ပုသိမ်မြို့ ရှိ (၂) နှစ်ကျော်ကြာ အပိတ်ခံထားရသော (၈) ထပ်တိုက်နှင့် ပတ်သက်၍ ဖွင့်လှစ်ခွင့်ပေးရန် ဒုတိယ အကြိမ် အသနားခံတင်ပြထား

 897

သုတကျော် (NP News) - ဖေဖော်ဝါရီ ၂၆
ပုသိမ်မြို့၊ အမှတ် (၁၄) ရပ်ကွက်၊ ကုန်သည်လမ်းရှိ (၂) နှစ်ကျော်ကြာ ပိတ်သိမ်းခံထားရသော (၈) ထပ်တိုက် နှင့် ပတ်သက်၍ ဖွင့်လှစ်ခွင့်ပေးရန်အတွက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့ထံ ထပ်မံအသနားခံ တင်ပြထားကြောင်း သိရှိသူများထံ မေးမြန်းထားသော အချက်အလက်များအရ သိရသည်။
အဆိုပါ အဆောက်အအုံနှင့်ပတ်သက်၍ ယခင်ကလည်း တာဝန်ရှိသူများထံ အသနာခံတင်ပြခြင်းများ ပြုလုပ်ခဲ့ ဖူးသေးကြောင်း သိရသည်။
တိုက်ဆောက်မည့် နေရာကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့ (ဟိန္ဒူဘာသာ) နာယက ၏ သားသမီး (၃) ဝယ်ယူကာ အမည်ပြောင်း လျှောက်ထားပြီးနောက် ၂၀၂၁ ခုနှစ်တွင် အဆောက်အအုံ တည်ဆောက်ရန် အတွက် လိုအပ်ချက်များကို တင်ပြခဲ့ရာ ခွင့်ပြုချက်ရသည့် အတွက် (၁၀၉) ပေ အတွင်း အမြင့်ရှိ (၈) ထပ်တိုက် အဆောက်အအုံကို ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းနောက် တားဆီးမှုများကို ခံရသော်လည်း တာဝန်ရှိသူများ ၏ ခွင့်ပြုချက်ဖြင့် ဆက်လက် ဆောက်လုပ်ခဲ့သော်လည်း တိုင်ကြားမှုများ ဆက်လက်ပြုလုပ်သည့်အတွက် အဆောက်အအုံကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်တွင် မည်သူမျှဝင်ရောက်ခွင့် မပေးတော့ပဲ ချိပ်ပိတ်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပိတ်ထားပြီးနောက် အင်ဂျင်နီယာပညာရှင် ဆရာကြီး ဦးဆန်းကြူ ဦးဆောင် သော Third Party (QC)အဖွဲ့၊ စည်ပင်သာယာရေးဌာနမှ အင်ဂျင်နီယာပညာရှင်များရှေ့မှောက်တွင် ဝင်ရောက်တိုင်းတာစစ်ဆေးခဲ့ပြီး ကြံ့ခိုင်မှုရှိသော အဆောက်အဦအဖြစ် စစ်ဆေးတွေ့ရှိရ၍ လူနေထိုင် ခွင့်ပေးသင့်ကြောင်းကို ထောက်ခံချက် အစီရင်ခံစာ နှင့် အင်ဂျင်နီယာပညာရှင် (PE) Dr.နေလင်းဦး ကလည်း အဆောက်အဦတစ်ခုလုံးအား Structure Analysis ပြုလုပ်၍ သဘာဝဘေးအန္တရာယ် အမျိုးမျိုးအတွက် ကြံ့ခိုင်မှုရှိသော အဆောက်အဦဖြစ် ကြောင်း ထောက်ခံချက်အစီရင်ခံစာ တို့အား စည်ပင်သာယာရေးဌာနသို့ ပေးပို့ပြီးဖြစ်ကြောင်း သိရသည်။
