မိုင်းခုတ်မြို့အနီးတွင် မူးယစ်ဆေးဝါးချက်စခန်းနှင့်ဆက်စပ်ပစ္စည်းများ အမြောက်အမြား ဖော်ထုတ် သိမ်းဆည်းရမိ

266

သန့်မင်းအိမ် (NSS) - ဖေဖော်ဝါရီ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်အတွင်းရှိ မိုင်းခုတ်မြို့အနီးတွင် မူးယစ်ဆေးဝါးများနှင့် ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းအမြောက်အမြားကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့၏ အနောက်မြောက်ဘက် (၃၀) ကီလိုမီတာခန့်အကွာတွင် မူးယစ်ဆေးဝါးများ ထုတ်လုပ်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်းရေးများ သွားရောက်ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ (၂၄) ရက်၊ နေလည် (၂)နာရီခန့်တွင် မိုင်းခုတ်မြို့၏ အရှေ့တောင်ဘက် (၁၉) ကီလိုမီတာ ဝမ်လုံးကျေးရွာ၏ တောင်ဘက် (၈) ကီလိုမီတာခန့် တွင် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် (၉၉၉) တံဆိပ်ပါ WY ဆေးပြား (၁) သိန်းခန့် (၁၀ စည်း)၊ တိပ်ဝါပတ်လျက် WY ဆေးပြား (၇၂,၀၀၀) ခန့် (၁၂ စည်း)၊ ထုတ်ပိုးခြင်းမရှိသေးသည့် WY ဆေးပြား ဆာလာအိတ် (၁၂) အိတ်၊ ဘိန်းဖြူဘလောက်တုံး (၁) တုံး၊ ဘိန်းမည်း (၃) ထုတ်၊ အဖြူရောင်ပုံဆောင်ခဲ (၉) ကီလိုဂရမ်နှင့် အခြားစိစစ်ဆဲ ဆေးရည်၊ အမှုန့်များသိမ်းဆည်းရမိကြောင်းသိရသည်။
၎င်းအပြင် Promethazine ချောင်းဆိုးပျောက်ဆေးရည် (၁၀၀) ဘူး၊ Food Colour ဆေးဘူးကြီး၊အသေး (၅၉) ဘူး၊ မျောက်ခေါင်းတံဆိပ်ပါ အနံ့ဆေးရည် (၁၅) ဖာ၊ စိစစ်ဆဲ အဖြူရောင်အမှုန့် (၆) အိတ်နှင့် ဆေးပြားထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆေးမှုန့် (၁၂) အိတ်အပါအဝင် အလားတူ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆေးပြားရိုက်တံမို (၂) ဖာ၊ ကီလိုချိန်စက် (၃) လုံး၊ မီးစက်အကြီး (၁) လုံး၊ မွှေစက်အသေး (၃) လုံးနှင့် အခြောက်ခံဗန်း ဆိုဒ်စုံ (၃၂) ခု အပါအဝင် အပြာရောင်ပုံးကြီး (၁၄) ပုံးတို့ အာသိမ်းဆည်းရမိခဲ့ကြောင်းထုတ်ပြန်ချက်အရ သိရသည်။
သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးချက်လုပ်သည့် ပစ္စည်းများကို ပညာရှင်များဖြင့် အသေးစိတ်စစ်ဆေးကာ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းအပ်နှံခြင်း၊ စနစ်တကျ မီးရှို့ဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယခုဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများနှင့် အဓိကကြိုးကိုင်သည့် အဖွဲ့အစည်းများကိုလည်း ထိရောက်ပြင်းထန်စွာ အရေးယူနိုင်ရေး စနစ်တကျ စိစစ်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ အပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ၊ မဲခေါင်ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများဖြင့် ပူးပေါင်းကာ ဘိန်းခင်းများဖျက်ဆီးခြင်း၊ ထုတ်လုပ်သည့်နေရာများ ဖော်ထုတ်ဖမ်းဆီးခြင်းနှင့် လူငယ်များအား အသိပညာပေးခြင်းတို့ကို ဒေသခံပြည်သူများနှင့်အတူ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version;
