မြစ်ကြီးနားလေဆိပ်အား တိုက်ခိုက်သည့် KIA ကို ပြင်းထန်စွာကန့်ကွက်ကြောင်း ဒေသခံများ ဆန္ဒထုတ်ဖော်

 727

သန့်ဇင်(NP News)-ဖေဖော်ဝါရီ ၂၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ၊ မြစ်ကြီးနားလေဆိပ်အား တိုက်ခိုက်သည့် KIA ကို ပြင်းထန်စွာကန့်ကွက် ကြောင်း ဒေသခံများက ယနေ့ (ဖေဖော်ဝါရီ ၂၇ ရက်) နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၂၀ ရက်) က မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) သည် ခရီးသည်များတင်ဆောင်ပြီး မြစ်ကြီးနား လေဆိပ်မှ မန္တလေးမြို့သို့ထွက်ခွာရန် ပြင်ဆင်နေစဉ် KIA နှင့် PDF အဖွဲ့များမှ FPV Suicide Drone များ အသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့သို့ တိုက်ခိုက်ခံရမှုကြောင့် လေယာဉ်၏ ခေါင်းပိုင်း၊ ကိုယ်ထည်အလယ်ပိုင်း နှင့် နောက်မီးပိုင်းတို့တွင် ဗုံးစ ထိမှန်၍ အနည်းငယ်ပျက် စီးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ယနေ့ နံနက်ပိုင်းတွင် မြို့ခံလူဦးရေ (၃၀) ဝန်းကျင်ခန့်က “ အရပ်ဖက်ပစ်မှတ်အား အဓိကထား တိုက်ခိုက်ခြင်းကို ကန့်ကွက်ပါသည်”၊ “ပြည်သူများ၏ အသက်အန္တရာယ်ကို ပဓာနမထားဘဲ FVP အသေခံဒရုန်းဖြင့် မြစ်ကြီးနားလေဆိပ်အား တိုက်ခိုက်မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါသည်” နှင့် “အရပ်ဖက် ပစ်မှတ်များအား အကြမ်းဖက်တိုက်ခိုက်မှုအလိုမရှိ”ဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

“လေဆိပ်ကိုတိုက်ခိုက်လို့ပါ။ ဒီကိစ္စမျိုးက ဘယ်မြို့ခံကမှ မကြိုက်ပါဘူး။ အဲဒါကြောင့် ဆန္ဒဖော်ထုတ်တာပါ။ လေဆိပ်ရှေ့မှာပဲ ဆန္ဒဖော်ထုတ်တာပါ”ဟု ဒေသခံတစ်ဦးက NP News ကိုပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မြစ်ကြီးနားလေဆိပ်တိုက်ခိုက်မှုအပေါ် အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း YMBA (ဗဟို)၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံမက်သဒစ်အသင်းတော် (အောက် မြန်မာပြည်)၊ ယုံကြည်ခြင်းဧဝံဂေလိအသင်းတော်(ပဲခူး)၊ လွတ်မြောက်ခြင်း အသင်းတော် (ရန်ကုန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူ ဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း (ဗဟို)၊ သနန္တဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ ပိန္နဲကုန်းရခိုင်ဂျာမေ ဗလီ၊ ဘူးသီးတောင် မောင်တောဒေသဖွံ့ဖြိုးရေးအသင်းတို့က ကန့်ကွက် ရှုတ်ချပါကြောင်း သဘောထားများ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံပန်းချီပန်းပု အစည်းအရုံး(ဗဟို)၊ မြန်မာ နိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံဟာသ ပညာရှင်များ အစည်းအရုံး၊ မြန်မာ-ရှိအာဟ်မွတ်ဆလင်(မ်)ဘာသာရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာ နိုင်ငံစာရေးဆရာအသင်းနှင့် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)တို့ကလည်း ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချပါကြောင်း သဘောထားများ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ညီညွတ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ကချင်ပြည်နယ်၊ ရှမ်းမျိုးနွယ်စုများ စာပေနှင့်ယဉ်ကျေးမှုအသင်း၊ မြစ်ကြီးနားမြို့ရှိအစ္စလာမ်ဘာသာရေးဆိုင်ရာအဖွဲ့အစည်း(၃)ခုနှင့် ဝတ်ပြု ကျောင်းတော်များ၊ ဗမာတိုင်းရင်းသားစာပေ နှင့် ရိုးရာယဉ်ကျေးမှုအသင်း၊ ဂျိန်းဖော့ရိုးရာယဉ်ကျေးမှုအဖွဲ့ချုပ်၊ လာချိဒ်စာပေနှင့် ယဉ်ကျေးမှုဗဟို ကော်မတီ၊ မြန်မာနိုင်ငံလီဆူစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ၊ မြန်မာနိုင်ငံရဝမ်စာပေနှင့် ယဉ်ကျေးမှု အသင်း၊ လော်ဝေါ်စာပေနှင့်ယဉ်ကျေးမှုအသင်း၊ ချင်းစာပေနှင့် ယဉ်ကျေးမှုအသင်းတို့ကလည်း ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သိရသည်။

