မြန်မာ့ပထမဆုံး အာကာသယာဉ်မှူး ရွေးချယ်လေ့ကျင့်ရေး ရုရှားကူညီမည်

1101

ALynn (NP News)- ဖေဖော်ဝါရီ ၂၇
မြန်မာ့ပထမဆုံး အာကာသယာဉ်မှူးကို ရွေးချယ်လေ့ကျင့်ပေးမည်ဟု ရုရှားနိုင်ငံပိုင် Roscosmos အေဂျင်စီက ကြာသပတေးနေ့ (ဖေဖော်ဝါရီလ ၂၆) တွင် ပြောကြားကြောင်း Reuters သတင်းအရ သိရသည်။
ထိုကမ်းလှမ်းမှုကို ရုရှားအာကာသအေဂျင်စီ Roscosmos ၏ အကြီးအကဲဖြစ်သူ Dmitry Bakanov ယခုသတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းသည် မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် လူလိုက်ပါစီးနင်းနိုင်သည့် အာကာသယာဉ် ဖွံ့ဖြိုးတိုးတက်စေရန် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
ထို့ပြင် Bakanov သည် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်လည်း တွေ့ဆုံခဲ့ကြောင်း Roscosmos က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ရုရှား၏ GLONASS ဂြိုဟ်တုသွားလာမှုစနစ်အတွက် အချက်အလက်စုဆောင်းရေးစခန်းနှင့် ကမ္ဘာ့အနီးပတ်ဝန်းကျင် အာကာသအန္တရာယ် ခြေရာခံသတိပေးစနစ်တို့ တည်ဆောက်သွားမည်ဟု Roscosmos က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်အတွင်းကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မော်စကိုမြို့သို့ သွားရောက်ကာ သမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ရုရှားစွမ်းအင်ကုမ္ပဏီများအတွက် မြန်မာနိုင်ငံတွင် အခွင့်အလမ်းများ ပွင့်လန်းလာစေရန် ရည်ရွယ်သည့် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်တစ်ရပ်ကို နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့ပြင် ရုရှားက မြန်မာနိုင်ငံတွင် အသေးစား နူကလီးယားဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက်ရန်အတွက်လည်း စာချုပ်ချုပ်ဆိုထားသည်။

Zawgyi version:
ျမန္မာ့ပထမဆုံး အာကာသယာဥ္မႉးကို ေ႐ြးခ်ယ္ေလ့က်င့္ေပးမည္ဟု ႐ုရွားႏိုင္ငံပိုင္ Roscosmos ေအဂ်င္စီက ၾကာသပေတးေန႔ (ေဖေဖာ္ဝါရီလ ၂၆) တြင္ ေျပာၾကားေၾကာင္း Reuters သတင္းအရ သိရသည္။
ထိုကမ္းလွမ္းမႈကို ႐ုရွားအာကာသေအဂ်င္စီ Roscosmos ၏ အႀကီးအကဲျဖစ္သူ Dmitry Bakanov ယခုသတင္းပတ္အတြင္း ျမန္မာႏိုင္ငံသို႔ လာေရာက္လည္ပတ္စဥ္ ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
၎သည္ ျမန္မာႏိုင္ငံမွ တာဝန္ရွိသူမ်ားႏွင့္ လူလိုက္ပါစီးနင္းႏိုင္သည့္ အာကာသယာဥ္ ဖြံ႕ၿဖိဳးတိုးတက္ေစရန္ ပူးေပါင္းေဆာင္႐ြက္မႈ သေဘာတူညီခ်က္တစ္ရပ္ကို လက္မွတ္ေရးထိုးခဲ့သည္။
ထို႔ျပင္ Bakanov သည္ ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏွင့္လည္း ေတြ႕ဆုံခဲ့ေၾကာင္း Roscosmos က ထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံတြင္ ႐ုရွား၏ GLONASS ၿဂိဳဟ္တုသြားလာမႈစနစ္အတြက္ အခ်က္အလက္စုေဆာင္းေရးစခန္းႏွင့္ ကမာၻ႔အနီးပတ္ဝန္းက်င္ အာကာသအႏၲရာယ္ ေျခရာခံသတိေပးစနစ္တို႔ တည္ေဆာက္သြားမည္ဟု Roscosmos က ေျပာၾကားခဲ့သည္။
ၿပီးခဲ့သည့္ႏွစ္အတြင္းကလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ေမာ္စကိုၿမိဳ႕သို႔ သြားေရာက္ကာ သမၼတ ဗလာဒီမာ ပူတင္ႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ ႐ုရွားစြမ္းအင္ကုမၸဏီမ်ားအတြက္ ျမန္မာႏိုင္ငံတြင္ အခြင့္အလမ္းမ်ား ပြင့္လန္းလာေစရန္ ရည္႐ြယ္သည့္ ရင္းႏွီးျမႇဳပ္ႏွံမႈ သေဘာတူညီခ်က္တစ္ရပ္ကို ႏွစ္ႏိုင္ငံ လက္မွတ္ေရးထိုးခဲ့ၾကသည္။
ထို႔ျပင္ ႐ုရွားက ျမန္မာႏိုင္ငံတြင္ အေသးစား ႏူကလီးယားဓာတ္အားေပးစက္႐ုံတစ္ခု တည္ေဆာက္ရန္အတြက္လည္း စာခ်ဳပ္ခ်ဳပ္ဆိုထားသည္။