MOH ကတားမြစ်ထားသည့် E စီးကရက်နှင့်ဆက်စပ်ပစ္စည်းများအား Online မှရောင်းဝယ်မှုကို ပူးပေါင်းထိန်းချုပ်ရန်လို

252

သန့်ဇင် (NP News) ဖေဖော်ဝါရီ ၂၇
ကျန်းမာရေးဝန်ကြီးဌာန (Ministry of Health ) ကတားမြစ်ထားသည့် E စီးကရက်နှင့် ဆက်စပ်ပစ္စည်းများအား Online မှရောင်းဝယ်မှုကို ပူးပေါင်းထိန်းချုပ်ရမည်ဖြစ်ကြောင်း ဆရာဝန်အသိုင်း အဝိုင်းထံ The Statesman ဂျာနယ်က ဆက်သွယ်မေးမြန်း ထားသည့် အချက်အလက်များအရ သိရသည်။
E စီးကရက်နှင့် ဆက်စပ်ပစ္စည်းများ သုံးစွဲခွင့်ကို ပြည်သူ့ကျန်းမာရေးအတွက် ထိခိုက်နိုင်ခြေ မြင့်မားကြောင်း၊ အထူးသဖြင့် လူငယ်လူရွယ် များအကြား သုံးစွဲမှုတိုးပွားလာခြင်းကို ထိန်းချုပ်ရန် လိုအပ်ခြင်းကြောင့် ဖေဖော်ဝါရီ ၁၈ ရက်မှစတင်ကာ တားမြစ်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် E စီးကရက် (Vape) များကို တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ရောင်းချခြင်း၊ သိုလှောင်ထားရှိခြင်း၊ ဖြန့်ဖြူးခြင်းနှင့် သုံးစွဲခြင်းအားလုံးကို တားမြစ်ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“Vape တို့ E စီးကရက်တို့ကတော့ စီးကရက်ဖြတ်ဖို့ E စီးကရက်ကိုသောက်တယ်ဆိုတာ အဓိပ္ပာယ်မရှိဘူး။ အဲဒါကို ဘယ်ဆရာဝန်မှမညွှန်ဘူး။ ကိုယ့်ဟာကိုသာ သောက်နေကြတာ။ အဲဒါကိုသက်သာနိုးဆိုပြီး လုပ်တာ အမှန်က နီကိုတင်းက အတူတူပဲ။ နီကိုတင်း Free ဆိုပေမယ့် ဒီကောင်ကြီးက ဆေးလိပ်သောက် နေသလိုစိတ်စွဲမှုကို ဖြစ်စေတယ်။ ကျန်းမာရေးအရ ဘယ်လိုမှခွင့်ပြုလို့မရတဲ့အထိဖြစ်စေတယ်။ အဲဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ပိတ်တာပေါ့”ဟု ဆရာဝန်အသိုင်းဝိုင်းနှင့်နီးစပ်သူက ပြောသည်။
လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အပြီး ရန်ကုန်နှင့် မန္တလေးမြို့အပါအဝင် အခြားမြို့များ၌ E စီးကရက် (Vape) ဆိုင်များ ဖွင့်လှစ်ရောင်းချခြင်းများ ရုတ်တရက် ပိတ်သိမ်းသွားခဲ့သော်လည်း အွန်လိုင်းမှာ ရောင်းချမှုများလည်းရှိနေသေးကြောင်း သတင်းများထွက်ပေါ်နေခဲ့သည်။
“ကျွန်မတို့ဆိုင်က အခုတော့ Vape နဲ့ ဆက်စပ်ပစ္စည်းတွေကို ပြန်သိမ်းထားလိုက်ပါပြီ။ အခုတော့ ပန်းစည်းနဲ့ Blind Box လည်းလုပ်တော့ အဲဒီဘက်ကိုပိုလုပ်ဖြစ်ပါတယ်။ Vape နဲ့ပတ်သက်တာတော့ မရောင်းတော့ပါဘူး” ဟု ရန်ကုန်မြို့ရှိ E စီးကရက်အရောင်းဆိုင်မှတာဝန်ရှိ သူတစ်ဦးက The Statesman သို့ပြောသည်။