သို့သော် အဆိုပါ တိုက်၏ ပြတင်းပေါက်မှ တဆင့် ဘေးအိမ်ခေါင်မိုးပေါ်သို့ တရားမဝင်လက်နက်များ၊ မူးယစ်ဆေးဝါးများ တင်ဆောင်သိမ်းဆည်ထားမည် ကို စိုးရိမ်ရသည် အတွက် ထည့်သွင်းတည်ဆောက်ထား သော ပြတင်းပေါက်များပိတ်သိမ်းပေးရန် ခရိုင်တရားရုံးမှ တရားစွဲ ဆိုခဲ့ရာ တိုင်ကြားသူများ အမှုနိုင်ခဲ့ပြီး ယင်းကို တိုင်းဒေသကြီး တရားလွှတ်တော်က အတည်ပြုသော်လည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ခရိုင်တရားရုံးနှင့် တိုင်းတရား လွှတ်တော်၏ စီရင်ချက်အား ပယ်ဖျက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်နှင့် ပတ်သက်၍ ကြိုတင်ပိုမိုထည့်သွင်းတည်ဆောက်မိသော အစိတ်အပိုင်းအား ဖျက်သိမ်းပေးရန် စည်ပင်သာယာရေးပုဒ်မ(၈၂)ဖြင့် ပုသိမ်မြို့နယ်တရားရုံး၌ တရားစွဲဆိုထားသဖြင့် အဆောက်အဦ ပိတ်သိမ်းခံထားရသော်လည်း ဒဏ်ငွေအဖြစ် တစ်နေ့လျှင် (၁၀၀၀၀)ကျပ် နှုန်းဖြင့် ပေးဆောင်ခဲ့ပြီးဖြစ် သော်လည်း ဖွင့်လှစ်ခွင့် မရသေးပဲ ထပ်မံ တရားစွဲဆိုသောကြောင့် ယင်းအတွက် ဒဏ်ငွေ ထပ်မံ ပေးဆောင်ထားကြောင်း တိုက်ပိုင်ရှင် နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
“ကာလရှည်ကြာ ပိတ်ထားတဲ့ အပေါ်မှာ အများကြီး နစ်နာနေတဲ့ အတွက် အမြန်ဆုံး ပြန်လည် ဖွင့်လှစ်ပေးနိုင်ရေး မျှော်လင့်တာပါ။ ဥပဒေ အကြောင်းအရာအရ ထူးထူးခြားခြား ကျူးလွန်ထားတာ မရှိဘူး။ သူများနည်းတူ လုပ်လို့ ရတယ် အောက်မေ့လို့ သတ်မှတ်ပေး အတွင်း မှာ ဒါဘာလေး ထည့်လိုက်မိတဲ့ အပြစ်ကလေး၊ အမိုးလေး ထည့်လိုက်မိတဲ့ အပြစ်ကလေးကြောင့် မို့လို့ သူများတွေလည်း အလုံးပေါင်းမြောက်များစွာ ကိုယ်ရှေ့မှာ လုပ်ခဲ့တာ မြင်တဲ့ အတွက် လုပ်လို့ ရတယ်ထင်ပြီး လုပ်လိုက်မိတဲ့ အပြစ်ကလေးဖြစ်ပါတယ်။ ဒါလည်း သတ်မှတ်ပေ အတွင်းမှာ လုပ်လိုက်တာပါ” ဟု ၎င်းက ပြောသည်။
အဆိုပါ အဆောက်အအုံသည် အများပြည်သူစုပေါင်းနေထိုင်သော ကွန်ဒိုအိမ်ရာအဆောက်အဦ တစ်ခုမဟုတ် သကဲ့သို့ စုပေါင်းနေထိုင်ရန်တိုက်ခန်းများရောင်းချရန် ဆောက်လုပ်ထားသော အဆောက် အဦလည်းမဟုတ်ပဲ ဟိန္ဒူဗုဒ္ဓဘာသာမိသားစုဖြစ်သည့်အလျောက် မိသားစု စုပေါင်းနေထိုင်ရန် ဆောက်လုပ်ထားသော အဆောက် အဦတစ်လုံး ဖြစ်ကြောင်း လည်း ၎င်းက ပြောသည်။

Zawgyi Version:
ပုသိမ္ၿမိဳ႕ ရွိ (၂) ႏွစ္ေက်ာ္ၾကာ အပိတ္ခံထားရေသာ (၈) ထပ္တိုက္ႏွင့္ ပတ္သက္၍ ဖြင့္လွစ္ခြင့္ေပးရန္ ဒုတိယ အႀကိမ္ အသနားခံတင္ျပထား