Zawgyi version:

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ရွိ၊ ျမစ္ႀကီးနားေလဆိပ္အား တိုက္ခိုက္သည့္ KIA ကို ျပင္းထန္စြာကန႔္ကြက္ ေၾကာင္း ေဒသခံမ်ားက ယေန႔ (ေဖေဖာ္ဝါရီ ၂၇ ရက္) နံနက္ပိုင္းက ဆႏၵထုတ္ေဖာ္ခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ (ေဖေဖာ္ဝါရီ ၂၀ ရက္) က ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း(MNA) သည္ ခရီးသည္မ်ားတင္ေဆာင္ၿပီး ျမစ္ႀကီးနား ေလဆိပ္မွ မႏၲေလးၿမိဳ႕သို႔ထြက္ခြာရန္ ျပင္ဆင္ေနစဥ္ KIA ႏွင့္ PDF အဖြဲ႕မ်ားမွ FPV Suicide Drone မ်ား အသုံးျပဳ၍ တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
ထို႔သို႔ တိုက္ခိုက္ခံရမႈေၾကာင့္ ေလယာဥ္၏ ေခါင္းပိုင္း၊ ကိုယ္ထည္အလယ္ပိုင္း ႏွင့္ ေနာက္မီးပိုင္းတို႔တြင္ ဗုံးစ ထိမွန္၍ အနည္းငယ္ပ်က္ စီးခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ယေန႔ နံနက္ပိုင္းတြင္ ၿမိဳ႕ခံလူဦးေရ (၃၀) ဝန္းက်င္ခန႔္က “ အရပ္ဖက္ပစ္မွတ္အား အဓိကထား တိုက္ခိုက္ျခင္းကို ကန႔္ကြက္ပါသည္”၊ “ျပည္သူမ်ား၏ အသက္အႏၲရာယ္ကို ပဓာနမထားဘဲ FVP အေသခံဒ႐ုန္းျဖင့္ ျမစ္ႀကီးနားေလဆိပ္အား တိုက္ခိုက္မႈအေပၚ ျပင္းထန္စြာ ကန႔္ကြက္ရႈတ္ခ်ပါသည္” ႏွင့္ “အရပ္ဖက္ ပစ္မွတ္မ်ားအား အၾကမ္းဖက္တိုက္ခိုက္မႈအလိုမရွိ”ဟူေသာ ဆိုင္းဘုတ္မ်ား ကိုင္ေဆာင္ ဆႏၵထုတ္ေဖာ္ခဲ့ေၾကာင္း သိရသည္။
“ေလဆိပ္ကိုတိုက္ခိုက္လို႔ပါ။ ဒီကိစၥမ်ိဳးက ဘယ္ၿမိဳ႕ခံကမွ မႀကိဳက္ပါဘူး။ အဲဒါေၾကာင့္ ဆႏၵေဖာ္ထုတ္တာပါ။ ေလဆိပ္ေရွ႕မွာပဲ ဆႏၵေဖာ္ထုတ္တာပါ”ဟု ေဒသခံတစ္ဦးက NP News ကိုေျပာသည္။
ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း ျမစ္ႀကီးနားေလဆိပ္တိုက္ခိုက္မႈအေပၚ အဆိုပါ အၾကမ္းဖက္တိုက္ခိုက္မႈအေပၚ ဗုဒၶဘာသာကလ်ာဏ ယုဝအသင္း YMBA (ဗဟို)၊ ဘာသာေပါင္းစုံ ခ်စ္ၾကည္ညီၫြတ္ေရးအဖြဲ႕ (ဗဟို)၊ ျမန္မာႏိုင္ငံဧဝံေဂလိခရစ္ယာန္မဟာမိတ္အဖြဲ႕ခ်ဳပ္၊ ျပည္ေထာင္စုျမန္မာႏိုင္ငံမက္သဒစ္အသင္းေတာ္ (ေအာက္ ျမန္မာျပည္)၊ ယုံၾကည္ျခင္းဧဝံေဂလိအသင္းေတာ္(ပဲခူး)၊ လြတ္ေျမာက္ျခင္း အသင္းေတာ္ (ရန္ကုန္)၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာဟိႏၵဴ ဘာသာေရးဗဟိုအဖြဲ႕ခ်ဳပ္၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ တမီလ္ဟိႏၵဴေဖာင္ေဒးရွင္း (ဗဟို)၊ သနႏၲဓမၼပါလက (ဟိႏၵဴ) အဖြဲ႕ခ်ဳပ္၊ ျမန္မာႏိုင္ငံလုံး ဆိုင္ရာ အစၥလာမ္ဘာသာေရးအဖြဲ႕ႀကီး၊ ပိႏၷဲကုန္းရခိုင္ဂ်ာေမ ဗလီ၊ ဘူးသီးေတာင္ ေမာင္ေတာေဒသဖြံ႕ၿဖိဳးေရးအသင္းတို႔က ကန႔္ကြက္ ရႈတ္ခ်ပါေၾကာင္း သေဘာထားမ်ား အသီးသီးထုတ္ျပန္ခဲ့ၾကေၾကာင္း သိရသည္။
အလားတူ ျမန္မာႏိုင္ငံပန္းခ်ီပန္းပု အစည္းအ႐ုံး(ဗဟို)၊ ျမန္မာ ႏိုင္ငံသဘင္အစည္းအ႐ုံး(ဗဟို)၊ ျမန္မာႏိုင္ငံဟာသ ပညာရွင္မ်ား အစည္းအ႐ုံး၊ ျမန္မာ-ရွိအာဟ္မြတ္ဆလင္(မ္)ဘာသာေရးအဖြဲ႕(ဗဟို)၊ ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီ၊ ျမန္မာႏိုင္ငံ အားကစားမီဒီယာမ်ားအဖြဲ႕ခ်ဳပ္၊ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံး၊ ျမန္မာ ႏိုင္ငံစာေရးဆရာအသင္းႏွင့္ ျမန္မာႏိုင္ငံဂီတအစည္းအ႐ုံး(ဗဟို)တို႔ကလည္း ျပင္းထန္စြာ ကန႔္ကြက္ ရႈတ္ခ်ပါေၾကာင္း သေဘာထားမ်ား အသီးသီးထုတ္ျပန္ခဲ့ၾကေၾကာင္း သိရသည္။
ထို႔ျပင္ ညီၫြတ္ေရးႏွင့္ ဖြံ႕ၿဖိဳး တိုးတက္ေရးပါတီ၊ ကခ်င္ျပည္နယ္၊ ရွမ္းမ်ိဳးႏြယ္စုမ်ား စာေပႏွင့္ယဥ္ေက်းမႈအသင္း၊ ျမစ္ႀကီးနားၿမိဳ႕ရွိအစၥလာမ္ဘာသာေရးဆိုင္ရာအဖြဲ႕အစည္း(၃)ခုႏွင့္ ဝတ္ျပဳ ေက်ာင္းေတာ္မ်ား၊ ဗမာတိုင္းရင္းသားစာေပ ႏွင့္ ႐ိုးရာယဥ္ေက်းမႈအသင္း၊ ဂ်ိန္းေဖာ့႐ိုးရာယဥ္ေက်းမႈအဖြဲ႕ခ်ဳပ္၊ လာခ်ိဒ္စာေပႏွင့္ ယဥ္ေက်းမႈဗဟို ေကာ္မတီ၊ ျမန္မာႏိုင္ငံလီဆူစာေပႏွင့္ ယဥ္ေက်းမႈဗဟိုေကာ္မတီ၊ ျမန္မာႏိုင္ငံရဝမ္စာေပႏွင့္ ယဥ္ေက်းမႈ အသင္း၊ ေလာ္ေဝၚစာေပႏွင့္ယဥ္ေက်းမႈအသင္း၊ ခ်င္းစာေပႏွင့္ ယဥ္ေက်းမႈအသင္းတို႔ကလည္း ျပင္းထန္စြာ ကန႔္ကြက္ရႈတ္ခ်ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.