ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် Mr. Dmitry V. Bakanov တို့ မြန်မာ့အကျိုးစီးပွားအတွက် ဂြိုဟ်တုလွှတ်တင်ရေးဆွေးနွေး

 1025

သန့်ဇင်(NP News)-ဖေဖော်ဝါရီ ၂၇

ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၊ “Roscosmos” နိုင်ငံပိုင်ကော်ပိုရေးရှင်း၏ အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Dmitry V. Bakanov တို့သည် ယမန်နေ့ (ဖေဖော်ဝါရီ ၂၆ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင် တွင် မြန်မာနိုင်ငံနှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်မည့် ဂြိုဟ်တုလွှတ်တင်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ Mr. Dmitry V. Bakanov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က နေပြည်တော်သို့လာရောက်ကာ ဂါရဝပြုတွေ့ဆုံစဉ် အထက်ပါကဲ့သို့ ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား အာကာသနည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ထည့်သွင်းဆေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ “Roscosmos” နိုင်ငံပိုင်ကော်ပိုရေးရှင်းနှင့် မြန်မာအာကာသအေဂျင်စီတို့အကြား ပူးပေါင်းဆောင်ရွက် မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိမှုနှင့် မြန်မာနိုင်ငံ၏ အာကာသဆိုင်ရာနည်းပညာအသုံးပြုမှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်မည့် ဂြိုဟ်တုလွှတ်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံအတွက် လိုအပ်သည့် အာကာသနည်းပညာဆိုင်ရာ လူသားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ ဂြိုဟ်တုဆက်သွယ်ရေးနည်းပညာများတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ အာကာသပြတိုက် (ရန်ကုန်) ကို အဆင့်မြှင့်တင်နိုင်ခဲ့မှုနှင့် လူငယ်များအနေဖြင့် စိတ်ပါဝင်စားစွာဖြင့် လာရောက်လေ့လာကြည့်ရှုလျက်ရှိမှုနှင့် နှစ်နိုင်ငံအကြား ငြိမ်းချမ်းသောရည်ရွယ်ချက်များဖြင့် ပြင်ပအာကာသစူးစမ်းလေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးဆက်သစ်လူငယ်များအား အာကာသနည်းပညာဆိုင်ရာ ဗဟုသုတများပိုမိုရရှိနိုင်ရေးဆောင်ရွက်ပေးလျက်ရှိမှုအပါအဝင် အာကာသနည်းပညာနှင့် သက်ဆိုင်သည့် ပညာတော်သင်သင်တန်းသားများ စေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

zawgyi version

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ Mr. Dmitry V. Bakanov တို႔ ျမန္မာ့အက်ိဳးစီးပြားအတြက္ ၿဂိဳဟ္တုလႊတ္တင္ေရးေဆြးေႏြး

သန႔္ဇင္(NP News)-ေဖေဖာ္ဝါရီ ၂၇

ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏွင့္ ႐ုရွားဖက္ဒေရး ရွင္းႏိုင္ငံ၊ “Roscosmos” ႏိုင္ငံပိုင္ေကာ္ပိုေရးရွင္း၏ အေထြေထြၫႊန္ၾကားေရးမႉးခ်ဳပ္ Mr. Dmitry V. Bakanov တို႔သည္ ယမန္ေန႔ (ေဖေဖာ္ဝါရီ ၂၆ ရက္) နံနက္ပိုင္းက ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ဧည့္ခန္းမေဆာင္ တြင္ ျမန္မာႏိုင္ငံႏွင့္ ျပည္သူလူထု၏ အက်ိဳးစီးပြားကို ေဖာ္ေဆာင္ေပးႏိုင္မည့္ ၿဂိဳဟ္တုလႊတ္တင္ေရးဆိုင္ရာကိစၥရပ္မ်ား ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ထံ Mr. Dmitry V. Bakanov ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕က ေနျပည္ေတာ္သို႔လာေရာက္ကာ ဂါရဝျပဳေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ ထည့္သြင္းေဆြးေႏြးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေတြ႕ဆုံေဆြးေႏြးရာတြင္ ျမန္မာႏိုင္ငံႏွင့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံတို႔အၾကား အာကာသနည္းပညာပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္ေရးဆိုင္ရာ ကိစၥရပ္မ်ားကိုလည္း ထည့္သြင္းေဆးေႏြးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ “Roscosmos” ႏိုင္ငံပိုင္ေကာ္ပိုေရးရွင္းႏွင့္ ျမန္မာအာကာသေအဂ်င္စီတို႔အၾကား ပူးေပါင္းေဆာင္႐ြက္ မႈမ်ား တိုးျမႇင့္ေဆာင္႐ြက္လ်က္ရွိမႈႏွင့္ ျမန္မာႏိုင္ငံ၏ အာကာသဆိုင္ရာနည္းပညာအသုံးျပဳမႈမ်ား ပိုမိုဖြံ႕ၿဖိဳးတိုးတက္လာေစေရး ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိမႈ ကိစၥရပ္မ်ားကိုလည္း ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံႏွင့္ ျပည္သူလူထု၏ အက်ိဳးစီးပြားကို ေဖာ္ေဆာင္ေပးႏိုင္မည့္ ၿဂိဳဟ္တုလႊတ္တင္ေရးဆိုင္ရာကိစၥရပ္မ်ားႏွင့္ ျမန္မာႏိုင္ငံအတြက္ လိုအပ္သည့္ အာကာသနည္းပညာဆိုင္ရာ လူသားအရင္းအျမစ္မ်ား ပိုမိုဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာကိစၥရပ္မ်ားကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
အလားတူ ၿဂိဳဟ္တုဆက္သြယ္ေရးနည္းပညာမ်ားတြင္ ပူးေပါင္းေဆာင္႐ြက္ေရးကိစၥရပ္မ်ား၊ အာကာသျပတိုက္ (ရန္ကုန္) ကို အဆင့္ျမႇင့္တင္ႏိုင္ခဲ့မႈႏွင့္ လူငယ္မ်ားအေနျဖင့္ စိတ္ပါဝင္စားစြာျဖင့္ လာေရာက္ေလ့လာၾကည့္ရႈလ်က္ရွိမႈႏွင့္ ႏွစ္ႏိုင္ငံအၾကား ၿငိမ္းခ်မ္းေသာရည္႐ြယ္ခ်က္မ်ားျဖင့္ ျပင္ပအာကာသစူးစမ္းေလ့လာေရးႏွင့္ အသုံးျပဳမႈနယ္ပယ္တြင္ ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာကိစၥရပ္မ်ားလည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

မ်ိဳးဆက္သစ္လူငယ္မ်ားအား အာကာသနည္းပညာဆိုင္ရာ ဗဟုသုတမ်ားပိုမိုရရွိႏိုင္ေရးေဆာင္႐ြက္ေပးလ်က္ရွိမႈအပါအဝင္ အာကာသနည္းပညာႏွင့္ သက္ဆိုင္သည့္ ပညာေတာ္သင္သင္တန္းသားမ်ား ေစလႊတ္ေရးဆိုင္ရာ ကိစၥရပ္မ်ားႏွင့္ ပတ္သက္၍လည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.