ထိုင်းရောက် မြန်မာလုပ်သားများ လုပ်ကိုင်ခြင်းမပြုရမည့် အလုပ်များကို အလုပ်သမားဝန်ကြီးဌာန သတိပေး

377

Pearl (NP News) - ဖေဖော်ဝါရီ ၂၅
ထိုင်းနိုင်ငံတွင် မြန်မာလုပ်သားများ လုပ်ကိုင်ခြင်းမပြုရမည့်အလုပ်များကို အလုပ်သမားဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများမှတစ်ဆင့်သော်လည်းကောင်း၊ နိုင်ငံကူးလက်မှတ်ကဲ့သို့ တရားဝင်ခရီးသွားလာမှုအထောက်အထားစာရွက်စာတမ်းများ မပါရှိဘဲ ဝင်ရောက်လာသူများကို ထိုင်းနိုင်ငံအစိုးရအနေဖြင့် အရှိန်အဟုန်မြှင့် စစ်ဆေးဖမ်းဆီးမှုများ ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးခံရသူများအနေဖြင့် ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ချမှတ်ခံရမှုများဖြစ်ပွားလျက်ရှိသဖြင့် မြန်မာနိုင်ငံသားများအနေဖြင့် တရားဝင်လမ်းကြောင်းများမှတစ်ဆင့်သာ ရွှေ့ပြောင်းသွားလာရန် သတိပေးထားသည်။
ထို့ပြင် ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေပြီး အထောက်အထားမရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံအစိုးရက အခါအားလျော်စွာ ယာယီနေထိုင်လုပ်ကိုင်ခွင့်များ (Work Permit) ခွင့်ပြုပေးသည့်အချိန်တွင် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်စာရင်း တင်သွင်းခြင်း၊ Work Permit ရရှိပြီးသူများအနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) ထုတ်ပေးရေးစခန်းများ ဖွင့်လှစ်သည့်အချိန်တွင် CI လျှောက်ထားရယူခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း သတိပေးထားည်။
ထို့ပြင် Work Permit တွင် ဖော်ပြပါရှိသော အလုပ်အကိုင်များမှအပ အခြားအလုပ်အကိုင်များတွင် လုပ်ကိုင်ခွင့်မရှိသည်ကို သတိပြုရန်လိုအပ်ကြောင်း နှင့် နိုင်ငံခြားသားအလုပ်သမားများ အလုပ်လုပ်ကိုင်ခွင့်မရှိသည့် အလုပ်အကိုင်အမျိုးအစားများကို လုပ်ကိုင်ခြင်းမပြုရန် သတိပေးထားသည်။
အုပ်စု (၁) အနေဖြင့် လုံးဝ လုပ်ကိုင်ခွင့်မရှိသော အလုပ်များမှာ ပန်းပုလုပ်ငန်း၊ မော်တော်ယာဉ်မောင်းနှင်ခြင်း (နိုင်ငံတကာလေယာဉ်မောင်းနှင်ခြင်းနှင့် Forklift မှလွဲ၍)၊ လေလံပစ်ခြင်း၊ စိန် သို့မဟုတ် ကျောက်မျက်ရတများကို ဖြတ်တောက်ခြင်း သို့မဟုတ် သွေးခြင်း၊ ဆံပင်ညှပ်ခြင်း၊ ဆံပင်ပုံဖော်ခြင်း (သို့) အလှပြင်ခြင်း၊ လက်ရက်ကန်းခတ်ခြင်း နှင့် ဖျာရက်ခြင်း (သို့) ခြင်းတောင်းရက်ခြင်း အပါအဝင် အလုပ် ၂၇ မျိုး ပါဝင်ကြောင်း သိရသည်။
ထို့အတူ အုပ်စု(၂) အနေဖြင့် နိုင်ငံတကာသဘောတူညီချက်များအရ လုပ်နိုင်သောအလုပ် (၃) မျိုးကိုလည်း အသိပေးထားပြီး ၎င်းတို့မှာ စာရင်းကိုင်ပညာရှင်၊ အင်ဂျင်နီယာပညာရှင်နှင့် ဗိသုကာပညာရှင်တို့ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် အခြေခံအလုပ်သမားအဖြစ် သွားရောက်အလုပ်လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် နှစ်နိုင်ငံလက်မှတ်ရေးထိုးထားသည့် MOU စနစ်နှင့်အညီ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ခွင့်ပြုထုတ်ပေးထားသည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် (ထိုင်း) လိုင်စင်ရအေဂျင်စီများဖြင့် ချိတ်ဆက်၍သော်လည်းကောင်း၊ မိမိအစီအစဉ်ဖြင့်အလုပ်အကိုင်ရှာဖွေ၍ ကျွမ်းကျင်အလုပ်သမားအဖြစ် သွားရောက်အလုပ်လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ တင်ပြခွင့်ပြုချက်ရယူ၍သော်လည်းကောင်း သွားရောက်လုပ်ကိုင်ကြရမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ထိုင္းေရာက္ ျမန္မာလုပ္သားမ်ား လုပ္ကိုင္ျခင္းမျပဳရမည့္ အလုပ္မ်ားကို အလုပ္သမားဝန္ႀကီးဌာန သတိေပး