ထို့ကြောင့် အထက်ပါတားမြစ်ကုန်စည်များအား Online မှဆက်လက်ရောင်းချနေမှုကို ထိန်းချုပ်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန အပြင် စားသုံးရေးရာဦးစီးဌာနကလည်း ပူးပေါင်းထိန်းချုပ်ရန်လိုအပ်ကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
“အဲဒါကို မြေပြင်မှာတော့ မတွေ့တော့ဘူးပေါ့နော်။ Online ကရောင်းနေတဲ့ကိစ္စကတော့ ကျန်းမာရေးဝန်ကြီးဌာနက တစ်ခုတည်းထိန်းချုပ်လို့မရနိုင်ဘူး။ Online ကိစ္စက စားသုံးသူရေးရာပါ ပါလာပြီ။ စားသုံးသူရေးရာမှာ ရောင်းချတဲ့ဥပဒေဆိုတာရှိတယ်။ လမ်းညွှန်ချက်ဆိုတာရှိတယ်။ သူတို့ပါ ပူးပေါင်းပြီးတော့ ထိန်းချုပ်မှရမယ်ပေါ့။ ဒါကတစ်ပိုင်းပေါ့”ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
E စီးကရက်(Vape) တွင် နီကိုတင်း (Nicotine)၊ အနံ့အရသာပေးသော ဓာတုပစ္စည်းများ (Flavorings)၊ ကင်ဆာဖြစ်စေသော ဓာတု ပစ္စည်းများ (Carcinogens)များအပါအဝင် လူကိုအန္တရာယ်ဖြစ်စေနိင်သည့် ပါဝင်ပစ္စည်း (၆) မျိုးထက်မကပါဝင်ပြီး အငွေ့အလွတ်အား ရှူရိုက် ခြင်းမျိုးမဟုတ်ပဲ အဆိပ်အတောက်များစွာပါဝင်သော ဓာတုပစ္စည်းများဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် သုံးစွဲသူများအနေဖြင့် ယင်းပစ္စည်းများ၏ ဆိုးကျိုးအားသိကာ မသုံးစွဲရန် လူများ၏အမူအကျင့်အစားအထိုးမှုကြာချိန်အရ (၃) နှစ်ခန့်ကြာမြင့်မှသာ အောင်မြင်သူဟု ယူဆနိုင်ကြောင်းလည်း ဆရာဝန်တစ်ဦးက ထောက်ပြပြောဆိုထားသည်။
“နောက်တစ်ခုက သုံးစွဲတဲ့လူတွေပေါ့။ သုံးစွဲတဲ့လူတွေက ဒီဟာရဲ့ကျန်းမာရေးဆိုးကျိုးကိုသိဖို့လိုတာပေါ့။ သိဖို့လိုတော့ သူတို့ကိုလည်း ကျွန်တော်တို့က ပညာပေးတဲ့အလုပ်လုပ်ရမှာပေါ့ဗျာ။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ behavior ကို Change လုပ်ဖို့က အနည်းဆုံး (၂) နှစ်ကနေ (၃) နှစ်အထိကြာနိုင်တယ်။ အဲဒီတော့ အခုရေတွင်းတူး အခုရေကြည်သောက်ချင်လို့တော့မရနိုင်ဘူး။ အခုအမိန့်ကြေညာ စာထွက်လာတယ်။ နောက် (၃) နှစ်လောက်မှာ ပျောက်ပယ်သွားရင် ကျွန်တော်တို့ အောင်မြင်တယ်လို့ပြောလို့ရတယ်။ ချက်ချင်းကြီး ဖြစ်သွားဖို့တော့ တော်တော်ကိုလိုတာပေါ့”ဟု ဆရာဝန်တစ်ဦးက ပြောသည်။

Zawgyi Version:
MOH ကတားျမစ္ထားသည့္ E စီးကရက္ႏွင့္ဆက္စပ္ပစၥည္းမ်ားအား Online မွေရာင္းဝယ္မႈကို ပူးေပါင္းထိန္းခ်ဳပ္ရန္လို
သန႔္ဇင္ (NP News) ေဖေဖာ္ဝါရီ ၂၇
က်န္းမာေရးဝန္ႀကီးဌာန (Ministry of Health ) ကတားျမစ္ထားသည့္ E စီးကရက္ႏွင့္ ဆက္စပ္ပစၥည္းမ်ားအား Online မွေရာင္းဝယ္မႈကို ပူးေပါင္းထိန္းခ်ဳပ္ရမည္ျဖစ္ေၾကာင္း ဆရာဝန္အသိုင္း အဝိုင္းထံ The Statesman ဂ်ာနယ္က ဆက္သြယ္ေမးျမန္း ထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
E စီးကရက္ႏွင့္ ဆက္စပ္ပစၥည္းမ်ား သုံးစြဲခြင့္ကို ျပည္သူ႔က်န္းမာေရးအတြက္ ထိခိုက္ႏိုင္ေျခ ျမင့္မားေၾကာင္း၊ အထူးသျဖင့္ လူငယ္လူ႐ြယ္ မ်ားအၾကား သုံးစြဲမႈတိုးပြားလာျခင္းကို ထိန္းခ်ဳပ္ရန္ လိုအပ္ျခင္းေၾကာင့္ ေဖေဖာ္ဝါရီ ၁၈ ရက္မွစတင္ကာ တားျမစ္လိုက္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္လိုက္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျမန္မာႏိုင္ငံတြင္ E စီးကရက္ (Vape) မ်ားကို တင္သြင္းျခင္း၊ တင္ပို႔ျခင္း၊ ေရာင္းခ်ျခင္း၊ သိုေလွာင္ထားရွိျခင္း၊ ျဖန႔္ျဖဴးျခင္းႏွင့္ သုံးစြဲျခင္းအားလုံးကို တားျမစ္ပိတ္ပင္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။
“Vape တို႔ E စီးကရက္တို႔ကေတာ့ စီးကရက္ျဖတ္ဖို႔ E စီးကရက္ကိုေသာက္တယ္ဆိုတာ အဓိပၸာယ္မရွိဘူး။ အဲဒါကို ဘယ္ဆရာဝန္မွမၫႊန္ဘူး။ ကိုယ့္ဟာကိုသာ ေသာက္ေနၾကတာ။ အဲဒါကိုသက္သာႏိုးဆိုၿပီး လုပ္တာ အမွန္က နီကိုတင္းက အတူတူပဲ။ နီကိုတင္း Free ဆိုေပမယ့္ ဒီေကာင္ႀကီးက ေဆးလိပ္ေသာက္ ေနသလိုစိတ္စြဲမႈကို ျဖစ္ေစတယ္။ က်န္းမာေရးအရ ဘယ္လိုမွခြင့္ျပဳလို႔မရတဲ့အထိျဖစ္ေစတယ္။ အဲဒါေၾကာင့္ က်န္းမာေရးဝန္ႀကီးဌာနက ပိတ္တာေပါ့”ဟု ဆရာဝန္အသိုင္းဝိုင္းႏွင့္နီးစပ္သူက ေျပာသည္။
လက္ရွိတြင္ က်န္းမာေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အၿပီး ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕အပါအဝင္ အျခားၿမိဳ႕မ်ား၌ E စီးကရက္ (Vape) ဆိုင္မ်ား ဖြင့္လွစ္ေရာင္းခ်ျခင္းမ်ား ႐ုတ္တရက္ ပိတ္သိမ္းသြားခဲ့ေသာ္လည္း အြန္လိုင္းမွာ ေရာင္းခ်မႈမ်ားလည္းရွိေနေသးေၾကာင္း သတင္းမ်ားထြက္ေပၚေနခဲ့သည္။
