မြစ်ကြီးနားလေဆိပ်တိုက်ခိုက်မှုအပေါ် ကချင်ပြည်နယ် ရှိ ဂျိမ်းဖော၊ လီဆူ နှင့် လာချိဒ် အဖွဲ့အစည်းများက ကန့်ကွက်ကြောင်း ထုတ်ပြန်

 379

စိမ့်စမ်းရေ (NP News) - ဖေဖော်ဝါရီ ၂၆
မြစ်ကြီးနားလေဆိပ်တိုက်ခိုက်မှုအပေါ် ကချင်ပြည်နယ် ရှိ ဂျိမ်းဖော၊ လီဆူ နှင့် လာချိဒ် အဖွဲ့အစည်းများ အပါအဝင် အခြား အဖွဲ့အစည်းများက ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်များကို ထုတ်ပြန်ခဲ့ကြောင်း တွေ့မြင်ရသည်။
KIA က ဖေဖော်ဝါရီလ ၂၀ ရက်တွင် အသေခံ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည့် အတွက် MNA လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး ထိခိုက်ခဲ့ရကာ ယင်း ဖြစ်စဉ်နှင့် ပတ်သက်၍ အဖွဲ့အစည်းများက ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်များ ထုတ်ပြန်နေရာတွင် ကချင်ပြည်နယ် ရှိ အဖွဲ့အစည်းများကလည်း ထုတ်ပြန်ခဲ့ကြခြင်း ဖြစ်သည်။
ယင်းသို့ ထုတ်ပြန်ရာတွင် ညီညွတ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ကချင်ပြည်နယ်၊ ရှမ်းမျိုးနွယ်စုများ စာပေနှင့်ယဉ်ကျေးမှုအသင်း၊ မြစ်ကြီးနားမြို့ရှိအစ္စလာမ်ဘာသာရေးဆိုင်ရာအဖွဲ့အစည်း(၃)ခုနှင့် ဝတ်ပြု ကျောင်းတော်များ၊ ဗမာတိုင်းရင်းသားစာပေ နှင့် ရိုးရာယဉ်ကျေးမှုအသင်း၊ ဂျိန်းဖော့ရိုးရာယဉ်ကျေးမှုအဖွဲ့ချုပ်၊ လာချိဒ်စာပေနှင့် ယဉ်ကျေးမှုဗဟို ကော်မတီ၊ မြန်မာနိုင်ငံလီဆူစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ၊ မြန်မာနိုင်ငံရဝမ်စာပေနှင့် ယဉ်ကျေးမှု အသင်း၊ လော်ဝေါ်စာပေနှင့်ယဉ်ကျေးမှုအသင်း၊ ချင်းစာပေနှင့် ယဉ်ကျေးမှုအသင်းတို့ကလည်း ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ကြခြင်း ဖြစ်သည်။
ယခုကဲ့သို့ အများပြည်သူသွားလာရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် များစွာအထောက် အကူပြုလျက်ရှိသည့် အရပ်ဘက်လေကြောင်းလိုင်းအား ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်ခဲ့သည့်လုပ်ရက်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု ဂျိန်းဖော့ရိုးရာယဉ်ကျေးမှုအဖွဲ့ချုပ် ၏ ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

