မလေးရှားမှာ LGBTQ+ dating အက်ပ်တွေ ပိတ်ပင်ဖို့ စီစဉ်နေ၊ ဝက်ဘ်ဆိုက်အချို့ကို စတင်ပိတ်ဆို့

131

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၆
မလေးရှားနိုင်ငံမှာ လိင်တူချိန်းတွေ့(dating)တဲ့ ဝက်ဘ်ဆိုက်တွေနဲ့ အက်ပလီကေးရှင်းတွေဖြစ်တဲ့ Grindr နဲ့ Blued ကို တားဆီးပိတ်ပင်နိုင်ရေးအတွက် ဥပဒေကြောင်းအရ ပြန်လည်သုံးသပ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြုလုပ်တဲ့ ပါလီမန်အစည်းအဝေးမှာ ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။
အဆိုပါ LGBTQ+ ချိန်းတွေ့အက်ပ်တွေကို ပိတ်ပင်ဖို့အတွက် မလေးရှားဆက်သွယ်ရေးနဲ့ မာလ်တီမီဒီယာ ကော်မရှင် (MCMC) က လိုအပ်တဲ့ စီမံချက်တွေကို အကောင်အထည်ဖော်နေပြီဖြစ်တယ်လို့ ဝန်ကြီးဌာနရဲ့စာနဲ့ပေးပို့တဲ့ပြန်ကြားချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိအခြေအနေမှာ ဝန်ကြီးဌာနအနေနဲ့ အဆိုပါအက်ပ်တွေနဲ့ ဆက်စပ်နေတဲ့ဝက်ဘ်ဆိုက်တွေကို ဝင်ရောက်ကြည့်ရှုလို့ မရအောင် စတင်ပိတ်ဆို့ထားပြီးဖြစ်ပေမယ့် Google Play Store နဲ့ Apple App Store လို ပလက်ဖောင်းတွေမှ ဖယ်ရှားဖို့အတွက်ကတော့ တရားဝင်တောင်းဆိုမှုတွေ မပြုလုပ်ရသေးဘူးလို့ ဆိုပါတယ်။
ဆက်သွယ်ရေးဝန်ကြီးဌာနက "Google နဲ့ Apple လို ပလက်ဖောင်းတွေပေါ်မှာ အပလီကေးရှင်းတွေကို ထိန်းချုပ်ဖို့ဟာ အဲဒီကုမ္ပဏီတွေရဲ့ကိုယ်ပိုင်စည်းမျဉ်းတွေနဲ့ မူဝါဒတွေအောက်မှာ ရှိနေပါတယ်။ ဒီအပလီကေးရှင်းတွေဟာ မလေးရှားပြင်ပမှာ အခြေစိုက်တဲ့နိုင်ငံခြားကုမ္ပဏီတွေ ပိုင်ဆိုင်တာကြောင့်ဖြစ်တယ်" လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒါပေမယ့် မလေးရှားနိုင်ငံရဲ့အွန်လိုင်းနယ်ပယ်မှာတော့ ပြည်တွင်းဥပဒေတွေကို ချိုးဖောက်တဲ့အကြောင်းအရာတွေ ကင်းစင်စေဖို့ MCMC အနေနဲ့ အလေးထားဆောင်ရွက်နေတယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။
အထူးသဖြင့် ညစ်ညမ်းတဲ့ (သို့) ကိုယ်ကျင့်တရားနဲ့ မညီညွတ်တဲ့အကြောင်းအရာတွေ၊ အလွဲသုံးစားပြုမှု၊ လိမ်လည်မှု၊ ကလေးသူငယ်တွေအပေါ် အမြတ်ထုတ်မှုနဲ့ အများပြည်သူ ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်တဲ့ လုပ်ဆောင်ချက်တွေကို တွေ့ရှိရင် အရေးယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ MCMC အနေနဲ့ ဥပဒေချိုးဖောက်တဲ့ အကြောင်းအရာတွေကို ဖယ်ရှား၊ ပိတ်ဆို့ဖို့ လျှောက်ထားသွားမှာဖြစ်ပြီး၊ လိုအပ်ရင် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နိုင်ဖို့အတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့ဆီ အချက်အလက်တွေ လွှဲပြောင်းပေးအပ်သွားမယ်လို့ ပြောကြားပါတယ်။

