အခွန်စနစ်ကို ပိုမိုကောင်းမွန်စေရန် ခေတ်မီနည်းပညာများနှင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေဟုဆို

 100

Pearl (NP News) - ဖေဖော်ဝါရီ ၂၆

အခွန်စနစ်ကို ပိုမိုကောင်းမွန်စေရန် ခေတ်မီနည်းပညာများနှင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်က ပြောသည်။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနက ကြီးမှူး၍ အခွန်နှင့်သက်ဆိုင်ရာဝန်ကြီးဌာနများမှ အရာထမ်းများအတွက် အခွန်ဆိုင်ရာအခြေခံသင်တန်းဖွင့်ပွဲကို ယမန်နေ့ (ဖေဖော်ဝါရီ ၂၅ ရက်) က ကျင်းပခဲ့ပြီး အဆိုပါသင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ခေတ်တွင် အခွန်စနစ်ကို ပိုမိုကောင်းမွန်စေရန် ခေတ်မီနည်းပညာများနှင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိပြီး အခွန်နှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် ဆက်စပ်နေသည့် အခြားအစိုးရဌာနများမှ ဝန်ထမ်းများ၏ အခွန်ဆိုင်ရာသိမြင်နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် မရှိမဖြစ်လိုအပ်သဖြင့် ယခုကဲ့သို့သင်တန်းကို သီးသန့် စီစဉ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
သင်တန်းသား သင်တန်းသူများအနေဖြင့် မိမိတို့ဌာနအသီးသီးတွင် လုပ်ငန်းများ ဆောင်ရွက်ကြသည့်အခါ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွက် ရသင့်ရထိုက်သောအခွန်ဘဏ္ဍာငွေများ ကောက်ခံရာတွင် ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ထို့ပြင် ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် ရှင်းလင်းသည့် အခွန်ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးနိုင်ရန်၊ နိုင်ငံသားတိုင်း အခွန်ဆိုင်ရာအခွင့်အရေးနှင့်တာဝန်များကို သိရှိနားလည်စေရန် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းလည်း တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

Zawgyi Version;
အခြန္စနစ္ကို ပိုမိုေကာင္းမြန္ေစရန္ ေခတ္မီနည္းပညာမ်ားႏွင့္ ျပဳျပင္ေျပာင္းလဲမႈမ်ား ျပဳလုပ္ေနဟုဆို
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၆
အခြန္စနစ္ကို ပိုမိုေကာင္းမြန္ေစရန္ ေခတ္မီနည္းပညာမ်ားႏွင့္ ျပဳျပင္ေျပာင္းလဲမႈမ်ား ျပဳလုပ္ေနေၾကာင္း ဘ႑ာေရးႏွင့္အခြန္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးေဒါက္တာကံေဇာ္က ေျပာသည္။
ဘ႑ာေရးႏွင့္အခြန္ဝန္ႀကီးဌာန ျပည္တြင္းအခြန္မ်ားဦးစီးဌာနက ႀကီးမႉး၍ အခြန္ႏွင့္သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားမွ အရာထမ္းမ်ားအတြက္ အခြန္ဆိုင္ရာအေျခခံသင္တန္းဖြင့္ပြဲကို ယမန္ေန႔ (ေဖေဖာ္ဝါရီ ၂၅ ရက္) က က်င္းပခဲ့ၿပီး အဆိုပါသင္တန္းဖြင့္ပြဲတြင္ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာကံေဇာ္က အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။
သင္တန္းဖြင့္ပြဲတြင္ ျပည္ေထာင္စုဝန္ႀကီးက ယေန႔ေခတ္တြင္ အခြန္စနစ္ကို ပိုမိုေကာင္းမြန္ေစရန္ ေခတ္မီနည္းပညာမ်ားႏွင့္ ျပဳျပင္ေျပာင္းလဲမႈမ်ား ျပဳလုပ္လ်က္ရွိၿပီး အခြန္ႏွင့္စပ္လ်ဥ္းသည့္ လုပ္ငန္းစဥ္မ်ား ေအာင္ျမင္ေစေရးအတြက္ ဆက္စပ္ေနသည့္ အျခားအစိုးရဌာနမ်ားမွ ဝန္ထမ္းမ်ား၏ အခြန္ဆိုင္ရာသိျမင္နားလည္မႈႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈသည္ မရွိမျဖစ္လိုအပ္သျဖင့္ ယခုကဲ့သို႔သင္တန္းကို သီးသန႔္ စီစဥ္ဖြင့္လွစ္ေပးျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
သင္တန္းသား သင္တန္းသူမ်ားအေနျဖင့္ မိမိတို႔ဌာနအသီးသီးတြင္ လုပ္ငန္းမ်ား ေဆာင္႐ြက္ၾကသည့္အခါ ပိုမိုနီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္ျခင္းျဖင့္ ႏိုင္ငံအတြက္ ရသင့္ရထိုက္ေသာအခြန္ဘ႑ာေငြမ်ား ေကာက္ခံရာတြင္ ပိုမိုအားေကာင္းလာမည္ျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ ျပည္တြင္း/ျပည္ပရင္းႏွီးျမႇဳပ္ႏွံသူမ်ားအတြက္ ရွင္းလင္းသည့္ အခြန္ပတ္ဝန္းက်င္ေကာင္းတစ္ခု ဖန္တီးေပးႏိုင္ရန္၊ ႏိုင္ငံသားတိုင္း အခြန္ဆိုင္ရာအခြင့္အေရးႏွင့္တာဝန္မ်ားကို သိရွိနားလည္ေစရန္ အားလုံးဝိုင္းဝန္းပူးေပါင္းေဆာင္႐ြက္သြားၾကရန္ လိုအပ္ေၾကာင္းလည္း တိုက္တြန္းမွာၾကားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.