ထိုင်း-မြန်မာနယ်စပ်မြစ်များအတွင်း သတ္တုအဆိပ်သင့်မှု ဂျပန်အကူအညီဖြင့် ဖြေရှင်းဖို့ ထိုင်းအစိုးရ ကြိုးပမ်း

350

ALynn (NP News)- ဖေဖော်ဝါရီ ၂၆
ထိုင်း- မြန်မာ နယ်စပ်နှစ်ဖက်စလုံးမှ ပြည်သူများ၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသည့် အဆိပ်သင့်ရေဆိုးများ စီးဆင်းရာ ရင်းမြစ်ကို ရှာဖွေဖော်ထုတ်ရန်အတွက် ရေနမူနာများ ကောက်ယူရာတွင် ဂျပန်နိုင်ငံ၏ အကူအညီကို ထိုင်းနိုင်ငံက တောင်းခံခဲ့ကြောင်း Bangkok Post သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ချင်းရိုင်ခရိုင်ရှိ ကောခ့်မြစ် အတွင်း ရေအရည်အသွေး စစ်ဆေးမှု ပြုလုပ်စဉ်အတွင်း ညစ်ညမ်းမှုထိန်းချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး Surin Worakitthamrong က ဂျပန်အစိုးရသည် ရေစစ်နည်းပညာနှင့် အနည်အနှစ် လေ့လာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် ၎င်းတို့ဌာနနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီလ ၂၅ ရက်) တွင် ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံက ထိုင်းနိုင်ငံ၏ ရေထုညစ်ညမ်းမှု တိုက်ဖျက်ရေး အစီအစဉ်တွင် ပါဝင်ရန် စိတ်အားထက်သန်နေပြီး မြန်မာနိုင်ငံတွင်လည်း အလားတူ စီမံကိန်းများကို ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။
"ရေနဲ့ အနည်အနှစ် နမူနာတွေမှာ ပါဝင်တဲ့ သတ္တုအဆိပ်သင့်/မသင့် စစ်ဆေးတဲ့လုပ်ငန်းမှာ ဂျပန်က ကျွန်တော်တို့ကို ကူညီမှာ ဖြစ်ပါတယ်။ မကြာခင်မှာ ရှမ်းပြည်နယ်ကိုလည်း သွားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်" ဟု မစ္စတာ Surin က ပြောသည်။
ကောခ့်မြစ် အတွင်း အာဆင်းနစ်မြင့်မားမှု ဖြစ်ပေါ်စေသည့် အဓိက အရင်းအမြစ်နှစ်ခုမှာ စိုက်ပျိုးရေး လုပ်ငန်းများ သို့မဟုတ် မြေရှား တူးဖော်ရေး လုပ်ငန်းများကြောင့် ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မစ္စတာ Surin ၏ အဆိုအရ နယ်စပ်ဖြတ်ကျော် မြစ်ချောင်းများအတွင်း အာဆင်းနစ် ညစ်ညမ်းမှုဆိုင်ရာ အစည်းအဝေးတစ်ခုကို လာမည့်လတွင် ကျင်းပမည်ဖြစ်ပြီး ထိုင်းအစိုးရကလည်း ထိုကဲ့သို့သော ရေလမ်းကြောင်း ညစ်ညမ်းမှုနှင့် မီးခိုးမြူ ပြဿနာများကို ၎င်းတို့၏ အဓိက အရေးကြီး မူဝါဒတစ်ခုအဖြစ် ထည့်သွင်းထားကြောင်း သိရသည်။
ထို့ပြင် သံလွင်မြစ်တစ်လျှောက်တွင် ရေအရည်အသွေးနှင့် သတ္တုအဆိပ်သင့်မှုကို တိုင်းတာရန် စခန်း (၃) ခုနှင့် ကော့ခ်မြစ်တစ်လျှောက်တွင် စခန်း (၈) ခု တည်ဆောက်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။