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၅
ထိုင္းႏိုင္ငံတြင္ ျမန္မာလုပ္သားမ်ား လုပ္ကိုင္ျခင္းမျပဳရမည့္အလုပ္မ်ားကို အလုပ္သမားဝန္ႀကီးဌာနက သတိေပးထုတ္ျပန္ထားသည္။
ထိုင္းႏိုင္ငံသို႔ တရားမဝင္နယ္စပ္ျဖတ္ေက်ာ္မႈမ်ားမွတစ္ဆင့္ေသာ္လည္းေကာင္း၊ ႏိုင္ငံကူးလက္မွတ္ကဲ့သို႔ တရားဝင္ခရီးသြားလာမႈအေထာက္အထားစာ႐ြက္စာတမ္းမ်ား မပါရွိဘဲ ဝင္ေရာက္လာသူမ်ားကို ထိုင္းႏိုင္ငံအစိုးရအေနျဖင့္ အရွိန္အဟုန္ျမႇင့္ စစ္ေဆးဖမ္းဆီးမႈမ်ား ေဆာင္႐ြက္လ်က္ရွိၿပီး ဖမ္းဆီးခံရသူမ်ားအေနျဖင့္ ထိုင္းႏိုင္ငံတြင္ ျပစ္ဒဏ္ခ်မွတ္ခံရမႈမ်ားျဖစ္ပြားလ်က္ရွိသျဖင့္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ တရားဝင္လမ္းေၾကာင္းမ်ားမွတစ္ဆင့္သာ ေ႐ႊ႕ေျပာင္းသြားလာရန္ သတိေပးထားသည္။
ထို႔ျပင္ ထိုင္းႏိုင္ငံသို႔ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ေရာက္ရွိေနၿပီး အေထာက္အထားမရွိသည့္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ထိုင္းႏိုင္ငံအစိုးရက အခါအားေလ်ာ္စြာ ယာယီေနထိုင္လုပ္ကိုင္ခြင့္မ်ား (Work Permit) ခြင့္ျပဳေပးသည့္အခ်ိန္တြင္ သတ္မွတ္ခ်က္မ်ားႏွင့္အညီ မွတ္ပုံတင္စာရင္း တင္သြင္းျခင္း၊ Work Permit ရရွိၿပီးသူမ်ားအေနျဖင့္ မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံလက္မွတ္ (Certificate of Identity – CI) ထုတ္ေပးေရးစခန္းမ်ား ဖြင့္လွစ္သည့္အခ်ိန္တြင္ CI ေလွ်ာက္ထားရယူျခင္းတို႔ကို ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္းလည္း သတိေပးထားည္။
ထို႔ျပင္ Work Permit တြင္ ေဖာ္ျပပါရွိေသာ အလုပ္အကိုင္မ်ားမွအပ အျခားအလုပ္အကိုင္မ်ားတြင္ လုပ္ကိုင္ခြင့္မရွိသည္ကို သတိျပဳရန္လိုအပ္ေၾကာင္း ႏွင့္ ႏိုင္ငံျခားသားအလုပ္သမားမ်ား အလုပ္လုပ္ကိုင္ခြင့္မရွိသည့္ အလုပ္အကိုင္အမ်ိဳးအစားမ်ားကို လုပ္ကိုင္ျခင္းမျပဳရန္ သတိေပးထားသည္။
အုပ္စု (၁) အေနျဖင့္ လုံးဝ လုပ္ကိုင္ခြင့္မရွိေသာ အလုပ္မ်ားမွာ ပန္းပုလုပ္ငန္း၊ ေမာ္ေတာ္ယာဥ္ေမာင္းႏွင္ျခင္း (ႏိုင္ငံတကာေလယာဥ္ေမာင္းႏွင္ျခင္းႏွင့္ Forklift မွလြဲ၍)၊ ေလလံပစ္ျခင္း၊ စိန္ သို႔မဟုတ္ ေက်ာက္မ်က္ရတမ်ားကို ျဖတ္ေတာက္ျခင္း သို႔မဟုတ္ ေသြးျခင္း၊ ဆံပင္ညႇပ္ျခင္း၊ ဆံပင္ပုံေဖာ္ျခင္း (သို႔) အလွျပင္ျခင္း၊ လက္ရက္ကန္းခတ္ျခင္း ႏွင့္ ဖ်ာရက္ျခင္း (သို႔) ျခင္းေတာင္းရက္ျခင္း အပါအဝင္ အလုပ္ ၂၇ မ်ိဳး ပါဝင္ေၾကာင္း သိရသည္။
ထို႔အတူ အုပ္စု(၂) အေနျဖင့္ ႏိုင္ငံတကာသေဘာတူညီခ်က္မ်ားအရ လုပ္ႏိုင္ေသာအလုပ္ (၃) မ်ိဳးကိုလည္း အသိေပးထားၿပီး ၎တို႔မွာ စာရင္းကိုင္ပညာရွင္၊ အင္ဂ်င္နီယာပညာရွင္ႏွင့္ ဗိသုကာပညာရွင္တို႔ျဖစ္ေၾကာင္း သိရသည္။
ထိုင္းႏိုင္ငံတြင္ အေျခခံအလုပ္သမားအျဖစ္ သြားေရာက္အလုပ္လုပ္ကိုင္လိုသည့္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ႏွစ္ႏိုင္ငံလက္မွတ္ေရးထိုးထားသည့္ MOU စနစ္ႏွင့္အညီ အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာနက ခြင့္ျပဳထုတ္ေပးထားသည့္ ျပည္ပအလုပ္အကိုင္အက်ိဳးေဆာင္ (ထိုင္း) လိုင္စင္ရေအဂ်င္စီမ်ားျဖင့္ ခ်ိတ္ဆက္၍ေသာ္လည္းေကာင္း၊ မိမိအစီအစဥ္ျဖင့္အလုပ္အကိုင္ရွာေဖြ၍ ကြၽမ္းက်င္အလုပ္သမားအျဖစ္ သြားေရာက္အလုပ္လုပ္ကိုင္လိုသည့္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာနသို႔ တင္ျပခြင့္ျပဳခ်က္ရယူ၍ေသာ္လည္းေကာင္း သြားေရာက္လုပ္ကိုင္ၾကရမည္ျဖစ္ေၾကာင္း သိရသည္။