Zawgyi Version:
ျမစ္ႀကီးနားေလဆိပ္တိုက္ခိုက္မႈအေပၚ ကခ်င္ျပည္နယ္ ရွိ ဂ်ိမ္းေဖာ၊ လီဆူ ႏွင့္ လာခ်ိဒ္ အဖြဲ႕အစည္းမ်ားက ကန႔္ကြက္ေၾကာင္း ထုတ္ျပန္
စိမ့္စမ္းေရ (NP News) - ေဖေဖာ္ဝါရီ ၂၆
ျမစ္ႀကီးနားေလဆိပ္တိုက္ခိုက္မႈအေပၚ ကခ်င္ျပည္နယ္ ရွိ ဂ်ိမ္းေဖာ၊ လီဆူ ႏွင့္ လာခ်ိဒ္ အဖြဲ႕အစည္းမ်ား အပါအဝင္ အျခား အဖြဲ႕အစည္းမ်ားက ကန႔္ကြက္ေၾကာင္း ထုတ္ျပန္ခ်က္မ်ားကို ထုတ္ျပန္ခဲ့ေၾကာင္း ေတြ႕ျမင္ရသည္။
KIA က ေဖေဖာ္ဝါရီလ ၂၀ ရက္တြင္ အေသခံ ဒ႐ုန္းျဖင့္ တိုက္ခိုက္ခဲ့သည့္ အတြက္ MNA ေလေၾကာင္းလိုင္းမွ ေလယာဥ္တစ္စီး ထိခိုက္ခဲ့ရကာ ယင္း ျဖစ္စဥ္ႏွင့္ ပတ္သက္၍ အဖြဲ႕အစည္းမ်ားက ကန႔္ကြက္ေၾကာင္း ထုတ္ျပန္ခ်က္မ်ား ထုတ္ျပန္ေနရာတြင္ ကခ်င္ျပည္နယ္ ရွိ အဖြဲ႕အစည္းမ်ားကလည္း ထုတ္ျပန္ခဲ့ၾကျခင္း ျဖစ္သည္။
ယင္းသို႔ ထုတ္ျပန္ရာတြင္ ညီၫြတ္ေရးႏွင့္ ဖြံ႕ၿဖိဳး တိုးတက္ေရးပါတီ၊ ကခ်င္ျပည္နယ္၊ ရွမ္းမ်ိဳးႏြယ္စုမ်ား စာေပႏွင့္ယဥ္ေက်းမႈအသင္း၊ ျမစ္ႀကီးနားၿမိဳ႕ရွိအစၥလာမ္ဘာသာေရးဆိုင္ရာအဖြဲ႕အစည္း(၃)ခုႏွင့္ ဝတ္ျပဳ ေက်ာင္းေတာ္မ်ား၊ ဗမာတိုင္းရင္းသားစာေပ ႏွင့္ ႐ိုးရာယဥ္ေက်းမႈအသင္း၊ ဂ်ိန္းေဖာ့႐ိုးရာယဥ္ေက်းမႈအဖြဲ႕ခ်ဳပ္၊ လာခ်ိဒ္စာေပႏွင့္ ယဥ္ေက်းမႈဗဟို ေကာ္မတီ၊ ျမန္မာႏိုင္ငံလီဆူစာေပႏွင့္ ယဥ္ေက်းမႈဗဟိုေကာ္မတီ၊ ျမန္မာႏိုင္ငံရဝမ္စာေပႏွင့္ ယဥ္ေက်းမႈ အသင္း၊ ေလာ္ေဝၚစာေပႏွင့္ယဥ္ေက်းမႈအသင္း၊ ခ်င္းစာေပႏွင့္ ယဥ္ေက်းမႈအသင္းတို႔ကလည္း ျပင္းထန္စြာ ကန႔္ကြက္ရႈတ္ခ်ေၾကာင္း ထုတ္ျပန္ခဲ့ၾကျခင္း ျဖစ္သည္။
ယခုကဲ့သို႔ အမ်ားျပည္သူသြားလာေရးႏွင့္ ကုန္စည္စီးဆင္းမႈ ျမန္ဆန္ေစေရးအတြက္ မ်ားစြာအေထာက္ အကူျပဳလ်က္ရွိသည့္ အရပ္ဘက္ေလေၾကာင္းလိုင္းအား ရည္႐ြယ္ခ်က္ရွိရွိ ပစ္ခတ္ တိုက္ခိုက္ခဲ့သည့္လုပ္ရက္အေပၚ ျပင္းထန္စြာ ကန႔္ကြက္ရႈတ္ခ်သည္ဟု ဂ်ိန္းေဖာ့႐ိုးရာယဥ္ေက်းမႈအဖြဲ႕ခ်ဳပ္ ၏ ထုတ္ျပန္စာတြင္ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.