မိုင်းယော်ဒေသတွင် MNDAA နှင့်ဖြစ်ပွားသောနယ်မြေအငြင်းပွားမှုနှင့်ပတ်သက်၍ ယူနန်သို့ TNLA ပေးပို့သည့် တိုင်စာထွက်ပေါ်နေ

 734

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂၇

မိုင်းယော်ဒေသတွင် MNDAA နှင့်ဖြစ်ပွားသောနယ်မြေအငြင်းပွားမှုနှင့်ပတ်သက်၍ ယူနန်သို့ TNLA ပေးပို့သည့် တိုင်စာ ထွက်ပေါ်နေကြောင်း တွေရသည်။
အဆိုပါ တိုင်ကြားစာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရထံသို့ လိပ်မူကာ TNLA ခေါင်းဆောင်တစ်ဦးဖြစ်သူ တားဘုန်းကျော်က လက်မှတ်ရေးထိုးကာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်က ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ ဖြစ်ပွားနေသော အဖွဲ့ နှစ်ဖွဲ့အကြား အငြင်းပွားမှုအတွက် ယူနန်ပြည်နယ်အစိုးရ သိရှိစေရန်နှင့် ၎င်းတို့ (၂) ဖွဲ့ဖြစ်ပွားနေသော ပဋိပက္ခများအား ဝင်ရောက်ညှိနှိုင်းပေးရန် တောင်းဆိုထားကြောင်း သိရသည်။
ထို့ပြင် MNDAA ဘက်မှ TNLA အဖွဲ့ဝင်အချို့ကို ဖမ်းဆီးပြီးနောက် အချို့အား ပြန်လွှတ်ပေးခဲ့သော်လည်း အရာရှိတစ်ဦးနှင့် လက်နက်ခဲယမ်းပစ္စည်းများ ကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်းလည်း ယင်းတိုင်ကြားစာတွင် ပါရှိသည်။
အဆိုပါ ဖြစ်စဉ်အတွင်း TNLA အဖွဲ့ဝင် (၁၉) ဦးအထိ MNDAA ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး လက်ရှိအချိန်အထိ (၁၈) ဦး ပြန်လည်လွတ်မြောက်ထားသော်လည်း တစ်ဦးအား ဆက်လက်ဖမ်းဆီးခံထားရကြောင်း သိရသည်။
ရက်ပိုင်းကလည်း ကွတ်ခိုင်မြို့နယ်တွင် ၎င်းတို့ (၂) ဖွဲ့အကြား နယ်မြေအငြင်းပွားမှုများဖြစ်ကာ အပြန်အလှန်အလံနှင့် ဆိုင်းဘုတ် ဖြုတ်ချခြင်း၊ ရုံးများပိတ်သိမ်းခြင်းများအပြင် ထိုးကြိတ်ခြင်းများလည်း ဖြစ်ပေါ်ခဲ့ပြီး တင်းမာမှုများအစပြုခဲ့သည်။

Zawgyi Version;
မိုင္းေယာ္ေဒသတြင္ MNDAA ႏွင့္ျဖစ္ပြားေသာနယ္ေျမအျငင္းပြားမႈႏွင့္ပတ္သက္၍ ယူနန္သို႔ TNLA ေပးပို႔သည့္ တိုင္စာထြက္ေပၚေန
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂၇
မိုင္းေယာ္ေဒသတြင္ MNDAA ႏွင့္ျဖစ္ပြားေသာနယ္ေျမအျငင္းပြားမႈႏွင့္ပတ္သက္၍ ယူနန္သို႔ TNLA ေပးပို႔သည့္ တိုင္စာ ထြက္ေပၚေနေၾကာင္း ေတြရသည္။
အဆိုပါ တိုင္ၾကားစာတြင္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ယူနန္ျပည္နယ္အစိုးရထံသို႔ လိပ္မူကာ TNLA ေခါင္းေဆာင္တစ္ဦးျဖစ္သူ တားဘုန္းေက်ာ္က လက္မွတ္ေရးထိုးကာ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၂၅ ရက္က ေပးပို႔ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိ ျဖစ္ပြားေနေသာ အဖြဲ႕ ႏွစ္ဖြဲ႕အၾကား အျငင္းပြားမႈအတြက္ ယူနန္ျပည္နယ္အစိုးရ သိရွိေစရန္ႏွင့္ ၎တို႔ (၂) ဖြဲ႕ျဖစ္ပြားေနေသာ ပဋိပကၡမ်ားအား ဝင္ေရာက္ညႇိႏႈိင္းေပးရန္ ေတာင္းဆိုထားေၾကာင္း သိရသည္။
ထို႔ျပင္ MNDAA ဘက္မွ TNLA အဖြဲ႕ဝင္အခ်ိဳ႕ကို ဖမ္းဆီးၿပီးေနာက္ အခ်ိဳ႕အား ျပန္လႊတ္ေပးခဲ့ေသာ္လည္း အရာရွိတစ္ဦးႏွင့္ လက္နက္ခဲယမ္းပစၥည္းမ်ား ကို ဆက္လက္ထိန္းသိမ္းထားဆဲ ျဖစ္ေၾကာင္းလည္း ယင္းတိုင္ၾကားစာတြင္ ပါရွိသည္။
အဆိုပါ ျဖစ္စဥ္အတြင္း TNLA အဖြဲ႕ဝင္ (၁၉) ဦးအထိ MNDAA ၏ ဖမ္းဆီးျခင္းကို ခံခဲ့ရၿပီး လက္ရွိအခ်ိန္အထိ (၁၈) ဦး ျပန္လည္လြတ္ေျမာက္ထားေသာ္လည္း တစ္ဦးအား ဆက္လက္ဖမ္းဆီးခံထားရေၾကာင္း သိရသည္။
ရက္ပိုင္းကလည္း ကြတ္ခိုင္ၿမိဳ႕နယ္တြင္ ၎တို႔ (၂) ဖြဲ႕အၾကား နယ္ေျမအျငင္းပြားမႈမ်ားျဖစ္ကာ အျပန္အလွန္အလံႏွင့္ ဆိုင္းဘုတ္ ျဖဳတ္ခ်ျခင္း၊ ႐ုံးမ်ားပိတ္သိမ္းျခင္းမ်ားအျပင္ ထိုးႀကိတ္ျခင္းမ်ားလည္း ျဖစ္ေပၚခဲ့ၿပီး တင္းမာမႈမ်ားအစျပဳခဲ့သည္။

Related news

© 2021. All rights reserved.