မိုင္းခုတ္ၿမိဳ႕အနီးတြင္ မူးယစ္ေဆးဝါးခ်က္စခန္းႏွင့္ဆက္စပ္ပစၥည္းမ်ား အေျမာက္အျမား ေဖာ္ထုတ္ သိမ္းဆည္းရမိ
သန႔္မင္းအိမ္ (NSS) - ေဖေဖာ္ဝါရီ ၂၆
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းဆတ္ခ႐ိုင္အတြင္းရွိ မိုင္းခုတ္ၿမိဳ႕အနီးတြင္ မူးယစ္ေဆးဝါးမ်ားႏွင့္ ခ်က္လုပ္ရာတြင္ အသုံးျပဳသည့္ ဆက္စပ္ပစၥည္းအေျမာက္အျမားကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ေဖာ္ထုတ္သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕၏ အေနာက္ေျမာက္ဘက္ (၃၀) ကီလိုမီတာခန႔္အကြာတြင္ မူးယစ္ေဆးဝါးမ်ား ထုတ္လုပ္ေနေၾကာင္း သတင္းအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕က နယ္ေျမရွင္းလင္းေရးမ်ား သြားေရာက္ေဆာင္႐ြက္ခဲ့ရာ ေဖေဖာ္ဝါရီ (၂၄) ရက္၊ ေနလည္ (၂)နာရီခန႔္တြင္ မိုင္းခုတ္ၿမိဳ႕၏ အေရွ႕ေတာင္ဘက္ (၁၉) ကီလိုမီတာ ဝမ္လုံးေက်း႐ြာ၏ ေတာင္ဘက္ (၈) ကီလိုမီတာခန႔္ တြင္ မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္ အသုံးျပဳသည့္ (၉၉၉) တံဆိပ္ပါ WY ေဆးျပား (၁) သိန္းခန႔္ (၁၀ စည္း)၊ တိပ္ဝါပတ္လ်က္ WY ေဆးျပား (၇၂,၀၀၀) ခန႔္ (၁၂ စည္း)၊ ထုတ္ပိုးျခင္းမရွိေသးသည့္ WY ေဆးျပား ဆာလာအိတ္ (၁၂) အိတ္၊ ဘိန္းျဖဴဘေလာက္တုံး (၁) တုံး၊ ဘိန္းမည္း (၃) ထုတ္၊ အျဖဴေရာင္ပုံေဆာင္ခဲ (၉) ကီလိုဂရမ္ႏွင့္ အျခားစိစစ္ဆဲ ေဆးရည္၊ အမႈန႔္မ်ားသိမ္းဆည္းရမိေၾကာင္းသိရသည္။
၎အျပင္ Promethazine ေခ်ာင္းဆိုးေပ်ာက္ေဆးရည္ (၁၀၀) ဘူး၊ Food Colour ေဆးဘူးႀကီး၊အေသး (၅၉) ဘူး၊ ေမ်ာက္ေခါင္းတံဆိပ္ပါ အနံ႔ေဆးရည္ (၁၅) ဖာ၊ စိစစ္ဆဲ အျဖဴေရာင္အမႈန႔္ (၆) အိတ္ႏွင့္ ေဆးျပားထုတ္လုပ္ရာတြင္ အသုံးျပဳသည့္ ေဆးမႈန႔္ (၁၂) အိတ္အပါအဝင္ အလားတူ မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္အသုံးျပဳသည့္ ေဆးျပား႐ိုက္တံမို (၂) ဖာ၊ ကီလိုခ်ိန္စက္ (၃) လုံး၊ မီးစက္အႀကီး (၁) လုံး၊ ေမႊစက္အေသး (၃) လုံးႏွင့္ အေျခာက္ခံဗန္း ဆိုဒ္စုံ (၃၂) ခု အပါအဝင္ အျပာေရာင္ပုံးႀကီး (၁၄) ပုံးတို႔ အာသိမ္းဆည္းရမိခဲ့ေၾကာင္းထုတ္ျပန္ခ်က္အရ သိရသည္။
သိမ္းဆည္းရမိသည့္ မူးယစ္ေဆးဝါးခ်က္လုပ္သည့္ ပစၥည္းမ်ားကို ပညာရွင္မ်ားျဖင့္ အေသးစိတ္စစ္ေဆးကာ လုပ္ထုံးလုပ္နည္းႏွင့္အညီ သက္ဆိုင္ရာဌာနမ်ားသို႔ လႊဲေျပာင္းအပ္ႏွံျခင္း၊ စနစ္တက် မီးရႈိ႕ဖ်က္ဆီးျခင္းမ်ား ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ယခုျဖစ္စဥ္တြင္ ပါဝင္ပတ္သက္သူမ်ားႏွင့္ အဓိကႀကိဳးကိုင္သည့္ အဖြဲ႕အစည္းမ်ားကိုလည္း ထိေရာက္ျပင္းထန္စြာ အေရးယူႏိုင္ေရး စနစ္တက် စိစစ္ေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံအေနျဖင့္ ကုလသမဂၢ အပါအဝင္ အိမ္နီးခ်င္းႏိုင္ငံမ်ား၊ အာဆီယံ၊ မဲေခါင္ေဒသတြင္းႏိုင္ငံမ်ားႏွင့္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားျဖင့္ ပူးေပါင္းကာ ဘိန္းခင္းမ်ားဖ်က္ဆီးျခင္း၊ ထုတ္လုပ္သည့္ေနရာမ်ား ေဖာ္ထုတ္ဖမ္းဆီးျခင္းႏွင့္ လူငယ္မ်ားအား အသိပညာေပးျခင္းတို႔ကို ေဒသခံျပည္သူမ်ားႏွင့္အတူ စဥ္ဆက္မျပတ္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။