MAI နှင့် Perkasa တို့ MOU ရေးထိုးခြင်းသည် မြန်မာနှင့်အင်ဒိုနီးရှားအကြား လေကြောင်းပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေး ခိုင်မာစေသည့် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်

 355

စော(NP News)- ဖေဖော်ဝါရီ ၂၆
MAI လေကြောင်းလိုင်းနှင့် Perkasa Flight Schoolတို့ Cadet Pilot Programအတွက် MOU ထိုးခြင်းသည် မြန်မာနှင့် အင်ဒိုနီးရှားနိုင်ငံအကြား လေကြောင်းပူးပေါင်း ဆောင်ရွက်မှုဆက်ဆံရေး ခိုင်မာစေသည့် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း MAI မှ Chief Executive Officer Mr. Tanes Kumar ကပြောကြားခဲ့သည်။
ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၂၆ရက်)နေ့က ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ပြည်လမ်းရှိ International Business Center တွင် ပြုလုပ်သော MAIနှင့် အင်ဒိုနီးရှားနိုင်ငံရှိ Perkasa Flight Schoolတို့ ပူးပေါင်း၍ Cadet Pilot Program လက်မှတ်ရေးထိုးခြင်းအခမ်းအနားတွင် အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ Cadet Pilot Programကို အကောင်အထည်ဖော်ရာတွင် MAI ၏ လုပ်ငန်းလည်ပတ်မှု၊ လေကြောင်းလုပ်ငန်းများနှင့် ကိုက်ညီသော ကျွမ်းကျင်ပိုင်နိုင်သည့် လေယာဉ်မောင်းအရာရှိများကို ရေရှည်အခြေခံဖြင့် ပြုစုပျိုးထောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် ယင်းအစီအစဉ်တွင် Cadet များသည် အင်ဒိုနီးရှားနိုင်ငံရှိ Perkasa Flight School တွင် Directorate General of Civil Aviation of Indonesia (DGCA) ၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ Ab Initio သင်တန်းများကို သင်ယူရမည်ဖြစ်ပြီး ထို့နောက် Department of Civil Aviation Myanmar (DCAM) အောက်တွင် လိုင်စင်ပြောင်းလဲခြင်း၊ Aircraft Type Rating၊ Base Check နှင့် Line Training စသည်တို့ကို MAI ၏ လုပ်ငန်းလိုအပ်ချက်များနှင့် ကိုက်ညီစွာ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
“Perkasa Flight Schoolနှင့် ယခုပူးပေါင်းဆောင်ရွက်မှုသည် MAI ၏ ပထမဆုံးအပြည်ပြည်ဆိုင်ရာ Pilot Cadet Training မိတ်ဖက်ဖြစ်ပြီး မြန်မာနှင့် အင်ဒိုနီးရှားအကြား ရှည်လျားသော လေကြောင်းပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးကို ပိုမိုခိုင်မာစေသည့် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်”ဟု MAI မှ Chief Executive Officer Mr. Tanes Kumar က ပြောကြားခဲ့သည်။
ထို့ပြင် MAI သည် Aviation Training & Flying Academy (ATFA) နှင့်လည်း သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး Cabin Crew Preparatory Program ကို အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်၍ အဆိုပါအစီအစဉ်တွင် လုံခြုံရေးကျွမ်းကျင်မှု၊ ဝန်ဆောင်မှုထူးချွန်မှုနှင့် လုပ်ငန်းဆောင်ရွက်နိုင်စွမ်းတို့ ပြည့်စုံသည့် အနာဂတ် Cabin Crew များကို ပြုစုပျိုးထောင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
ထို့နောက် MAI သည် M Hospitality & Tourism Institute (MHTi) နှင့် ပူးပေါင်းကျင်းပသည့် MAI & MHTi Airliner Ground Internship Program (Second Batch) Graduation Ceremony ကိုလည်း တစ်ပြိုင်နက် ကျင်းပခဲ့ပြီး သင်တန်းပြီးဆုံးအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ (၁၇) ဦးကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
