ရွှေပြည်သာ ဝါးတရာစက်မှုဇုန်တွင် (၈)ရက်အတွင်း နှစ်ကြိမ်မြောက် မီးလောင်မှုဖြစ်

 322

သန့်မင်းအိမ်(NP News)ဖေဖော်ဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်တွင် (၈)ရက်အတွင်း နှစ်ကြိမ်မြောက် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
ယနေ့ (ဖေဖော်ဝါရီ ၂၆ )ရက်၊ နံနက် (၁၁) နာရီ (၄၆) မိနစ်အချိန်ခန့်တွင် ဝါးတရာစက်မှုဇုန်၊ ငမိုးရိပ်လမ်းရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုအခြေအနေအရ Level 1 အဆင့်သတ်မှတ်ကာ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများပူးပေါင်း၍ မီးသတ်ကားများ၊ ရေသယ်ယာဉ်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ မွန်းတည့် (၁၂) နာရီ (၂၇) မိနစ်တွင် မီးထိန်းချုပ်နိုင်ခဲ့ပြီး မွန်းတည့် (၁၂) နာရီ (၄၈) မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဖြစ်စဉ်မှာ စက်ရုံရှေ့၌ စုပုံထားသော ဖော့ဘူးများနှင့် စက္ကူပုံးများမှ စတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ အချိန်မီတားဆီးနိုင်မှုကြောင့် ပင်မစက်ရုံအတွင်းသို့ မီးကူးစက်ပျံ့နှံ့ခဲ့ခြင်းမရှိကြောင်း သိရသည်။
ယခုလ (၁၈) ရက်ကလည်း ရွှေပြည်သာ ဝါးတရာစက်မှုဇုန်တွင် Straightex Co.,ltd အထည်ချုပ်စက်ရုံတွင် မီးလောင်ခဲ့ရာ မီးသတ်တပ်ဖွဲ့မှ Level 2 အဆင့်သတ်မှတ်ကာ ညလုံးပေါက် ငြှိမ်းသတ်ခဲ့ရကြောင်းသိရသည်။

Zawgyi Version:
ေ႐ႊျပည္သာ ဝါးတရာစက္မႈဇုန္တြင္ (၈)ရက္အတြင္း ႏွစ္ႀကိမ္ေျမာက္ မီးေလာင္မႈျဖစ္
သန႔္မင္းအိမ္(NP News)ေဖေဖာ္ဝါရီ ၂၆
ရန္ကုန္တိုင္းေဒသႀကီး၊ ေ႐ႊျပည္သာၿမိဳ႕နယ္၊ ဝါးတရာစက္မႈဇုန္တြင္ (၈)ရက္အတြင္း ႏွစ္ႀကိမ္ေျမာက္ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
ယေန႔ (ေဖေဖာ္ဝါရီ ၂၆ )ရက္၊ နံနက္ (၁၁) နာရီ (၄၆) မိနစ္အခ်ိန္ခန႔္တြင္ ဝါးတရာစက္မႈဇုန္၊ ငမိုးရိပ္လမ္းရွိ အထည္ခ်ဳပ္စက္႐ုံတစ္ခုတြင္ မီးစတင္ေလာင္ကြၽမ္းခဲ့ျခင္းျဖစ္ၿပီး မီးေလာင္မႈအေျခအေနအရ Level 1 အဆင့္သတ္မွတ္ကာ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ လူမႈကူညီေရးအသင္းမ်ားပူးေပါင္း၍ မီးသတ္ကားမ်ား၊ ေရသယ္ယာဥ္မ်ားျဖင့္ ဝိုင္းဝန္းျငႇိမ္းသတ္ခဲ့ၾကရာ မြန္းတည့္ (၁၂) နာရီ (၂၇) မိနစ္တြင္ မီးထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး မြန္းတည့္ (၁၂) နာရီ (၄၈) မိနစ္တြင္ မီးၿငိမ္းသတ္ႏိုင္ခဲ့ေၾကာင္းသိရသည္။
အဆိုပါ ျဖစ္စဥ္မွာ စက္႐ုံေရွ႕၌ စုပုံထားေသာ ေဖာ့ဘူးမ်ားႏွင့္ စကၠဴပုံးမ်ားမွ စတင္ ေလာင္ကြၽမ္းခဲ့ျခင္းျဖစ္ၿပီး၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၏ အခ်ိန္မီတားဆီးႏိုင္မႈေၾကာင့္ ပင္မစက္႐ုံအတြင္းသို႔ မီးကူးစက္ပ်ံ႕ႏွံ႔ခဲ့ျခင္းမရွိေၾကာင္း သိရသည္။
ယခုလ (၁၈) ရက္ကလည္း ေ႐ႊျပည္သာ ဝါးတရာစက္မႈဇုန္တြင္ Straightex Co.,ltd အထည္ခ်ဳပ္စက္႐ုံတြင္ မီးေလာင္ခဲ့ရာ မီးသတ္တပ္ဖြဲ႕မွ Level 2 အဆင့္သတ္မွတ္ကာ ညလုံးေပါက္ ျငႇိမ္းသတ္ခဲ့ရေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.