ကျယ်ဂေါင်နယ်စပ်ကုန်သွယ်ရေးဇုန်တွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပပြုလုပ်ရန် MoUလက်မှတ် ရေးထိုး

357

Pearl (NP News) - ဖေဖော်ဝါရီ ၂၆
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရတို့အကြား ယူနန်ပြည်နယ် တဲဟုန်ပြည်နယ်ခွဲ ရွှေလီမြို့ ကျယ်ဂေါင်နယ်စပ်ကုန်သွယ်ရေးဇုန်တွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပပြုလုပ်ရန် ပူးတွဲစီစဉ်နိုင်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ပြီးခဲ့သည့် ရက်ပိုင်းက ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Haigeng Garden အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းမပြုမီ နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က ယခုကဲ့သို့ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေးကဏ္ဍ ပိုမိုတိုးတက် စေရန်၊ ကျောက်မျက်ရတနာကုန်သွယ်မှုတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်၊ ယဉ်ကျေးမှုဖလှယ်ရန်နှင့် ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများ တရားမဝင်သယ်ဆောင်မှုကို တားဆီးရန် နားလည်မှုစာချွန်လွှာ (MoU)ပါအတိုင်း ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် သစ်တောကဏ္ဍနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်ခြင်းများရှိနေသကဲ့သို့ ဆက်လက်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နားလည်မှုစာချွန်လွှာ (MoU) ကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးတို့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

Zawgyi Version:
က်ယ္ေဂါင္နယ္စပ္ကုန္သြယ္ေရးဇုန္တြင္ ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲ က်င္းပျပဳလုပ္ရန္ MoUလက္မွတ္ ေရးထိုး
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၆
သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနႏွင့္ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္အစိုးရတို႔အၾကား ယူနန္ျပည္နယ္ တဲဟုန္ျပည္နယ္ခြဲ ေ႐ႊလီၿမိဳ႕ က်ယ္ေဂါင္နယ္စပ္ကုန္သြယ္ေရးဇုန္တြင္ ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲ က်င္းပျပဳလုပ္ရန္ ပူးတြဲစီစဥ္ႏိုင္ေရး နားလည္မႈစာခြၽန္လႊာ (MoU) လက္မွတ္ေရးထိုးျခင္းအခမ္းအနားကို ၿပီးခဲ့သည့္ ရက္ပိုင္းက ယူနန္ျပည္နယ္ ကူမင္းၿမိဳ႕ရွိ Haigeng Garden အစည္းအေဝးခန္းမ၌ က်င္းပခဲ့ေၾကာင္း သိရသည္။
နားလည္မႈစာခြၽန္လႊာ လက္မွတ္ေရးထိုးျခင္းမျပဳမီ ႏွစ္ဖက္ေတြ႕ဆုံေဆြးေႏြးပြဲကို ျပဳလုပ္ရာ သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ရီ က ယခုကဲ့သို႔ ႏွစ္ႏိုင္ငံကုန္သြယ္ေရးႏွင့္ စီးပြားေရးက႑ ပိုမိုတိုးတက္ ေစရန္၊ ေက်ာက္မ်က္ရတနာကုန္သြယ္မႈတြင္ ပူးေပါင္းေဆာင္႐ြက္မႈတိုးျမႇင့္ရန္၊ ယဥ္ေက်းမႈဖလွယ္ရန္ႏွင့္ ေက်ာက္စိမ္းႏွင့္ ေက်ာက္မ်က္ရတနာမ်ား တရားမဝင္သယ္ေဆာင္မႈကို တားဆီးရန္ နားလည္မႈစာခြၽန္လႊာ (MoU)ပါအတိုင္း ပူးေပါင္းေဆာင္႐ြက္သြားၾကမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ သစ္ေတာက႑ႏွင့္ ပတ္ဝန္းက်င္ထိန္းသိမ္းေရးက႑မ်ားတြင္လည္း ပူးေပါင္းေဆာင္႐ြက္ျခင္းမ်ားရွိေနသကဲ့သို႔ ဆက္လက္၍ ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ေနာက္ နားလည္မႈစာခြၽန္လႊာ (MoU) ကို သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ႏွင့္ ယူနန္ျပည္နယ္ ဒုတိယအုပ္ခ်ဳပ္ေရးမႉးတို႔က လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။