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၂၆
ပုသိမ္ၿမိဳ႕၊ အမွတ္ (၁၄) ရပ္ကြက္၊ ကုန္သည္လမ္းရွိ (၂) ႏွစ္ေက်ာ္ၾကာ ပိတ္သိမ္းခံထားရေသာ (၈) ထပ္တိုက္ ႏွင့္ ပတ္သက္၍ ဖြင့္လွစ္ခြင့္ေပးရန္အတြက္ ဧရာဝတီတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ႏွင့္ လုံၿခဳံေရး ႏွင့္ နယ္စပ္ေရးရာ ဝန္ႀကီးတို႔ထံ ထပ္မံအသနားခံ တင္ျပထားေၾကာင္း သိရွိသူမ်ားထံ ေမးျမန္းထားေသာ အခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါ အေဆာက္အအုံႏွင့္ပတ္သက္၍ ယခင္ကလည္း တာဝန္ရွိသူမ်ားထံ အသနာခံတင္ျပျခင္းမ်ား ျပဳလုပ္ခဲ့ ဖူးေသးေၾကာင္း သိရသည္။
တိုက္ေဆာက္မည့္ ေနရာကို ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္တြင္ ဧရာဝတီတိုင္းေဒသႀကီး၊ ဘာသာေပါင္းစုံ ခ်စ္ၾကည္ ညီၫြတ္ေရး အဖြဲ႕ (ဟိႏၵဴဘာသာ) နာယက ၏ သားသမီး (၃) ဝယ္ယူကာ အမည္ေျပာင္း ေလွ်ာက္ထားၿပီးေနာက္ ၂၀၂၁ ခုႏွစ္တြင္ အေဆာက္အအုံ တည္ေဆာက္ရန္ အတြက္ လိုအပ္ခ်က္မ်ားကို တင္ျပခဲ့ရာ ခြင့္ျပဳခ်က္ရသည့္ အတြက္ (၁၀၉) ေပ အတြင္း အျမင့္ရွိ (၈) ထပ္တိုက္ အေဆာက္အအုံကို ေဆာက္လုပ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ယင္းေနာက္ တားဆီးမႈမ်ားကို ခံရေသာ္လည္း တာဝန္ရွိသူမ်ား ၏ ခြင့္ျပဳခ်က္ျဖင့္ ဆက္လက္ ေဆာက္လုပ္ခဲ့ေသာ္လည္း တိုင္ၾကားမႈမ်ား ဆက္လက္ျပဳလုပ္သည့္အတြက္ အေဆာက္အအုံကို ၂၀၂၃ ခုႏွစ္၊ ေအာက္တိုဘာလ (၁၄) ရက္တြင္ မည္သူမွ်ဝင္ေရာက္ခြင့္ မေပးေတာ့ပဲ ခ်ိပ္ပိတ္ထားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ပိတ္ထားၿပီးေနာက္ အင္ဂ်င္နီယာပညာရွင္ ဆရာႀကီး ဦးဆန္းၾကဴ ဦးေဆာင္ ေသာ Third Party (QC)အဖြဲ႕၊ စည္ပင္သာယာေရးဌာနမွ အင္ဂ်င္နီယာပညာရွင္မ်ားေရွ႕ေမွာက္တြင္ ဝင္ေရာက္တိုင္းတာစစ္ေဆးခဲ့ၿပီး ႀကံ့ခိုင္မႈရွိေသာ အေဆာက္အဦအျဖစ္ စစ္ေဆးေတြ႕ရွိရ၍ လူေနထိုင္ ခြင့္ေပးသင့္ေၾကာင္းကို ေထာက္ခံခ်က္ အစီရင္ခံစာ ႏွင့္ အင္ဂ်င္နီယာပညာရွင္ (PE) Dr.ေနလင္းဦး ကလည္း အေဆာက္အဦတစ္ခုလုံးအား Structure Analysis ျပဳလုပ္၍ သဘာဝေဘးအႏၲရာယ္ အမ်ိဳးမ်ိဳးအတြက္ ႀကံ့ခိုင္မႈရွိေသာ အေဆာက္အဦျဖစ္ ေၾကာင္း ေထာက္ခံခ်က္အစီရင္ခံစာ တို႔အား စည္ပင္သာယာေရးဌာနသို႔ ေပးပို႔ၿပီးျဖစ္ေၾကာင္း သိရသည္။
