အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ကိုးကန့်မိသားစု (၂)ခု၏ အမှုစီရင်ခြင်းများ ပြီးစီးကြောင်း တရုတ်ကြေညာ

 796

Pearl (NP News) - ဖေဖော်ဝါရီ ၂၆
မြန်မာနိုင်ငံ မြောက်ပိုင်းတွင် အခြေစိုက်၍ ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှု လုပ်ကိုင်ရာ၌ ပါဝင်သော အဓိက ရာဇဝတ်ဂိုဏ်းနှစ်ခု၏ အမှုစီရင်မှုများကို စစ်ဆေးပြီးစီးကြောင်း တရုတ်နိုင်ငံ ပြည်သူ့တရားရုံးချုပ် (SPC) က ‌ဖေဖော်ဝါရီ ၂၆ ရက်၌ ပြောကြားကြောင်း ဆင်ဟွာသတင်းဌာန၏ သတင်းတွင်ဖော်ပြထားချက်အရ သိရသည်။

ကိုးကန့် ဒေသမှ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများ နှင့် ပတ်သက်၍ မိသားစု (၄) စု ရှိသည့် အနက် ပယ်မိသားစုဝင်များ နှင့် ဆက်စပ်သူ (၅) ဦး၊ မြီမိသားစုဝင် များ နှင့် ဆက်စပ်သူ (၁၁) ဦးကို ပြစ်ဒဏ်များ ချမှတ်ခဲ့ပြီးနောက် ယခုအခါ ယင်း မိသားစု (၂) စု နှင့် ပတ်သက်၍ အမှုစီရင်ခြင်းများ ပြီးဆုံးပြီ ဖြစ်ကြောင်း ကြေငြာခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံတစ်ဝန်းရှိ တရားရုံးများက ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ဆက်သွယ်ရေးလိမ်လည်မှုစစ်ဆင်ရေးများနှင့် ဆက်နွှယ်သော အမှု ၂၇,၀၀၀ ကျော်ကို ပထမအကြိမ်အမှုစစ်ဆေးစီရင်မှုများ ပြီးစီးခဲ့ကာ နေရပ်ပြန်သံသယရှိသူ ၄၁,၀၀၀ ကျော်အား ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း ပြည်သူ့တရားရုံးချုပ် (SPC) က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းတွင် ရေးသားထားသည်။

သေဒဏ်စီရင်ခံရသူ ၁၆ ဦး အပါအဝင် စုစုပေါင်း လူပုဂ္ဂိုလ် ၃၉ ဦးအား ထောင်ဒဏ်တစ်သက်တစ်ကျွန်းပြစ်ဒဏ် သို့မဟုတ် ကြီးလေးသောပြစ်ဒဏ်များ ချမှတ်ခဲ့သည်။ အဆိုပါ နယ်စပ်ဖြတ်ကျော် လက်နက်ကိုင် ရာဇဝတ်မှုကွင်းဆက်များကို အပြီးတိုင်ဖြိုခွင်းနိုင်ခဲ့ရာ ပြည်တွင်းပြည်ပရှိ ရာဇဝတ်မှုကျူးလွန်သည့်အဖွဲ့များ အတွက် ပြင်းထန်သောထိုးနှက်ချက်ဖြစ်စေခဲ့ကြောင်း ဖော်ပြထားသည်။

ပြည်သူများနှင့် ပြည်သူများ၏ အိုးအိမ်စည်းစိမ် ဘေးကင်းရေးကို ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှု ရာဇဝတ်မှုများကို တင်းတင်းကျပ်ကျပ်၊ ထိထိရောက်ရောက် ဘက်စုံအပြစ်ဒဏ်စီရင်မှုများ ချမှတ်လျက်ရှိကြောင်း SPC ထံမှ သိရသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ တရုတ်နိုင်ငံ တစ်ဝန်းရှိ တရားရုံးများက ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှု ပထမအကြိမ် အမှုစစ်ဆေးစီရင်မှု ၁၅၉,၀၀၀ ကျော် အပြီးသတ်လုပ်ဆောင်ခဲ့သလို တရားခံ ၃၃၈,၀၀၀ ကျော်အား ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း ရေးသားထားသည်။

Zawgyi Version:
အြန္လိုင္းလိမ္လည္မႈလုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ ကိုးကန႔္မိသားစု (၂)ခု၏ အမႈစီရင္ျခင္းမ်ား ၿပီးစီးေၾကာင္း တ႐ုတ္ေၾကျငာ
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၆
ျမန္မာႏိုင္ငံ ေျမာက္ပိုင္းတြင္ အေျခစိုက္၍ ဆက္သြယ္ေရးႏွင့္ အြန္လိုင္းလိမ္လည္မႈ လုပ္ကိုင္ရာ၌ ပါဝင္ေသာ အဓိက ရာဇဝတ္ဂိုဏ္းႏွစ္ခု၏ အမႈစီရင္မႈမ်ားကို စစ္ေဆးၿပီးစီးေၾကာင္း တ႐ုတ္ႏိုင္ငံ ျပည္သူ႔တရား႐ုံးခ်ဳပ္ (SPC) က ‌ေဖေဖာ္ဝါရီ ၂၆ ရက္၌ ေျပာၾကားေၾကာင္း ဆင္ဟြာသတင္းဌာန၏ သတင္းတြင္ေဖာ္ျပထားခ်က္အရ သိရသည္။

