သံလွင်တံတား(ဖားဆောင်း)အား KNPP၊ KNDF နှင့် PDF အဖွဲ့မှ ဒုတိယအကြိမ် မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

418

ထိုက်စံ (NP News)- ဖေဖော်ဝါရီ ၂၆
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့အနီးရှိ သံလွင်တံတား (ဖားဆောင်း)အား KNPP၊ KNDF နှင့် PDF အဖွဲ့များမှ ဒုတိယအကြိမ် ထပ်မံ၍ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၁၇ရက်)၌ သံလွင်တံတား(ဖားဆောင်း) အား အကြမ်းဖက်အဖွဲ့မှ မိုင်းထောင် ဖောက်ခွဲခဲ့ပြီးနောက် ယမန့်နေ့(ဖေဖော်ဝါရီ ၂၅ ရက်) ၊ နံနက်ပိုင်း (၁၀) နာရီအချိန်ခန့်ကလည်း ထပ်မံ၍ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖားဆောင်းမြို့အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့် တပ်မတော်စစ်ကြောင်းများမှ လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်မဆောင်ရွက်နိုင်စေရန်နှင့် ၎င်းတို့အား လိုက်လံချေမှုန်းတိုက်ခိုက်ခြင်းများ မပြုလုပ်နိုင်စေရန်အတွက် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဒုတိယအကြိမ် ဖောက်ခွဲခဲ့ခြင်းကြောင့် ကျန်ရှိသည့် တံတား၏အနောက်ဘက် ရေလည်တိုင်များဖြစ်သည့် တိုင်အမှတ် P-5 နှင့် P-7 J တို့အကြားရှိ အရှည် ပေ (၃၀၀) ၊ အကျယ် (၂၄) ပေခန့် ပြိုကျပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။
လက်ရှိတွင် တံတားပျက်စီးမှုအား သက်ဆိုင်ရာ လမ်း၊တံတားဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများမှ အမြန်ဆုံးပြန်လည်ပြင်ဆင်သွားမည်ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖျက်ဆီးခံရသည့် သံလွင်တံတား (ဖားဆောင်း) မှာ ( ၂၀၁၅ )ခုနှစ်က ဆောက်လုပ်ပြီးစီး၍ ဖွင့်လှစ်အသုံးပြုခဲ့သော သံလွင်မြစ်ကူးတံတားတစ်စင်းဖြစ်ပြီး တံတားအရှည် ပေ (၁၂၆၀) ၊ တံတားအကျယ် (၂၄) ပေ နှင့် လူသွားလမ်း ဘယ်၊ ညာ (၃) ပေစီရှိပြီး သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး ပထမအကြိမ် မိုင်းထောင်ဖျက်ဆီးရမှုကြောင့် တံတား၏ အရှေ့ဘက် ချဉ်းကပ်လမ်း နှင့် ကပ်လျက်တံတားတိုင်အမှတ်၊ K-2 မှ P-4 ထိ အရှည် ၆၅ ပေခန့် ကျိုးကျပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
အလားတူ ပြီးခဲ့သည့်(ဖေဖော်ဝါရီ ၂၀ရက်)က ပွန်ချောင်းတံတားအား အကြမ်းဖက်အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