“ကြၽန္မတို႔ဆိုင္က အခုေတာ့ Vape နဲ႔ ဆက္စပ္ပစၥည္းေတြကို ျပန္သိမ္းထားလိုက္ပါၿပီ။ အခုေတာ့ ပန္းစည္းနဲ႔ Blind Box လည္းလုပ္ေတာ့ အဲဒီဘက္ကိုပိုလုပ္ျဖစ္ပါတယ္။ Vape နဲ႔ပတ္သက္တာေတာ့ မေရာင္းေတာ့ပါဘူး” ဟု ရန္ကုန္ၿမိဳ႕ရွိ E စီးကရက္အေရာင္းဆိုင္မွတာဝန္ရွိ သူတစ္ဦးက The Statesman သို႔ေျပာသည္။
ထို႔ေၾကာင့္ အထက္ပါတားျမစ္ကုန္စည္မ်ားအား Online မွဆက္လက္ေရာင္းခ်ေနမႈကို ထိန္းခ်ဳပ္ရန္အတြက္ က်န္းမာေရးဝန္ႀကီးဌာန အျပင္ စားသုံးေရးရာဦးစီးဌာနကလည္း ပူးေပါင္းထိန္းခ်ဳပ္ရန္လိုအပ္ေၾကာင္း အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။
“အဲဒါကို ေျမျပင္မွာေတာ့ မေတြ႕ေတာ့ဘူးေပါ့ေနာ္။ Online ကေရာင္းေနတဲ့ကိစၥကေတာ့ က်န္းမာေရးဝန္ႀကီးဌာနက တစ္ခုတည္းထိန္းခ်ဳပ္လို႔မရႏိုင္ဘူး။ Online ကိစၥက စားသုံးသူေရးရာပါ ပါလာၿပီ။ စားသုံးသူေရးရာမွာ ေရာင္းခ်တဲ့ဥပေဒဆိုတာရွိတယ္။ လမ္းၫႊန္ခ်က္ဆိုတာရွိတယ္။ သူတို႔ပါ ပူးေပါင္းၿပီးေတာ့ ထိန္းခ်ဳပ္မွရမယ္ေပါ့။ ဒါကတစ္ပိုင္းေပါ့”ဟု အထက္ပါ သတင္းရင္းျမစ္က ေျပာသည္။
E စီးကရက္(Vape) တြင္ နီကိုတင္း (Nicotine)၊ အနံ႔အရသာေပးေသာ ဓာတုပစၥည္းမ်ား (Flavorings)၊ ကင္ဆာျဖစ္ေစေသာ ဓာတု ပစၥည္းမ်ား (Carcinogens)မ်ားအပါအဝင္ လူကိုအႏၲရာယ္ျဖစ္ေစနိင္သည့္ ပါဝင္ပစၥည္း (၆) မ်ိဳးထက္မကပါဝင္ၿပီး အေငြ႕အလြတ္အား ရႉ႐ိုက္ ျခင္းမ်ိဳးမဟုတ္ပဲ အဆိပ္အေတာက္မ်ားစြာပါဝင္ေသာ ဓာတုပစၥည္းမ်ားျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ သုံးစြဲသူမ်ားအေနျဖင့္ ယင္းပစၥည္းမ်ား၏ ဆိုးက်ိဳးအားသိကာ မသုံးစြဲရန္ လူမ်ား၏အမူအက်င့္အစားအထိုးမႈၾကာခ်ိန္အရ (၃) ႏွစ္ခန႔္ၾကာျမင့္မွသာ ေအာင္ျမင္သူဟု ယူဆႏိုင္ေၾကာင္းလည္း ဆရာဝန္တစ္ဦးက ေထာက္ျပေျပာဆိုထားသည္။
“ေနာက္တစ္ခုက သုံးစြဲတဲ့လူေတြေပါ့။ သုံးစြဲတဲ့လူေတြက ဒီဟာရဲ႕က်န္းမာေရးဆိုးက်ိဳးကိုသိဖို႔လိုတာေပါ့။ သိဖို႔လိုေတာ့ သူတို႔ကိုလည္း ကြၽန္ေတာ္တို႔က ပညာေပးတဲ့အလုပ္လုပ္ရမွာေပါ့ဗ်ာ။ ဒါေပမဲ့ လူတစ္ေယာက္ရဲ႕ behavior ကို Change လုပ္ဖို႔က အနည္းဆုံး (၂) ႏွစ္ကေန (၃) ႏွစ္အထိၾကာႏိုင္တယ္။ အဲဒီေတာ့ အခုေရတြင္းတူး အခုေရၾကည္ေသာက္ခ်င္လို႔ေတာ့မရႏိုင္ဘူး။ အခုအမိန႔္ေၾကညာ စာထြက္လာတယ္။ ေနာက္ (၃) ႏွစ္ေလာက္မွာ ေပ်ာက္ပယ္သြားရင္ ကြၽန္ေတာ္တို႔ ေအာင္ျမင္တယ္လို႔ေျပာလို႔ရတယ္။ ခ်က္ခ်င္းႀကီး ျဖစ္သြားဖို႔ေတာ့ ေတာ္ေတာ္ကိုလိုတာေပါ့”ဟု ဆရာဝန္တစ္ဦးက ေျပာသည္။