည့္ ျပစ္မႈမ်ားကို စုံစမ္းစစ္ေဆးမႈမ်ား စတင္ခဲ့သည္။ ယင္းတို႔တြင္ စစ္သုံ႔ပန္းမ်ားႏွင့္ စစ္တပ္သတင္းေပးဟု သံသယရွိရသူ အရပ္သားမ်ားကို တရားလက္လြတ္ ကြပ္မ်က္ျခင္း၊ ညႇဥ္းပန္းႏွိပ္စက္ျခင္းႏွင့္ ေခါင္းျဖတ္သတ္ျခင္းမ်ား ပါဝင္သည္။ ထို႔ျပင္ ခ်င္းအမ်ိဳးသမီးမ်ားအေပၚ မုဒိမ္းမႈ အပါအဝင္ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈမ်ားႏွင့္ ပတ္သက္သည့္ အခ်က္အလက္မ်ားကိုလည္း ဆက္လက္ စုေဆာင္းလ်က္ရွိသည္" ဟု ေဖာ္ျပထားသည္။
ထို႔ျပင္ ယခုႏွစ္ ဇန္နဝါရီလတြင္ ၿဗိတိန္အစိုးရကလည္း "ဘဂၤါလီမ်ား (မူရင္းတြင္ ႐ိုဟင္ဂ်ာဟု ေဖာ္ျပထားသည္။) သည္ ရခိုင္ျပည္နယ္အတြင္းရွိ အစိုးရမဟုတ္ေသာ လက္နက္ကိုင္အဖြဲ႕အစည္းတစ္ခုျဖစ္သည့္ AA ထံမွ ႏွိပ္စက္ညႇဥ္းပန္းမႈ သို႔မဟုတ္ ျပင္းထန္ေသာ ေဘးအႏၲရာယ္မ်ားကို ရင္ဆိုင္ေနရဖြယ္ရွိသည္” ဟု ေဖာ္ျပထားသည္။
AA သည္ အိမ္နီးခ်င္း ခ်င္းျပည္နယ္၏ အစိတ္အပိုင္းအခ်ိဳ႕ကိုလည္း ထိန္းခ်ဳပ္ထားၿပီး ထိုေနရာမ်ားတြင္လည္း မုဒိမ္းက်င့္မႈ၊ ကြပ္မ်က္မႈႏွင့္ ျပန္ေပးဆြဲမႈမ်ား က်ဴးလြန္ခဲ့သည္ဟူေသာ စြပ္စြဲခ်က္မ်ားလည္း ရွိေနေၾကာင္း Burma Campaign UK က ေဖာ္ျပထားသည္။
AA သည္ လူမ်ိဳးကြဲမ်ားႏွင့္ ဘာသာျခားမ်ားကို သတ္ျဖတ္ႏွိပ္စက္႐ုံသာမက ရခိုင္တိုင္းရင္းသားအခ်င္းခ်င္းကိုလည္း ဖိႏွိပ္မႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္းလည္း ေဖာ္ျပထားသည္။ ျပည္သူမ်ားသည္ AA ကို လူသိရွင္ၾကား ေဝဖန္ရန္ ေၾကာက္႐ြံ႕ေနၾကၿပီး ၎တို႔သည္ အင္တာနက္ အသုံးျပဳခြင့္ကို ကန႔္သတ္ထားေၾကာင္း Burma Campaign UK က ေဖာ္ျပသည္။
ထို႔ျပင္ စည္းကမ္းေဖာက္ဖ်က္သည့္လုပ္ေဆာင္မႈမ်ား ျပဳလုပ္သည္ဟူေသာ အေၾကာင္းျပခ်က္ျဖင့္ သတင္းေထာက္တစ္ဦးကိုလည္း ဖမ္းဆီးခဲ့ေၾကာင္း ေဖာ္ျပထားေသးသည္။
Burma Campaign UK ၏ ေဖာ္ျပခ်က္တြင္ AA သည္ ဖမ္းဆီးရမိထားေသာ ျမန္မာစစ္တပ္မွ စစ္သုံ႔ပန္းမ်ားကို လည္လွီးသတ္ျဖတ္ျခင္း သို႔မဟုတ္ အရွင္လတ္လတ္ မီးရႈိ႕သတ္ျဖတ္ျခင္းတို႔ျဖင့္ ႏိုင္ငံတကာဥပေဒမ်ားကို ခ်ိဳးေဖာက္လ်က္ရွိေၾကာင္းလည္း ေဖာ္ျပထားသည္။