Zawgyi Version;
မေလးရွားမွာ LGBTQ+ dating အက္ပ္ေတြ ပိတ္ပင္ဖို႔ စီစဥ္ေန၊ ဝက္ဘ္ဆိုက္အခ်ိဳ႕ကို စတင္ပိတ္ဆို႔
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၆
မေလးရွားႏိုင္ငံမွာ လိင္တူခ်ိန္းေတြ႕(dating)တဲ့ ဝက္ဘ္ဆိုက္ေတြနဲ႔ အက္ပလီေကးရွင္းေတြျဖစ္တဲ့ Grindr နဲ႔ Blued ကို တားဆီးပိတ္ပင္ႏိုင္ေရးအတြက္ ဥပေဒေၾကာင္းအရ ျပန္လည္သုံးသပ္မႈေတြ လုပ္ေဆာင္ေနတယ္လို႔ ေဖေဖာ္ဝါရီ ၂၅ ရက္မွာ ျပဳလုပ္တဲ့ ပါလီမန္အစည္းအေဝးမွာ ဆက္သြယ္ေရးဝန္ႀကီးဌာနက ထုတ္ေဖာ္ေျပာၾကား ခဲ့ပါတယ္။
အဆိုပါ LGBTQ+ ခ်ိန္းေတြ႕အက္ပ္ေတြကို ပိတ္ပင္ဖို႔အတြက္ မေလးရွားဆက္သြယ္ေရးနဲ႔ မာလ္တီမီဒီယာ ေကာ္မရွင္ (MCMC) က လိုအပ္တဲ့ စီမံခ်က္ေတြကို အေကာင္အထည္ေဖာ္ေနၿပီျဖစ္တယ္လို႔ ဝန္ႀကီးဌာနရဲ႕စာနဲ႔ေပးပို႔တဲ့ျပန္ၾကားခ်က္မွာ ေဖာ္ျပထားပါတယ္။ လက္ရွိအေျခအေနမွာ ဝန္ႀကီးဌာနအေနနဲ႔ အဆိုပါအက္ပ္ေတြနဲ႔ ဆက္စပ္ေနတဲ့ဝက္ဘ္ဆိုက္ေတြကို ဝင္ေရာက္ၾကည့္ရႈလို႔ မရေအာင္ စတင္ပိတ္ဆို႔ထားၿပီးျဖစ္ေပမယ့္ Google Play Store နဲ႔ Apple App Store လို ပလက္ေဖာင္းေတြမွ ဖယ္ရွားဖို႔အတြက္ကေတာ့ တရားဝင္ေတာင္းဆိုမႈေတြ မျပဳလုပ္ရေသးဘူးလို႔ ဆိုပါတယ္။
ဆက္သြယ္ေရးဝန္ႀကီးဌာနက "Google နဲ႔ Apple လို ပလက္ေဖာင္းေတြေပၚမွာ အပလီေကးရွင္းေတြကို ထိန္းခ်ဳပ္ဖို႔ဟာ အဲဒီကုမၸဏီေတြရဲ႕ကိုယ္ပိုင္စည္းမ်ဥ္းေတြနဲ႔ မူဝါဒေတြေအာက္မွာ ရွိေနပါတယ္။ ဒီအပလီေကးရွင္းေတြဟာ မေလးရွားျပင္ပမွာ အေျခစိုက္တဲ့ႏိုင္ငံျခားကုမၸဏီေတြ ပိုင္ဆိုင္တာေၾကာင့္ျဖစ္တယ္" လို႔ ရွင္းလင္းေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ မေလးရွားႏိုင္ငံရဲ႕အြန္လိုင္းနယ္ပယ္မွာေတာ့ ျပည္တြင္းဥပေဒေတြကို ခ်ိဳးေဖာက္တဲ့အေၾကာင္းအရာေတြ ကင္းစင္ေစဖို႔ MCMC အေနနဲ႔ အေလးထားေဆာင္႐ြက္ေနတယ္လို႔ ဝန္ႀကီးဌာနက ဆိုပါတယ္။
အထူးသျဖင့္ ညစ္ညမ္းတဲ့ (သို႔) ကိုယ္က်င့္တရားနဲ႔ မညီၫြတ္တဲ့အေၾကာင္းအရာေတြ၊ အလြဲသုံးစားျပဳမႈ၊ လိမ္လည္မႈ၊ ကေလးသူငယ္ေတြအေပၚ အျမတ္ထုတ္မႈနဲ႔ အမ်ားျပည္သူ ေဘးကင္းလုံၿခဳံေရးကို ၿခိမ္းေျခာက္တဲ့ လုပ္ေဆာင္ခ်က္ေတြကို ေတြ႕ရွိရင္ အေရးယူသြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။ MCMC အေနနဲ႔ ဥပေဒခ်ိဳးေဖာက္တဲ့ အေၾကာင္းအရာေတြကို ဖယ္ရွား၊ ပိတ္ဆို႔ဖို႔ ေလွ်ာက္ထားသြားမွာျဖစ္ၿပီး၊ လိုအပ္ရင္ စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္ျပဳလုပ္ႏိုင္ဖို႔အတြက္ သက္ဆိုင္ရာရဲတပ္ဖြဲ႕ဆီ အခ်က္အလက္ေတြ လႊဲေျပာင္းေပးအပ္သြားမယ္လို႔ ေျပာၾကားပါတယ္။