ဘရာဇီးမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနည်းဆုံးလူ(၁၄)ဦးသေဆုံး

186

Pika(NP News)-ဖေဖော်ဝါရီ ၂၆
ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ Juiz de Fora မြို့မှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် အနည်းဆုံးလူ(၁၄)ဦးသေဆုံးခဲ့ပြီး အခြားလူ(၄၄၀)ဦးလောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ မိုးသည်းထန်စွာရွာသွန်းခဲ့မှုနဲ့အတူ ရေကြီးမှုနဲ့ မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီး စာသင်ကျောင်းတွေကိုလည်း ပိတ်ထားခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ဒါ့ပြင် ရေကြီးမှုနဲ့မြေပြိုမှုတွေဖြစ်ပွားနေတဲ့နေရာတွေမှာ အရေးပေါ်ရှာဖွေကယ်ဆယ်မှုတွေလုပ်ဆောင်ဖို့အတွက် အထူးအဖွဲ့တွေကို ဖွဲ့စည်းထားတယ်လို့လည်း သိရပါတယ်။ Juiz de For aမြို့မှာ ကူညီထောက်ပံ့ပေးမှုတွေလုပ်ဆောင်ဖို့အတွက် ဖက်ဒရယ်နဲ့ပြည်နယ်အေဂျင်စီတွေကို ခေါ်ယူထားတယ်လို့လည်း မြို့တော်ဝန်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဘရာဇီးနိုင်ငံရဲ့ ဒေသအများစုဟာ ဒီဇင်ဘာလကနေ မတ်လအထိ မိုးရာသီရဲ့အပြင်းထန်ဆုံးအချိန်ကိုရောက်ရှိတတ်ပြီး မကြာခဏမိုးသည်းထန်စွာရွာသွန်းမှု၊မိုးကြိုးမုန်တိုင်းတွေ၊ရေကြီးမှုနဲ့ မြေပြိုမှုတွေဖြစ်ပေါ်လေ့ရှိတယ်လို့လည်း သိရပါတယ်။ဒါ့ပြင် ယခုနှစ်ဖေဖော်ဝါရီလက မြို့ရဲ့သမိုင်းတစ်လျှောက် မိုးရွာသွန်းမှုအများဆုံးဖေဖော်ဝါရီလတစ်လဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ဘရာဇီးမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ အနည္းဆုံးလူ(၁၄)ဦးေသဆုံး
Pika(NP News)-ေဖေဖာ္ဝါရီ ၂၆
ဘရာဇီးႏိုင္ငံ အေရွ႕ေတာင္ပိုင္းမွာရွိတဲ့ Juiz de For aၿမိဳ႕မွာ မိုးသည္းထန္စြာ႐ြာသြန္းခဲ့ၿပီးေနာက္ အနည္းဆုံးလူ(၁၄)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၄၄၀)ဦးေလာက္ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရတယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ မိုးသည္းထန္စြာ႐ြာသြန္းခဲ့မႈနဲ႔အတူ ေရႀကီးမႈနဲ႔ ေျမၿပိဳမႈေတြျဖစ္ပြားခဲ့ၿပီး စာသင္ေက်ာင္းေတြကိုလည္း ပိတ္ထားခဲ့ရတယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ ေရႀကီးမႈနဲ႔ေျမၿပိဳမႈေတြျဖစ္ပြားေနတဲ့ေနရာေတြမွာ အေရးေပၚရွာေဖြကယ္ဆယ္မႈေတြလုပ္ေဆာင္ဖို႔အတြက္ အထူးအဖြဲ႕ေတြကို ဖြဲ႕စည္းထားတယ္လို႔လည္း သိရပါတယ္။ Juiz de For aၿမိဳ႕မွာ ကူညီေထာက္ပံ့ေပးမႈေတြလုပ္ေဆာင္ဖို႔အတြက္ ဖက္ဒရယ္နဲ႔ျပည္နယ္ေအဂ်င္စီေတြကို ေခၚယူထားတယ္လို႔လည္း ၿမိဳ႕ေတာ္ဝန္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ဘရာဇီးႏိုင္ငံရဲ႕ ေဒသအမ်ားစုဟာ ဒီဇင္ဘာလကေန မတ္လအထိ မိုးရာသီရဲ႕အျပင္းထန္ဆုံးအခ်ိန္ကိုေရာက္ရွိတတ္ၿပီး မၾကာခဏမိုးသည္းထန္စြာ႐ြာသြန္းမႈ၊မိုးႀကိဳးမုန္တိုင္းေတြ၊ေရႀကီးမႈနဲ႔ ေျမၿပိဳမႈေတြျဖစ္ေပၚေလ့ရွိတယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ ယခုႏွစ္ေဖေဖာ္ဝါရီလက ၿမိဳ႕ရဲ႕သမိုင္းတစ္ေလွ်ာက္ မိုး႐ြာသြန္းမႈအမ်ားဆုံးေဖေဖာ္ဝါရီလတစ္လျဖစ္တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။