အဆိုပါ စခန်းများက ရေအရည်အသွေး ရလဒ်များကို ပြည်သူများ သိရှိနိုင်စေရန် အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော သံလွင်မြစ်သည် လက်ရှိတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။
အထူးသဖြင့် မြန်မာနိုင်ငံ အထက်ပိုင်းနှင့် နယ်စပ်ဒေသများရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများ နှင့် မြေရှားသတ္တု တူးဖော်မှုများကြောင့် မြစ်အတွင်းသို့ ဓာတုစွန့်ပစ်ပစ္စည်းများနှင့် အာဆင်းနစ်ကဲ့သို့သော သတ္တုအဆိပ်သင့်မှုများ စီးဝင်လျက်ရှိသည်။
ထို့ပြင် မြစ်ကမ်းတစ်လျှောက် စိုက်ပျိုးရေးလုပ်ငန်းများတွင် သုံးစွဲသည့် ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာများသည်လည်း ရေထုညစ်ညမ်းမှုကို ပိုမိုဆိုးရွားစေပြီး ရေနေသတ္တဝါများ၏ ရှင်သန်မှုကို ခြိမ်းခြောက်နေကြောင်း တွေ့ရှိရသည်။
ဤကဲ့သို့ နယ်စပ်ဖြတ်ကျော် စီးဆင်းနေသော မြစ်ရေညစ်ညမ်းမှုသည် မြန်မာနိုင်ငံသားများသာမက ထိုင်းနိုင်ငံဘက်ခြမ်းရှိ ဒေသခံများ၏ ကျန်းမာရေးကိုပါ တိုက်ရိုက်ထိခိုက်လာစေသည့်အတွက် ယခုအခါ ထိုင်းအစိုးရသည် ဂျပန်၏ အကူအညီဖြင့် သံလွင်မြစ်နှင့် ကော့ခ်မြစ်တစ်လျှောက်တွင် ရေအရည်အသွေး စောင့်ကြည့်ရေးစခန်းများ တည်ဆောက်ရန် ပြင်ဆင်လာကြခြင်းဖြစ်သည်။

Zawgyi Version:
ထိုင္း-ျမန္မာနယ္စပ္ျမစ္မ်ားအတြင္း သတၱဳအဆိပ္သင့္မႈ ဂ်ပန္အကူအညီျဖင့္ ေျဖရွင္းဖို႔ ထိုင္းအစိုးရ ႀကိဳးပမ္း
ALynn (NP News)- ေဖေဖာ္ဝါရီ ၂၆
ထိုင္း- ျမန္မာ နယ္စပ္ႏွစ္ဖက္စလုံးမွ ျပည္သူမ်ား၏ က်န္းမာေရးကို ၿခိမ္းေျခာက္ေနသည့္ အဆိပ္သင့္ေရဆိုးမ်ား စီးဆင္းရာ ရင္းျမစ္ကို ရွာေဖြေဖာ္ထုတ္ရန္အတြက္ ေရနမူနာမ်ား ေကာက္ယူရာတြင္ ဂ်ပန္ႏိုင္ငံ၏ အကူအညီကို ထိုင္းႏိုင္ငံက ေတာင္းခံခဲ့ေၾကာင္း Bangkok Post သတင္းဌာန၏ ေဖာ္ျပခ်က္အရ သိရသည္။
ခ်င္း႐ိုင္ခ႐ိုင္ရွိ ေကာခ့္ျမစ္ အတြင္း ေရအရည္အေသြး စစ္ေဆးမႈ ျပဳလုပ္စဥ္အတြင္း ညစ္ညမ္းမႈထိန္းခ်ဳပ္ေရး ဦးစီးဌာန ၫႊန္ၾကားေရးမႉး Surin Worakitthamrong က ဂ်ပန္အစိုးရသည္ ေရစစ္နည္းပညာႏွင့္ အနည္အႏွစ္ ေလ့လာေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈမ်ားအတြက္ ၎တို႔ဌာနႏွင့္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း ဗုဒၶဟူးေန႔ (ေဖေဖာ္ဝါရီလ ၂၅ ရက္) တြင္ ေျပာၾကားခဲ့သည္။
ဂ်ပန္ႏိုင္ငံက ထိုင္းႏိုင္ငံ၏ ေရထုညစ္ညမ္းမႈ တိုက္ဖ်က္ေရး အစီအစဥ္တြင္ ပါဝင္ရန္ စိတ္အားထက္သန္ေနၿပီး ျမန္မာႏိုင္ငံတြင္လည္း အလားတူ စီမံကိန္းမ်ားကို ေဆာင္႐ြက္ေနေၾကာင္း ၎က ဆိုသည္။