သို႔ေသာ္ အဆိုပါ တိုက္၏ ျပတင္းေပါက္မွ တဆင့္ ေဘးအိမ္ေခါင္မိုးေပၚသို႔ တရားမဝင္လက္နက္မ်ား၊ မူးယစ္ေဆးဝါးမ်ား တင္ေဆာင္သိမ္းဆည္ထားမည္ ကို စိုးရိမ္ရသည္ အတြက္ ထည့္သြင္းတည္ေဆာက္ထား ေသာ ျပတင္းေပါက္မ်ားပိတ္သိမ္းေပးရန္ ခ႐ိုင္တရား႐ုံးမွ တရားစြဲ ဆိုခဲ့ရာ တိုင္ၾကားသူမ်ား အမႈႏိုင္ခဲ့ၿပီး ယင္းကို တိုင္းေဒသႀကီး တရားလႊတ္ေတာ္က အတည္ျပဳေသာ္လည္း ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္မွ ခ႐ိုင္တရား႐ုံးႏွင့္ တိုင္းတရား လႊတ္ေတာ္၏ စီရင္ခ်က္အား ပယ္ဖ်က္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ တိုက္ႏွင့္ ပတ္သက္၍ ႀကိဳတင္ပိုမိုထည့္သြင္းတည္ေဆာက္မိေသာ အစိတ္အပိုင္းအား ဖ်က္သိမ္းေပးရန္ စည္ပင္သာယာေရးပုဒ္မ(၈၂)ျဖင့္ ပုသိမ္ၿမိဳ႕နယ္တရား႐ုံး၌ တရားစြဲဆိုထားသျဖင့္ အေဆာက္အဦ ပိတ္သိမ္းခံထားရေသာ္လည္း ဒဏ္ေငြအျဖစ္ တစ္ေန႔လွ်င္ (၁၀၀၀၀)က်ပ္ ႏႈန္းျဖင့္ ေပးေဆာင္ခဲ့ၿပီးျဖစ္ ေသာ္လည္း ဖြင့္လွစ္ခြင့္ မရေသးပဲ ထပ္မံ တရားစြဲဆိုေသာေၾကာင့္ ယင္းအတြက္ ဒဏ္ေငြ ထပ္မံ ေပးေဆာင္ထားေၾကာင္း တိုက္ပိုင္ရွင္ ႏွင့္ နီးစပ္သူ တစ္ဦးက ေျပာသည္။
“ကာလရွည္ၾကာ ပိတ္ထားတဲ့ အေပၚမွာ အမ်ားႀကီး နစ္နာေနတဲ့ အတြက္ အျမန္ဆုံး ျပန္လည္ ဖြင့္လွစ္ေပးႏိုင္ေရး ေမွ်ာ္လင့္တာပါ။ ဥပေဒ အေၾကာင္းအရာအရ ထူးထူးျခားျခား က်ဴးလြန္ထားတာ မရွိဘူး။ သူမ်ားနည္းတူ လုပ္လို႔ ရတယ္ ေအာက္ေမ့လို႔ သတ္မွတ္ေပး အတြင္း မွာ ဒါဘာေလး ထည့္လိုက္မိတဲ့ အျပစ္ကေလး၊ အမိုးေလး ထည့္လိုက္မိတဲ့ အျပစ္ကေလးေၾကာင့္ မို႔လို႔ သူမ်ားေတြလည္း အလုံးေပါင္းေျမာက္မ်ားစြာ ကိုယ္ေရွ႕မွာ လုပ္ခဲ့တာ ျမင္တဲ့ အတြက္ လုပ္လို႔ ရတယ္ထင္ၿပီး လုပ္လိုက္မိတဲ့ အျပစ္ကေလးျဖစ္ပါတယ္။ ဒါလည္း သတ္မွတ္ေပ အတြင္းမွာ လုပ္လိုက္တာပါ” ဟု ၎က ေျပာသည္။
အဆိုပါ အေဆာက္အအုံသည္ အမ်ားျပည္သူစုေပါင္းေနထိုင္ေသာ ကြန္ဒိုအိမ္ရာအေဆာက္အဦ တစ္ခုမဟုတ္ သကဲ့သို႔ စုေပါင္းေနထိုင္ရန္တိုက္ခန္းမ်ားေရာင္းခ်ရန္ ေဆာက္လုပ္ထားေသာ အေဆာက္ အဦလည္းမဟုတ္ပဲ ဟိႏၵဴဗုဒၶဘာသာမိသားစုျဖစ္သည့္အေလ်ာက္ မိသားစု စုေပါင္းေနထိုင္ရန္ ေဆာက္လုပ္ထားေသာ အေဆာက္ အဦတစ္လုံး ျဖစ္ေၾကာင္း လည္း ၎က ေျပာသည္။

Related news

© 2021. All rights reserved.