ကိုးကန္႔ ေဒသမွ အြန္လိုင္းလိမ္လည္မႈ လုပ္ငန္းမ်ား ႏွင့္ ပတ္သက္၍ မိသားစု (၄) စု ရွိသည့္ အနက္ ပယ္မိသားစုဝင္မ်ား ႏွင့္ ဆက္စပ္သူ (၅) ဦး၊ ၿမီမိသားစုဝင္ မ်ား ႏွင့္ ဆက္စပ္သူ (၁၁) ဦးကို ျပစ္ဒဏ္မ်ား ခ်မွတ္ခဲ့ၿပီးေနာက္ ယခုအခါ ယင္း မိသားစု (၂) စု ႏွင့္ ပတ္သက္၍ အမႈစီရင္ျခင္းမ်ား ၿပီးဆုံးၿပီ ျဖစ္ေၾကာင္း ေၾကျငာခဲ့ျခင္း ျဖစ္သည္။

တ႐ုတ္ႏိုင္ငံတစ္ဝန္းရွိ တရား႐ုံးမ်ားက ၂၀၂၅ ခုႏွစ္ ႏွစ္ကုန္ပိုင္းအထိ ျမန္မာႏိုင္ငံ ေျမာက္ပိုင္းတြင္ ဆက္သြယ္ေရးလိမ္လည္မႈစစ္ဆင္ေရးမ်ားႏွင့္ ဆက္ႏႊယ္ေသာ အမႈ ၂၇,၀၀၀ ေက်ာ္ကို ပထမအႀကိမ္အမႈစစ္ေဆးစီရင္မႈမ်ား ၿပီးစီးခဲ့ကာ ေနရပ္ျပန္သံသယရွိသူ ၄၁,၀၀၀ ေက်ာ္အား ျပစ္ဒဏ္မ်ား ခ်မွတ္ခဲ့ေၾကာင္း ျပည္သူ႔တရား႐ုံးခ်ဳပ္ (SPC) က က်င္းပေသာ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္ဟု ဆင္ဟြာ သတင္းတြင္ ေရးသားထားသည္။

ေသဒဏ္စီရင္ခံရသူ ၁၆ ဦး အပါအဝင္ စုစုေပါင္း လူပုဂၢိဳလ္ ၃၉ ဦးအား ေထာင္ဒဏ္တစ္သက္တစ္ကြၽန္းျပစ္ဒဏ္ သို႔မဟုတ္ ႀကီးေလးေသာျပစ္ဒဏ္မ်ား ခ်မွတ္ခဲ့သည္။ အဆိုပါ နယ္စပ္ျဖတ္ေက်ာ္ လက္နက္ကိုင္ ရာဇဝတ္မႈကြင္းဆက္မ်ားကို အၿပီးတိုင္ၿဖိဳခြင္းႏိုင္ခဲ့ရာ ျပည္တြင္းျပည္ပရွိ ရာဇဝတ္မႈက်ဴးလြန္သည့္အဖြဲ႕မ်ား အတြက္ ျပင္းထန္ေသာထိုးႏွက္ခ်က္ျဖစ္ေစခဲ့ေၾကာင္း ေဖာ္ျပထားသည္။

ျပည္သူမ်ားႏွင့္ ျပည္သူမ်ား၏ အိုးအိမ္စည္းစိမ္ ေဘးကင္းေရးကို ထိထိေရာက္ေရာက္ ကာကြယ္ေစာင့္ေရွာက္ႏိုင္ေရးအတြက္ ဆက္သြယ္ေရးႏွင့္ အြန္လိုင္းလိမ္လည္မႈ ရာဇဝတ္မႈမ်ားကို တင္းတင္းက်ပ္က်ပ္၊ ထိထိေရာက္ေရာက္ ဘက္စုံအျပစ္ဒဏ္စီရင္မႈမ်ား ခ်မွတ္လ်က္ရွိေၾကာင္း SPC ထံမွ သိရသည္။ ၂၀၂၁ ခုႏွစ္မွ ၂၀၂၅ ခုႏွစ္အထိ တ႐ုတ္ႏိုင္ငံ တစ္ဝန္းရွိ တရား႐ုံးမ်ားက ဆက္သြယ္ေရးႏွင့္ အြန္လိုင္းလိမ္လည္မႈ ပထမအႀကိမ္ အမႈစစ္ေဆးစီရင္မႈ ၁၅၉,၀၀၀ ေက်ာ္ အၿပီးသတ္လုပ္ေဆာင္ခဲ့သလို တရားခံ ၃၃၈,၀၀၀ ေက်ာ္အား ျပစ္ဒဏ္မ်ား ခ်မွတ္ခဲ့ေၾကာင္း ေရးသားထားသည္။

Related news

© 2021. All rights reserved.