MAI ႏွင့္ Perkasa တို႔ MOU ေရးထိုးျခင္းသည္ ျမန္မာႏွင့္အင္ဒိုနီးရွားအၾကား ေလေၾကာင္းပူးေပါင္းေဆာင္႐ြက္မႈဆက္ဆံေရး ခိုင္မာေစသည့္ အေရးပါေသာ ေျခလွမ္းတစ္ရပ္ျဖစ္
ေစာ(NP News)- ေဖေဖာ္ဝါရီ ၂၆
MAI ေလေၾကာင္းလိုင္းႏွင့္ Perkasa Flight Schoolတို႔ Cadet Pilot Programအတြက္ MOU ထိုးျခင္းသည္ ျမန္မာႏွင့္ အင္ဒိုနီးရွားႏိုင္ငံအၾကား ေလေၾကာင္းပူးေပါင္း ေဆာင္႐ြက္မႈဆက္ဆံေရး ခိုင္မာေစသည့္ အေရးပါေသာ ေျခလွမ္းတစ္ရပ္ျဖစ္ေၾကာင္း MAI မွ Chief Executive Officer Mr. Tanes Kumar ကေျပာၾကားခဲ့သည္။
ၿပီးခဲ့သည့္ (ေဖေဖာ္ဝါရီလ ၂၆ရက္)ေန႔က ရန္ကုန္ၿမိဳ႕၊ လႈိင္ၿမိဳ႕နယ္၊ ျပည္လမ္းရွိ International Business Center တြင္ ျပဳလုပ္ေသာ MAIႏွင့္ အင္ဒိုနီးရွားႏိုင္ငံရွိ Perkasa Flight Schoolတို႔ ပူးေပါင္း၍ Cadet Pilot Program လက္မွတ္ေရးထိုးျခင္းအခမ္းအနားတြင္ အထက္ပါအတိုင္းထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
အဆိုပါ Cadet Pilot Programကို အေကာင္အထည္ေဖာ္ရာတြင္ MAI ၏ လုပ္ငန္းလည္ပတ္မႈ၊ ေလေၾကာင္းလုပ္ငန္းမ်ားႏွင့္ ကိုက္ညီေသာ ကြၽမ္းက်င္ပိုင္ႏိုင္သည့္ ေလယာဥ္ေမာင္းအရာရွိမ်ားကို ေရရွည္အေျခခံျဖင့္ ျပဳစုပ်ိဳးေထာင္သြားမည္ ျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ယင္းအစီအစဥ္တြင္ Cadet မ်ားသည္ အင္ဒိုနီးရွားႏိုင္ငံရွိ Perkasa Flight School တြင္ Directorate General of Civil Aviation of Indonesia (DGCA) ၏ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ Ab Initio သင္တန္းမ်ားကို သင္ယူရမည္ျဖစ္ၿပီး ထို႔ေနာက္ Department of Civil Aviation Myanmar (DCAM) ေအာက္တြင္ လိုင္စင္ေျပာင္းလဲျခင္း၊ Aircraft Type Rating၊ Base Check ႏွင့္ Line Training စသည္တို႔ကို MAI ၏ လုပ္ငန္းလိုအပ္ခ်က္မ်ားႏွင့္ ကိုက္ညီစြာ ဆက္လက္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။
“Perkasa Flight Schoolႏွင့္ ယခုပူးေပါင္းေဆာင္႐ြက္မႈသည္ MAI ၏ ပထမဆုံးအျပည္ျပည္ဆိုင္ရာ Pilot Cadet Training မိတ္ဖက္ျဖစ္ၿပီး ျမန္မာႏွင့္ အင္ဒိုနီးရွားအၾကား ရွည္လ်ားေသာ ေလေၾကာင္းပူးေပါင္းေဆာင္႐ြက္မႈဆက္ဆံေရးကို ပိုမိုခိုင္မာေစသည့္ အေရးပါေသာ ေျခလွမ္းတစ္ရပ္ျဖစ္ပါတယ္”ဟု MAI မွ Chief Executive Officer Mr. Tanes Kumar က ေျပာၾကားခဲ့သည္။
ထို႔ျပင္ MAI သည္ Aviation Training & Flying Academy (ATFA) ႏွင့္လည္း သေဘာတူညီခ်က္ လက္မွတ္ေရးထိုးခဲ့ၿပီး Cabin Crew Preparatory Program ကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ သြားမည္ျဖစ္၍ အဆိုပါအစီအစဥ္တြင္ လုံၿခဳံေရးကြၽမ္းက်င္မႈ၊ ဝန္ေဆာင္မႈထူးခြၽန္မႈႏွင့္ လုပ္ငန္းေဆာင္႐ြက္ႏိုင္စြမ္းတို႔ ျပည့္စုံသည့္ အနာဂတ္ Cabin Crew မ်ားကို ျပဳစုပ်ိဳးေထာင္ရန္ ရည္႐ြယ္ထားေၾကာင္း သိရသည္။
ထို႔ေနာက္ MAI သည္ M Hospitality & Tourism Institute (MHTi) ႏွင့္ ပူးေပါင္းက်င္းပသည့္ MAI & MHTi Airliner Ground Internship Program (Second Batch) Graduation Ceremony ကိုလည္း တစ္ၿပိဳင္နက္ က်င္းပခဲ့ၿပီး သင္တန္းၿပီးဆုံးေအာင္ျမင္ခဲ့သည့္ ေက်ာင္းသား၊ ေက်ာင္းသူ (၁၇) ဦးကို ဂုဏ္ျပဳလက္မွတ္မ်ား ေပးအပ္ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.