"ေရနဲ႔ အနည္အႏွစ္ နမူနာေတြမွာ ပါဝင္တဲ့ သတၱဳအဆိပ္သင့္/မသင့္ စစ္ေဆးတဲ့လုပ္ငန္းမွာ ဂ်ပန္က ကြၽန္ေတာ္တို႔ကို ကူညီမွာ ျဖစ္ပါတယ္။ မၾကာခင္မွာ ရွမ္းျပည္နယ္ကိုလည္း သြားႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္" ဟု မစၥတာ Surin က ေျပာသည္။
ေကာခ့္ျမစ္ အတြင္း အာဆင္းနစ္ျမင့္မားမႈ ျဖစ္ေပၚေစသည့္ အဓိက အရင္းအျမစ္ႏွစ္ခုမွာ စိုက္ပ်ိဳးေရး လုပ္ငန္းမ်ား သို႔မဟုတ္ ေျမရွား တူးေဖာ္ေရး လုပ္ငန္းမ်ားေၾကာင့္ ျဖစ္ႏိုင္ေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။
မစၥတာ Surin ၏ အဆိုအရ နယ္စပ္ျဖတ္ေက်ာ္ ျမစ္ေခ်ာင္းမ်ားအတြင္း အာဆင္းနစ္ ညစ္ညမ္းမႈဆိုင္ရာ အစည္းအေဝးတစ္ခုကို လာမည့္လတြင္ က်င္းပမည္ျဖစ္ၿပီး ထိုင္းအစိုးရကလည္း ထိုကဲ့သို႔ေသာ ေရလမ္းေၾကာင္း ညစ္ညမ္းမႈႏွင့္ မီးခိုးျမဴ ျပႆနာမ်ားကို ၎တို႔၏ အဓိက အေရးႀကီး မူဝါဒတစ္ခုအျဖစ္ ထည့္သြင္းထားေၾကာင္း သိရသည္။
ထို႔ျပင္ သံလြင္ျမစ္တစ္ေလွ်ာက္တြင္ ေရအရည္အေသြးႏွင့္ သတၱဳအဆိပ္သင့္မႈကို တိုင္းတာရန္ စခန္း (၃) ခုႏွင့္ ေကာ့ခ္ျမစ္တစ္ေလွ်ာက္တြင္ စခန္း (၈) ခု တည္ေဆာက္ရန္ စီစဥ္ထားေၾကာင္းလည္း သိရသည္။
အဆိုပါ စခန္းမ်ားက ေရအရည္အေသြး ရလဒ္မ်ားကို ျပည္သူမ်ား သိရွိႏိုင္ေစရန္ အခ်ိန္ႏွင့္တေျပးညီ ထုတ္ျပန္ေပးသြားမည္ ျဖစ္သည္။
ျမန္မာႏိုင္ငံအတြင္း ျဖတ္သန္းစီးဆင္းလ်က္ရွိေသာ သံလြင္ျမစ္သည္ လက္ရွိတြင္ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ႀကီးမားေသာ စိန္ေခၚမႈမ်ားႏွင့္ ရင္ဆိုင္ေနရသည္။
အထူးသျဖင့္ ျမန္မာႏိုင္ငံ အထက္ပိုင္းႏွင့္ နယ္စပ္ေဒသမ်ားရွိ သတၱဳတူးေဖာ္ေရးလုပ္ငန္းမ်ား ႏွင့္ ေျမရွားသတၱဳ တူးေဖာ္မႈမ်ားေၾကာင့္ ျမစ္အတြင္းသို႔ ဓာတုစြန႔္ပစ္ပစၥည္းမ်ားႏွင့္ အာဆင္းနစ္ကဲ့သို႔ေသာ သတၱဳအဆိပ္သင့္မႈမ်ား စီးဝင္လ်က္ရွိသည္။
ထို႔ျပင္ ျမစ္ကမ္းတစ္ေလွ်ာက္ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားတြင္ သုံးစြဲသည့္ ပိုးသတ္ေဆးႏွင့္ ဓာတ္ေျမဩဇာမ်ားသည္လည္း ေရထုညစ္ညမ္းမႈကို ပိုမိုဆိုး႐ြားေစၿပီး ေရေနသတၱဝါမ်ား၏ ရွင္သန္မႈကို ၿခိမ္းေျခာက္ေနေၾကာင္း ေတြ႕ရွိရသည္။
ဤကဲ့သို႔ နယ္စပ္ျဖတ္ေက်ာ္ စီးဆင္းေနေသာ ျမစ္ေရညစ္ညမ္းမႈသည္ ျမန္မာႏိုင္ငံသားမ်ားသာမက ထိုင္းႏိုင္ငံဘက္ျခမ္းရွိ ေဒသခံမ်ား၏ က်န္းမာေရးကိုပါ တိုက္႐ိုက္ထိခိုက္လာေစသည့္အတြက္ ယခုအခါ ထိုင္းအစိုးရသည္ ဂ်ပန္၏ အကူအညီျဖင့္ သံလြင္ျမစ္ႏွင့္ ေကာ့ခ္ျမစ္တစ္ေလွ်ာက္တြင္ ေရအရည္အေသြး ေစာင့္ၾကည့္ေရးစခန္းမ်ား တည္ေဆာက္ရန္ ျပင္ဆင္လာၾကျခင္းျဖစ္သည္။