Zawgyi Version:
သံလြင္တံတား(ဖားေဆာင္း)အား KNPP၊ KNDF ႏွင့္ PDF အဖြဲ႕မွ ဒုတိယအႀကိမ္ မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီး
ထိုက္စံ (NP News)- ေဖေဖာ္ဝါရီ ၂၆
ကယားျပည္နယ္၊ မယ္စဲ့ၿမိဳ႕နယ္၊ ဖားေဆာင္းၿမိဳ႕အနီးရွိ သံလြင္တံတား (ဖားေဆာင္း)အား KNPP၊ KNDF ႏွင့္ PDF အဖြဲ႕မ်ားမွ ဒုတိယအႀကိမ္ ထပ္မံ၍ မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ သတင္းထုတ္ျပန္ေရးအဖြဲ႕မွ ထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ (ေဖေဖာ္ဝါရီ ၁၇ရက္)၌ သံလြင္တံတား(ဖားေဆာင္း) အား အၾကမ္းဖက္အဖြဲ႕မွ မိုင္းေထာင္ ေဖာက္ခြဲခဲ့ၿပီးေနာက္ ယမန႔္ေန႔(ေဖေဖာ္ဝါရီ ၂၅ ရက္) ၊ နံနက္ပိုင္း (၁၀) နာရီအခ်ိန္ခန႔္ကလည္း ထပ္မံ၍ ေဖာက္ခြဲဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။
ဖားေဆာင္းၿမိဳ႕အား ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့သည့္ တပ္မေတာ္စစ္ေၾကာင္းမ်ားမွ လိုအပ္သည့္ နယ္ေျမလုံၿခဳံေရးလုပ္ငန္းမ်ား ဆက္လက္မေဆာင္႐ြက္ႏိုင္ေစရန္ႏွင့္ ၎တို႔အား လိုက္လံေခ်မႈန္းတိုက္ခိုက္ျခင္းမ်ား မျပဳလုပ္ႏိုင္ေစရန္အတြက္ ေဖာက္ခြဲခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။
ဒုတိယအႀကိမ္ ေဖာက္ခြဲခဲ့ျခင္းေၾကာင့္ က်န္ရွိသည့္ တံတား၏အေနာက္ဘက္ ေရလည္တိုင္မ်ားျဖစ္သည့္ တိုင္အမွတ္ P-5 ႏွင့္ P-7 J တို႔အၾကားရွိ အရွည္ ေပ (၃၀၀) ၊ အက်ယ္ (၂၄) ေပခန႔္ ၿပိဳက်ပ်က္စီးခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူမရွိေၾကာင္း သိရသည္။
လက္ရွိတြင္ တံတားပ်က္စီးမႈအား သက္ဆိုင္ရာ လမ္း၊တံတားဦးစီးဌာနမွ တာဝန္ရွိသူမ်ားႏွင့္ဝန္ထမ္းမ်ားမွ အျမန္ဆုံးျပန္လည္ျပင္ဆင္သြားမည္ျဖစ္ၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားမွ နယ္ေျမေဒသတည္ၿငိမ္ေအးခ်မ္းေရးအတြက္ လုံၿခဳံေရးလုပ္ငန္းစဥ္မ်ား တိုးျမႇင့္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
အဆိုပါ ဖ်က္ဆီးခံရသည့္ သံလြင္တံတား (ဖားေဆာင္း) မွာ ( ၂၀၁၅ )ခုႏွစ္က ေဆာက္လုပ္ၿပီးစီး၍ ဖြင့္လွစ္အသုံးျပဳခဲ့ေသာ သံလြင္ျမစ္ကူးတံတားတစ္စင္းျဖစ္ၿပီး တံတားအရွည္ ေပ (၁၂၆၀) ၊ တံတားအက်ယ္ (၂၄) ေပ ႏွင့္ လူသြားလမ္း ဘယ္၊ ညာ (၃) ေပစီရွိၿပီး သံကူကြန္ကရစ္တံတားအမ်ိဳးအစားျဖစ္ၿပီး ပထမအႀကိမ္ မိုင္းေထာင္ဖ်က္ဆီးရမႈေၾကာင့္ တံတား၏ အေရွ႕ဘက္ ခ်ဥ္းကပ္လမ္း ႏွင့္ ကပ္လ်က္တံတားတိုင္အမွတ္၊ K-2 မွ P-4 ထိ အရွည္ ၆၅ ေပခန႔္ က်ိဳးက်ပ်က္စီးသြားခဲ့ေၾကာင္း သိရွိရသည္။
အလားတူ ၿပီးခဲ့သည့္(ေဖေဖာ္ဝါရီ ၂၀ရက္)က ပြန္ေခ်ာင္းတံတားအား အၾကမ္းဖက္အဖြဲ႕မွ မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။